မြန်မာပြည်မှာနေရတာဘယ်နေရာသွား၊ဘာတွေဘဲလုပ်လုပ် ဒေါသထွက်စရာတွေ၊ မကျေနပ်စရာတွေ ချည်းပါဘဲ။ နောက်ဆုးံ ဘုရားသွား တောင် ဒေါသထွက်စရာတွေ ကနေ မလွတ်ဘူး။
ရွှေတိဂုံဘုရား သွားတာပါလာတဲ့ သူငယ်ချင်းတစ်ယောက်က ဂျပန်နဲ့ တူလို့ဆိုပြီး ဘုရားဝန်ထမ်းက နွားသိုး ကြိုးပြတ် အတင်းကို ပိုက်ဆံလိုက် တောင်းတော့ အငြင်းခုံဖြစ်ပြီး ဒေါသထွက်ရပြန်တယ်။
ဒါနဲ့ဘုရားလူကြီးတစ်ယောက်ကို ဘယ်လိုဖြစ်တာလဲလို့ မေးကြည့်တော့ လူကြီးတွေကပြောတယ်တဲ့။ "ယိုးဒယားက မြဘုရားက တို့ ရွှေတိဂုံ ဘုရား နဲ့ ယှဉ်ရင်အများကြီးသေးတယ်။ဒါလေးနဲ့ တောင်ကမ္ဘာလှည့်ခရီးသည်လေးတွေကို လုပ်စားနေတာငါတို့ကဘာလို့ ယိုးဒယားတွေလို မလုပ်နိုင်ရမှာလဲလို့မှာတမ်းချွေပါတယ်" တဲ့။ အဲဒီလိုကနေစလို့ ရွှေတိဂုံဘုရားကိုလာတဲ့ နိုင်ငံခြားသားတွေကို တွေ့ရင် အမဲဖျက်သလို ရုပ်ပျက်ဆင်းပျက် လိုက်တော့တာပါဘဲ။
ယိုးဒယားတွေဘုရားမှာ နိုင်ငံခြားသားတွေကို ပိုက်ဆံကောက်တာကြတော့မြင်တတ်တယ်။ ယိုးဒယားစစ်တပ်က နိုင်ငံရေးမှာသိက္ခာရှိရှိ ရပ်တည်တာ၊ အနီရောင်ဝတ်ဆန္ဒပြသူတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းသလဲ ဆိုတာ၊ ထိုင်းလေကြောင်းလိုင်း နိုင်ငံတကာဘယ်လို အောင်မြင်နေတယ်ဆိုတာ၊ နိုင်ငံခြားတွေတစ်နှစ်တစ်နှစ်ကို သန်းချီ လည်ပတ်လာအောင် ဆွဲဆောင်နိုင်တာတွေ၊ ယိုးဒယား နိုင်ငံသားတွေ သူတို့နိုင်ငံထဲမှာ အေးအေး ချမ်းချမ်း၊ လွတ်လွတ်လပ်လပ်နေနိုင်ပြီး မြန်မာတွေလို ရရာနိုင်ငံထွက်ပြီး ဒုက္ခခံစရာ မလိုတာတွေ၊ မြန်မာပြည်သား တွေလို နိုင်ငံခြားသွားပြီး ဆေးကုစရာမလိုတာတွေကို ကျတော့အတုမယူဘဲ ဘုရားမှာပိုက်ဆံ
ကောက်တာ ကိုကျမှ ရွေးပြီးအတုယူတဲ့ လေးစားထိုက်တဲ့ ဗိုလ်ရှုပ်တွေပါ။
ကမ္ဘာမှာမြန်မာလူမျိုး တစ်မျိုးတစ်မျိုးဘဲ ဗုဒ္ဓဘာသာဝင်တွေမဟုတ်ပါဘူး။အခြားလူမျိုးဗုဒ္ဓသာဝင်တွေ ကမ္ဘာ ပေါ်မှာ အများကြီးပါ။ ဗုဒ္ဓ ဘာသာဝင်တစ်ယောက် ဘုရားတတ်တာ မြန်မာလူမျိုး မဟုတ်လို့ ဘုရားကို ပိုက်ဆံပေးဖူးရတယ် ဆိုတာ ဖြစ်သင့်ပါသလား။ လူမျိုးခြား၊ ဘာသာခြားတွေက