သီရိမင်္ဂလာဈေးအား ရွှေ့ပြောင်းရန် အစီအစဉ်မရှိဟု သက်ဆိုင်တို့ ငြင်းဆိုချက် မှားယွင်းပြီ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဧပြီ ၁၁၊ ၂၀၁၀
ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ပထမပတ်တွင် ရန်ကုန်မြို့တော်ဝန်က သီရိမင်္ဂလာဈေးနှင့် ဗဟိုစံပြငါးဈေးကြီး ရွှေ့ပြောင်းမည် ဆိုသည့်သတင်းများ ထွက်ပေါ်နေခြင်းနှင့်ပတ်သက်ပြီး ငြင်းဆိုခဲ့ပြီး ၂လ အကြာတွင် သီရိမင်္ဂလာဈေးပြောင်းရွှေ့မည့် သတင်းမှန်ကန်ကြောင်း ပြည်တွင်းထုတ် ဂျာနယ်များတွင် ရေးသားဖေါ်ပြချက် အရသိရှိရသည်။
ယခုနှစ် ဆန်းပိုင်းမှ စတင်ပြီး အရှိန်အဟုန်နှင့် ပြုလုပ်လာသော ပုဂ္ဂလိကပိုင် ပြုလုပ်ရေး စီမံချက်ထဲမှ အစိတ် အပိုင်း တခုဖြစ်သည့် ပုဂ္ဂလိကပိုင်ဆိပ်ကမ်းများ တိုးချဲ့လုပ်ဆောင်ရေးတွင် အေးရှားဝေါလ် ဆိပ်ကမ်း တိုးချဲ့ ရေးအတွက် သီရိမင်္ဂလာဈေးအား ရွှေ့ပြောင်းစေမည့် အစီအစဉ်မှာ အမှန်ဖြစ်ကြောင်း ယခုပတ် ဂျာနယ်များ၏ ရေးသားချက်အရ သိရှိရခြင်းဖြစ်သည်။
ဖေဖေါ်ဝါရီလဆန်း ထိုသတင်းထွက်ပေါ်ခါစက ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက လော လော ဆယ် ပြောင်းရွှေ့ရန် ညွှန်ကြားချက်မရရှိသေးကြောင်း၊ မည်သည့် အချက်အလက်မှ ညွန်ကြားထားခြင်း မရှိသေးကြောင်း သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဈေးပြောင်းရွှေ့မည့် သတင်းကို ငြင်းဆိုခဲ့သည်။
ယခုသီတင်းပတ် ထုတ် အပတ်စဉ်ဂျာနယ် နှစ်စောင်တွင် သီရိမင်္ဂလာဈေး ပြောင်းရွှေ့မည်ဆိုသည့် သတင်းကို ဖေါ်ပြခဲ့ကြပြီး လှိုင်မြို့နယ် ၄ရပ်ကွက် ဘုရင့်နောင်လမ်းမကြီးနဘေး သို့ပြောင်းရွှေ့မည်ဟု ဖေါ်ပြခဲ့ကြသည်။ သီရိမင်္ဂလာဈေးသည် နအဖ အစိုးရအာဏာသိမ်းပြီးနောက်တွင် ဆောက်လုပ်သော ၂၄နာရီ ဖွင့်လှစ်သည့် ကုန်စိမ်းဈေးကြီးဖြစ်ပြီး ဆိုင်ခန်းပေါင်း ၂ထောင်ကျော်ရှိသည်ဟု သိရသည်။
သီရိမင်္ဂလာဈေး၏ ယခုလက်ရှိ တည်နေရာသည် ကုန်စည်ဖလှယ်ရာတွင် သွားလာရေးရော ၊ အချက်အချာ ကျသည့် အချက် ၂ခုစလုံးတွင် အဆင်ပြေလျက် ရှိသော်လည်း ပြောင်းရွှေ့ရန် လျာထားသည့် လှိုင်မြို့နယ် ဘုရင့်နောင်လမ်းမ နဘေးမှာ ရန်ကုန်အရှေ့ပိုင်း၊ သာကေတ၊ သံလျင်စည့် နေရာများမှ လာရောက်ရမည့် ဈေးရောင်းဈေးဝယ်များ အတွက် ဝေးလံလွန်းသည်ဟု ဈေးသူဈေးသားများကပြောသည်။
ယခုလို ကောလဟလ သတင်းထွက်ပေါ်ပြီးနောက် အဆိုပါသတင်းမှန်ကန်နေခြင်းနှင့် ပတ်သက်ပြီး ပြည်တွင်း သတင်းအယ်ဒီတာ တဦးက
“ကျွန်တော်တို့ မြန်မာပြည်မှာက ကောလဟလဆိုတာ အခြေအမြစ်တခုရှိမှ ပေါ်လာတတ်တာမျိုးပါ၊ သက်ဆိုင် ရာ တာဝန်ရှိတဲ့သူတွေက သူတို့ကို အထက်က ငြှိုးမှာစိုးလို့ အမည်မဖေါ်ရဲပဲ ထုတ်ပြောတော့ ကောလဟလလို့ ထင်နေကြတာ။ နောက်တကယ်ဖြစ်လာတော့မှ အမှန်ဆိုတာသိကြတယ်။ အခုသတင်းလည်း အဲလိုပါပဲ၊
ပုဂ္ဂလိကပိုင်ပြုလုပ်ရေး လုပ်ဆောင်ချက်တွေဟာ ဘယ်ဟာမှ ပွင့်ပွင့်လင်းလင်း မရှိပဲ နောက်ကွယ်မှာ အပေး အယူ တွေ သတ်မှတ်ပြီး နောက်အတန်ကြာ တကယ်အကောင်အထည်ဖေါ်မှ သတင်းကထွက်လာတာမျိုး၊ ပြိုင်ဆိုင်မှုလည်း မရှိ၊ လက်သင့်ရာလွှဲပေးနေတဲ့ သဘောပဲ။
အခုသီရိမင်္ဂလာဈေးလည်း အဲလိုပါပဲ သတင်းထွက်ကတည်းက မှန်လိမ့်မယ်လို့ ထင်ပါတယ်။ အခုတော့ အမှန်ပဲ ဆိုတာ ဖုံးကွယ်လို့မရတော့ဘူး”ဟုဝေဘန်ပြောဆိုသည်။
၂၀၁၀ တွင်ကျင်းပမည်ဟု နအဖ အစိုးရက ကတိပေးထားသည့် ရွေးကောက်ပွဲ နှင့် အာဏာလွဲပြောင်းပေးခြင်း မတိုင်မီ ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများရှိ မြေကွက်၊ အဆောက်အဦ၊ စက်ရုံများအား နအဖ နှင့် အကျိုးတူလုပ်ကိုင်သည့် လုပ်ငန်းရှင်ကြီးများလက်ထဲသို့ တတ်နိုင်သရွေ့ လက်လွှဲပြောင်း ပေးလျက်ရှိသည်ကို တွေ့နေရပြီး ယခုသီရိမင်္ဂလာဈေးသည် ၄င်းအနက်မှ တစ်ခုဖြစ်သည်။
ယမန်နှစ် နှောင်းပိုင်းမှ စတင်ပြီး ပြည်သူပိုင်သိမ်းထားသည့် မြေကွက်များ၊စက်ရုံများ၊ တိုက်ခန်းများ အပါအ၀င် နိုင်ငံပိုင်ပစ္စည်း ထုခွဲရေးကော်မရှင်မှ ယခုအချိန်ထိချိတ်ပိတ်တင်ဒါ ၆ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး၊ နိုင်ငံတော် ပိုင် ကြယ်ငါးပွင့် သင်္ဘောကော်ပိုရေးရှင်း၊ ရန်ကုန်မြို့ရှိဆိပ်ကမ်းများ၊ မြန်မာ့ နိုင်ငံတကာ လေကြောင်း (MAI) ၊ လှော်ကား ပြည်သူ့ဥယျာဉ်၊ ရွှေတိဂုံ အနောက်ဘက်မုခ် ပြည်သူ့ဥယျာဉ်၊ အစရှိသည်တို့ကို အငှားချပေးခြင်း၊ မြန်မာ့စီးပွားရေးဦးပိုင်သို့ လက်လွှဲပြောင်းပေးခြင်းတို့ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
