ညီညွတ်ရေးလက်နက်ကို ဘက်ပေါင်းစုံက ကိုင်စွဲကြပါစို့
ရွှေပြည်စိုး
ဧပြီ ၉၊ ၂၀၁၀
အာဏာရှင်ဆိုတာ-
အာဏာရှင်ဆိုတာ သူတို့အာဏာတည်မြဲရေးကိုသာ ကြည့်တယ်။ ဘယ်မိဘဆွေမျိုး၊ ဘယ်ကျေးဇူးရှင်၊ ဘယ်မျက်နှာကိုမှ မထောက်၊ ဘယ်သူတားလို့မှ မရ၊ အာဏာမြဲဖို့ ထောက်ခံသူ၊ အထောက်အပံ့ပြုသူကို မဟာမိတ်လို သဘောထားတယ်။ ဆန့်ကျင်ဘက်မှန်သမျှကို ရန် သူလို သဘောထားပြီး မညှာမတာ သုတ်သင်ရှင်းလင်းပြစ်တယ်။ ကမ္ဘာ့သမိုင်းကို ပြန်ကြည့်ရင် အာဏာရှင်တွေရဲ့ ရက်စက် ကြမ်းကြုတ်မှု များကို သိရှိနိုင်ပါတယ်။
အာဏာရှင်တွေထဲမှာ စစ်အာဏာရှင်တွေက ပိုဆိုးပါတယ်။ ပြည်ပရန်ကို ကာကွယ်ဖို့၊ ပြည်သူတို့ရဲ့ အသက်အိုးအိမ် စည်းစိမ် ကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ စစ်တပ်ဟာ စစ်အာဏာရှင်တွေရဲ့ သူတို့လက်ခုပ်ထဲကရေလို ဖြစ်နေတာကိုး။ ဒါကြောင့် စစ်အာဏာရှင်တွေ ဟာ အခြားအာဏာရှင်တွေထက် ဆိုးတာပါ။
အလားတူ မြန်မာနိုင်ငံမှ စစ်အာဏာရှင်တွေဟာ သူတို့အာဏာတည်မြဲရေးနဲ့ ချမ်းသာကြွယ်ဝရေးကိုသာ အဓိကထား လုပ်ကြပါ တယ်။ ဒါကြောင့် တိုင်းသူပြည်သားတွေ ဆင်းရဲဒုက္ခရောက်နေကြရတာ ဖြစ်တယ်။
မြန်မာနိုင်တငံလုံးရှိ နိုင်ငံရေး စီးပွားရေး တခုလုံးကို စစ်တပ်က ထိန်းချုပ်ထားလို့ တပ်မတော် အသိုင်းအ၀ိုင်းကလွဲရင် ကျန်လူ တန်း စားအားလုံးဟာ ဘ၀ပျက်နေကြရတယ်။ ခုဆိုရင် ကျမ္မာရေး၊ ပညာရေး၊ လူမှုရေး၊ အကျင့်စာရိတ္တ—တွေအားလုံးကို စစ်တပ်က ဖျက်ဆီးလို့ ပျက်စီးကုန်ပြီ။ နအဖ ဥက္ကဋ္ဌကြီးကိုယ်တိုင် အပါအ၀င် အဖွဲ့ဝင်အားလုံးနဲ့ ဌာနှဆိုင်ရာ အာဏာပိုင်တွေကအစ ကြံ့ဖွတ်စွမ်း အားရှင်အဆုံးတို့ဟာ ဖြတ်စား၊ လာဘ်စား၊ ခြောက်လှန့်စားလွန်းလို့ သာမန်ပြည်သူတွေ မွဲပြာကျရကုန်ပြီ။ ဒီစစ်အာဏာရှင်တွေ ရှိနေ သမျှကာလပတ်လုံး ပြည်သူအားလုံးဟာ ဒီလိုဒုက္ခအပေါင်းနဲ့ ရင်ဆိုင်နေကြရမှာ ဖြစ်တယ်။ ဒါကြောင့် ဒီစစ်အာဏာရှင်တွေကို အမြစ်ပါ မကျန် ဖြုတ်ပြစ်ဖို့ လိုနေပါပြီ။
စည်းလုံးဖို့ လိုပြီ။
