အဘဦးဝင်းတင်ရဲ့ ဘာလဲဟဲ့ လူ့ငရဲစာအုပ်
ယနေ့၁၉ ရက်နေ့ နေ့လည် တစ်နာရီခွဲက တာမွေ Shine(ရှိုင်း) ဆံပင်ညှပ်ဆိုင်မှ မောင်နေလင်း အသက် (၁၄) နှစ် အဖ ဦးစံသိန်း ဟာ ပါရမီ ရွှေမန်းသူ ကားဂိတ်မှာ အဖမ်းခံခဲ့ရပါတယ် ။ လူ တစ်ယောက်က ပါဆယ် ပစ္စည်းသွားပို့ခိုင်းတာဖြစ်ပြီး ... ပို့ခိုင်းတဲ့လူကို တော့ မသိရှိလိုက်ရကြောင်း.... လက်ခံတဲ့ လိပ်စာက ထွန်းအောင်ကျော် မျက်မှန်ဆိုင် ကျောက်ပန်းတောင်း မီးသတ်လမ်းဆုံ အေးသာယာ ရပ်ကွက်က ဖြစ်ကြောင်းသိရပြီး ... ပါဆယ်ထုတ်အတွင်းမှာ ပါတဲ့ပစ္စည်းက အဘဦးဝင်းတင်ရေးတဲ့ ဘာလဲဟဲ့ လူ့ငရဲ စာအုပ်၆ အုပ် နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရေးသားတဲ့ Freedom From Fear စာအုပ်၅ အုပ်ကို လက်ဝယ်တွေ့ရှိမှုနှင့် ဖမ်းဆီးတာဖြစ်ကြောင်း သိရှိရပါတယ်...။ ဖမ်းဆီးခံရသူဟာ အသက် ၁၄နှစ်သာ ရှိသေးတဲ့ ကလေးငယ်တစ်ဦး ဖြစ်ကြောင်း သိရှိရပါတယ်။
No comments:
Post a Comment