စိတ်ဝင်စားလို့ဖြစ်စေ၊ လေ့လာလိုလို့ဘဲဖြစ်စေ ဘယ်လို အကြောင်းကြောင့် ရွှေတိဂုံဘုရားကိုလာတာ ပိုက်ဆံ မတောင်းသင့်ပါဘူး။ ရွှေတိဂုံ ဘုရားကြီးဟာ နိုင်ငံခြားသားတွေဆီက ပိုက်ဆံတောင်းခံမှ ရပ်တည်နိုင်မှာမို့လား။ ၀င်ငွေရဖို့  တောင်းရဖို့  ပြစရာ မျောက်ဖြစ်နေရပြီလား
ရွှေတိဂုံဘုရားကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပြုပြင်ထိမ်းသိမ်းဖို့ ရံပုံငွေလိုအပ်တယ် ဆိုတာ အငြင်းပွား စရာ မရှိပါဘူး။ ဒါပေမဲ့ စေတနာရှင်တွေ လှုတဲ့ငွေတွေနဲ့ တင်လုံလောက်ရုံတင်မဟုတ်ဘူး ပိုတောင်ပိုပါတယ်။ ဂေါပကအဖွဲ့ဝင်တစ်ယောက်က ပြောပြတာက ရွှေတိဂုံဘုရားက ရတဲ့ တစ်ပတ်အလှုငွေဟာ ရန်ကုန် တစ်တိုင်းလုးံ က အစိုးရဝန်ထမ်းတွေ တစ်လစာကို လခပေးလို့ရတယ်တဲ့၊ ရွှေတိဂုံဘုရားက ရတဲ့အလှုငွေ တွေကို ဘဏ်မှာအပ်ရတဲ့အတွက် ငွေကြေး ဖောင်းပွမှုထိမ်းချုပ်မှုကို အထောက်ကူပြုပြန်တယ်တဲ့။ နောက်ဆုးံ မိုးတွင်းဆို ရွှေတိဂုံဘုရားကြီးက ကျတဲ့ရေကိုတောင် ရွှေ မှိုက်ထုတ်ဖို့  လေလံတင် ရောင်းပါတယ်တဲ့။ ကျလာတဲ့ ရေတွေကိုပြန် စစ်လိုက်ရင် ရွှေတွေ ရလို့ပါတဲ့။
ရံပုံငွေရှာချင်ရင် တခြားနည်းလမ်းတွေ အများအပြားရှိပါတယ်။ ရွှေတိဂုံဘုရားအမှတ်တရပစ္စည်းတွေ ရောင်းလို့ရပါတယ်။ ဘုရားလာတဲ့ နိုင်ငံခြားသားတွေဆီက ပိုက်ဆံကောက်မှမဟုတ်ပါဘူး။
သာသနိက ပစ္စည်းဆိုတာ အများပိုင်ပါ။ ရွှေတိဂုံဘုရားကြီးကို ခေတ်အဆက်ဆက်၊ မင်းအဆက်ဆက်မှာ စေတနာ၊ သဒ္ဒါကြည်ဖြူသူ တွေက အများပြည်သူတွေ ကြည်ညိုဖို့ နည်းများမဆို လှုဒါန်း ထိမ်းသိန်းခဲ့တာပါ။ တဦး တစ်ယောက်ရဲ့ဆုးံဖြတ်ချက်၊ ယုံကြည်ချက် တစ်ခုတည်း နဲ့သာသနိကပစ္စည်းကို ချယ်လှယ်ချင် ဆိုင်းချယ်လှယ်လို့မရပါဘူး။ အနည်းဆုးံအဆင့်အနေ နဲ့ဘာသာရေး ခေါင်းဆောင်တွေဖြစ်တဲ့ ရဟန်းတော်တွေ နဲ့တော့ တိုင်ပင် အကြံညဏ်ယူသင့် ပါတယ်။
ခုလိုပြည်သူလူထုကို လက်နက်နဲ့အနိုင်ယူလို့ အားမရနိုင်တော့ဘဲ ဘာသာရေးကို ပါဝင် ရောက်စွက်ဖတ်ကာ ဗုဒ္ဓသာသနာကို ကမ္ဘာ့  အလယ်မှာ အထင်မြင်သေးစေမဲ့ အဓိပ္ပါယ်မဲ့ လုပ်ရပ်တွေကို ဗုဒ္ဓဘာသာဝင်အားလုးံက ဝိုင်းဝန်းကန့်ကွက်ကြပါလို့ တိုက်တွန်းအပ်ပါတယ်။