သူတို့ကိုဖြုတ်ချဖို့အတွက် လက်နက်မဲ့၊ လက်နက်ကိုင် အပါအ၀င် ဒီမိုကရေစီ ဘက်တော်သားအားလုံး ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ အဖွဲ့စွဲ မထား ကြပဲ စည်းလုံးညီညွတ်စွာ လက်တွဲပြီး ကျရာနေရာ ရရာလက်နက်နဲ့ ချိန်ကိုက်ပြီး ဆန့်ကျင် တိုက်ခိုက် ခြေမှုန်းသွားကြရမှာ ဖြစ်တယ်။ ဒါမှသာ စစ်အာဏာရှင်တွေရဲ့ မတရားကြီးစိုးမှုအောက်က လွတ်မြောက်မှာ ဖြစ်တယ်။
ပထမအချီ မပီပြင်
ပထမ ၈၈ လူထုအုံကြွမှုကြီးမှာ ဒီမိုကရေစီအင်အားစု အချင်းချင်း စည်းလုံးမှု မရှိလို့ ရဟန်း ရှင် လူ ကျောင်းသား ပြည်သူ ၃၀၀၀-ကျော် အသက်သွေးမြေ ကျခဲ့ရတယ်။ ဒါပေမယ့် စစ်ဖိနပ်အောက်က မလွတ်မြောက်သလို ဒီမိုကရေစီအတွက် အသက်စွန့်ရကျိုး မနပ် ဖြစ်သွားရ ပါတယ်။ ဒီပထမအကြိမ် လူထုအုံကြွမှုကြီး ကျဆုံးရတဲ့အကြောင်းကို ပြန်သုံးသပ်တဲ့အခါ ဒီမိုကရေစီ အင်အားစုချင်း မစည်းလုံး မညီညွတ်၊ လက်နက်ကိုင် အင်အားစုတွေ ပါဝင်ပူးပေါင်းမှု မရှိတာရယ်ကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒီတုန်းက ရဟန်း ရှင် လူ ကျောင်းသား ပြည်သူ စက်ရုံ အလုပ်ရုံ ၀န်ထမ်း၊ ရုံးဝန်ထမ်းများနဲ့ န၀တ လက်အောက်ခံ စစ်မှုထမ်း တချို့ ပါဝင်လာပေမယ့် နယ်စပ်တလျှောက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ပြည်သူတွေနဲ့ ပါဝင်ပူးပေါင်းလာခြင်းမရှိတာဟာ ကျဆုံးခြင်းရဲ့ အကြောင်းရင်းတခု ဖြစ်ပါတယ်။
ဒုတိယအချီ မပီပြင်
တဖန် ၂၀၀၇-ခုမှာ သံဃာ့အုံကြွမှုကြီး တပြည်လုံးအတိုင်းအတာနဲ့ ဖြစ်ပေါ်လာပြန်ပါတယ်။ ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်ကြတဲ့ သံဃာ များ ကို စစ်တပ်က ကိုယ်ထိလက်ရောက် နှိပ်စက်ညှဉ်းပမ်း သတ်ဖြတ်တဲ့အတွက် ဗုဒ္ဓဘာသာဝင် ပြည်သူအများက မခံမရပ်နိုင် ဖြစ်ကာ သံဃာတော်များဘက်က ပါဝင်လာခြင်း ဖြစ်ပါတယ်။ သံဃာတော်များဘက်က အင်အားပိုမိုကြီးမားလာတာနဲ့အမျှ စစ်အာဏာရှင်တွေ ပို၍ စိုးရိမ်လာတယ်။ ဒါကြောင့် ဒေါ်ကြိုင်ကြိုင် အပါအ၀င် ဗိုလ်သန်းရွှေရဲ့ မိသားစုဝင်များ မြန်မာနိုင်ငံမှာ မနေရဲတော့ပဲ ဒူဘိုင်း စော်ဘွားနိုင်ငံဆီကို ထွက်ပြေးတိမ်းရှောင်သွားကြတယ်။
