ဒီမို ကရက်တစ် ပါတီ (မြန်မာ) မှ ဝန်ကြီးချုပ်ဟောင်း ဦးနု၏ သမီး ဒေါ်သန်းသန်းနု နှင့် အင်တာဗျူး
(၁၉၆၉) ခုနှစ် တွင် မြန်မာ နိုင်ငံမှ ထွက်ခွာ သွားပြီး (၂ဝဝ၃) ခုနှစ်၊ ဇူလိုင်လ တွင် မြန်မာ နိုင်ငံသို့ ပြန်လည် ရောက်ရှိ လာပြီး (၂ဝ၁ဝ) ရွေးကောက်ပွဲ တွင် ဒီမိုကရက်တစ် ပါတီ (မြန်မာ) ပါတီ အမည်ဖြင့် မှတ်ပုံတင်ကာ ပါတီတွင် အထွေထွေ အတွင်းရေးမှူးချုပ် တာဝန် ယူထားသော ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း ဦးနု၏ သမီး ဒေါ်သန်းသန်းနု မှ သူမ၏ နိုင်ငံရေး ဆရာမှာ ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ဦးနု ဖြစ်သည်ဟု ဆိုသည်။ မြန်မာပြည် နိုင်ငံရေးသည် ခေတ် အဆက်ဆက် အကွဲ အပြဲ များဖြင့် ဖြတ်သန်း ခဲ့ရပြီး နောက်ဆုံးတွင် တိုင်းသူ ပြည်သားများသာ နစ်နာ ခဲ့ရသည်ဟု သူမ ပြောပြသည်။ ဝန်ကြီးချုပ်ဟောင်း သမီး တစ်ယောက်၏ နိုင်ငံရေး သဘောတရား၊ နိုင်ငံရေး အယူအဆ ဘယ်လို ရှိသလဲ၊ တိုင်းသူ ပြည်သား များ အပေါ် သူမ၏ သဘောထား ဘယ်လို ရှိသလဲ သိနိုင်ရန် ဖော်ပြ လိုက်ပါ သည်။
မေး ။ အန်တီကပါတီမှာ ဘာတာဝန်ယူထားလဲ။
ဖြေ ။ ကျွန်မက ဒီပါတီမှာ အတွင်းရေးမှူးချုပ် တာဝန် ယူထား ပါတယ်။ အတွင်း ရေးမှူးချုပ် တာဝန်ဆိုတော့ ပိုပြီး ကျယ်ကျယ် ပြန့်ပြန့် လုပ်လို့ ရတာ ပေါ့လေ။
မေး ။ ဒါဆို ပါတီရဲ့ ရုံးလုပ်ငန်းတွေ အန်တီ လုပ်တာပေါ့။
ဖြေ ။ ရုံးလုပ်ငန်း အတွက် ရုံးအဖွဲ့ ရှိပါတယ်။ ရုံး အဖွဲ့ သတ်သတ် ဖွဲ့ထား ပါတယ်။
မေး။ ပါတီရဲ့ ဘဏ္ဍာရေး ဆိုင်ရာ ကိစ္စတွေ အန်တီ ကိုင်တယ် ဆိုတာ ဟုတ်လား။
ဖြေ ။ ဘဏ္ဍာရေး ဆိုင်ရာ ကိုင်တယ် ဆိုတာက ကျွန်မတို့က ဘယ်ကမှ ဘဏ္ဍာ မရ ဘူးလေ။ မရဘူးဆို တာက ပါတီက တရားဝင် ပါတီ မဟုတ် သေးတာကြောင့် သူများကို လိုက် အလှူ ခံလို့ မရဘူး။ ဒါကတော့ ထုံးစံပဲ။ ပေးချင်တဲ့သူ ရှိရင်တောင် ဒီပါတီဟာ တရားဝင် ပါတီ မဟုတ်တဲ့ အတွက်ကြောင့် ပေးသင့်၊ မပေးသင့် ချိန်ဆ မှာပေါ့နော်။ ကျွန်မ တို့က ဖြစ်တဲ့ နည်းနဲ့ အလှူရှင် ရှာတာပေါ့။ ရှာတယ် ဆိုတာက ကျွန်မတို့ အဖွဲ့ဝင်တွေ ဆီက တတ်နိုင်ရင် တတ်နိုင် သလိုပါ။ စပြီး ကျွန်မတို့ စုမိ ကတည်းက တစ်ယောက်ကို တစ်သောင်း ကျစီပေါ့။ တစ်သောင်း ဆိုတာက အခုခေတ် ဘာမှ မရှိပါဘူး။ ဒါပေမယ့် မလုံ လောက်လို့ လိုတဲ့ အခါမှာ ကျွန်မရယ်၊ ချိုချိုရယ်၊ နေရည် ရယ် စုလိုက် ကြတယ်။ ကျွန်မ တို့က တတ်နိုင် လို့တော့ မဟုတ်ဘူး။ မတည် တယ်လို့ လည်း ပြောလို့ မရဘူး။ မတည်တယ် ဆိုတာက ငွေပမာဏ အများကြီး ကိုး။ လောလောဆယ် ကျွန်မတို့ ဘဏ္ဍာငွေ ရှာတယ် ရယ်လို့ မဟုတ်ဘူး။ ကိစ္စ တစ်ခု ဖြစ်ရင် ဘယ်သူ ဘယ်လောက် ထည့်ကြဆိုတဲ့ သဘောပါပဲ။
မေး ။ ပါတီဝင် အင်အား ဘယ်လောက် ရှိပြီလဲ။ ပြောလို့ ရလား။
