ယခုအခါ အသံအားဖြင့်လည်း ပေါင်းစပ်နေသည်။ အမြင်အားဖြင့်လည်း ပေါင်းစပ်နေသည်။ ကမ္ဘာကြီးသည် ပေါင်းစပ်နေ သည်။ ခေတ်ပေါ်သိပ္ပံဖြစ်သော အီလက်ထရွန်နစ်နည်းပညာဖြင့် ရုပ်မြင်သံကြားကြည့်ကာ ရင်နှီးနေကြပေပြီ။ ယင်းသည် ပေါင်းစပ်ခြင်းဖြစ်သည်။ အသံချင်း ပေါင်းစပ်ကြသည်။ ရုပ်အမြင်ချင်းပေါင်းစပ် ကြသည်။ မပေါင်းစပ်ချင်သူများလည်း ရှိနိုင် သည်။ ပေါင်းစပ်သည်ဆိုရာဝယ် အနုနှင့် အရင်း၊ လူငယ်နှင့် လူကြီး ၊နှလုံးရည်နှင့် လက်ရုံးရည်တို့ ပေါင်းစပ်ကြရမည်။ ပေါင်း စပ်ချင်သူများကိုလည်း ပေါင်းစပ်ဖြစ်အောင် နည်းမျိုးမျိုး ဖြင့် ပြုလုပ်ကြရပေမည်။ ယင်းသည် နိုင်ငံရေးယဉ်ကျေးမှု ဖြစ်သည်ဟု ထင်မိပေသည်။
ဆရာကြီး ဒဂုန်တာရာ
(နိုင်ငံရေးယဉ်ကျေးမှု အစာအုပ်အမှာစာ-နှား ၁၃)
၀၆. ၀၅. ၂၀၀၉
အခုအခါမှာ သတင်းမီဒီယာတွေရဲ့အသံများတွင် ပါတီတည်ထောင်ခွင့်တင်ခြင်း၊ မဲဆွယ်စည်းရုံးခွင့် ငြင်းခုန်နေခြင်း၊ ခေါင်း ပေါင်းစတလူလူလုပ် လူလုံးပြနေခြင်းများ ခေတ်ထနေသည်။ ထိုအခြင်းအရာသည် ဒီမိုကရေစီ သမုဒ္ဒရာကြီးထဲမှ ဒီမိုကရေ စီဖြစ်စဉ် အက်တမ်လေးတစ်ခုမျှ
စစ်စစ်ကြည်ကြည် ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ယုံကြည်ချင်စရာဖြစ်နေ သော် လည်း ပြော စရှည်စရာတွေက အများသားဖြင့် ရင်ကိုဆို့ကျပ်စေသည်။
ရွေးကောက်ပွဲကိစ္စသည် ကမ္ဘာ့ဖလားပွဲတစ်ပွဲလောက်ပင် ပြည်သူတွေ၏ စိတ်ကိုမစိုးမိုးနိုင်။ လူစိတ်ဝင်စားခြင်း မခံရခြင်း သည် ဘာကြောင့်များလဲလို့ တွေးမိလျှင် ရှင်းပြစရာ၊ မသန့်မရှင်းနှင့် အစထွက်နေတာတွေများနေသည်။ ပြောစရာလူကျွံ ဘောတွေက ထင်းနေသည်။
အထက်ကဖော်ပြခဲ့သော ဆရာကြီးဒဂုန်တာရာ၏ စာလေးလိုပင် နိုင်ငံရေးယဉ်ကျေးမှုသည် ပေါင်းစပ်ခြင်းဖြစ်သည်။ အ လွန်လှသော၊ အလွန်လေးနက်သော စကားလေးဖြစ်ပေသည်။ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံ၏ ဒီမိုကရေစီအပြောင်းအ လဲသည် ပေါင်းစပ်ခြင်းဖြင့် ပွင့်ဖူးလှပလာမည့်ပုံလိုဖြစ်နေသည်။ ဟောနေပုံ၊ ပြောနေပုံအရသုံးသပ်လျှင်ထိုသို့ မြင်သာ လှပ ချစ်ချင်စဖွယ်ဖြစ်နေ သော်လည်း...