မြန်မာနိုင်ငံမှာ ၁/၉၀ ဥပဒေအရ အဓမ္မလုပ်အားပေးစေခိုင်းတာ၊ ယာဉ်တွေကို ချောဆွဲအသုံးပြုတာ မလုပ်ရလို့ သိရပါတယ်။
ဒါပေမယ့် ကရင်ပြည်နယ်
ကော့ကရိတ်မြို့မှာ မထသအစီအစဉ်နဲ့ စစ်တပ်၊ ဒီကေဘီအေ၊ ငြိမ်းချမ်းရေးအဖွဲ့များ၊ ခယက၊ မယက ခရီးစဉ်တွေမှာ ယာဉ်တွေကို ချောယာဉ်အဖြစ်နဲ့ မတရားစေခိုင်း အသုံးပြုနေပါတယ်။ အဲဒီလို အသုံးပြုရာမှာလည်း ဟိုင်းလတ်၊ မှန်လုံယာဉ်၊ ခြောက်ဘီး၊ ဆယ်ဘီး၊ ဆယ့်နှစ်ဘီးယာဉ်တွေ ရှိတဲ့အထဲက ဟိုင်းလတ်ယာဉ်တမျိုးတည်းကိုသာ အသုံးပြုနေတာဖြစ်ပြီး ကျန်တဲ့ မည်သည့်ယာဉ်ကိုမှ ခေါ်ယူသုံးစွဲခြင်းမရှိပါ။
မိမိ၏ကားအား ချောယာဉ်အဖြစ်
မပါချင်ပါက လစဉ်ချောကြေးငွေ (၃၀,၀၀၀) ကျပ် ပေးဆောင်ကာ ရှောင်တိမ်းနေကြရပါတယ်။ ဟိုင်းလတ်ကားတွေကိုလည်း စစစ၊ ပို့ဆက်၊ ဌာနဆိုင်ရာများနဲ့ အလျဉ်းသင့်တဲ့ ကားတွေကို ခေါ်ယူခြင်းမပြုဘဲ သာမာန်မျက်နှာမွဲ ယာဉ်ပိုင်ရှင်များသာ လစဉ် (၂) ကြိမ်၊ အနည်းဆုံး (၁) ကြိမ်ခန့် မှန်မှန်ချောဝင်နေကြရပါတယ်။
ကော့ကရိတ်တမြို့လုံးမှာ မှန်လုံကားနဲ့ ဆယ့်နှစ်ဘီးယာဉ်ကြီး (၄၀) စီးခန့်၊ ဟိုင်းလတ်ယာဉ် (၈၀) စီးခန့်ရှိရာမှာ မျက်နှာမွဲယာဉ်ပိုင်ရှင်တွေသာ ချောဝင်ရောက်ပြေးဆွဲနေရတာကြောင့် များစွာနစ်နာနေကြောင်း သက်ဆိုင်ရာက သိရှိနိုင်ရန်နဲ့ ဥပဒေနဲ့အညီဆောင်ရွက်နိုင်ရန် တင်ပြလိုက်ပါတယ်။
ယာဉ်ပိုင်ရှင်တဦး
ကော့ကရိတ်Rest of your post
No comments:
Post a Comment