ဖြေ ။ မရသေးဘူး။ ဘာကြောင့်လဲ ဆိုတော့ ကျွန်မတို့ စည်းရုံး နေတဲ့ အချိန် အခါပဲ ရှိပါ သေးတယ်။
မေး ။ စည်းရုံးရေး လုပ်ငန်းက ဘယ် နေရာ တွေမှာ စနေ ပြီလဲ။
ဖြေ ။ ရန်ကုန်မြို့ မှာတော့ တော်တော်လေး ကျယ်ကျယ် ပြန့်ပြန့် စနေ ပါပြီ။ ကျွန်မတို့က ပါတီ မှတ်ပုံတင် လျှောက်လွှာ တင်ရုံပဲ ရှိသေးတယ်။ မှတ်ပုံ တင်တာ မကျ သေးဘူး။ အတည် မပြု သေးဘူး ဆိုတော့ စောင့်ကြည့် နေတဲ့ အနေ အထား မှာ ရှိပါ တယ်။
မေး ။ အခု ချိန်ကျမှ ဘာကြောင့် အန်တီက ဝင်ပါ ပြီးတော့ နိုင်ငံရေး လုပ်ရတာလဲ။ အန်တီ့ အသံက အနှစ် နှစ်ဆယ်လောက် ဘာ့ကြောင့် ပျောက်နေ ရတာလဲ။
ဖြေ ။ကျွန်မ ဒီမှာ မရှိဘူး။ ဒီကို ပြန်ရောက်တာ (၂ဝဝ၃) ခုနှစ် နှစ်လယ် ဇူလိုင်လ လောက်မှ ပြန်ရောက် တာ။
မေး ။ ဘယ်သွားနေတာလဲ။
ဖြေ ။ ကျွန်မ တို့က (၁၉၆၉) ခုနှစ် ကတည်းက မြန်မာပြည် ကနေ ထွက်သွား တာပဲ။ အရင် တုန်းက အဖေက ဒီမိုကရေစီ ပြန်လည် ထွန်းကားရေး ဆိုပြီး သူ့နည်း သူ့ဟန်နဲ့ လုပ်တယ်။ အဲဒါက သိတဲ့ အတိုင်း မအောင်မြင် ပါဘူး။ ကျွန်မတို့ ဥက္ကဋ္ဌ ဦးသုဝေ လည်း ပါခဲ့ ပါတယ်။ အဲဒါ ပြီးတော့ (၁၉၈ဝ) ပြည့်နှစ် အဖေတို့ ဒီကို ဦးနေဝင်း ရဲ့ဖိတ်ကြားချက် အရ ပြန်လာ တယ်။ အဖေတို့ (၁၉၈ဝ) ပြည့်နှစ် ပြန်လာတော့ ကျွန်မ မိသားစု မှာ ကျွန်မရယ်၊ ကျွန်မခင်ပွန်း ဦးအောင်ငြိမ်းရယ်၊ သားနှစ် ယောက်ရယ် ပေါ့။ အခု သားကြီးက အသက် (၄ဝ) ရှိပြီ။ သား အငယ်က အသက် (၃ဝ) ကျော် ရှိပြီ။ အကုန်လုံး ကျွန်မ တို့ အိန္ဒိယမှာ ကျန်ခဲ့တယ်။ ကျန်ခဲ့တဲ့ အဓိက အကြောင်းရင်းက သားတွေရဲ့ ပညာရေးကြောင့်ပဲ။ သား အငယ် ကတော့ အဲဒီတုန်းက တော်တော်လေး ငယ်သေးတယ်။ (၁ဝ) နှစ် သားလောက်ပဲ ရှိဦးမယ်။
ဒီတော့ ဒီကို ပြန်ခေါ်ရင် ပညာရေး အတွက် အနှောက် အယှက် ဖြစ်မှာ စိုးလို့ အိန္ဒိယ မှာပဲ ကျန်နေ ခဲ့တယ်။ အဲဒီမှာနေတဲ့ တောက်လျှောက်မှာ အိန္ဒိယ အစိုးရ က တာဝန် ယူတယ်။ ကျွန်မ တို့က နယူး ဒေလီ မြို့တော်မှာ နေတာ မဟုတ်ဘူး။ ဘုံးဘား ဆိုတာက အိန္ဒိယ နိုင်ငံရဲ့ အလယ်ပိုင်းက မြို့ပေါ့။ အဖေ၊ အမေ ရှိနေ စဉ်က သူတို့က တာဝန် ယူတယ်။ အဖေ အမေ ပြန်လာတော့ ကျွန်မ တို့ကို ဆက် တာဝန် ယူမှာလားလို့ သူတို့ကို အဖေက မေးတယ်။ အဖေက အိန္ဒိယ ရဲ့ ပထမဆုံး ဝန်ကြီးချုပ် ပဏ္ဍစ်နေရူး နဲ့ အရမ်း ရင်းနှီး တယ်လေ။ နှစ် နိုင်ငံ ဝန်ကြီးချုပ် ဆိုတာထက် ညီအစ်ကို လိုတွေတောင် ဖြစ်နေတာ။ အဖေတို့ ပြန်လာတော့ သူ့သမီး အင်ဒီရာဂန္ဒီ လက်ထက်ပေါ့။