အဲဒီချိန်မှာ အစိုးရ၀န်ထမ်းတွေ နအဖလက်အောက်ခံ စစ်တပ်တွေ၊ လက်နက်ကိုင် တိုင်းရင်းသားတွေက သံဃာများဘက်က စည်းလုံးညီညွတ်စွာ ပူးပေါင်းလိုက်ပါက တိုတောင်းတဲ့ကာလအတွင်းမှာ စစ်အာဏာရှင်စနစ် ကျဆုံးသွားမှာ ဖြစ်တယ်။ ဒါပေမယ့် ၄င်းတို့က ပါဝင်ပူးပေါင်းလာခြင်းမရှိ ၄င်းတို့နဲ့ မဆိုင်သလို ငြိမ်နေလိုက်တော့ စစ်တပ်ရဲ့ အလွယ်တကူ ခြေမှုန်းခြင်းခံလိုက်ရပါတယ်။ သံဃာများနဲ့ ပြည်သူများစွာ အသက်သွေးမြေကျခဲ့ရပေမယ့် ပြည်သူတရပ်လုံး မျှော်မှန်းထားတဲ့ ဒီမိုကရေစီ ပန်းတိုင်နဲ့ လွဲချော်သွား ခဲ့ရပြန်ပါတယ်။
ဒါဟာ လက်နက်မဲ့ လက်နက်ကိုင် ဒီမိုကရေစီ အင်အားစုများရဲ့ မညီညွတ် မပီပြင်မှုကြောင့် ဒုတိယအကြိမ် ထပ်မံ ပြိုကွဲခဲ့ရပါတယ်။
သင်ခန်းစာယူ ဒို့အားလုံး ညီတူ
ပထမနဲ့ ဒုတိယအကြိမ် အုံကြွမှု ပြိုကွဲရခြင်းအကြောင်းမှာ အထက်ပါ ဖော်ပြထားတဲ့အတိုင်း ဒီမိုကေရစီ အင်အားစုများဘက်က အချင်းချင်း စည်းလုံးမှု၊ ညီညွတ်မှု၊ ညှိနှိုင်းမှု၊ နားလည်မှု ---စသည်တို့မရှိခြင်းကြောင့် ဖြစ်တယ်။ ဒါကို သင်ခန်းစာယူကြပါ။ ပြန်သုံးသပ်ကြပါ။ အချင်းချင်း နားလည်မှု ယူကြပါ။ ဆက်သွယ်ကြပါ။ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ အဖွဲ့စွဲ----တွေ ဖျောက်ကြပါ။ မကြာမီ ကာလအ တွင်းမှာ တတိယအရေးအခင်းကြီး ဖြစ်ပေါ်လာပါတော့မယ်။ အဲဒါကလဲ စစ်အာဏာရှင်တွေ ရာသက်ပန်အာဏာတည်မြဲရေးအတွက် ဖုတ်ပူမီးတိုက်လုပ်နေတဲ့ ၂၀၁၀-ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ခုထဲက ကြိုတင်ပြင်ဆင်ထားဖို့လိုနေပါပြီ။
စစ်အာဏာရှင်တွေရဲ့ လောက်စာလုံး တလုံးနဲ့ ငှက်သုံးကောင် ပစ်ချနည်း
စစ်အာဏာရှင်တွေဟာ ရာသက်ပန် အာဏာတည်မြဲရေးအတွက် လောက်စာလုံးတလုံးတည်းနဲ့ ငှက်သုံးကောင် ပစ်ချ-တဲ့ နောက်ဆုံးပေါ်နည်းကို ကျင့်သုံးလာတာ တွေ့ရပါတယ်။ ဥပမာ-၂၀၁၀-ရွေးကောက်ပွဲ အကြောင်းပြပြီး
(၁) ဒီမိုကရေစီ အင်အားစုတွေကို အမြစ်ပါမကျန် ဖြိုခွဲဖို့။
(၂) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အပြီးအပြတ် ခြေမှုန်းပြစ်ဖို့။
(၃) အဲဒီကမှ အတုအယောင် ရွေးကောက်ပွဲနဲ့ အောင်ပွဲခံဖို့ ဖြစ်ပါတယ်။
ဒါပေမယ့် လောက်စာလုံး တလုံးတည်းနဲ့ ငှက်သုံးကောင် ပစ်ချနိုင်တဲ့ အစဉ်အလာ မရှိပါဖူး။