ရွေ့နေပုံမှာတော့ လွန်ခဲ့သောနှစ်ပေါင်းများစွာက သစ်ခွေ၊ သံဂွေတပ် နွားလှည်းကို ကား တာယာဘီးများ ပြောင်းတပ်မောင်းနှင်လိုက်သည့်ပုံစံဖြင့် အရှိန်ပြောင်းသွားသော်လည်း နွားသည်ဒီနွား၊ လှည်းမောင်း သူသည်လည်း ဒီလှည်းသမား လှည်းပုံစံသည်လည်း ဒီလှည်းဖြစ်ပြီး သွားတိုက်မှာလည်း အရင်ကသယ်နေကျ ကောက်ရိုး များကိုပင်ဖြစ် နေသကဲ့သို့ဖြစ်နေသည်မှာတော့ တော်တော်ပင် နာကျင်ဝမ်းနည်းဖွယ်ဖြစ်နေပါသေးသည်။
သည်းကွဲသေချာစေချင်သည်မှာ နိုင်ငံရေးပါတီများ တည်ထောင်ခွင့်ပြုလိုက်ခြင်းသည် ပေါင်းစပ်ခြင်းလား သို့တည်းမဟုတ် ကိုယ့်ဘက်သားမဟုတ်သူများဟု မြင်ထား၊ ခံယူထားသူများထဲမှ ကိုယ်နှင့်တူရာကို ထပ်မံစစ်ထုတ်ဆွဲယူလိုက်ခြင်းလားဆို တာ သေချာစေချင်ပါသည်။
ကျွန်တော်သိပ်မသိပါ။ သို့သော်ယုံကြည်သလောက်ပြောကြဆိုကြကြေးဆိုလျှင် ဘယ်သူဦးဆောင်သည့် ရွေးကောက်ပွဲ၊ မည်သူပါဝင် သည့်နိုင်ငံရေးပါတီ၊ မည်မျှနောက်ခံကောင်းနေသည့် လူပုဂ္ဂိုလ်ဆိုတာတွေသည် ကျွန်တော်တို့နိုင်ငံအတွက် လက်တလောတွင်အရေးမကြီးပါ။ ဒီမိုကရေစီအရွေ့ကို အမှန်အကန်ဦးတည်နေချင်သည်ဆိုလျှင် ပြည်သူကိုဒီမိုကရေစီ အနှစ်သာရအားမျက်စိနားဖွင့်ပေးရမည်။ ကိုယ်နဲ့မတူရန်သူ စိတ်ထားတွေကို လုပ်ပိုင်ခွင့်ရှိနေသူများ ရှင်းရှင်းလင်းလင်း ပြောရလျှင် လက်ရှိအာဏာရနေသူများက အထူးသတိထားရှောင်ရှားပြီး အကောင်ထည်ဖော်နေသင့်သည်။
ပြည်သူများကိုယ်စား ပြည်သူတစ်ယောက်အနေနှင့် ရိုးရိုးသားသားဝန်ခံ ယခုအခါရေပန်းစားလှသော နိုင်ငံရေးသမားများ သုံးနေသည့် စကားတစ်လုံးဖြစ်သော “ပြည်သူ့အကျိုးအတွက်လုပ်တာပါ”ဆိုသည့်စကားကို အင်တာဗျူးတိုင်းတွင်တွင်တွင် သုံးနေသော နိုင်ငံရေးသမားကြီး၊ ငယ်များကို ယခင်နှစ်၂၀လုံးလုံးဘယ်မှာ ဖုန်းမောင်ဘယ်မှာသွားပုန်းနေသလဲဆိုပြီး ငို ချင်းလေးနဲ့သာ အော်အော်မေးလိုက်ချင်သည်..။