ကျွန်မတို့က အဲဒီတုန်းက အသက်အားဖြင့် ကြည့်ရင်လည်း အလုပ် လုပ်နိုင်တဲ့ အရွယ်ပေါ့။ အသက် (၃ဝ) ကျော် ဆိုတော့ အလုပ် လုပ်ရင် ကောင်းမှာပဲ ဆိုပြီး ဆုံးဖြတ်တယ်။ ဘာ အလုပ် လုပ်မလဲ ဆိုတော့ စီးပွားရေးဆို အိန္ဒိယမှာ တော်ရုံ ပိုက်ဆံနဲ့ မရဘူး။ ကျွန်မတို့ မှာလည်း ပိုက်ဆံ မရှိဘူး။ ဖေဖေက ခေါင်းထဲမှာ အကြံရတယ်။ အိန္ဒိယမှာ အသံလွှင့်ရုံ All India Radio ရှိတယ်။ အဖေ ကလည်း ကြိုက်တယ်။ ဒီအလုပ်က ဣနြေ္ဒ ရတယ်။ တခြား အလုပ်က သူတို့ အိန္ဒိယ လူမျိုး တွေနဲ့ ကျွန်မတို့ မတိုးနိုင်ဘူး။ ဒီမြန်မာပြည် မှာတောင် ကျွန်မတို့ စီးပွားရေး မလုပ်နိုင်တာ။ အိန္ဒိယမှာ ဆိုရင် စီးပွားရေး လုပ်ငန်း ကို အနားတောင် မကပ်နိုင်ဘူး။ အဲဒီမှာ လခစား ဝင်လုပ်ဖို့ အဲဒီတုန်းက ဝန်ကြီးချုပ် အင်ဒီရာဂန္ဒီကို ပြောတယ်။ အဖေတို့ ပြန်သွားပြီး လစ်လပ် နေရာကို အဲဒီ နေရာမှာ ကြည့်တော့ တစ်နေရာ ပဲတွေ့တယ်။ လစ်လပ်တာက All India Radio မှာ နိုင်ငံခြားဘာသာ (၂ဝ) ကျော် လွှင့်တဲ့ အထဲမှာ ကျွန်မတို့ မြန်မာဌာန ဆိုတာ တစ်ခု ရှိတယ်။ အခု ဗီအိုအေ၊ ဘီဘီစီတို့ အသံ လွှင့်သ လိုပေါ့။ အဲဒီ မြန်မာ ဌာနမှာ ကျွန်မတို့ ဘုံဘား ကနေ နယူးဒေလီ ကို ပြောင်းတယ်။ All India Radio မှာ အလုပ ဝင်ဖို့ စာမေးပွဲ ဖြေတော့ ကျွန်မ အဖေ မျက်နှာ ကြောင့်ရတာ ဆိုပြီး ကျွန်မ အမျိုးသားက ကျွန်မကို ဦးစား ပေးပြီး အရင် ဖြေခိုင်း တယ်။ သူကတော့ နောက် (၂) နှစ်ကျမှ နေရာ လစ်လပ် လို့ ဝင်ရတယ်။ ကျွန်မတို့ အဲဒီမှာ (၁၉၈ဝ) ပြည့်နှစ်က စပြီး အလုပ် လုပ်ခဲ့ တယ်။ (၂ဝ၁ဝ) ပြည့်နှစ် ကျတော့ ကျွန်မ ကိုယ့်ဘာသာကိုယ် အလုပ်ထွက် လိုက်တယ်။
မေး ။ အခု အန်ကယ် ဦးသုဝေ၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရည်ဗဆွေ တို့နဲ့ အန်တီက ပေါင်းမိတာ ပေါ့နော်။ ဒီ နေ့လို အနေ အထား မှာ အန်တီတို့ နိုင်ငံရေး လုပ်တာ ပြည်သူ လူထုက ဘယ်လောက် သက်ဝင် ယုံကြည် မယ်လို့ အန်တီ ထင်လဲ။
ဖြေ ။ ကျွန်မတို့ ဆောင်ရွက်နေတာက ဒီမိုကရေစီ ရဖို့ပဲ။ ပြည်သူ လူထု ကလည်း ဒီမိုကရေစီ သိပ်လို ချင်တယ်။ ကျွန်မတို့ ကြိုးကြိုး စားစား လုပ်သွားမယ် ဆိုရင် ပြည်သူ တွေက လက်ခံ လာမှာပဲ။ ကျွန်မတို့ ကလည်း ဒီလို တရားဝင် လှုပ်ရှား နိုင်ခွင့် စောင့်နေတာ ကြာပါပြီ။ ဒေါ်ချိုချိုကျော်ငြိမ်း နဲ့ ဒေါ်နေရည်ဗဆွေ ဆိုတာက ငယ်ငယ် ကတည်းက မိဘတွေကြောင့် သူငယ်ချင်း တွေပေါ့လေ။
မေး ။ သုံးယောက်ထဲမှာ ဘယ်သူက အသက် အကြီး ဆုံးလဲ။
ဖြေ ။ ကျွန်မထင်တာ ကျွန်မ အကြီး ဆုံးဘဲ။ ကျွန်မ နဲ့ ချိုချို နဲ့က နှစ်လလောက် ကွာတယ်။ နေရည် ကတော့ ကျွန်မ တို့ထက် (၄) နှစ်ငယ်တယ်။
မေး ။ သမိုင်းမှာ နု-တင်၊ ဆွေ-ငြိမ်း ဆိုပြီး သမိုင်း တွင်ခဲ့ တယ်။ အခု အချိန်မှာ အန်တီတို့ ဝန်ကြီးချုပ်ဟောင်း သုံးယောက် ရဲ့ သမီးတွေက ပေါင်းစည်း မိကြတယ်။ ဒီတော့ အန်တီတို့ ဘယ်လို နားလည်မှုနဲ့ ပေါင်းစည်း မိကြလဲ။ အခု လက်တွဲပြီး လုပ်ကြတော့ အန်တီတို့ချင်း ဘယ်လို နားလည်မှုနဲ့ လုပ်ကြလဲ။