ထို့ပြင် မကြာမီ မြ၀တီရုပ်သံလိုင်းကိုလည်း ပုဂ္ဂလိကလက်သို့ လွှဲပြောင်းပေးဦးမည်ဆိုသည့် သတင်းများထွက် ပေါ်လျက် ရှိပြီးမည်သည့် လုပ်ငန်းရှင်ဆိုသည့် အချက်မှာမူ ရှင်းလင်းစွာ မသိရသေးကြောင်းလည်း ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင် အသိုင်းအ၀ိုင်း၏ ပြောဆိုချက် အရသိရသည်။
http://moemaka.com/index.php?option=com_content&task=view&id=6209&Itemid=1
Tuesday, April 13, 2010
မြန်မာပြည်မှာ ကောလဟာလတွေဆိုတာ နောက်ဆုံးကျ မှန်တယ်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
April
(377)
- ကိုဟန်လင်းတော့ဆုရပြီ ၊ ကျွန်တော်တို့ အာဇာနည်မှ ကို...
- ငရဲက လာသူ ပြာပူ မကြောက်
- အစိတ်သားနဲ့ မ၀ နိုင်တဲ့..ကြံဖွတ် ၀န်ကြီး..သောက်စား...
- ဒီလိုချွတ်လိုက်မှ အမြင်ရှင်းမှာ ... ရွေးကောက်ပွဲဝင...
- ကြံ့ကြံ့ ဖွတ်ဖွတ် ပန်းသိန်းစိန် အရပ်ဝတ်ပေမယ့် ဘောင...
- The Voice Weekly ဂျာနယ် Vol.6/No.25 ဖတ်ရှုနိုင်ပါပြီ
- အားနည်းသူကို ဖြဲခြောက်နေသည့် နအဖ တပ်များ..
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှထုတ်ပြန်သော မေဒေးေ...
- နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့...
- ကြံ့ခိုင်ရေး ပါတီ လာပြီ
- နာဂစ်ကူညီရေး စစ်အစိုးရ ပိတ်ဆို့နေဆဲ
- စစ်အစိုးရ တာဝန်မဲ့မှု NLD နဲ့ ဒေါ်စု တရားစွဲ
- ကွယ်လွန်သွားရှာသူ ကိုမောင်မောင်ငြိမ်း၏ ကိုယ်ရေးအကျ...
- လက်ယားနေသော နစကများ
- ဒေါ်အောင်ဆန်းစုကြည်မှ ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံမတင...
- စစ်ဖြစ်မှာစိုးလို့ ၀ တိုင်းရင်းသားတွေ တိမ်းရှောင်
- နူနေကာမှ စွဲတဲ့ ၀ဲ..လဲနေသူကိုမှ ထောင်းရက်တဲ့ သူခို...
- စစ်သားအယောင်ဆောင် လိုင်စင်ရ ပင်လယ် ဒါးမြများ
- ပြည်သူကို မဲမဲ မြင်ရာ ဒုက္ခပေးပြီး..သူ့ ကျ တပ်မတော...
- အတွင်းလှိုက်စား ဂုရုများရဲ့ ကျွေးသောလက် လျက်သောစကား
- လူထုတိုက်ပွဲ ကော်မတီ ၂၀၁၀ (ပို့စကဒ်)
- ဘုန်းကြီးခေါင်းရိုက်ထားသူတွေ သတိထား..လှိုင်ခေါင်းထ...
- အသေခံဗုံးခွဲသူတွေ ပေါ်လာကြပြီ..
- ပြည်တွင်းက ညီအကို မောင်နှမများ အားဆက်လက် ဖြန့်ဝေပေ...