အလားတူပဲ အတုအယောင် ရွေးကောက်ပွဲကို ဗန်းပြပြီး တချိန်တည်းမှာ နိုင်ငံရေး ပါတီတွေကို ဖြိုဖျက်ဖို့၊ နအဖနဲ့ ငြိမ်းချမ်းရေး ယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ဖြိုခွဲဖို့ မဖြစ်နိုင်ပါဖူး။
ခုဆိုရင် ၁၉၉၀-ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ပါတီတွေနဲ့ တိုင်းရင်းသားအဖွဲ့တွေက ၂၀၀၈-ဥပဒေကို လက်မခံသလို ၂၀၁၀-ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်နေကြပါတယ်။ ငြိမ်းအဖွဲ့တွေထဲက အများစုကလည်း ၂၀၀၈-ခုဥပဒေကို လက်မခံ၊ ပါတီမထောင် ရွေးကောက်ပွဲ မ၀င်၊ နယ်ခြားစောင့် တပ်ပြောင်းရေးကိုပါ ငြင်းဆန်နေကြတယ်
ပြည်တွင်းရှိ သာမန်ပြည်သူတွေကို လက်နက်၊ အာဏာ၊ အသပြာနဲ့ ခြိမ်းခြောက် အကျပ်ကိုင်လို့ ရနိုင်ပေမယ့် နိုင်ငံရေးပါတီတွေ ငြိမ်းအဖွဲ့တွေကို အကျပ်ကိုင်လို့မရပါ။ ဒါကြောင့် ငြိမ်းအဖွဲ့တွေ အသွင်ပြောင်းရမယ့်ရက်ကို အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရတယ်။ ခြိမ်းခြောက်လိုက် တရုတ်အစိုးရကို ချဉ်းကပ်လိုက် စစ်အင်အား တိုးချဲ့ပြလိုက်နဲ့ ဟန်ရေးပြနေပေမယ့် ၀-ကချင် စတဲ့ အင်အားကောင်းတဲ့ ငြိမ်းအဖွဲ့တွေက သူတို့ရဲ့ ရပ်တည်ချက်ကို မပြောင်း။
နအဖ-က အဲလိုလုပ်တာဟာ ဘို့တဘို့ထဲသာရှိတဲ့ စစ်အာဏာရှင်တွေအတွက်သာဖြစ်တယ်။ ခုနောက်ဆုံး နှစ်ပေါင်း ၂၀-လောက်ကတည်းက မြန်မာအစိုးရက ပို့ထားတဲ့ ၀-နယ်ဖွံ့ဖြိုးရေး ၀န်ထမ်း ၈၀-ခန့် ပြန်ခေါ်ယူသွားပါတယ်။( ဒီဗွီဘီ ၂၃-၃-၂၀၁၀)။ ဒါတင်မက တရုတ်နိုင်ငံသားများကို ၀-ဒေသနဲ့ ရှမ်းပြည်မြောက်ပိုင်းဒေသများမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုမလုပ်ဖို့ နအဖက တရုတ်အစိးရကို တားမြစ်ပေးဖို့လည်း တောင်းဆိုထားတယ်။ (ခေတ်ပြိုင် ၂၆-၃-၂၀၁၀) ဒါပေမယ့် ငြိမ်းအဖွဲ့တွေက သူတို့ပြောထားတဲ့စကားကို မဖျက်ပါ။
ဒီလောက်ဆို စစ်အာဏာရှင်တွေဟာ ဘယ်လောက်ယုတ်မာတယ်ဆိုတာ သိလောက်ပါပြီ။ နအဖ-က ငြိမ်းအဖွဲ့တွေကို အနှေးနဲ့အမြန် တိုက်တော့မယ်ဆိုတာ မှန်းလို့ရပါတယ်။
စည်းလုံးခြင်းသည် အင်အား