ဖြေ ။ သူများ အတွက်တော့ ကျွန်မသိပ် မပြော တတ်ဘူး။ ကျွန်မ အတွက် ပြောရမယ် ဆိုရင် ကျွန်မမှာ ပါတီ စွဲတွေ၊ ဝါဒစွဲ၊ ဘယ် သူက ဘာဖြစ် တယ်တို့ ဘယ်သူ့အဖေ နဲ့ ဘယ်သူ့အဖေ ဘာဖြစ် ကြတယ်လို့ ကျွန်မမှာ ယုံကြည်ချက် မရှိဘူး။ အခု လုပ်လို့ ရတာ အခု လုပ်မယ် ဆိုတဲ့ ခံယူ ချက်ပဲ ကျွန်မမှာ ရှိတယ်။ အရင် တစ်ချိန် တုန်းက ဟိုဒင်း ဖြစ်တယ် ဆိုတာ လည်း အဲဒီတုန်းက အခြေ အနေ အရ ဖြစ်ခဲ့ ကြတာလေ။ အခု အချိန် မှာတော့ ကျွန်မတို့ အကုန်လုံးက မိတ်ဆွေ တွေပဲ။ ကျွန်မတို့ အဖေေ တွကလည်း ဖြစ်တဲ့ အချိန် မှသာ ဖြစ်တာ။ နောက်တော့ လည်း သူတို့က မိတ်ဆွေ အရင်း အချာ တွေပဲ။ အဲဒီ အပေါ်မှာ ကျွန်မ မှာ ဘာမှ ပုဂ္ဂိုလ်စွဲ မှရှိဘူး။ နိုင်ငံနဲ့ လူမျိုး အတွက် ဖြစ်တဲ့ နည်းနဲ့ ကောင်းအောင် လုပ်ပေးမယ် ဆိုတာပဲ ကျွန်မမှာ ရှိတယ်။
မေး ။ အန်တီတို့ သုံးယောက်ကို အန်ကယ်ဦးသုဝေ ခေါင်းဆောင်ပြီးတော့ ဝန်ကြီးချုပ်ဟောင်း (၃)ယောက်ရဲ့ သမီးတွေပါဝင်ပေါ့နော်။
ဖြေ ။ ကျွန်မတို့ သုံးယောက် ပေါင်း အလုပ် လုပ်ဖြစ် တာက လည်း ဦးသုဝေရဲ့ ကောင်းတဲ့ idea ပါ။ အခွင့် အလမ်း ပေါ်လာရင် အလုပ် လုပ်ကြ ရအောင် ဆိုတာ ကျွန်မတို့ တွေ့တိုင်း ဆွေးနွေး မိကြတယ်။ ရွေးကောက်ပွဲ ကျင်းပ ပေးမယ် မပြောခင် ကတည်းက ကျွန်မတို့ချင်း တွေ့နေ ကျပါ။ ကျင်းပမယ် ပြောလာတဲ့ အခါကျတော့ ဦးသုဝေက ကျွန်တော်တို့ အတူတူ စုပြီး အလုပ် လုပ်ကြရင် မကောင်းဘူး လား ဆိုတော့ ဒေါ်ချိုချို တို့၊ ဒေါ်နေရည် တို့ကို ရှင်းရှင်း ပြောရရင် ကျွန်မ ခေါင်းထဲ မှာ မရှိဘူး။
ဒီ idea က ဦးသုဝေက ပေးတာ။ ဦးသုဝေက ကျွန်မတို့၊ နေရည်၊ ချိုချို၊ ဝန်ကြီးဟောင်း ဗိုလ်ခင်မောင်လေး ရဲ့သား ကိုဖိုးမင်္ဂလာ တို့ လူကြီး သားသမီးတွေ အကုန်စု အလုပ် လုပ်ရင် မကောင်း ဘူးလား ဆိုတော့ ကောင်းတာ ပေါ့လို့။ သူကတော့ ဘယ်သူ မို့လို့၊ ဘယ်ဝါ မို့လို့ ဆိုတာ ကျွန်မမှာ မရှိပါဘူး။ အဲဒီလိုသာ ပြောကြ စတမ်း ဆိုရင် ကျွန်မ တစ်ယောက်တည်း ဘက်ပဲ့ ပြီးတော့ ကျွန်မ မပါဘဲ နေရမှာ။ ဘာကြောင့်လဲ ဆိုတော့ အခ ကျွန်မတို့ ပါတီမှာ ဒီက ဆရာကြီးတွေ ပြောသလို နု-တင်တို့၊ ဆွေ-ငြိမ်းတို့ လျှောက်ပြီး ပတ်သက် နေမယ် ဆိုရင် အားလုံးက ဆွေငြိမ်း ဘက်က လူတွေ ချည်းပဲ။ ဦးသုဝေ ကိုယ်တိုင်က ဦးကျော်ငြိမ်း နဲ့ အနီးကပ် အလုပ် လုပ်လာ တာပဲ။ ဒီတော့ ကျွန်မ မှာ ပထမက ဒီလို လုပ်ဖို့ အကြံအစည် မရှိဘူး။ ဦးသုဝေ ပြောတော့ ကျွန်မ လွယ်လွယ် ကူကူနဲ့ လက်ခံ လိုက်တယ်။ အဲဒီလိုနဲ့ ကျွန်မတို့ ပေါင်းပြီး လုပ်ဖြစ်တာ။ ဘယ်သူက ကျွန်မတို့ကို Promote လုပ်ထား လို့၊ ဘယ်သူ နဲ့ ယှဉ်ပြိုင်ဖို့ ဆိုတာ မဖြစ် နိုင်တဲ့ စကား တွေပဲ။
မေး ။ အန်တီတို့ ပါတီ အမတ် နေရာ ဘယ်နှစ်နေရာလောက် ပြိုင်မယ် မှန်းထားလဲ။ လွှတ်တော် သုံးရပ် ရှိတယ် လေ။