ကျွန်မြူနစ်မူဖြင့် ဒီမိုကရေစီထူလို့မရပေ။ ကွန်မြူနစ်စကားဖြင့် ဒီမိုကရေစီကိုသွားလို့မရပေ။ ကွန်မြူနစ်အတောလေးတွေ နှင့် ဒီမိုကရေစီတရားဟောလို့မရပေ။ ခင်ဗျားတို့လုပ်နေပုံသည် ဒိုင်လိုလို၊ ဖထွေးလိုလို၊ ဝှက်ဖဲခိုးဖဲကိုင်ရိုက်နေသော ဖဲသ မားလိုလိုလုပ်နေသော လူတစ်စု၏ အဖြည့်ခံဇာတ်ဝင်ကနေပုံသာ ပေါ်လွင်နေသည်…။
တဖက်မှာလည်း ဦးစီးဦးဆောင်လုပ်နေသည်ဟုဆိုသော..ဆိုသော………………………………………………………………
လက်ရှိအစိုးရ သို့မဟုတ် လက်ရှိအာဏာရယူထားသူများ သို့မဟုတ် မလွှဲမရှောင်သာအုပ်ချုပ်ထားသူများ စသည့် မည် သည့် စကားလုံးကိုပင်သုံးပါစေ..အဓိပ္ပာယ်သည် လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးခံနိုင်ခွင့်၊ သေချာပေါက်အ နိုင်အခွင့်အလမ်းများ ကိုယ့်ကိုယ်ကိုအတွက် ဖန်တီးခွင့်ရှိနေသည့် လူတန်းစားတစ်ရပ်၊ အဖွဲ့စည်းတစ်ခု မဟုတ်ဆိုတာကို ဂုဏ်သိက္ခာရှိရှိ လက်ခံ ကျင့်သုံးရမည်။ ဒါမှ လူကြီးလူကောင်းပီသမည်။
ထပ်ပြောခွင့်ပြုပါ သေချာပေါက်ငါတို့ပြန်နိုင်ရေး အခွင့်များကို ငါတကော ဖန်တီးနေသောထိုအပြုမူများကို ရှောင်ရှားခြင်း သည် လူကြီးလူကောင်းမည်ပါသည်။
သို့မဟုတ်ပါက အသက်၁၈နှစ်ကျော်လောက်တည်းက ပစ်စတိုခါးထိုးပြီး ပြည်သူကိုအာဏာမိုးခဲ့သောသူများက ခေါင်း ပေါင်းစတ လူလူ၊ ချိတ်ပုဆိုးတရွှန်းရွှန်းလုပ်ပြခြင်းသည် ဒီမိုကရေစီဖြစ်ပါသည်ဟု ဆိုလျှင် ၄င်းဒီမိုကရေစီကို ကျွန်တော်တို့ မလိုချင်ပါ။
ထိုအပြင့် လူထုအတွက်ဆိုသောစိတ်ထက် ရသလောက်အခွင့်အရေး၊ ဆံ့သလောက်ခုံကွက်လပ်လေးမှာ ဝင်က စားမည် ဆိုသော တတိယအုပ်စု စိတ်ကူးမျိုးတွေးတောပြီး ကိုယ်လုပ်ချင်ရာဝင်လုပ်ဖို့တာဆူနေသူများ၏… ဒီအချင်းအရာသည်သာ ဒီရေဒီမြေ၏ ဒီမိုကရေစီဖြစ်သည်ဆိုတာကိုလည်း လုံးဝအော့နှလုံးနာမိပါသည်။
နို့သက်ခံဆို့မည့်အစား နို့အငတ်ခံကာ သေလိုကသေ။ စိတ်ညွှန့် ဘဝညွှန့်ကျိုးမည့်အစား…ခံစစ်နဲ့သာ ကစားသွားပါရစေ တော့…။
