Tuesday, May 4, 2010

သင်္ကြန်ဗုံးခွဲတာ အောင်သောင်းလက်ချက်



8 comments:

  1. ၀ါးဟားဟား။ စောက်ရူးတွေ။ အဲလောက်သာ သေချာနေလို့ကတော့ မင်းတို့လိုခွေးသားလေးတွေက နယ်စပ်ထွက်ပြေးလာပြီး ရောက်လာတယ်ဆိုတဲ့ သူ့ကို အသုံးချလိုက်မဲ့ဖြစ်ခြင်းကွာ။ ကြံ့ဖွံ့မိသားစုဝင်တစ်ဦးဆိုတာက လာသေးတယ်။ အဲလောက်လေးသာ သတင်းအစလေးပေါ်ကြည့်လိုက် မပေါ်ပဲကို မနေဘူးငါ့ကောင်တွေရေ။ ခုကိစ္စမှာ မင်းတို့အဖွဲ့လက်ချက်ရော မဖြစ်နိုင်ဘူးလို့ ပြောနိုင်လို့လား။

    ReplyDelete
  2. ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ပရမ်းပတာ စွပ်စွဲချက်မျိုး မထုတ်ပြန်သင့်ပါ... ဘယ်သူ့လက်ချက်ဖြစ်ဖြစ် ဒီကိစ္စကို အားလုံးက နာကျည်းမုန်းတီးကြပါသည်... ခိုင်လုံမှ တင်ပြပါ... ပေါက်ပန်း လေးဆယ် မလုပ်ပါနှင့်

    ReplyDelete
  3. ဒီမိုအယောင်ဆောင်တို့ ရဲ့  အရည်အသွေးမဲ့ မီဒီယာက လက်လွတ်စပယ် ဦးတည်ရာမဲ့ လုပ်ရပ် တွေကို လုပ်ပြနေပြီး သူ့  စရိတ်နဲ့ သူ မကြာခင်ကျဆုံး တော့မည်ဖြစ်သည်။

    ReplyDelete
  4. ဒေါင်းတမန်May 4, 2010 at 3:41 AM

    ပြည်တွင်း မှာဖြစ်နေတဲ့ အကြမ်းဖက်မူ့ တွေ၊ သတ်ဖြတ်မူ့ တွေ၊ ပေါက်ကွဲ မူ့ တွေ ရဲ့ တရားခံတွေ ကို ဖော် ထုတ်နိုင် ဖို့ တာဝန်ရှိသူတွေ လို့ ခေါ်တဲ့ အာဏာပိုင်တွေက ဘယ်တုန်းကမှ တာဝန် ကျေပွန်မူ့ မရှိခဲ့ပါ ၊ ဘာဖြစ်လို့လဲဆို တော့ ဒီတရားခံ အစစ်တွေ က သူတို့ကိုယ်တိုင်ပဲ ဖြစ် နေလို့ပါ။ ပြည်သူတွေကိုယ်တိုင် လည်း ဒါတွေကိုသိပါတယ်၊ မတတ်သာလို့ သာ လောလော ဆယ် မှာ မာန်လျှော့ နေရတာပါ။

    ReplyDelete
  5. လုံခြုံရေးကောင်းပါတယ်ဆိုတဲ့ အမေရိကန်တောင်မှ ပြစ်မှုတွေ ဖောက်ခွဲမှုတွေဖြစ်တိုင်းလည်း တရားခံကို ရှာမတွေ့နိုင်ပါဘူး...ထို့အတူ မကြာခင်က ရုရှားနိုင်ငံမှာ ပေါက်ကွဲသွားတုန်းကလည်း ဘယ်သူ့လက်ချက်ဆိုတာ အတိကျမဖော်ပြနိုင်ခဲ့ပါဘူး...

    အဲဒီလိုပဲ မြန်မာနိုင်ငံမှာလည်း ပြစ်မှုတစ်ခုခုဖြစ်တိုင်း ကြိမ်းသေ တရားခံမိရမယ်ဆိုတာ မသေချာဘူး...
    သေချာတာတစ်ခုက အခုပရမ်းပတာ စွပ်စွဲထားတဲ့ အရာဟာ အသုံးမ၀င်ပါဘူး..သက်သေအထောက်ထားမရှိပါဘူး...သူခိုးက လူမိမှာဆိုးလို့ သူများထက်ဦးအောင် အရင် အော်လိုက်တာပါ...

    မကြာခင် အစိုးရသတင်းစာရှင်းလင်းပွဲတွေလုပ်ပါလိမ့်မယ်...အဲဒီအခါမှ ဖြစ်နိုင်ချေရှိတာကို ဆက်စဉ်းစားပါ...ယုံတာမယုံတာ အဓိကမဟုတ် သက်သေအထောက်ထားနဲ့ပြသော လုပ်ရပ်မျိုးကိုပဲ ကျုပ်ကတော့ယုံတယ်...

    ReplyDelete
  6. ဒေါင်းတမန်May 4, 2010 at 9:03 AM

    စေတနာ အစစ်အမှန် နဲ့ အုပ်ချုပ်တဲ့အစိုးရ၊ မှန်ကန် တရားမျှတတဲ့ အစိုးရ၊ သိက္ခာ သမာဓိ ရှိ တဲ့အစိုးရ သာ ဆိုရင် လေကုန်ခံပြီး ဖော်ပြနေစရာ အကြောင်းမရှိပါ။ မည်သူ ကောင်းသည် ဆိုးသည်၊ တရားသည် မတရားသည် ကိုလည်း မှန်မှန်ကန်ကန် မြင်တတ်သူတိုင်း ဝေဖန်ပိုင်းခြား လို့ရပါသည်။

    ReplyDelete
  7. မည်သူကမှ စင်းလုံးချော မမှန်သလို မည်သူမှလည်း ပြီးပြည့်စုံအောင် မကောင်းပါ။ မှန်မှန်ကန်ကန် မြင်တတ်သူတိုင်း ဤအရာကို ရှင်းရှင်းလင်းလင်း သိပါသည်။ အစိုးရ၏ သတင်းစာရှင်းလင်းပွဲမှာလည်း လုပ်ကြံလီဆယ်မှုတွေ ရှိနိုင်သလို အတိုက်အခံတွေ ဘက်မှာလည်း တောင်စဉ်ရေမရ မခိုင်လုံတဲ့ စွပ်စွဲမှုတွေ ရှိနိုင်ပါသည်။ သို့သော် ဤသို့ ကြေကွဲစရာ ဖြစ်ရပ်ကို ခုတုံးလုပ်၍ မိမိကိုယ်ကျိုးအတွက် အမြတ်ထုတ်ခဲ့လျှင် စစ်အစိုးရဖြစ်စေ အတိုက်အခံဖြစ်စေ ပြည်သူလူထုက ပြင်းထန်စွာ ရှုံ့ချပါသည်။ ယခုအချိန်မှာ မည်သူ့လက်ချက်ဆိုသည်ကို သက်သေမခိုင်မမာပဲ ပြောဆိုစွပ်စွဲနေခြင်းထက် မိမိတို့အဖွဲ့၏ လက်ချက်မဟုတ်ကြောင်း ခိုင်မာစွာ ရှင်းလင်းပြနိုင်ရန် ပို၍အရေးကြီးပါသည်။ ကိုယ်မလုပ်တာ သေချာကြောင်းကို အခိုင်အမာပြောသည်က သူများလုပ်တာဟု မခိုင်မမာ ပြောဆိုသည်ထက် ပို၍ အဓိပ္ပါယ်ရှိပါသည်။

    ReplyDelete