ဖြေ ။ ရွေးကောက်ပွဲ ဥပဒေ အထွက်ခင် တုန်းက ကျွန်မတို့ ဥက္ကဋ္ဌ ဦးသုဝေ ကော ကျွန်မ တို့ကော တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ပါမယ်ပေါ့ ဆိုပြီး အင်မတန် တက်ကြွ ခဲ့တယ်။ ရွေးကောက်ပွဲ ဥပဒေ ထွက်လာ ပြီးတော့ အမတ် တစ်ဦး တင်သွင်း ရမှာက ငါးသိန်း။ ဒါနဲ့ မပြီးသေး ဘူးလေ။ သူ့အသုံး စရိတ်က လာဦးမယ်။ ခြိုးခြိုး ခြံခြံ သုံးတာတောင် ခန့်မှန်းကြည့်ရင် (၁၂) သိန်း ပြောတယ်။ အမှတ် နေရာ (၁ဝဝ) လောက်ပဲ ကျွန်မတို့က မှန်းနိုင်တယ်။ အဲဒါတောင် ကျွန်မတို့ တော်တော် စဉ်းစား ရမယ်။ ဘာကြောင့်လည်း ဆိုတော့ ငွေကြေး အခက် အခဲ ရှိပါတယ်။ ဒါ့ အပြင် ရွေးကောက်ပွဲ ကုန်ကျ စရိတ်တွေ ရှိသေး တယ်လေ။ စည်းရုံးရေး အတွက်တို့ ဘာတို့ နဲ့ ဆိုရင် အမတ် တစ်ယောက်၊ တစ်ယောက်ကို တော်တော် ကုန်မယ်။ ကုန်မယ် ဆိုတော့ ကျွန်မတို့ အတွက် နည်းနည်း ခက်ပါတယ်။
မေး ။ ပါတီရဲ့ မူဝါဒ သဘောထားကို အင်တာနက်ပေါ်မှာ ဝက်ဘ်ဆိုက် လွှင့်တင်ဖို့ အစီအစဉ်ရှိလား။
ဖြေ ။ ကျွန်မတို့ စိတ်ကူး ရှိပါတယ်။ ပါတီ အဖြစ် တရားဝင် ဖြစ်သွား ပြီဆိုရင် မီဒီယာကို အားကိုးနေ ကိုးရ မှာလေ။ ဝက်ဘ်ဆိုက်ပေါ် တင်မှ ပိုပြီး ကျယ်ကျယ် ပြန့်ပြန့် ရှိမှာလေ။
မေး ။ ပါတီ ရန်ပုံ ငွေကို ဘယ်နည်းနဲ့ ရှာမလဲ။
ဖြေ ။ လွယ်လွယ် ကူကူ ပြောရင်တော့ သူများ ဆီက အလှူခံ မှာပေါ့။
မေး ။ အလှူခံမယ် ဆိုတော့ အန်တီသူငယ်ချင်းတွေ ဆီကလား။ အန်တီ့အဖေနဲ့ ပတ်သက်တဲ့ လူတွေဆီကလား။
ဖြေ ။ ကျွန်မ အဖေနဲ့ ပတ်သက်တဲ့ သူတွေ ကလည်း တကယ်တော့ သိပ် မရှိကြ တော့ပါဘူး။ အခြေ အနေ တွေ ပြောင်းလဲ တာနဲ့ အမျှ လူတွေ လည်း ပြောင်းလဲ လာတယ် ဆိုတာ ကျွန်မတို့ ခေါင်းထဲ ထည့်ထား ရမယ်။
မေး ။ (၁၉၉ဝ) ပြည့်နှစ် ရွေးကောက် ပွဲကို Free and Fair ဖြစ်တယ်လို့ ယူဆလား။
ဖြေ ။ ဖြစ်ပါတယ်။
မေး ။ အခု (၂ဝ၁ဝ)ကိုကော အဲဒီလို မျှော်လင့် ထားလား။
ဖြေ ။ ဖြစ် လိမ့်မယ်လို့ ကျွန်မတို့ ယူဆ ပါတယ်။
မေး ။ အန်တီ့ အဖေက အန်တီ့ကို ပါတီ နိုင်ငံရေး နဲ့ ပတ်သက်ပြီး ဘာမှာ ခဲ့ဖူးလဲ။
ဖြေ ။ တကယ်လို့ တစ်ချိန် ချိန်မှာ ဒီကို ပြန်လာပြီး နိုင်ငံရေး လုပ်ဖြစ်ရင် အကုန် လုံးကို အသစ်က ပြန်စ ပါလို့ ကျွန်မကို ပြောဖူးတယ်။ သဘော ကတော့ သူ့ အရှိန် အဝါကို မယူ နဲ့လို့ ပြောချင် တာပါ။ တစ်က ပြန်စ ပါလို့။ အဖေ့ အရှိန် အဝါ ကို သုံးမယ် ဆိုတာ ကျွန်မ စိတ်ကူး လုံးဝ မရှိဘူး။ အခု အချိန်မှာ ဘယ်သူနဲ့ မဆို စည်းစည်း လုံးလုံး ပေါင်းလုပ် နိုင်ရင် အကောင်း ဆုံးပဲ။
မေး ။ မြန်မာ ပြည်သူတွေ အန်တီ တို့ မဲရ လာအောင် ဘာနဲ့ အရင်ဆုံး စည်းရုံး မလဲ။ အန်တီ့ အဖေရဲ့ အရှိန် အဝါ သုံး မလား။ ပါတီရဲ့ မူဝါဒ သဘော တရားနဲ့ပဲ လုပ်မှာလား။
ဖြေ ။ အခုလည်း ကျွန်မကို ဦးနုသမီးလို့ သိနေ ကြတာပဲ။ ကျွန်မက ပါတီ သဘော တရား နဲ့ပဲ လုပ်မှာပါ။ ဒါကိုမှ ထပ်ပြီး ကျွန်မ အရှိန် အဝါ သုံးမယ် ဆိုရင် ဒါ လည်း နည်းလမ်း မကျ ဘူးလေ။ ပါတီ မူဝါဒ နဲ့ပဲ စည်းရုံးရေး ဆင်းမှာပါ။