- ကာတွန်းဟန်လေးကို ဆုချပြီ
- ပြည်သူတွေကြောက်အောင် တမင်ခွဲတာ စစ်တပ်ဗုံး..
- မီဒီယာသမားများ ပြည်သူ့ အကျိုးကို ရှေ့ရှုကြပါလို့ြေ...
- တံဆိပ်တပ်တဲ့ ၀ါသနာ…
- လွိုင်ကော် ရဲစခန်း၌ ဗုံးပေါက်ကွဲ၍ လူတဦး သေဆုံး
- လူမသာတွေကို လမ်းထဲ အဝင်မခံတာမျိုး မလုပ်ကြပါနဲ့
- force Labor နေပြည်တော်ဝန်ထမ်းများနဲ့  မဖူလုံတဲ့လစာ
- အင်္ဂပူမြို့နယ်အတွင်း ဗုံးဖောက်ခွဲမှုနှင့် ကျေးရွာအာဏ...
- ပေါချောင်ကောင်း..ဘတ်ထားတဲ့ စာရင်းတွေပြ..ဒါနိုင်ငံသ...
- စစ်ဘိုလူထွက်..ပြောင်ပြောင်၏ မျက်နှာပြောင်ပြောင်ဖြင...
- လူကြားကောင်းရုံ အရေခြုံသီလ..
- အခုမှ ဖုံးမရပေါ်ပြီ
- လစာတိုးဦးမည် မက်လုံးပေး..ဆင်ဖြူတော်ပုံနဲ့ ..စက္ကူစ...
- မြေသြဇာ အဖွဲ့ မှ အထူး ထုတ်ပြန် ကြေငြာချက်
- ငပွကြီး ကယ်ပေလို့ 
- တခါက မြန်မာကျောင်းသားများ၏ လှုပ်ရှားမှု
- ချွန်တွန်း မီဒီယာသမားများ၏ အင်္ကြ
- Nuclear Free Burma ဖေါ်ဆောင်ရေး Signature Campaign ...
- ခွပ်နေကြတဲ့ အိုးမည်းသုတ်ခံ အိမ်ကြက်များ..
- နာဂစ် အမှတ်တရ ဆုတောင်း အမျှဝေ အခမ်းအနား ဖိတ်ကြားလွှာ
- တရားဥပဒေအရ..နအဖကို အရေးယူဖို့ အချိန်တန်ပြီ
- အရှက်မဲ့သူများရဲ့ ဘောင်းဘီချွတ်ပွဲ..
- သန်းရွှေရဲ့ မျက်နှာဖုံး နောက်ကွယ်က..မူရင်း စိတ်အသွင...
- တစီးမှမပိုင် သန်းရွှေ
- ရွေးကောက်ပွဲ ရာသီတွင် မီဒီယာများ နိုင်ငံရေးသမားမျာ...
- သေခြင်ရင် စိန်မစားနဲ့ ကရင်ပြည်ကိုသွား
- ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူနှင့် ဆက်သွယ်ကြစို့
- ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲတွင် ...
- သန်လျင်ကျောက်တန်းဒေသမှဝါးပင်များအပွင့် ပွင့် နေ
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- စက်တင်ဘာလ လှုပ်ရှားမှုတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင် ...
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- ပြည်သူ့ ဂုဏ်ရည် ပထမ အကြိမ် ဂုဏ်ပြု အခမ်းအနားက ကိုေ...
- စစ်တွေမှာ ဆန္ဒပြပွဲ အပြီး လျှပ်စစ်မီးပြန်ရ
- Bogyoke Aung Sun graced at Myanma Movie Silver Jub...
- Video Dispatch: Myanmar, China and U.S. Tensions
- ၂၀၁၀ ခုနှစ် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် အဖြစ် မဲဆန္ဒအမ...
- သက်ဆိုင်သူသို့ 
- နအဖ ဘက်မှ ၀တပ်ဖွဲ့ အား တိုက်ပွဲနှစ်ကြိမ် စတင်တိုက်...