လူထုအတွက်လုပ်ရမည့် လုပ်ရန်တာဝန်ရှိသည်ဆိုသည့် ယုံကြည်မှုတစ်ခု၊ ခံယူချက်တစ်ခုသည် ပညာတတ်ယုံ၊ လုပ် တတ်ယုံ၊ ကစားတတ်ယုံဖြင့်မရဘူးဆိုတာကို သိတတ်ရမည်။ လက်ခံရဲရမည်။ ပြည်သူဆိုတာ နားမလည်ခင်၊ လုပ်ခွင့်မ ရခင်၊ ပြန်ပြောခွင့်မရခင်အချိန်တွင်တော့ ကိုယ်ကြိုးဆွဲရာက သလိုလိုရှိတတ်သော်လည်း အခါအခွင့်သင့်လာလျှင် မည် သည့်ခေတ်တွင်မှ အပြစ်ပေးခြင်းမတွန့်ဆုတ်ခဲ့ပါ။ ခပ်ရှင်းရှင်းပြောရလျှင် အပြစ်ပေးခွင့်မရသေးချိန်တွင် ကိုယ်လုပ်သမျှ ဟုတ်သလိုလိုရှိနေတတ်သော်လည်း ပြည်သူတွေဘက်မှ အပြစ်ပေးအချိန်အခွင့်ရောက်လာလျှင် ဆော်ရီးလုပ်ခွင့်မရပါ။ ဘွာခတ်လို့မရပါ။
ပြည်သူသည့် မည်သည့်ခေတ်တွင်မှ မိမိအပေါ်ကောင်းသော၊ သစ္စာရှိသော ခေါင်းဆောင်မျိုး၊ အစိုးရမျိုးကို မစော်ကား၊ မတော်လှန်ခဲ့ပါ။ မည်သည့်နိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲသမိုင်းကိုကြည့်ကြည့် ထိုအတိုင်းပင် အတိပြီးပါသည်။
ပြည်သူချဉ်လျှင် သင့်ကိုယ်သင်ဘာထင်ထင် အလကားနှင်နှင်ပင် မထိုက်မတန်ဖြစ်မည်ဖြစ်သည်ဆိုတာ ပြည်သူအတွက် ရေဆန် မလှော်ဘဲ၊ ရေစုံမျှော အခွင့်မျှော်နိုင်ငံရေးပါတီများ မြဲမြဲထင်ထင် နားလည်သဘောပေါက်ထားရမည်၊ ဆင်ခြင် စဉ်း စား သုံးသတ်နေရမည်။ ဘာမှနားမလည်တဲ့ပြည်သူဟု အထင်သေးထားလျှင် ပြည်သူက သင့်ထံပြန်တုံပြန်မှုသည် ချောက် ကမ်းပါးမှ ကန်ချခံရသူနှယ်ဖြစ်လိမ့်မည်။
ပြည်သူကို နင်းဖိတက်မည်ဆိုလျှင်လည်း ပြည်သူသည့် သင့်အတွက်ဆူးညှောင့်ခလုတ်တစ်ခုအဖြစ်သင့်ခြေကို ပြန်လည် ထိုး ဆွအပြစ်ပေးလိမ့်..။ ထိုအခါသင်လျောက်သည့်လမ်းသည် သွေးတစက်စက်နှင့် သွေးခြေရာထပ်နေလိမ့်မည်။ ပြည်သူ ကို မေတ္တာဖြင့်နမ်းပါ ပြည်သူ့သည် သင့်အတွက် ခွန်အားအဖန်ဖန်ပြန်သစ်စေသော နတ်ပန်းတစ်ပွင့်ဖြစ်လာပါမည်။
မြဲမြဲမှတ်သားစေချင်သည်မှာ ဒီမိုကရေစီနိုင်ငံရေးတွင် ပြည်သူသည် ပန်းတိုင်၊ ပြည်သူသည် နတ်ဘုရား၊ ပြည်သူသည် အခ ရာဖြစ်သည်။ ဂုဏ်သိက္ခာရှိပြီးအောင်မြင်သော နိုင်ငံရေးပါတီဆိုသည်မှာ မည်သို့ကစားမည်ဆိုသည်ထက် ပြည်သူ့ဘဝကို မည်မျှမြှင့်တင်ကာကွယ်ပေး နိုင်မည်နည်းနှင့်သာ မိမိဂုဏ်သိက္ခာနှင့် အောင်မြင်မှုကိုတိုင်းတာနိုင်သည်ဆိုတာ ကမ္ဘာမှာအ ထင်အရှားပင်ဖြစ်ပေသည်။