ရန်နောင်။
မှတ်ချက်။ ။
ဒီလို ဘုရား.မှာ..ဘုရားဝတ်ပြူနေသူတွေ ကို လက်ပတ်တွေနဲ့  ဘုရားပေါ်က ကြံ့ဖွတ်တွေ လိုက်လံ နှောက်ယှက်နေတာကြာပါပြီကော။
နိုင်ငံခြားမှာ အနေကြာတဲ့ မြန်မာတွေ တွေ့ ရင်တောင်. အတင်းအဓမ္မ အတောင်းခံရပါတယ်။ နိုင်ငံခြားမှာ အနေကြာတဲ့ အမ တယောက် မြန်မာပြည်ကို ပြန်တော့ မြန်မာ အမျိုးသမီးပီပီ မြန်မာဝတ်စုံ ထမီနဲ့  လုံလုံခြုံခြူုံဝတ်ပြီး. ဘုရားပေါ်တက်တာပါ။ တဘက်ကလေးတောင် ပုခုံးပေါ် ပါပါ သေးတယ်။ အဲဒါ ဗျာ..နောက်က အတင်းလိုက်ပြီး " ခင်ဗျား နိုင်ငံခြားသား တက်ခပေး" ညင်းပါလေရော။ အသွေးအမွေးက မတူလို့ နဲ့  ထင်ပါရဲ့
အဲဒါ အမက " ဟဲ့ ငါ ဗမာ.. ထမီဝတ်ထားတာ မြင်ဖူးလား..ဟိုက ဘုရားပေါ် ဂျင်းဘောင်းဘီနဲ့  မတော်တရော်တက်လာတဲ့ကောင်မလေးတွေ ကျ မတောင်းဘဲ ဘယ်နဲ့  ငါ့လာတောင်းရသတုန်း။" လို့ ပြန်ပြောတယ်ဗျ။
နောက်ဆုံးတော့ အငြင်းအခုန်ဖြစ်ပြီး..မြန်မာဖြစ်ကြောင်း နိုင်ငံခြားသားကဒ် ပြခဲ့ရပါတယ်တဲ့ ဗျား..
နောက်တခုရှိတာက..ကင်မရာကိစ္စပါ။ ဘုရားပေါ်လာတဲ့ နိုင်ငံခြားသားမှန်သမျှ ကင်မရာ တလုံး တော့ ပါသပေါ့ဗျာ. အဲဒီကင်မရာကိုလည်း ကင်မရာခွန် ကောက်သေးရဲ့..တက်ခ လူခွန်ကလည်း ကောက်သေးရဲ့.
မပေးနိုင်တဲ့ ဆင်းဆင်းရဲရဲ ငွေကြေးစုပြီးလာရတဲ့ နိုင်ငံခြားသား ကျောင်းသား ကျောင်းသူ တိုးရစ် ကလေးတွေ ဆို..ငွေ မပြည့်စုံလို့  တက်ခ ကင်မရာခွန် မပေးနိုင်တာနဲ့  မတက်နိုင်ဘဲ ခပ်ဝေးဝေးက ဘဲ ရွှေတိဂုံကို.. လွမ်းရပါတယ်တဲ့။
ဒါ ဖြစ်သင့်ပါသလားခင်ဗျ။ ကိုယ့်နိုင်ငံရဲ့ ရိုးရာအမွေအနှစ် ကို လာရောက် ကြည့်ရှူသူတွေကို ပြသဖို့  ရှေးမင်းအဆက်ဆက် ပြုပြင်တည်ဆောက်ခဲ့ရတဲ့ လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော် ကြီးပါ။
ဘုရားကြီးကို ကြည်ညိုလွန်းပြီး ဘုရားကို မြင်သာတဲ့နေရာမှာ အိမ်တော်ဆောက်၊
ဘုရားကိုဖူးရင်းဘဲ အသက်ကုန်ဆုံးခဲ့ရတဲ့ ဘုရားတကာမ မွန်ဘုရင်မကြီး ရှင်စောပု သာ ကြားရင်..