မေး ။ ပါတီမှတ်ပုံတင် ဥပဒေ အရ ခေါင်းဆောင် နဲ့ ဒုတိယ ခေါင်းဆောင် တင်ရမယ် ဆိုတော့ အန်ကယ် ဦးသုဝေက ခေါင်းဆောင်။ ဒုတိယ ခေါင်းဆောင်က ဘယ်သူဖြစ်မလဲ။
ဖြေ ။ ကျွန်မကို ရွေးထားပါတယ်။
မေး ။ အန်တီ လွှတ်တော် ကိုယ်စားလှယ်ဟောင်း အဖြစ် ဝင်အရွေး ခံမလား။
ဖြေ ။ ကျွန်မက ရချင် ရမယ်။ ဥပဒေ အရ ဒီမှာ (၁ဝ) နှစ်တောက် လျှောက် နေတဲ့သူ ဖြစ်ရ မယ်လေ။ ကျွန်မက (၂ဝဝ၃) ခုနှစ်၊ ဇူလိုင်လ ကမှ ဒီကို ပြန်ရောက် တာ ဆိုတော့ (၁ဝ) နှစ် မပြည့် သေးဘူး။ ဒီတော့ ကျွန်မ ဝင်ပြိုင်ခွင့် ရှိချင်မှ ရှိမယ်။ မပြိုင် ရရင် လည်း ပါတီအ တွက် ပိုပြီး ကျယ်ကျယ် ပြန့်ပြန့် လုပ်နိုင်မယ်။
မေး ။ (၂ဝဝ၈) ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို လွှတ်တော် ထဲမှ ပြင်မယ် ဆိုပြီး တချို့ နိုင်ငံရေး သမား တွေ အခု ပြော လာတာ ရှိတယ်။ အန်တီ့ သဘောထား ကော ဘယ်လို ရှိလဲ။
ဖြေ ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုတာ လွှတ်တော်က တစ်ညီ တစ်ညာ တည်း ပြင်နိုင် ပါတယ်။ ဒါကြောင့် ဒီမိုကရေစီကို ယုံကြည်တဲ့ သူတွေကို ကျွန်မက များများ ပါစေချင် တာပါ။ အင်အား ကောင်းရင် ဖွဲ့စည်း ပုံကို ပြင်ဖို့ အဆို တင်နိုင် တာပေါ့ လေ။ တစ် ချိန်ချိန်မှာ အတည် ပြုနိုင် မယ်လို့ ကျွန်မ ထင်တယ်။
မေး ။ အန်တီက မောင်နှမ ငါးယောက် ရှိတယ် ဆိုတော့ အခုလို အန်တီ နိုင်ငံရေး လုပ်တော့ သူတို့က ဘာပြောလဲ။ သူတို့က အန်တီ့ အပေါ် ဘယ်လို သဘောထား ရှိလဲ။
ဖြေ ။ ကျွန်မကို မကောင်းဘူး လို့တော့ ဘယ်သူမှ မပြော ပါဘူး။ မလုပ်သင့် ဘူးလို့ လည်း မပြော ပါဘူး။ ကျွန်မ တို့လည်း ကိုယ့် ခံယူချက်၊ ကိုယ့် ဆုံးဖြတ် ချက်နဲ့ ကိုယ်ပေါ့ လေ။
မေး ။ ဦးနုရဲ့သမီး အနေနဲ့ မြန်မာ ပြည်သူ တွေကို အန်တီ ဘာပြော ချင်လဲ။
ဖြေ ။ ကျွန်မ အဖေက ဒီမိုကရေစီ ပြန်လည် ထွန်းကားဖို့ အများကြီး လုပ်ခဲ့တာပဲ။ ဒါပေမယ့် ဒီမိုကရေစီ ပြန်လည် ထွန်းကား တာကို သူ့မှာ မြင်မသွား ရဘူး။ အခုချိန်မှာတော့ ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် အပြစ် ပြောနေမယ့် အစား ကိုယ် လုပ်နိုင် တာကို လုပ်ပြီးတော့ ကြိုးကြိုး စားစားနဲ့ လုပ်သွားဖို့ ကျွန်မတို့ အရေးကြီး ပါတယ်။ အဲဒီ အတွက် အားလုံးကို စည်းစည်း လုံးလုံး ရှိကြပါလို့ ကျွန်မ ပြောချင် တယ်။ တစ်ယောက် နဲ့ တစ်ယောက် အပြစ် ပြောတာ တွေ ချုပ်ငြိမ်း စေချင် တယ်။
လျှပ်တပြက် ဂျာနယ် မှ
Monday, April 12, 2010
အဖေ ၀န်ကြီးချူပ်ဆိုတော့ ..များတို့ လည်း ၀န်ကြီးချုပ်ဖြစ်ချင်တာပေါ့
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
April
(377)
- ကိုဟန်လင်းတော့ဆုရပြီ ၊ ကျွန်တော်တို့ အာဇာနည်မှ ကို...