- 2100 in 2010: free burma's political prisoners
- မတိတ်ဆိတ်မဲ့ လွတ်လပ်ရေးတေးသံများ
- ဘဘဦးဝင်းတင်ရဲ့ ယုံကြည်ချက်နဲ့ ရည်မှန်းပန်းတိုင်
- လိုင်စင်ရ..ဒါးပြများ..
- စစ်တပ်ရှိတဲ့နေရာ..ဖာရှိတယ်..
- ရာဇဓိရာဇ်ရဲ့ သွေးက..စွေးစွေးနီ..
- “လူထုကို ဘယ်တော့မှ ကျောခိုင်းမသွားပါဘူး”
- မြန်မာဘက်က အဆိုးတွေမလာအောင် အိန္ဒိယ နယ်စပ်တံတိုင်းခ...
- အလံလွင့်နေသလို တံခွန်ထူနေမဲ့ ငါတို့ စိတ်ဓါတ်
- ဒို့ လာပြီ..
- မြန်မာ ကသိတဲ့ မြန်မာ..နဲ့  ကမ္ဘာက မြင်တဲ့ မြန်မာ ဘာ...
- မြန်မာစစ်သားများကြည့်ဖို့ ..
- Voice of Burma April 18 2010
- သူများတွေ ကတော့ စကားစနေပြီ..ရုန်းကြရဖို့ အချိန်တန်တဲ့
- အံမာ မင်း ကျုံကျုံ့ လေးဗျ
- ဘေးလူတွေတောင်ပြောနေရပြီ..သင်ဘယ်သူပါလည်း မြန်မာစစ်သည်။
- မိမိ နိုင်ငံကို မိမိ ကယ်တင်ပေးသင့်သည်။ အသင်.မျိုးခ...
- ပညာသင်ချင် ကောင်းကောင်းသင်..ဂွင်မဆင်နဲ့ 
- နအဖ ၏နောက်ဆုံးလက်နက်များ..ထုတ်သုံးနေခြင်း
- နားလှည့်ပါးရိုက် ..မသိတာလိုက်လို့ 
- တားတားက လှချင်တာတခုထဲပါဗျာ..ဘဘကိုတော့ကြောက်ပါတယ်
- ကိုယ်ကကျုး..ကိုယ့်ဟိုဒင်းတောင်မယုံဘူး..မလာခဲ့ကြနဲ ...
- နိုင်ငံတော်ကို ကာကွယ်မဲ့တပ်မတော် အိပ်ပျော်နေတယ်..
- စိတ်ကြွဆေးဖျော်ရည်နဲ့  ရက်လွန် အဖျော်ရည်ဗူးများ..မ...
- တစ်ပတ် အတွင်း ဗုံးပေါက်ကွဲမှု လေးနေရာ ဖြစ်ပွား
- ရေနံထွက်တဲ့ ဒို့ ပြည်နယ် မီးမလာတာ သပိတ်မှောက်ဟဲ့
- ပြုံးပြုံးလေးနေ..တစ် နှစ် သုံး..ဘုန်း..
- အုံးကနဲ မြည်တိုင်းဗုံးမဟုတ်
- အာဏာရှင်ကြီး-ဗိုလ်နေဝင်း-၏-အတွင်းရေးများ
- တခါးများဖွင့်လှစ် ထားမည်။..NLD
- စတေးခံရသူများ..
- လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ကျင်းပ...
- သူများရည်းစား ကြောင်တောင်နှိုက်တဲ့ ..မျောက်မသား
- Summaryမြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရမှာ တာဝန်...
- မြန်မာ့ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှုများ စတင်
- ကောက်ရိုးပုံစောင့် ခွေး..ငါတို့ မဟုတ် .ငါ့တို့ြေ...
- ဗုံးကွဲမှု ဓာတ်ပုံရိုက်သူများ လွှတ်ပေးရန် မီဒီယာအဖွဲ...
-
▼
April
(377)
No comments:
Post a Comment