ခုလိုချိန်ခါမျိုးမှာ ပြည်တွင်း ပြည်ပရှိ ဒီမိုကရေစီ အင်အားစုတွေ စည်းလုံးညီညွတ်ဖို့လိုပြီ။ အကြောင်းမှာ စစ်အာဏာရှင်တွေ မတရား ကြီးစိုးမှုကြောင့် တတိုင်းပြည်လုံး ဆင်းရဲဒုက္ခတွင်း တနေ့ထက်တနေ့ နစ်မွန်းနေပြီ၊ မကြာမီကာလအတွင်းမှာ တသက်လုံး တဘ၀လုံး နစ်မြှုတ်ကြတော့မှာ ဖြစ်တယ်။ ဒါကြောင့် ဒီအချိန်ကစပြီး ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ မထားပဲ အားလုံးလက်တွဲပြီး တက်ညီလက်ညီနဲ့ ဘုံရန်သူ နအဖ စစ်အာဏာရှင်တွေကို အပြုတ်တိုက်ဖို့ တိုက်တွန်းပါတယ်။ ညီညွတ်သော ပြည်သူ့အင်အားနဲ့ စုပေါင်းတိုက်ရင် ဒီစစ်အာဏာရှင်တွေဟာ ဘယ်လိုမှ ခံနိုင်မှာမဟုတ်ပါ။ ဒါကြောင့် စည်းလုံးမှုရှိကြဖို့ သတိပေးရခြင်း ဖြစ်ပါတယ်။
ပြည်ပ ဒီမိုကရေစီ အင်အားစု
ပြည်ပရောက် မြန်မာဒီမိုကရေစီ အင်အားစုများက စစ်အာဏာရှင်တွေ အမြစ်ပြုတ်ခြေဖျက်ဖို့ တတ်နိုင်တဲ့ဘက်က ကူညီဖို့၊ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ သင့်တော်မဲ့အချိန်ကိုသာ စောင့်နေကြတာ ဖြစ်တယ်။ နိုင်ငံတကာ ဒီမိုကရေစီ အင်အားစုများကလည်း မြန်မာ့ဒီမိုကရေစီရေးကို ကူညီပန့်ပိုးဖို့ လက်မနှေးကြပါ။ အချိန်ကိုသာ ကြည့်နေကြတာ ဖြစ်ပါတယ်။ စည်းလုံးညီညွတ်စွာ တက်ညီလက်ညီနဲ့ စ-ဖို့သာ လိုပါတော့တယ်။
ဒီတချီ အပီလုပ်ဖို့ လိုပြီ
ဒီတချီဟာ နောက်ဆုံးအချိန်ဖြစ်လို့ နအဖ-က တိုက်လာမှ ကာကွယ်တဲ့အနေနဲ့ ပြန်တိုက်မယ်ဆိုတဲ့မူကို ပုံသေကိုင်မထားသင့်ပါ။ အကယ်၍ နအဖ-က တသက်လုံး လာမတိုက်ဖူးဆိုရင် ဒီအတိုင်းပဲ နေကြတော့မှာလား။ လက်နက်ရှိသူများအနေနဲ့ အကြောင်းမဟုတ်ပေမဲ့ လက်နက်မဲ့ ပြည်သူတရပ်လုံးဟာ နအဖတွေရဲ့ မတရား အနိုင်ကျင့်စော်ကားမှုကို တသက်လုံး နေ့စဉ်နဲ့အမျှ ခံစားနေကြရတော့မှာ ဖြစ်တယ်။ ဒီလိုမခံစားရလေအောင် ဆုံးရှုံးနေတဲ့ လွတ်လပ်ရေး၊ ဆုံးရှုံးနေတဲ့ ဒီမိုကရေစီ၊ ဆုံးရှုံးနေတဲ့ လူ့အခွင့်အရေးတွေ ပြန်လည်ရရှိအောင် ဘုံရန်သူ နအဖ စစ်အားဏာရှုင်တွေကို စည်းလုံးညီညွတ်သော ပြည်သူ့အင်အားဖြင့် တွန်းလှန်ဖို့ တိုက်တွန်းပါတယ်။
