လူဆိုးဆိုတာ
Written by လူထုစိန်ဝင်း
သူတော်ကောင်းနဲ့ လူကြီးလူကောင်း အကြောင်းတွေ မကြာခဏ ရေးခဲ့ဖူးတယ်။ ဒီတစ်ကြိမ်တော့ ဆန့်ကျင်ဘက် လူတွေအကြောင်း ရေးချင်တယ်။ ဘာကြောင့်လဲ ဆိုတော့ သူတော်ကောင်းနဲ့ လူကြီး လူကောင်းက ရှားတယ်။ တွေ့ရခဲတယ်။ သူတို့နဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်တဲ့ လူဆိုးနဲ့ လူယုတ်ကျတော့ ပေါတယ်။ နေရာတိုင်းမှာ တွေ့နိုင်တယ်။ ရှောင်နိုင် ရှားနိုင်အောင် သူတို့ အကြောင်း သိထားဖို့ လိုတယ်။
စံနှုန်းတွေခြားနား
လူဆိုးဆိုတာ ဘယ်လိုဟာလဲလို့ လွယ်လွယ်ပြောဖို့ ခက်တယ်။ သတ်မှတ်ချက် စံနှုန်းက အမျိုးမျိုး ကွဲပြားခြားနားကြတယ်။ယေဘုယျအားဖြင့်တော့ သူခိုး၊ ဓားပြ၊ လူသတ်သမား စတဲ့ ရာဇ၀တ်ပြစ်မှု ကျူးလွန်သူများကို လူဆိုးလို့ သတ်မှတ်လေ့ရှိတယ်။ အလားတူပဲ ကျောင်းမှာ စာမကြိုးဘဲ ကျောင်းပြေး၊ အတန်းထဲမှာ ဆရာကို ကလန်ကဆန်လုပ်၊ စည်းကမ်းမှန်သမျှ ဖော်ဖျက်၊ ဆေးလိပ်ခိုးသောက်၊ အမြဲရန်ဖြစ် လုပ်လေ့ရှိတဲ့ ကျောင်းသားမျိုးကိုလည်း လူဆိုးလေးတွေလို့ ခေါ်တတ်ကြတယ်။ မိဘကို “ကဏ္ဍကောစ” လုပ်၊ မူးယစ်ရမ်းကား၊ လောင်းကစား မွေ့လျော်၊ ဒုက္ခမျိုးစုံပေးတဲ့ သားသမီးကိုလည်း လူဆိုးလူမိုက်လို့ သတ်မှတ်ကြတယ်။ မြန်မာ့ လူ့အဖွဲ့အစည်းမှာ ရည်းစားတွေ တစ်ယောက်ပြီး တစ်ယောက် ပြောင်းတတ်သူလိုမျိုးလည်း ဆိုးတယ်။ တေတယ်လို့ ပြောလေ့ ရှိတယ်။ ဒါပေမယ့် အနောက်တိုင်း လူ့အဖွဲ့အစည်းတွေမှာတော့ ဘယ်သူကမှ အပြစ်မတင်ကြပါဘူး။ ဘာမှ မဆန်းတဲ့ ကိစ္စလို့ သဘောထားလိုက်ကြတာပါပဲ။
အရှေ့ကအရှေ့၊ အနောက်ကအနောက်
မြန်မာ မိန်းကလေး တစ်ယောက် အရက်သောက်ရင် ပျက်စီးနေတဲ့ မိန်းမဆိုးလို့ ယူဆကြပေမယ့် အနောက် လူ့အဖွဲ့အစည်းတွေမှာတော့ အဖေ၊ အမေ၊ အဘိုး အဘွားနဲ့ သားသမီး မြေးမြစ်တွေ တစ်ဝိုင်းတည်း ထိုင်ပြီး စားကြသောက်ကြတာပဲ။ မြန်မာလူမျိုးတွေက ကိုယ်ဝန် ဖျက်ချတာကို ယုတ်မာရက်စက်မှု၊ ရာဇ၀တ်မှုလို့ သတ်မှတ်ပေမယ့် အနောက် နိုင်ငံတွေမှာတော့ တချို့က ဆေးရုံတွေမှာ ဆရာဝန်တွေ ကိုယ်တိုင်က ဖျက်ချပေးနေကြပြီး တချို့ကျ ပြင်ပဆေးခန်း ဆရာဝန်တွေက လုပ်ပေးကြတယ်။ ဥပဒေနဲ့ တားဖြစ်ပိတ်ပင်ထားတဲ့ နိုင်ငံများမှာလည်း အစိုးရက မသိချင်၊ မမြင်ချင်ယောင်ဆောင် နေကြတာပါပဲ။ အနောက် လူ့အဖွဲ့အစည်းရဲ့ အယူအဆတွေက မှန်တယ်၊ ကောင်းတယ်လို့ ပြောတာ မဟုတ်ပါဘူး။ လူဆိုးဆိုတဲ့ သတ်မှတ်ချက်ဟာ လူ့အဖွဲ့အစည်း တစ်ခုနဲ့ တစ်ခု၊ နိုင်ငံတစ်ခုနဲ့ တစ်ခု မတူကွဲပြား နေကြတဲ့ အကြောင်း ပြောပြတာပါ။
အားလုံးတူတဲ့ အချက်
“ယုတ်မာမှု” ဆိုတာကျတော့ အဲဒီလို မဟုတ်ဘူး။ နိုင်ငံတွေ၊ လူမျိုးတွေ၊ ယဉ်ကျေးမှုတွေ ဘာသာ အယူဝါဒတွေ ဘယ်လောက် ကွဲကွဲ “လူယုတ်မာ”လို့ သတ်မှတ်တဲ့ စံနှုန်းတွေကတော့ အားလုံး တူညီကြတာကို တွေ့ရတယ်။ အရွယ် မရောက်သေးတဲ့ မိန်းက လေးတစ်ယောက်ကို မတော်မတရား ပြုကျင့်တာကို မြန်မာ လူမျိုးတွေက လူမဆန်အောင်ကို ယုတ်မာတဲ့ အမှုအဖြစ် သတ်မှတ် သလိုပဲ ဖိုမ ကိစ္စကို သိပ်လွတ်လပ်ခွင့် ပေးတဲ့ အနောက်နိုင်ငံများ မှာလည်း ယုတ်မာမှုလို့ သတ်မှတ်ကြတာပါပဲ။ ဂျူးတွေ၊ ဂျစ်ပစီ တွေနဲ့ ကွန်မြူနစ်တွေကို မျိုးပြုတ်အောင် ဖြုတ်ပစ်ကြဆိုတဲ့ ဟစ်တလာနဲ့ နာဇီတွေရဲ့ လုပ်ရပ်တွေကို မြန်မာတွေက အော့နှလုံး နာခဲ့ကြသလို အနောက် လူ့အသိုင်းအ၀ိုင်းကလည်း နှိုင်းယှဉ်စရာ မရှိတဲ့ ရက်စက် ယုတ်မာမှုကြီးလို့ သတ်မှတ်ခဲ့ကြတာပဲ ဖြစ်တယ်။
အ၀ီစိ ချိုးကပ်မယ့်သူတွေ
ကျောင်းလစ်လို့၊ စာမေးပွဲကျလို့၊ ရန်ဖြစ်လို့၊၊ ဆေးလိပ် ခိုးသောက်လို့ ကျောင်းမှာ လူဆိုး ခေါ်ခံရတာက အလွန်ဆုံး ရှိမှ စာမေးပွဲ ကျပြီး ပညာမတတ်ရုံပဲ။ ငရဲတော့ မကြီးပါဘူး။ အလားတူပဲ အရက်သောက်၊ ဖဲရိုက် ရမ်းကားပြီး မိဘကိုပြုစု လုပ်ကျွေး မပြုသူကလည်း နတ်ပြည် မရောက်တာနဲ့ လူကောင်း အခေါ် မခံရတာပဲ ရှိမယ် အပယ်တော့ မလားလောက်ဘူး ထင်ပါတယ်။ မိဘကို စော်ကားမော်ကား မပြုရင် ပြောတာပါ။ ဒါပေမယ့် လူယုတ်မာဆိုတာကတော့ အ၀ီစိ ချိုးကပ်လိမ့်မယ်လို့ပဲ ထင်တယ်။ အင်္ဂုလိမာလ ဆိုတာ လက်ညှိုးပေါင်း တစ်ထောင်လောက်ထိ ဖြတ်ခဲ့တဲ့လူဆိုး၊ လူမိုက် ကြီးပဲ။ ဒါပေမယ့် နောက်ဆုံး ကျွတ်တမ်း ၀င်သွားခဲ့ပါတယ်။ ဒေ၀ဒတ်ကျတော့ ယုတ်မာမှုကြောင့် ငရဲအိုး ချိုးကပ် သွားခဲ့ရတာ ဖြစ်တယ်။ ဒေ၀ဒတ်ဆိုတာ ခေသူ မဟုတ်ပါဘူး။ ရှင့်ဘုရင့်သားပဲ။ သိဒ္ဓတ္တလိုပဲ စည်းစိမ်ချမ်းသာတွေကို စွန့်ပစ်ပြီး ရဟန်းဝတ်ခဲ့သူဖြစ်တယ်။
ဟီရိုရှီးမားနဲ့ တူတဲ့ စိတ်ဓာတ်
ခရီးသည်တွေ စီးနင်း လိုက်ပါလာတဲ့ လေယာဉ်ပျံကြီးတွေကို ပြန်ပေးဆွဲပြီး လူတွေ သောင်းသိန်းချီ ရှီနေတဲ့ အဆောက်အဦးကြီးကို ၀င်တိုက်တဲ့ လုပ်ရပ်ကို လူသားအားလုံးက လူမဆန်တဲ့ရက်စက် ယုတ်မာမှုကြီးလို့ပဲ သဘောထားကြပါတယ်။ အလားတူပဲ ဟီရိုရှိး မားနဲ့ နာဂါဆာကီ မြို့ကြီးတွေပေါ်ကို အဏုမြူဗုံးကြဲ ချတိုက်ခိုက်ခဲ့ တာကိုလည်း လူ့သမိုင်းမှာ အကြီးမားဆုံး ရက်စက်ယုတ်မာမှုကြီး အဖြစ် စက်ဆုပ်ရွံ့ရှာခဲ့ကြတာပါပဲ။ စစ်မြေပြင်ကို လူကိုယ်တိုင် သွားမတိုက်ရဲလို့ လူမပါတဲ့ လေယာဉ်နဲ့ ဒါမှမဟုတ် အဝေးကြီးက ပဲ့ကိုင် ထိန်းချုပ်တဲ့ ဒုံးကျည်နဲ့ လှမ်းပြီး ပစ်ခတ် တိုက်ခိုက်တာလည်း ရက်စက် ယုတ်မာမှုလို့ပဲ ယဉ်ကျေးတဲ့လူသား အားလုံးက သတ်မှတ်ကြပါတယ်။ဘာကြောင့်လဲ ဆိုတော့ မူလတန်းကျောင်း လေးပေါ် ကျကျ၊ဆေးရုံပေါ် ကျကျ၊ ဘိုးဘွားရိပ်သာပေါ်ကျကျ၊ လူတွေ သေကြရင် ကြောက်လန့် သွားမှာပဲဆိုတဲ့ စိတ်ဓာတ်မျိုးက ဟီရိုရှီး မားပေါ် အဏုမြူ ဗုံးကြဲချတဲ့ စိတ်ဓာတ်နဲ့ အတူတူ ဖြစ်နေလို့ပါပဲ။
ယုတ်မာမှုက ငရဲကို တွန်းပို့တာ
ရဟန်း ဘ၀မှာလည်း ဘုရားငယ် တစ်ဆူလောက နီးနီး တန်ခိုးသြဇာ ကြီးမားခဲ့သူ ဖြစ်တယ်။ နောက်ဆုံးကျတော့ ယုတ်မာမှုက သူ့ကို ငရဲတွန်း ပို့လိုက်တာပါပဲ။ အာဠာဝက ဘီလူးကြီးတို့၊၊ နာဠာဂီရိဆင် မိုက်ကြီးတို့ဟာ ဘုရားကို သတ်ဖို့ ကြံခဲ့ကြတာပါ။ ဒါပေမယ့် နောက်ဆုံးမှာ အမြင်မှန် ရသွားခဲ့ကြပါတယ်။ ဒေ၀ဒတ် ကတော့ ဘုရားကို သတ်ဖို့ ကြံတဲ့ပြစ်မှုလောက် မကပါဘူး။ မြတ်စွာဘုရား တည်ထောင်ခဲ့တဲ့ သံဃာ့ အဖွဲ့အစည်းကြီးကို ဖျက်ဆီးဖို့ အတွက် သံဃာကို ဂိုဏ်းခွဲတဲ့ အကြီးမားဆုံး ပြစ်မှုကြီးကို ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်ကျိုးအတွက်၊ တန်ခိုး သြဇာအတွက် အင်မတန် ယုတ်မာ ကောက်ကျစ်တဲ့ လုပ်ရပ် ကြီးကိုလုပ်ခဲ့တာ ဖြစ်တယ်။ ယောက်ဖတော်ဖြစ်ပေမယ့် ဘုရားသခင်လည်း သူ့ကို မကယ်နိုင်ပါဘူး။ကပ်ကမ္ဘာပေါင်းများစွာ အ၀ီစိမှာ ချိုးကပ် နေရတော့မှာ ဖြစ်ပါတယ်။
ငတေမှန်ရင် လူယုတ်မာ
ခြုံပြီးပြောမယ်ဆိုရင် အား နည်းချည့်နဲ့သူကို အားကြီးသူက လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ ယဉ်ကျေးမှု စံနှုန်း အားလုံးကို ချိုးဖောက် ဖျက်ဆီးပြီး “ဘယ်သူ သေသေ ငတေမာပြီးရော”လုပ်တဲ့ လုပ်ရပ် မှန်သမျှကို“ယုတ်မာမှု”လို့ ခေါ်နိုင်တယ်လို့ ဆိုနိုင်မယ် ထင်ပါတယ်။ထပ်ပြီး ချုံ့မယ် ဆိုရင်လည်းရ ပါသေးတယ်။ “ငတေမှန်ရင် လူယုတ်မာ”လို့ ပြောလိုက်ရုံပါပဲ။
ကျွဲသာ ရွှံ့အိုင်ထဲ နေတာ
လူ့လောကမှာ သူတော်ကောင်းနဲ့ လူကြီးလူကောင်းတွေ ရှားသလောက်၊ လူဆိုးနဲ့ လူယုတ်မာတွေကတော့ ရှောင်မလွတ် အောင်ကို ပေါပါတယ်။ ဘယ်နေရာကြည့်ကြည့် သူတို့ ချည်းပါပဲ။ မီးများ မီးနိုင်၊ ရေများရေနိုင်ဆိုတဲ့သဘာဝအတိုင်း ကိုယ်ပါရော ပါသွားနိုင်တဲ့ အန္တရာယ်ကြီးပါတယ်။ ရွှံ့နွံ့ထဲမှာ ပျော်လို့ လူးနေတဲ့ ကျွဲတွေကို အားကျပြီး ရွှံ့အိုင်ထဲ လိုက်ဆင်းရင် ကိုယ်ပါကျွဲဖြစ် သွားမှာပါပဲ။ လူပီသတဲ့လူအဖြစ်ကိုပဲ လိုချင်ရင်တော့ ကိုယ့်လမ်း ကိုယ်တည့်တည့်မတ်မတ် ဆက်လျှောက်သွားပါ။ ရွှံ့ထဲ မဆင်းပါနဲ့။ ကျွဲတွေသာ ရွှံ့အိုင်ထဲနေတာ။ လူက မနေပါဘူး။
လူဆိုးသာ အဖြစ်ခံလိုက်ပါ
“ဃရာဝါသ၊ သမ္ဗာဓဟု၊ ကိစ္စမြားမြောင် လူတို့ဘောင်၌” ဆိုသလို လူရေးလူရာအဖြာ ဖြာတွေထဲမှာ ရှောင်ဖို့ရှားဖို့ ခက်လွန်းတဲ့ အဖြစ်မျိုး ကြုံခဲ့ရင် မတတ်သာတဲ့ အဆုံး လူဆိုးသာ အဖြစ်ခံလိုက်ပါ။လူယုတ် မာတော့ ဘယ်တော့မှ မဖြစ်ပါ စေနဲ့။လူဆိုးကို လူတွေက ခွင့်လွှတ် နိုင်ပေမယ့် လူယုတ်မာကိုတော့ ကပ်ကမ္ဘာဆုံးတိုင် ခွင့်လွှတ်နိုင်မှာ မဟုတ်ပါဘူး။ အာဠာ ၀ကဘီလူးကြီးနဲ့ နာဠာဂီရိ ဆင်မိုက်ကြီးတို့ အမြင်မှန်ရတဲ့ အခါ ကျွတ်တမ်းဝင်နိုင်သေးသလို လူဆိုးသူခိုး၊ ဓားပြပဲဖြစ်ဖြစ်၊ ကျောင်းသား ဆိုးကလေးပဲဖြစ်ဖြစ်၊ သားဆိုးသားမိုက် ကလေးပဲဖြစ်ဖြစ်၊ အမြင်မှန် ရတဲ့ တစ်နေ့ ကျွတ်တမ်း ၀င်နိုင်ပါသေးတယ်။ လူယုတ်မာ ငတေတွေကတော့ ငရဲအိုးမှာပဲ ချိုးကပ်ကြ ရမှာ သေချာလှကြောင်းပါဗျား။
လူထုစိန်ဝင်း
Pay-phu-lwar-july 2010
Monday, July 12, 2010
လူဆိုးဆိုတာ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
July
(264)
- Nonviolence leaders
- ခါးသီးသော၈၈၈၈.လေးလုံးအမှတ်တရများ
- မြန်မာပြည်ကအင်တာနက်ဆိုင်မှာ ဂျီတော့ခ်သုံးရင် ပတ်စ်...
- ဘောလုံးသမား သူငယ်ချင်းများ
- လောဘဆိုတဲ့ အပူမီး..ဒေါသဆိုတဲ့ အပူမီး..သောကဆိုတဲ့ အ...
- နိုင်တော့မယ်တဲ့ .......( ၁၉၉၀ ရွေးကောက်ပွဲမှာ ဂျွမ...
- Mr creator ၏
- သန်းရွှေရဲ. မာယာခရီးကြမ်း
- ယုတ်ညံ့သူအကျင့်အကြံ
- အုပ်စုလေးတစု ချမ်းသာကြွယ်ဝရေးအတွက်..ရင်လေးဘိ ...ဗမ...
- လူမိုက်သည် လူမိုက်နှင့်သာ နေ၏။
- နိုင်ရာတာဝန်
- ကြားဖူးပေါင်..ကိုယ့်ခေါင်းကိုတော့ ကြိုးကွင်လျှိုမေ...
- DKBA တပ်မဟာ (၅) မှူး ဗိုလ်မှူးကြီး စောလားပွဲ (ဗိုလ...
- တတ်နိုင်သမျှ
- အရေးပေါ် ကြားဖြတ်သတင်း
- ၂၀၁၂ တွင် အင်တာနက် စနစ်များ ပြတ်တောက် မည်ဟု ဆို( အ...
- သိပ်နှမြောစရာကောင်းတဲ့ အမွေအနှစ်တွေ ဘယ်သူဖျက်?
- ဝေးဝေးကြည့်၊ နက်နက်တွေး
- မိအေးနှစ်ခါနာ
- "အတိတ်သမိုင်းပြန်လှန်တဲ့အခါဆင်ခြင်စရာ"
- စအိုပေါက် မပါသည့် ကလေး တစ်ဦး အကူအညီ လိုအပ်နေ
- ရွေးကောက်ပွဲ တရားမျှတမှု ရှိမည်မဟုတ်ဟု ဒေါ်အောင်ဆန်း...
- စစ်ပြေးဒုက္ခသည် ၇ဝဝ ကျော် စားနပ်ရိက္ခာ အရေးပေါ်လို
- လေးစားထိုက်သော တေးရေးဆရာ
- ၀င်တယ် ထွက်တယ်
- ခရစ္စမတ်နေ့မှာ သေဒဏ်စီရင်ခြင်း ခံခဲ့ရတဲ့ အာဏာရှင် ဇ...
- ပြည်သူလူထုနှင့် တပ်မတော်သား အားလုံးအတွက် အလွန်လိုအ...
- သိုဟန်ဘွားလိုမင်းနှင့် မင်းကြီးရန်နောင်လိုလူ
- တစ်ပြိုင်နက် သားနှစ်ယောက်ဆုံးရသူ၏ ရင်တွင်းစကား နှင...