ကျွန်တော်တို့၏ လူကိုရွေးချယ်ခွင့်မရသော နိုင်ငံရေးတွင် ကျွန်တော်တို့၏မူမည်မျှ ခိုင်မာပြီး ပြည်သူအပေါ်အကျိုးထင်ရှား စေမည်ဆိုတာနှင့် တိုင်းတာလုပ်ကိုင်ကြမည်ဆိုလျှင် မနိုင်ခဲ့လျှင်တောင် ဂုဏ်သိက္ခာရှိစွာ ကြောင်ကျကျနိုင်ခွင့်ပိုင်မည်ဟု ထင်ထင်ရှားရှားယုံကြည် သတိပေးလိုက်ပါသည်။
သီဟငယ်
(အင်္ဂါ) ၀၆.၀၇.၂၀၁၀
ရန်ကုန်။
http://www.freedomburma.org/2010/07/blog-post_08.html
Thursday, July 8, 2010
“ပေါင်းစပ်ခြင်းလား...စစ်ထုတ်ခြင်းလား”
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
July
(264)
- Nonviolence leaders
- ခါးသီးသော၈၈၈၈.လေးလုံးအမှတ်တရများ
- မြန်မာပြည်ကအင်တာနက်ဆိုင်မှာ ဂျီတော့ခ်သုံးရင် ပတ်စ်...
- ဘောလုံးသမား သူငယ်ချင်းများ
- လောဘဆိုတဲ့ အပူမီး..ဒေါသဆိုတဲ့ အပူမီး..သောကဆိုတဲ့ အ...
- နိုင်တော့မယ်တဲ့ .......( ၁၉၉၀ ရွေးကောက်ပွဲမှာ ဂျွမ...
- Mr creator ၏
- သန်းရွှေရဲ. မာယာခရီးကြမ်း
- ယုတ်ညံ့သူအကျင့်အကြံ
- အုပ်စုလေးတစု ချမ်းသာကြွယ်ဝရေးအတွက်..ရင်လေးဘိ ...ဗမ...
- လူမိုက်သည် လူမိုက်နှင့်သာ နေ၏။
- နိုင်ရာတာဝန်
- ကြားဖူးပေါင်..ကိုယ့်ခေါင်းကိုတော့ ကြိုးကွင်လျှိုမေ...
- DKBA တပ်မဟာ (၅) မှူး ဗိုလ်မှူးကြီး စောလားပွဲ (ဗိုလ...
- တတ်နိုင်သမျှ
- အရေးပေါ် ကြားဖြတ်သတင်း
- ၂၀၁၂ တွင် အင်တာနက် စနစ်များ ပြတ်တောက် မည်ဟု ဆို( အ...
- သိပ်နှမြောစရာကောင်းတဲ့ အမွေအနှစ်တွေ ဘယ်သူဖျက်?
- ဝေးဝေးကြည့်၊ နက်နက်တွေး
- မိအေးနှစ်ခါနာ
- "အတိတ်သမိုင်းပြန်လှန်တဲ့အခါဆင်ခြင်စရာ"
- စအိုပေါက် မပါသည့် ကလေး တစ်ဦး အကူအညီ လိုအပ်နေ
- ရွေးကောက်ပွဲ တရားမျှတမှု ရှိမည်မဟုတ်ဟု ဒေါ်အောင်ဆန်း...
- စစ်ပြေးဒုက္ခသည် ၇ဝဝ ကျော် စားနပ်ရိက္ခာ အရေးပေါ်လို
- လေးစားထိုက်သော တေးရေးဆရာ
- ၀င်တယ် ထွက်တယ်
- ခရစ္စမတ်နေ့မှာ သေဒဏ်စီရင်ခြင်း ခံခဲ့ရတဲ့ အာဏာရှင် ဇ...
- ပြည်သူလူထုနှင့် တပ်မတော်သား အားလုံးအတွက် အလွန်လိုအ...
- သိုဟန်ဘွားလိုမင်းနှင့် မင်းကြီးရန်နောင်လိုလူ
- တစ်ပြိုင်နက် သားနှစ်ယောက်ဆုံးရသူ၏ ရင်တွင်းစကား နှင...