ဒီတချီ ဆင်နွှဲရမယ့် တွန်းလှန်တိုက်ပွဲဟာ မီးကုန်ယမ်းကုန် တိုက်ရမယ့် နောက်ဆုံးတိုက်ပွဲအဖြစ် သတ်မှတ်ရပါလိမ့်မယ်။ ဒါကြောင့် ဒီတချီဟာ နအဖ စစ်အာဏာရှင်တွေကို အပီအပြင် တွန်းလှန် တိုက်ထုတ်ပြစ်ရမယ့်အချီဖြစ်လို့ ကျား-မ မရွေး ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ အဖွဲ့စွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲ မထားကြပဲ အချင်းချင်း ညှိနှိုင်းပြီး စည်းလုံးညီညာစွာဖြင့် လက်တွဲကာ တိုက်ပွဲဝင်ကြဖို့ အထူးမေတ္တာရပ်ခံအပ်ပါတယ်။
လေးစားစွာဖြင့်
ရွှေပြည်စိုး
မိုးမခ သတင်းမှ
Friday, April 9, 2010
ညီညွတ်ရေးသာ ဒို့ လက်နက်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
April
(377)
- ကိုဟန်လင်းတော့ဆုရပြီ ၊ ကျွန်တော်တို့ အာဇာနည်မှ ကို...
- ငရဲက လာသူ ပြာပူ မကြောက်
- အစိတ်သားနဲ့ မ၀ နိုင်တဲ့..ကြံဖွတ် ၀န်ကြီး..သောက်စား...
- ဒီလိုချွတ်လိုက်မှ အမြင်ရှင်းမှာ ... ရွေးကောက်ပွဲဝင...
- ကြံ့ကြံ့ ဖွတ်ဖွတ် ပန်းသိန်းစိန် အရပ်ဝတ်ပေမယ့် ဘောင...
- The Voice Weekly ဂျာနယ် Vol.6/No.25 ဖတ်ရှုနိုင်ပါပြီ
- အားနည်းသူကို ဖြဲခြောက်နေသည့် နအဖ တပ်များ..
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှထုတ်ပြန်သော မေဒေးေ...
- နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့...
- ကြံ့ခိုင်ရေး ပါတီ လာပြီ
- နာဂစ်ကူညီရေး စစ်အစိုးရ ပိတ်ဆို့နေဆဲ
- စစ်အစိုးရ တာဝန်မဲ့မှု NLD နဲ့ ဒေါ်စု တရားစွဲ
- ကွယ်လွန်သွားရှာသူ ကိုမောင်မောင်ငြိမ်း၏ ကိုယ်ရေးအကျ...
- လက်ယားနေသော နစကများ
- ဒေါ်အောင်ဆန်းစုကြည်မှ ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံမတင...
- စစ်ဖြစ်မှာစိုးလို့ ၀ တိုင်းရင်းသားတွေ တိမ်းရှောင်
- နူနေကာမှ စွဲတဲ့ ၀ဲ..လဲနေသူကိုမှ ထောင်းရက်တဲ့ သူခို...
- စစ်သားအယောင်ဆောင် လိုင်စင်ရ ပင်လယ် ဒါးမြများ
- ပြည်သူကို မဲမဲ မြင်ရာ ဒုက္ခပေးပြီး..သူ့ ကျ တပ်မတော...
- အတွင်းလှိုက်စား ဂုရုများရဲ့ ကျွေးသောလက် လျက်သောစကား
- လူထုတိုက်ပွဲ ကော်မတီ ၂၀၁၀ (ပို့စကဒ်)
- ဘုန်းကြီးခေါင်းရိုက်ထားသူတွေ သတိထား..လှိုင်ခေါင်းထ...
- အသေခံဗုံးခွဲသူတွေ ပေါ်လာကြပြီ..