- ရှမ်းပြည်မှာပြောင်ကြီးဦးဆောင်တဲ့....................
- သွေး စကား
- အဖေက တရုတ် အမေက ကုလား ဦးလေးက မြောက်ကိုးရီယား
- ဖားကန့်တံတား ကျိုးသဖြင့်
- မလိမ့်တပတ်နည်းလမ်းများဖြင့်
- စိတ်ပျက်ဖွယ်ရာပြည်မြန်မာ
- နောက်တော့လဲ ဒုံရင်းဒုံရင်းပါဘဲ
- နအဖ က စလျှင် ပြန်လည်တိုက်ခိုက်ရန် ဒီကေဘီအေ စစ်ရေးအ...
- ရာဇဝတ်ကောင်ဟု ဒေလီရောက် မြန်မာများ ပြောဆို
- ဖားကန့်ဒေသအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ...
- သန်းရွှေ ခရီးစဉ်တလျှောက် အိန္ဒိယရောက်မြန်မာများ ဆန္ဒပြ
- နိုင်ငံပိုင်ငွေနှင့်
- ငွေချေးလိုပါက ကြံ့ဖွံ့ပါတီ ၀င်ရကြောင်း မင်္ဂလာဈေးမှ...
- ယုံချင်ယုံ မယုံချင်နေ ... ဥာဏ်ဝင်း ပြောတဲ့ စကား
-်တပ်စခန်းတခုအား ကရင်နီတပ်မတော် သိမ်းဆည်း
- သားသတ်သမားသည် သားသတ်သည့်အကြောင်းသာတွေး၏ ၊ကျွဲပါးဆေ...
- စစ်ရေးတင်းမာ၍ ကရင်ဒုက္ခသည်များ ထိုင်းဘက်ထွက်ပြေး
- အန္ဒိယတွင် သန်းရွှေအား သောင်းသောင်းဖြဖြကြိုဆို။
- သဘာဓါတ်ငွေ့ နဲ့ စီးပွါးဖြစ်နေတဲ့ စစ်အစိုးရနဲ့ ရေနံ...
- ဘင်္ဂလာပိုင်နက်ထဲ ကျူးကျော် ၀င်ရောက်သူ နစက ၂ ဦး ဖမ်...
- Military chief Than Shwe on goodwill visit to India
- ဗုဒ္ဓဂါယာမှာ သန်းရွှေကို ဆန့်ကျင်နေကြပြီ
- 26.7.2010 တနင်္လာနေ့ (၀ါဆိုလပြည့် နေ့ )တွင် ဂရုဏာလက်...
- အမေရိကန် မှ မြန်မာနိုင်ငံအပေါ် စီးပွားပွားရေးပိတ်ဆိ...
- မြောက်ကိုးရီးယားခြိမ်းချောက်ထားသည့်ကြားမှ အမေရိကန်...
- ဂျပန်ဝန်ကြီးချုပ်ကတော် ခင်ပွန်းသည်ကို ဝေဖန်
- အင်းလေးကန်အတွင်း၌ ကျေးရွာများ၊ အိမ်များ၊ ကျွန်းမှေ...
- ရွေးကောက်ပွဲအပေါ် လူထု ယုံကြည် မျှော်လင့်မှု နည်းပါး
- ကြံ့ဖွံ့ပါတီဝင်အင်အား ၈ သန်းကျော်ရှိဟု ဆို
- နိုင်ချေမရှိသည့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေသည့် ...
- ဗိုလ်ချုပ်မှူးကြီး အိန္ဒိယခရီးစဉ် သံဃာတချို့ သပိတ်မေ...
- မင်း၏ အဖြစ်ကို ရသော် တခဏခြင်းဖြင့်ဖောက်ပြန်၏၊ ပရိသ...
- ဖာပွန်ခရိုင်မှ သဒါးဒဲကျေးရွာ ရွာလုံးကျွတ် မီးရှို့ခံရ
- ငရဲလားမယ့် အဇာတသ
- ကျွန်ူပ်တို့၏ တာဝန်ဝတ္တရား
- နှုတ်ဆက်ခဲ့ပါတယ် ကျွန်တော်ပြေးတော့မယ်
- နမ့်ခမ်းလျှပ်စစ်မီးကို ပုဂ္ဂလိကကန်ထရိုက်ဆွဲခွင့်ပေး...