- ရှမ်းပြည်မှာပြောင်ကြီးဦးဆောင်တဲ့....................
- သွေး စကား
- အဖေက တရုတ် အမေက ကုလား ဦးလေးက မြောက်ကိုးရီယား
- ဖားကန့်တံတား ကျိုးသဖြင့်
- မလိမ့်တပတ်နည်းလမ်းများဖြင့်
- စိတ်ပျက်ဖွယ်ရာပြည်မြန်မာ
- နောက်တော့လဲ ဒုံရင်းဒုံရင်းပါဘဲ
- နအဖ က စလျှင် ပြန်လည်တိုက်ခိုက်ရန် ဒီကေဘီအေ စစ်ရေးအ...
- ရာဇဝတ်ကောင်ဟု ဒေလီရောက် မြန်မာများ ပြောဆို
- ဖားကန့်ဒေသအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ...
- သန်းရွှေ ခရီးစဉ်တလျှောက် အိန္ဒိယရောက်မြန်မာများ ဆန္ဒပြ
- နိုင်ငံပိုင်ငွေနှင့်
- ငွေချေးလိုပါက ကြံ့ဖွံ့ပါတီ ၀င်ရကြောင်း မင်္ဂလာဈေးမှ...
- ယုံချင်ယုံ မယုံချင်နေ ... ဥာဏ်ဝင်း ပြောတဲ့ စကား
-်တပ်စခန်းတခုအား ကရင်နီတပ်မတော် သိမ်းဆည်း
- သားသတ်သမားသည် သားသတ်သည့်အကြောင်းသာတွေး၏ ၊ကျွဲပါးဆေ...
- စစ်ရေးတင်းမာ၍ ကရင်ဒုက္ခသည်များ ထိုင်းဘက်ထွက်ပြေး
- အန္ဒိယတွင် သန်းရွှေအား သောင်းသောင်းဖြဖြကြိုဆို။
- သဘာဓါတ်ငွေ့ နဲ့ စီးပွါးဖြစ်နေတဲ့ စစ်အစိုးရနဲ့ ရေနံ...
- ဘင်္ဂလာပိုင်နက်ထဲ ကျူးကျော် ၀င်ရောက်သူ နစက ၂ ဦး ဖမ်...
- Military chief Than Shwe on goodwill visit to India
- ဗုဒ္ဓဂါယာမှာ သန်းရွှေကို ဆန့်ကျင်နေကြပြီ
- 26.7.2010 တနင်္လာနေ့ (၀ါဆိုလပြည့် နေ့ )တွင် ဂရုဏာလက်...
- အမေရိကန် မှ မြန်မာနိုင်ငံအပေါ် စီးပွားပွားရေးပိတ်ဆိ...
- မြောက်ကိုးရီးယားခြိမ်းချောက်ထားသည့်ကြားမှ အမေရိကန်...
- ဂျပန်ဝန်ကြီးချုပ်ကတော် ခင်ပွန်းသည်ကို ဝေဖန်
- အင်းလေးကန်အတွင်း၌ ကျေးရွာများ၊ အိမ်များ၊ ကျွန်းမှေ...
- ရွေးကောက်ပွဲအပေါ် လူထု ယုံကြည် မျှော်လင့်မှု နည်းပါး
- ကြံ့ဖွံ့ပါတီဝင်အင်အား ၈ သန်းကျော်ရှိဟု ဆို
- နိုင်ချေမရှိသည့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေသည့် ...
- ဗိုလ်ချုပ်မှူးကြီး အိန္ဒိယခရီးစဉ် သံဃာတချို့ သပိတ်မေ...
- မင်း၏ အဖြစ်ကို ရသော် တခဏခြင်းဖြင့်ဖောက်ပြန်၏၊ ပရိသ...
- ဖာပွန်ခရိုင်မှ သဒါးဒဲကျေးရွာ ရွာလုံးကျွတ် မီးရှို့ခံရ
- ငရဲလားမယ့် အဇာတသ
- ကျွန်ူပ်တို့၏ တာဝန်ဝတ္တရား
- နှုတ်ဆက်ခဲ့ပါတယ် ကျွန်တော်ပြေးတော့မယ်
- နမ့်ခမ်းလျှပ်စစ်မီးကို ပုဂ္ဂလိကကန်ထရိုက်ဆွဲခွင့်ပေး...