- ငရဲက လာသူ ပြာပူ မကြောက်
- အစိတ်သားနဲ့ မ၀ နိုင်တဲ့..ကြံဖွတ် ၀န်ကြီး..သောက်စား...
- ဒီလိုချွတ်လိုက်မှ အမြင်ရှင်းမှာ ... ရွေးကောက်ပွဲဝင...
- ကြံ့ကြံ့ ဖွတ်ဖွတ် ပန်းသိန်းစိန် အရပ်ဝတ်ပေမယ့် ဘောင...
- The Voice Weekly ဂျာနယ် Vol.6/No.25 ဖတ်ရှုနိုင်ပါပြီ
- အားနည်းသူကို ဖြဲခြောက်နေသည့် နအဖ တပ်များ..
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှထုတ်ပြန်သော မေဒေးေ...
- နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့...
- ကြံ့ခိုင်ရေး ပါတီ လာပြီ
- နာဂစ်ကူညီရေး စစ်အစိုးရ ပိတ်ဆို့နေဆဲ
- စစ်အစိုးရ တာဝန်မဲ့မှု NLD နဲ့ ဒေါ်စု တရားစွဲ
- ကွယ်လွန်သွားရှာသူ ကိုမောင်မောင်ငြိမ်း၏ ကိုယ်ရေးအကျ...
- လက်ယားနေသော နစကများ
- ဒေါ်အောင်ဆန်းစုကြည်မှ ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံမတင...
- စစ်ဖြစ်မှာစိုးလို့ ၀ တိုင်းရင်းသားတွေ တိမ်းရှောင်
- နူနေကာမှ စွဲတဲ့ ၀ဲ..လဲနေသူကိုမှ ထောင်းရက်တဲ့ သူခို...
- စစ်သားအယောင်ဆောင် လိုင်စင်ရ ပင်လယ် ဒါးမြများ
- ပြည်သူကို မဲမဲ မြင်ရာ ဒုက္ခပေးပြီး..သူ့ ကျ တပ်မတော...
- အတွင်းလှိုက်စား ဂုရုများရဲ့ ကျွေးသောလက် လျက်သောစကား
- လူထုတိုက်ပွဲ ကော်မတီ ၂၀၁၀ (ပို့စကဒ်)
- ဘုန်းကြီးခေါင်းရိုက်ထားသူတွေ သတိထား..လှိုင်ခေါင်းထ...
- အသေခံဗုံးခွဲသူတွေ ပေါ်လာကြပြီ..
- ပြည်တွင်းက ညီအကို မောင်နှမများ အားဆက်လက် ဖြန့်ဝေပေ...
- ကာတွန်းဟန်လေးကို ဆုချပြီ
- ပြည်သူတွေကြောက်အောင် တမင်ခွဲတာ စစ်တပ်ဗုံး..
- မီဒီယာသမားများ ပြည်သူ့ အကျိုးကို ရှေ့ရှုကြပါလို့ြေ...
- တံဆိပ်တပ်တဲ့ ၀ါသနာ…
- လွိုင်ကော် ရဲစခန်း၌ ဗုံးပေါက်ကွဲ၍ လူတဦး သေဆုံး
- လူမသာတွေကို လမ်းထဲ အဝင်မခံတာမျိုး မလုပ်ကြပါနဲ့
- force Labor နေပြည်တော်ဝန်ထမ်းများနဲ့  မဖူလုံတဲ့လစာ
- အင်္ဂပူမြို့နယ်အတွင်း ဗုံးဖောက်ခွဲမှုနှင့် ကျေးရွာအာဏ...
- ပေါချောင်ကောင်း..ဘတ်ထားတဲ့ စာရင်းတွေပြ..ဒါနိုင်ငံသ...
- စစ်ဘိုလူထွက်..ပြောင်ပြောင်၏ မျက်နှာပြောင်ပြောင်ဖြင...
- လူကြားကောင်းရုံ အရေခြုံသီလ..
- အခုမှ ဖုံးမရပေါ်ပြီ
- လစာတိုးဦးမည် မက်လုံးပေး..ဆင်ဖြူတော်ပုံနဲ့ ..စက္ကူစ...
- မြေသြဇာ အဖွဲ့ မှ အထူး ထုတ်ပြန် ကြေငြာချက်
- ငပွကြီး ကယ်ပေလို့ 
- တခါက မြန်မာကျောင်းသားများ၏ လှုပ်ရှားမှု
- ချွန်တွန်း မီဒီယာသမားများ၏ အင်္ကြ
- Nuclear Free Burma ဖေါ်ဆောင်ရေး Signature Campaign ...
- ခွပ်နေကြတဲ့ အိုးမည်းသုတ်ခံ အိမ်ကြက်များ..
- နာဂစ် အမှတ်တရ ဆုတောင်း အမျှဝေ အခမ်းအနား ဖိတ်ကြားလွှာ
- တရားဥပဒေအရ..နအဖကို အရေးယူဖို့ အချိန်တန်ပြီ
- အရှက်မဲ့သူများရဲ့ ဘောင်းဘီချွတ်ပွဲ..