- ရှုတ်ချ ကန့်ကွက်ကြောင်း
- ဥပဒေ စစ်
- ၂၀၁၀ မသမာသူများ ရွေးကောက်ပွဲအပြီးတွင် မြင်ရမယ့် မှ...
- India’s Engagement and Burma’s Juntaရှိတာရောင်းဖို...
- Washington renews Burma sanctions
- အိုဘားမားရဲ့ မြန်မာနိုင်ငံ မူဝါဒကို ကုလသမဂ္ဂရဲ့ ကို...
- ပညာရေးစနစ်က နိမ့် တော့ လူတွေလည်း အသိပညာနိမ့်  ၊ အသ...
- မြန်မာပြည် ပိတ်ဆို့ရေး အမေရိကန် အထက်လွှတ်တော် ထပ်မံ...
- ဖားကန့်တွင် ချောင်းရေလျှံသဖြင့် မြို့ပေါ်ရပ်ကွက်မျာ...
- ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူများေ...
- ဌာနပိုင် အဆောက်အအုံအတွင်း ပုဂ္ဂလိကကို အငှားချထားရန်...
- သမိုင်းပြန်လှန်ကြည့်ရအောင်
- သံဃာတော်များကို ဇွန် ၃၀ နောက်ဆုံးထားပြီး ရွှေတိဂုံဘ...
- USDP ကြိုတင် မဲစာရင်းများကောက်
- ကရင်စစ်ပြေးဒုက္ခသည် ၄၅၀၀ ကျော် ငှက်ဖျားဆေး လိုအပ်ဟု...
- လာနီညာ ရာသီဥတုကြောင့် ရေကြီး မြေပြိုမှုများ ဖြစ်နိုင်
- မြန်မာနိုင်ငံ၌ ဆေးလိပ်သောက်ရန် သီးသန့်နေရာထားရှိပေ...
- ရွေးကောက်ပွဲဆိုင်ရာ မူဝါဒ မပြောင်းလဲလျှင် ဂျပန်အနေ...
- ကုန်းတွင်းပိုင်း ရေနံတွင်းကြီးတတွင်း ထပ်တွေ့
- ကြံ့ဖွံ့ကို ထောက်ခံရန် မှတ်ပုံတင် အခမဲ့လုပ်ပေး
- ရွေးကောက်ပွဲလား သူ ကစား နေတယ်။
- လူထု ၇၇ ရာခိုင်နှုန်း မဲပေးမည်ဟု Myanmar Egress ပြော
- ကြံ့  ဖွတ်ရှူးတွေ လမ်းကိုပြည်သူ့ စားရိတ်နဲ့ ခင်းပြ...
- စစ်တပ်သည် ပြည်သူအတွက်မဟုတ် ပြည်သူပိုင် ပစ္စည်းသည် စ...
- ဖားပြုတ် မှူးကြီး သန်းရွှေ
- တနိုင်ငံလုံးသည် အမှောင်ကျ အကျဉ်းချခံထားရ၏၊ နိုင်ငံ...
- ဥာဏ်ဝင်းလည်း လူတကာလိမ်ရတာ ပြုံးပြရတာ အ ကုသိုလ်တခု
- အရှက်မဲ့  ပြောပုံက ဒီလို
- စာသင်ရမည့်အရွယ်တွင် အလုပ်လုပ်နေကြသော လူမမယ် ကလေးများ
- ဗြိတန် ဝေဖန်
- ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်က ဘယ်မလဲ ငလိမ်ကောင်တို့ ရေ။
- မော်စံပြကျေးရွာ ပတ်ဝန်းကျင်ရှိ ၀က်များတွင် ထူးဆန်း...
- ခံတွင်းကင်ဆာ ဖြစ်ပွားသူအားလုံး၏ ၉၀ ရာခိုင်နှုန်းခန်...
-
▼
July
(264)
1 comment:
သိပ်ကိုကောင်းလွန်းတဲ့ စာတခုပါဘဲ၊ မှတ်သားစရာတွေ အများကြီးပါစေတဲ့ အတွက် ဆရာ့စေတနာတွေကို တန်ဘိုးထားရပါတယ်
Post a Comment