" အော် ငါ့ မြတ်နိုးတဲ့ဘုရား အရူးရှင်ဘုရင် သန်းရွှေ အာဏာရခါမှ သူတောင်းစား.လုပ်စားနေရပါပေါ့ " လို့  ရင်ထု မနာမှာသေချာပါတယ်"
ရင်ထုမနာဖြင့်
အာဇာနည်။
Thursday, May 13, 2010
တလွဲဆံပင်ကောင်းကြသူများ (မျောက်ပြ ဆန်တောင်းသူများ)
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
May
(308)
- ဒီပဲယင်း ၇ နှစ်မြောက်အဖြစ် ဆွမ်းကပ်လှူ
- မြောက်ကိုရီးယားက မြန်မာကို ဒုံးကျည်နှင့် နျူကလီးယာ...
- ကားမှောက်၍ ရန်ကုန်မြို့တော်ဝန်မြေး ဘ၀ပြောင်း
- ကုသိုလ်မျှဝေနိုင်ကြပါစေ
- အာဇာနည် ဘလော့ခ်မှ ဒီဇိုင်းကိုမျိုးနှင့် စက်တင်ဘာ ...
- ပြည်သူတွေ ကိုယ့်ကိစ္စကို ပြသနာ ဖြေရှင်းနေသော်လည်း အ...
- ကျွန်တော့လက်ထဲရောက်လာလို့  ဓါတ်ပုံအမြန်ရိုက်ပြီး အ...
- ဒီပဲယင်းလုပ်ကြံမှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကိ...
- ကမ်းလွန်ရေနံ ပြဿနာ
- ဗမာပြည် မှတ်တမ်း (Documentary)
- စိတ်ညစ်စရာ
- ၀ါးရင်းတုတ်နှင့် ထိုက်တန်သူများစာရင်း ထုတ်ပြန်ချက်
- အကောင်းနှင့် မကောင်း ရောရောင်း ...ကဲ စီပွားရေး
- ဆက်ဖတ်ကြည့် ခင်မျ
- ပြည်သူလူထုအတွက် အကျိုးတခုခုဖြစ်ဖို့ အတွက် ပလပ်စတစ်...
- ဆရာတော်တရား အင်တာနက်ပေါ်မှာ တိုက်ရိုက် တရားနာလိုလျင်
- UN experts say NKorea is exporting nuke technology
- ဖတ်ဖြစ်အောင်ဖတ်ကြပါ ( သူခိုးနဲ့  ဂျပိုး တိတ်တိတ်ပု...
- Al Jazeera news - Moustache Brothers Myanmar
- ကိုပါပါလေး တို့ သုံးဦးကို လေးစားလျက်ရှိပါကြောင်း
- မှောင်သောည တွေ ( ကာတွန်း ကို ဟန်လေး)
- Myanmar opposition marks anniversary of victory
- In a personal handwritten letter to Burmese opposi...
- မျှဝေပါတယ် ကြည့်ဖြစ်ကြမယ်လို့ မျှော်လင့်ပါတယ် ကောင...
- ဒီနှစ်တော့ကျွန်တော် ငတ်ပြီထင်တာဘဲ
- ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံဖြန့်သူ ထောင်ဒဏ် ၁ဝ နှစ်...
- လူတိုင်းနိုင်ငံရေးဆိုတဲ့ဝေါဟာရကိုဒီလိုနားလည်နိုင်ရင်
- ခွပ်ဒေါင်းအလံ
- ဖဒိုမန်းရှာ သမီးဖြစ်သူ ကမ္ဘာ့လူငယ်ခေါင်းဆောင် ဆုရှင...
- ယခုလေးလပတ် အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ...
- Get out SPDC ,shame on you ruling without supporti...
- အာဏာရူးများ၊ အာဏာအတွက် လည့်လည် လှုပ်ရှား
- လေလွင့်သူ များနှင့် တောင်းရမ်းသူ များကို မန္တလေးမြိ...