- သန်းရွှေရဲ့ မျက်နှာဖုံး နောက်ကွယ်က..မူရင်း စိတ်အသွင...
- တစီးမှမပိုင် သန်းရွှေ
- ရွေးကောက်ပွဲ ရာသီတွင် မီဒီယာများ နိုင်ငံရေးသမားမျာ...
- သေခြင်ရင် စိန်မစားနဲ့ ကရင်ပြည်ကိုသွား
- ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူနှင့် ဆက်သွယ်ကြစို့
- ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲတွင် ...
- သန်လျင်ကျောက်တန်းဒေသမှဝါးပင်များအပွင့် ပွင့် နေ
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- စက်တင်ဘာလ လှုပ်ရှားမှုတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင် ...
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- ပြည်သူ့ ဂုဏ်ရည် ပထမ အကြိမ် ဂုဏ်ပြု အခမ်းအနားက ကိုေ...
- စစ်တွေမှာ ဆန္ဒပြပွဲ အပြီး လျှပ်စစ်မီးပြန်ရ
- Bogyoke Aung Sun graced at Myanma Movie Silver Jub...
- Video Dispatch: Myanmar, China and U.S. Tensions
- ၂၀၁၀ ခုနှစ် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် အဖြစ် မဲဆန္ဒအမ...
- သက်ဆိုင်သူသို့ 
- နအဖ ဘက်မှ ၀တပ်ဖွဲ့ အား တိုက်ပွဲနှစ်ကြိမ် စတင်တိုက်...
- 2100 in 2010: free burma's political prisoners
- မတိတ်ဆိတ်မဲ့ လွတ်လပ်ရေးတေးသံများ
- ဘဘဦးဝင်းတင်ရဲ့ ယုံကြည်ချက်နဲ့ ရည်မှန်းပန်းတိုင်
- လိုင်စင်ရ..ဒါးပြများ..
- စစ်တပ်ရှိတဲ့နေရာ..ဖာရှိတယ်..
- ရာဇဓိရာဇ်ရဲ့ သွေးက..စွေးစွေးနီ..
- “လူထုကို ဘယ်တော့မှ ကျောခိုင်းမသွားပါဘူး”
- မြန်မာဘက်က အဆိုးတွေမလာအောင် အိန္ဒိယ နယ်စပ်တံတိုင်းခ...
- အလံလွင့်နေသလို တံခွန်ထူနေမဲ့ ငါတို့ စိတ်ဓါတ်
- ဒို့ လာပြီ..
- မြန်မာ ကသိတဲ့ မြန်မာ..နဲ့  ကမ္ဘာက မြင်တဲ့ မြန်မာ ဘာ...
- မြန်မာစစ်သားများကြည့်ဖို့ ..
- Voice of Burma April 18 2010
- သူများတွေ ကတော့ စကားစနေပြီ..ရုန်းကြရဖို့ အချိန်တန်တဲ့
- အံမာ မင်း ကျုံကျုံ့ လေးဗျ
- ဘေးလူတွေတောင်ပြောနေရပြီ..သင်ဘယ်သူပါလည်း မြန်မာစစ်သည်။
- မိမိ နိုင်ငံကို မိမိ ကယ်တင်ပေးသင့်သည်။ အသင်.မျိုးခ...
- ပညာသင်ချင် ကောင်းကောင်းသင်..ဂွင်မဆင်နဲ့ 
- နအဖ ၏နောက်ဆုံးလက်နက်များ..ထုတ်သုံးနေခြင်း
- နားလှည့်ပါးရိုက် ..မသိတာလိုက်လို့ 
- တားတားက လှချင်တာတခုထဲပါဗျာ..ဘဘကိုတော့ကြောက်ပါတယ်
- ကိုယ်ကကျုး..ကိုယ့်ဟိုဒင်းတောင်မယုံဘူး..မလာခဲ့ကြနဲ ...
- နိုင်ငံတော်ကို ကာကွယ်မဲ့တပ်မတော် အိပ်ပျော်နေတယ်..
- စိတ်ကြွဆေးဖျော်ရည်နဲ့  ရက်လွန် အဖျော်ရည်ဗူးများ..မ...
- တစ်ပတ် အတွင်း ဗုံးပေါက်ကွဲမှု လေးနေရာ ဖြစ်ပွား
- ရေနံထွက်တဲ့ ဒို့ ပြည်နယ် မီးမလာတာ သပိတ်မှောက်ဟဲ့
- ပြုံးပြုံးလေးနေ..တစ် နှစ် သုံး..ဘုန်း..
- အုံးကနဲ မြည်တိုင်းဗုံးမဟုတ်
- အာဏာရှင်ကြီး-ဗိုလ်နေဝင်း-၏-အတွင်းရေးများ
- တခါးများဖွင့်လှစ် ထားမည်။..NLD
- စတေးခံရသူများ..
- လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ကျင်းပ...
- သူများရည်းစား ကြောင်တောင်နှိုက်တဲ့ ..မျောက်မသား
- Summaryမြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရမှာ တာဝန်...
- မြန်မာ့ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှုများ စတင်
- ကောက်ရိုးပုံစောင့် ခွေး..ငါတို့ မဟုတ် .ငါ့တို့ြေ...
- ဗုံးကွဲမှု ဓာတ်ပုံရိုက်သူများ လွှတ်ပေးရန် မီဒီယာအဖွဲ...
-
▼
April
(377)
No comments:
Post a Comment