Saturday, June 19, 2010

"မတရားတော့ ဘူးနော်"

တချို့ ကတော့ နေကောင်းပါစေတဲ့
တချို့ ကတော့ စိတ်ချမ်းသာ ပျော်ရွှင်ပါစေတဲ့
တချို့ ကတော့ အသက် ရာကျော်ရှည်ပါစေတဲ့
တချို့ ကတော့ အမြန်လွတ်မြောက်နိုင်ပါစေတဲ့
တချို့ ကတော့ ......
တချို့ က ............. ။ ။

ကျနော်ကတော့ဗျာ
ဆယ်စုနှစ် တခု ကျော် နှစ်ခု နီးပါး
အမေ့ မေတ္တာ ငတ်နေရရှာတဲ့
အမေပျောက်နေတဲ့ သားငယ် နှစ်ယောက်
တခါမှ သူမ ချီပွေ့ ခွင့်မရနိုင်သေးတဲ့ မြေးငယ်တွေနဲ့ 
အမြန်ဆုံး တွေ့ ခွင့်
အမေတယောက်ရဲ့ မေတ္တာ လွှမ်းခြုံ ပေးခွင့် ရ နိုင်ပါစေ လို့  ..................။

တကယ်တော့
ခင်ဗျားတို့ ရော ကျနော်ရော
မြန်မာပြည်သူပြည်သားတွေရော
ဒီ ၆၅ နှစ် မိန်းမအို တယောက်အပေါ်
ကီလို ပေါ် ကီလို ဆင့်
ထပ်၍ ထပ်၍ တင်ပေးနေကြတဲ့ တာဝန်တွေ
ဂုဏ်ရည်မတူ ဓါတ်ရှင်ထဲမှာ
သုခ ....... ညီမငယ် မေရှင် ကိုပြောသလို
"နင်မတရား တော့ ဘူးနော်"
သြော် မတရားတော့ ဘူးနော်...............
ကျနော် တို့  ခင်ဗျားတို့  မတရားတော့ဘူးနော် ။ ။

ခင်ဗျား အမေ ...... ကျနော့ အမေ ဒီအရွယ်ဆို
တကယ်တော့လည်း
သူမ ဟာ ၆၅ နှစ်။ ။

ဗဟိန်းတင် (၁၉ ဇွန် ၂၀၁၀)Rest of your post

1 comment:

  1. ဒီကဗျာကို အရမ်းကြိုက် အရမ်းထောက်ခံတယ် ..ဟုတ်တယ်လုံးဝ မတရားတော့ဘူး လွန်လွန်းပြီ ဒေါ်လာစားတွေပိုစိုးတယ် ဒီမိုကရေစီကြာပါစေ ပြောနေကြမှာကြားယောင်တယ်၊ အားလုံးကပခုံးပေါ် တာဝန်တွေချည်းပုံပေးနေပြီး သူတို့ကျတော့ လင်စုံမယားဘက် အမေရိကားမှာ ဇိမ်ခံလျှက် ....

    ReplyDelete