- သိက္ခာ
- ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား၊ မလေးရှား UNHCR
- In The Quiet Land
- သိက္ခာမဲ့ အုပ်စုကြောင့် ကျွန်တော်လည်းအရှက်ရပြီ
- ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန် ဝန်ကြီးချုပ် နောက်ဆုံ...
- ဒီမိုကရေစီဖော်ဆောင်ပေးမည့်သူများရဲ့ ပြည်သူ့ အပေါ်ထာ...
- ကိုကျော်သူရဲ့နောက်ဆုံးလက်နက်
- ဘိန်းဘုရင်နှင့် ဆက်စပ်သော Transocean ကုမ္ပဏီ မြန်မာ...
- လိုချင်ရင်...ရအောင်ချူလော့ ၊ သင်၏အခွင့်အရေး သင်လက်...
- လူထုအောင်ပွဲသည် လူထုလက်ထဲမှာရှိသည်
- “အရေးကြီးပြီးသွေးနီးပေါင်းစည်းရမယ့်အချိန်”
- ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို RCSS အသိအမှတ်ပြုထောက်ခံ
- ၂၀၁၀ ရွေးကောက်ပွဲ ကမ္ဘာလုံးဆိုင်ရာ ကန့်ကွက်မှု ပြုလုပ်
- ပူးတွဲ စစ်ဆင်နွဲရန် လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ သဘောတူ
- နအဖ လက်ချက်မှတပါး အခြားမရှိကြောင်း ထပ်လောင်းသက်သေထူ
- စစ်ဘေးတိမ်းရှောင်ရွာသားများဌာနေသို့ပြန်လေပြီ
- USDP မက်လုံးပေး စည်းရုံး
- ယောက်ျား ၀ယ်..ရော်ကြေးနဲ့  ဖယ်တတ်သော မင်းသမီး
- Joint Statement No.7/2010 of ABMA+88+ABFSU
- လူနာသေ..သမားတွေ ပျော်သလား..???
- ဟိုဘက်ကမ်းက မီးထိန်ထိန်ပေမဲ့ ဒို့ ဖက်ကမ်းကျ မီးမှိ...
- မရည်ရွယ်ပါဘူး တိုက်ဆိုင်ခဲ့ လို့ 
- ငါ့မှာ လေယာဉ်ခ ရှိတယ် ငှဲ..ငှဲ
- မှန်တဲ့  သူတို့ အမြင်
- ညုကောင်းသူ အနိုင်ရစေ...အပြုစု ကောင်းသူ..ဒို့ ကိုကြ...
- Myanmar's flag mistaken as Taiwan's in Okinawa
- လှတယ်ဆိုပေမယ့် ကိုယ်ထိလက်ရောက် ရိုင်းတော့ဘယ် လို လ...
- ပျောက်ကွယ်တော့မည့်မြန်မာပြည်
- ထပ်ဆင်ချင်န၀ပ် ကို ဖမ်းချုပ်ရန်နှင့် အကြမ်းဖက်သမား...
- ဒီမိုကရေစီဆိုတာဘာလဲ ကြံ့ ဖွတ် သိန်းမောင်?
- လာဘ်လာဘအပြင် ဟောဒါကလေးပါ အဆစ်ယူ
- မြန်မာတွေ ဝဲပေါက်ဖို့ဘဲ ကျန်တော့တယ်
- The Voice Weekly ဂျာနယ် Vol.6/No.27 ဖတ်ရှုနိုင်ပါပြီ
- မင်္ဂလာဈေး မီးလောင်ခြင်း ဓါတ်ပုံများ
- မင်္ဂလာဈေး မီးလောင်မှုတွင် မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး ဒ...
- စေတနာလက် အဖွဲ့ မှ နယ်သို့ ဆင်းပြီး ရေအလှုဒါနပြုတ...
- မီးသတင်း ( ဗမာသွေး )မှ တဆင့်ပို့ လာသဖြင့် ကျေးဇူး။
- မင်္ဂလာဈေး မီးလောင်နေစဉ် ဗီဒီယိုကလစ်
- မင်္ဂလာဈေး မီးလောင်နေတယ်
- ဂုဏ်ယူလျက်ပါ ကိုကျော်သူ
- ပြည်သူများသိသင့်သည့် ရွေးကောက်ပွဲဆိုင်ရာလိမ်ညာချက်...