- ပြည်တွင်းက ညီအကို မောင်နှမများ အားဆက်လက် ဖြန့်ဝေပေ...
- ကာတွန်းဟန်လေးကို ဆုချပြီ
- ပြည်သူတွေကြောက်အောင် တမင်ခွဲတာ စစ်တပ်ဗုံး..
- မီဒီယာသမားများ ပြည်သူ့ အကျိုးကို ရှေ့ရှုကြပါလို့ြေ...
- တံဆိပ်တပ်တဲ့ ၀ါသနာ…
- လွိုင်ကော် ရဲစခန်း၌ ဗုံးပေါက်ကွဲ၍ လူတဦး သေဆုံး
- လူမသာတွေကို လမ်းထဲ အဝင်မခံတာမျိုး မလုပ်ကြပါနဲ့
- force Labor နေပြည်တော်ဝန်ထမ်းများနဲ့  မဖူလုံတဲ့လစာ
- အင်္ဂပူမြို့နယ်အတွင်း ဗုံးဖောက်ခွဲမှုနှင့် ကျေးရွာအာဏ...
- ပေါချောင်ကောင်း..ဘတ်ထားတဲ့ စာရင်းတွေပြ..ဒါနိုင်ငံသ...
- စစ်ဘိုလူထွက်..ပြောင်ပြောင်၏ မျက်နှာပြောင်ပြောင်ဖြင...
- လူကြားကောင်းရုံ အရေခြုံသီလ..
- အခုမှ ဖုံးမရပေါ်ပြီ
- လစာတိုးဦးမည် မက်လုံးပေး..ဆင်ဖြူတော်ပုံနဲ့ ..စက္ကူစ...
- မြေသြဇာ အဖွဲ့ မှ အထူး ထုတ်ပြန် ကြေငြာချက်
- ငပွကြီး ကယ်ပေလို့ 
- တခါက မြန်မာကျောင်းသားများ၏ လှုပ်ရှားမှု
- ချွန်တွန်း မီဒီယာသမားများ၏ အင်္ကြ
- Nuclear Free Burma ဖေါ်ဆောင်ရေး Signature Campaign ...
- ခွပ်နေကြတဲ့ အိုးမည်းသုတ်ခံ အိမ်ကြက်များ..
- နာဂစ် အမှတ်တရ ဆုတောင်း အမျှဝေ အခမ်းအနား ဖိတ်ကြားလွှာ
- တရားဥပဒေအရ..နအဖကို အရေးယူဖို့ အချိန်တန်ပြီ
- အရှက်မဲ့သူများရဲ့ ဘောင်းဘီချွတ်ပွဲ..
- သန်းရွှေရဲ့ မျက်နှာဖုံး နောက်ကွယ်က..မူရင်း စိတ်အသွင...
- တစီးမှမပိုင် သန်းရွှေ
- ရွေးကောက်ပွဲ ရာသီတွင် မီဒီယာများ နိုင်ငံရေးသမားမျာ...
- သေခြင်ရင် စိန်မစားနဲ့ ကရင်ပြည်ကိုသွား
- ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူနှင့် ဆက်သွယ်ကြစို့
- ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲတွင် ...
- သန်လျင်ကျောက်တန်းဒေသမှဝါးပင်များအပွင့် ပွင့် နေ
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- စက်တင်ဘာလ လှုပ်ရှားမှုတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင် ...
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- ပြည်သူ့ ဂုဏ်ရည် ပထမ အကြိမ် ဂုဏ်ပြု အခမ်းအနားက ကိုေ...
- စစ်တွေမှာ ဆန္ဒပြပွဲ အပြီး လျှပ်စစ်မီးပြန်ရ
- Bogyoke Aung Sun graced at Myanma Movie Silver Jub...
- Video Dispatch: Myanmar, China and U.S. Tensions
- ၂၀၁၀ ခုနှစ် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် အဖြစ် မဲဆန္ဒအမ...
- သက်ဆိုင်သူသို့ 
- နအဖ ဘက်မှ ၀တပ်ဖွဲ့ အား တိုက်ပွဲနှစ်ကြိမ် စတင်တိုက်...
