အသက် ၃၃ နှစ် အရွယ်ရှိ မြန်မာ အလုပ်သမား ကို မင်းစောဦး ဆို သူသည် တနင်္ဂနွေနေ့ က မလေးရှားနိုင်ငံ ဆီလန်ဂါရှိ ကလန် မြို့ မှ ပိုက်စက်ရုံ တစ်ခု ရှေ့ တွင် လဲကျသေဆုံးနေသည် ကို တွေ့ ရှိ ရကြောင်း ယနေ့ ထုတ် မလေးမေး သတင်းစာ တွင် ဖော်ပြထားသည်။
သေဆုံးသူ ၏ ရုပ်အလောင်းကို ကလန် ရှိ ဘူကစ် ရာဂျာ စက်မှု ဇုန် တွင် ယမန်နေ့ ည ၈ နာရီက စက်ရုံ ၏ တာဝန်ရှိ သူ တစ်ဦး က တွေ့ ရှိ ခြင်းဖြစ်ကြောင်း ကလန် ရဲ က မလေးမေး သို့ ပြောသည်။တွေ့ ရှိ ချိန်တွင်တစ်ကိုယ်လုံး သွေးများဖြင့် ပေကျံနေပြီး ၀မ်းဗိုက်တွင် ဓားဒဏ်ရာ များ တွေ့ ရှိရပြီး မသေခင် လူစုလူဝေးဖြင့် ရိုက်နှက်ခံရထားခြင်း ဖြစ်နိုင်သည် ရဲတပ်ဖွဲ့ က သုံးသပ်သည်။

အသတ်ခံရသည့် ကိုမင်းစောဦး ၏ ရုပ်အလောင်း Pic: Gan Jin Liang
ကို မင်းစောဦး သေဆုံးမှု တွင် သံသယရှိ သူ စက်ရုံ ကြီးကြပ်ရေး မှုး တစ်ဦး နှင့် ညစောင့် နှစ်ဦး ကို ဖမ်းဆီးထားပြီး သံသယ ရှိသူ အသက် ၃၅ နှစ် အရွယ် တရားခံတစ်ဦး မှာ ထွက်ပြေးလွတ်မြောက်နေသည်။
သေဆုံး သူ အနီးတွင် အသွား ခုနှစ် လက်မ အရွယ် ဓားတစ်ချောင်း တွေ့ ရသည်။
ကို မင်းစောဦး ၏ အလောင်း ကို Tengku Ampuan Rahimah ဆေးရုံ သို့ ပို့ ထားကာ ရင်ခွဲ၍ စစ်ချက်ယူနေသည် ဟု သိရသည်။
စစ်အစိုးရ လက်အောက်တွင် အလုပ်အကိုင် ရှားပါးမှုကြောင့် မြန်မာ လူမျိုး လူငယ် များမှာ ထိုင်း၊မလေးရှား၊စင်္ကာပူစသည့် နိုင်ငံတွင် များ
တွင် သွားရောက် အလုပ်လုပ် ကိုင်ကြရာမှ ထိုနိုင်ငံသား များ မှ ခေါင်းပုံဖြတ် မှု မကြာခဏ ကြုံတွေ့ ရာတွင် အသက် သေဆုံးသည်ထိ
ဖြစ်ပွား မှု များ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။
ထိုသို့ ဖြစ်ပွား ခဲ့လျှင် လည်း ထို နိုင်ငံရှိ မြန်မာ သံရုံးက မဆိုင်သလိုပင် နေလေ့ရှိသည်။
Freedom News Group မှ
No comments:
Post a Comment