- ယနေ့ သခင် စိုးမြင့် အသုဘ ဈာပန ပုံများ နှင့် ဗီဒီယို
- The Voice Journal -6-28
- ကုလသမဂ္ဂမှ မြန်မာ နိုင်ငံတွင်း ရေရှားပါးမှု အခြေ အနေ...
- နေပြည်တော် မဟုတ်တဲ့ ကျီးနဲ့ ဖုတ်ဖုတ် သေပြည်တော်
- မလေးရှားနိုင်ငံရောက် မြန်မာလူငယ် လေးဦး ခြိမ်းခြော...
- တရားဝင်ခွင့်မပြုရင်..တရားမ၀င် မယားတွေ ဖြစ်ကုန်တာပေါ့
- အောင်ဝေး၏ အရေးတော်ပုံရင်ခုန်သူများ
- သူဘဲယုံတယ် ကျန်တာတွေ မင်းခွေးချေး..
- မြောက်ကိုးရီးယားက မိန်းကလေးတွေရဲ့ တန်ဖိုး
- သန်းရွှေတို့ လို သေနတ်အားကိုးပြီး မိုက်ရဲတဲ့ သတ္တိက...
- သန်းရွှေတို့ လောက် အသိတရာခေါင်းပါးတဲ့  အုပ်စုဗမာပြည...
- ဗုံးတဲ့ ဗျ
- ဒေါ်အောင်ဆန်းစုကြည်သာ တိုင်းရင်းသားပြည်သူ အားထားရာ
- ကျော်သူ အမေးအဇြေ
- နဲနဲတော့ရွေ့ ဖို့ လိုသည်။ (တပြည်လုံး)
- သူများကြွေးတိုင်း မစားနဲ့ 
- ABMA Journal Volume 1 No 8
- Rain alert with eye on path
- ရပါလိမ့်မယ် အားကြီးကြီး..
- စစ်သား ငါးသိန်းရှိပြီး ဆည်က တစ်သောင်း..ရအောင်တည်မဲ...
- ဒီလို ကမြင်းတဲ့ရဲက...သူဘဲလူဆိုးဖမ်းဦးမတဲ့
- ကဲကြည့် ကုလားကမှ အမျိုးချစ်သေးတယ်.
- လိုင်လာဆိုင်ကလုန်း မြန်မာကမ်းရိုးတန်းဖက် ပြန်လှည့်...
- အီးကုံးစက္ကူလောက်တောင် အသုံးမ၀င်.
- ကြက်ဆူပင်တွေချည်းပဲ လျှောက်စိုက်နေလို့မရဘူး
- ဖိတ်ချင်းဖိတ်ရင်..ဖိတ်ပစေ ငါ့ရဲ့အိပ်ပေါက်ထဲ
-
▼
May
(308)
1 comment:
၁။ မျောက်ပြ ဆန်တောင်းပါ။ စာလုံးပေါင်းမှားနေတယ်။
၂။ ဘုရားလာဖူးသူ (သို့) ဘုရားလာကြည့် တဲ့ နိုင်ငံခြားသား ကို ပိုက်ဆံတောင်းတာကို မျောက် ပြဆန်တောင်းတယ် ဆိုပြီးပြောတော့ ဘုရားက ဘာဖြစ်သွားမလဲ?? ပြီးတော့ ရေးထားသေးတယ်
ကိုယ့်နိုင်ငံရဲ့ ရိုးရာအမွေအနှစ် ကို လာရောက် ကြည့်ရှူသူတွေကို ပြသဖို့  ရှေးမင်းအဆက်ဆက် ပြုပြင်တည်ဆောက်ခဲ့ရတဲ့ လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော် ကြီးပါ။
တဲ့
ကြီးကြီးကျယ်ကျယ် ပြောတာကလည်း ပြောပါ။ နာမည်ကြီးချင်တိုင်း စကားပုံတွေ ဘာတွေထည့်၊ စာကမတတ်တော့ စကားပုံကမမှန်၊ စာလုံးပေါင်းက မှား၊ အဲ့ဒါမှ မလေးရားရောက်ဒေါ်လာစား....။
Post a Comment