- ရှုတ်ချ ကန့်ကွက်ကြောင်း
- ဥပဒေ စစ်
- ၂၀၁၀ မသမာသူများ ရွေးကောက်ပွဲအပြီးတွင် မြင်ရမယ့် မှ...
- India’s Engagement and Burma’s Juntaရှိတာရောင်းဖို...
- Washington renews Burma sanctions
- အိုဘားမားရဲ့ မြန်မာနိုင်ငံ မူဝါဒကို ကုလသမဂ္ဂရဲ့ ကို...
- ပညာရေးစနစ်က နိမ့် တော့ လူတွေလည်း အသိပညာနိမ့်  ၊ အသ...
- မြန်မာပြည် ပိတ်ဆို့ရေး အမေရိကန် အထက်လွှတ်တော် ထပ်မံ...
- ဖားကန့်တွင် ချောင်းရေလျှံသဖြင့် မြို့ပေါ်ရပ်ကွက်မျာ...
- ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူများေ...
- ဌာနပိုင် အဆောက်အအုံအတွင်း ပုဂ္ဂလိကကို အငှားချထားရန်...
- သမိုင်းပြန်လှန်ကြည့်ရအောင်
- သံဃာတော်များကို ဇွန် ၃၀ နောက်ဆုံးထားပြီး ရွှေတိဂုံဘ...
- USDP ကြိုတင် မဲစာရင်းများကောက်
- ကရင်စစ်ပြေးဒုက္ခသည် ၄၅၀၀ ကျော် ငှက်ဖျားဆေး လိုအပ်ဟု...
- လာနီညာ ရာသီဥတုကြောင့် ရေကြီး မြေပြိုမှုများ ဖြစ်နိုင်
- မြန်မာနိုင်ငံ၌ ဆေးလိပ်သောက်ရန် သီးသန့်နေရာထားရှိပေ...
- ရွေးကောက်ပွဲဆိုင်ရာ မူဝါဒ မပြောင်းလဲလျှင် ဂျပန်အနေ...
- ကုန်းတွင်းပိုင်း ရေနံတွင်းကြီးတတွင်း ထပ်တွေ့
- ကြံ့ဖွံ့ကို ထောက်ခံရန် မှတ်ပုံတင် အခမဲ့လုပ်ပေး
- ရွေးကောက်ပွဲလား သူ ကစား နေတယ်။
- လူထု ၇၇ ရာခိုင်နှုန်း မဲပေးမည်ဟု Myanmar Egress ပြော
- ကြံ့  ဖွတ်ရှူးတွေ လမ်းကိုပြည်သူ့ စားရိတ်နဲ့ ခင်းပြ...
- စစ်တပ်သည် ပြည်သူအတွက်မဟုတ် ပြည်သူပိုင် ပစ္စည်းသည် စ...
- ဖားပြုတ် မှူးကြီး သန်းရွှေ
- တနိုင်ငံလုံးသည် အမှောင်ကျ အကျဉ်းချခံထားရ၏၊ နိုင်ငံ...
- ဥာဏ်ဝင်းလည်း လူတကာလိမ်ရတာ ပြုံးပြရတာ အ ကုသိုလ်တခု
- အရှက်မဲ့  ပြောပုံက ဒီလို
- စာသင်ရမည့်အရွယ်တွင် အလုပ်လုပ်နေကြသော လူမမယ် ကလေးများ
- ဗြိတန် ဝေဖန်
- ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်က ဘယ်မလဲ ငလိမ်ကောင်တို့ ရေ။
- မော်စံပြကျေးရွာ ပတ်ဝန်းကျင်ရှိ ၀က်များတွင် ထူးဆန်း...
- ခံတွင်းကင်ဆာ ဖြစ်ပွားသူအားလုံး၏ ၉၀ ရာခိုင်နှုန်းခန်...
-
▼
July
(264)
No comments:
Post a Comment