- 2100 in 2010: free burma's political prisoners
- မတိတ်ဆိတ်မဲ့ လွတ်လပ်ရေးတေးသံများ
- ဘဘဦးဝင်းတင်ရဲ့ ယုံကြည်ချက်နဲ့ ရည်မှန်းပန်းတိုင်
- လိုင်စင်ရ..ဒါးပြများ..
- စစ်တပ်ရှိတဲ့နေရာ..ဖာရှိတယ်..
- ရာဇဓိရာဇ်ရဲ့ သွေးက..စွေးစွေးနီ..
- “လူထုကို ဘယ်တော့မှ ကျောခိုင်းမသွားပါဘူး”
- မြန်မာဘက်က အဆိုးတွေမလာအောင် အိန္ဒိယ နယ်စပ်တံတိုင်းခ...
- အလံလွင့်နေသလို တံခွန်ထူနေမဲ့ ငါတို့ စိတ်ဓါတ်
- ဒို့ လာပြီ..
- မြန်မာ ကသိတဲ့ မြန်မာ..နဲ့  ကမ္ဘာက မြင်တဲ့ မြန်မာ ဘာ...
- မြန်မာစစ်သားများကြည့်ဖို့ ..
- Voice of Burma April 18 2010
- သူများတွေ ကတော့ စကားစနေပြီ..ရုန်းကြရဖို့ အချိန်တန်တဲ့
- အံမာ မင်း ကျုံကျုံ့ လေးဗျ
- ဘေးလူတွေတောင်ပြောနေရပြီ..သင်ဘယ်သူပါလည်း မြန်မာစစ်သည်။
- မိမိ နိုင်ငံကို မိမိ ကယ်တင်ပေးသင့်သည်။ အသင်.မျိုးခ...
- ပညာသင်ချင် ကောင်းကောင်းသင်..ဂွင်မဆင်နဲ့ 
- နအဖ ၏နောက်ဆုံးလက်နက်များ..ထုတ်သုံးနေခြင်း
- နားလှည့်ပါးရိုက် ..မသိတာလိုက်လို့ 
- တားတားက လှချင်တာတခုထဲပါဗျာ..ဘဘကိုတော့ကြောက်ပါတယ်
- ကိုယ်ကကျုး..ကိုယ့်ဟိုဒင်းတောင်မယုံဘူး..မလာခဲ့ကြနဲ ...
- နိုင်ငံတော်ကို ကာကွယ်မဲ့တပ်မတော် အိပ်ပျော်နေတယ်..
- စိတ်ကြွဆေးဖျော်ရည်နဲ့  ရက်လွန် အဖျော်ရည်ဗူးများ..မ...
- တစ်ပတ် အတွင်း ဗုံးပေါက်ကွဲမှု လေးနေရာ ဖြစ်ပွား
- ရေနံထွက်တဲ့ ဒို့ ပြည်နယ် မီးမလာတာ သပိတ်မှောက်ဟဲ့
- ပြုံးပြုံးလေးနေ..တစ် နှစ် သုံး..ဘုန်း..
- အုံးကနဲ မြည်တိုင်းဗုံးမဟုတ်
- အာဏာရှင်ကြီး-ဗိုလ်နေဝင်း-၏-အတွင်းရေးများ
- တခါးများဖွင့်လှစ် ထားမည်။..NLD
- စတေးခံရသူများ..
- လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ကျင်းပ...
- သူများရည်းစား ကြောင်တောင်နှိုက်တဲ့ ..မျောက်မသား
- Summaryမြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရမှာ တာဝန်...
- မြန်မာ့ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှုများ စတင်
- ကောက်ရိုးပုံစောင့် ခွေး..ငါတို့ မဟုတ် .ငါ့တို့ြေ...
- ဗုံးကွဲမှု ဓာတ်ပုံရိုက်သူများ လွှတ်ပေးရန် မီဒီယာအဖွဲ...
-
▼
April
(377)
No comments:
Post a Comment