Monday, July 12, 2010

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ကလေးငယ် ရာနှင့်ချီ၍ သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွား

Jul 12, 2010 ကလေးငယ် ရာနှင့်ချီ၍ သွေးလွန်တုတ်ကွေးဖြစ်နေ ဖြိုးကြီး။ ဇူလိုင် ၁၂၊ ၂၀၁၀
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ကလေးငယ် ရာနှင့်ချီ၍ သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားနေလျှက်ရှိပြီး သေဆုံးမှုများလည်း ရှိနေကြောင်း ဆေးရုံအသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။

ယခုလဆန်းပိုင်းမှ စတင်ကာ ဖြစ်ပွားခြင်းဖြစ်ပြီး ယခုလ(၉) ရက်နေ့ စာရင်းအရ သွေးလွန်တုတ်ကွေးဖြစ်ပွားသူ ကလေးငယ် (၁၁၉) ယောက်ရှိကြောင်း ၎င်းက ပြောသည်။

“ပုသိမ်မှာ တော်တော်ဖြစ်နေတာ၊ ကလေးတွေအများချည်းဘဲ၊ ဆေးရုံက သူနာပြုတွေတောင် ဂျူတီညလုံးပေါက် စောင့်ရတယ်၊ ကုတင်တွေလည်း မလောက်လို့ အစားထိုးထားရတာ မနည်းဘူး၊ ကလေးလူနာဆောင်ဖက်မှာဆို ပြည့်ကြပ်နေတယ်” ဟု ပြောသည်။

သွေးလွန်တုတ်ကွေးဖြစ်ပွားသူများမှာ ပုသိမ်မြို့နယ်အတွင်း ကျေးရွာများနှင့် မြို့အစွန်ရပ်ကွက်မှ ကလေးငယ်အများစု ဖြစ်ပြီး အသက် (၁) နှစ်ကျော်မှ (၁၂) နှစ်အရွယ်ကြား အများဆုံးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

သွေးလွန်တုတ်ကွေးရောဂါကြောင့် သေဆုံးမှုများလည်း ဆက်တိုက်ဖြစ်ပေါ်နေလျှက်ရှိပြီး စိုးရိမ်ရသည့်အခြေအနေ ရှိနေကြောင်း ၎င်းက ပြောသည်။

“ ဒီနေ့ဘဲ အသိကလေး (၄) နှစ်အရွယ်တယောက် ရက်လည်တယ်၊ ဆုံးတာတွေကလည်း မနည်းဘူး၊ မေးလိုက်တိုင်း သွေးလွန်တုတ်ကွေးဆိုပြီး ပြောတယ်၊ ဆေးရုံထဲမှာ သေတဲ့သူတွေနဲ့ ဆေးရုံတက်သူနဲ့ ဖြစ်နေတယ်” ဟု ဆက်ပြောသည်။

ထို့အပြင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင်လည်း ယခုရက်ပိုင်းအတွင်း သွေးလွန်တုတ်ကွေးရောဂါများ ဖြစ်ပွားနေလျှက်ရှိပြီး သေဆုံးမှုများလည်း ရှိနေသည်။ Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်