ရွေးကောက်ပွဲ အသိအမှတ် မပြုရန် မလေးအမတ်များ အဆိုတင်သွင်းမည် ဆလိုင်း ဟံသာစန်း | စနေနေ့၊ ဂျူလိုင်လ ၁၀ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၁၄ မိနစ် နယူးဒေလီ (မဇ္ဈိမ) ။ ။ စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ် မပြုရန် မလေးရှားရှိ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်အမတ် ၃၃ ဦးက ၎င်းတို့ ပါလီမန်အတွင်း အဆိုပြုသွားမည်ဟု သိရသည်။
မလေးရှားမြို့တော် ကွာလာလပ်ပူရှိ ပါလီမန် အဆောက်အဦး၌ ယခုလ ၇-၈ ရက်နေ့များတွင် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများက မြန်မာ့အရေးကိစ္စ တင်ပြပြီးနောက် မလေးရှား လွှတ်တော်အမတ်များက ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“၂၀၁၀ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိတဲ့အတွက် အသိအမှတ်မပြုဖို့ ပါလီမန်အတွင်းမှာ သူတို့လုပ်နိုင်တဲ့ အနေအထားအရ အဆိုပြုပေးသွားမယ်လို့ ကတိပြုကြပါတယ်” ဟု ကိုယ်တိုင်တွေ့ဆုံခဲ့သူ တပ်ပေါင်းစု ၁၀ ဖွဲ့၏ နိုင်ငံခြားရေးရာ ပူးပေါင်းဆောင်ရွက်ရေး တာဝန်ခံ ကိုမိုးဇော်ဦးက မဇ္ဈိမကို ပြောသည်။
ပြည်ပအတိုက်အခံ ၁၀ ဖွဲ့ ပူးပေါင်းကာ ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် ကိုမိုးဇော်ဦး၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု FDB မှ နိုင်ငံခြားရေးရာ အတွင်းရေးမှူး မခင်ဥမ္မာ၊ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ကိုယ်စားလှယ် မခင်စန်းထွေး၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB တွဲဖက်အထွေထွေ အတွင်းရေးမှူး ၃ ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် မြန်မာလွှတ်တော် ကိုယ်စားလှယ် ကိုဝင်းလှိုင်တို့က မလေးရှားအမတ်များနှင့် တွေ့ဆုံကာ မြန်မာ့အရေး တင်ပြခဲ့ကြခြင်း ဖြစ်သည်။
၎င်းတို့က မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ရုံးဝန်ကြီး မစ္စတာ Adbul Aziz ၊ ပါလီမန် အတိုက်အခံခေါင်းဆောင်နှင့် ဒုဝန်ကြီးချုပ်ဟောင်း မစ္စတာ Anwar Ibrahim ၊ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ ဥက္ကဋ္ဌ Lim Kit Siang တို့ အပါအဝင် ယခုလ ၇ ရက်နေ့တွင် အောက်လွှတ်တော်အမတ် ၃ဝ ဦး၊ ၈ ရက်နေ့တွင် အထက်လွှတ်တော်အမတ် ၃ ဦးတို့နှင့် တွေ့ဆုံခဲ့ကြသည်။
မလေးရှား လွှတ်တော်အမတ်များသည် စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကုလသမဂ္ဂမှ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်း စစ်ဆေးရေးကို ၎င်းတို့အစိုးရက ထောက်ခံအားပေးရန်နှင့် မလေးရှားရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၊ ဒုက္ခသည်များကို အကာအကွယ်ပေးမည့် ဥပဒေများကို လွှတ်တော်မှတဆင့် ပြဋ္ဌာန်းပေးရန်တို့ကိုပါ ပါလီမန်အတွင်း လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့ကြသည်။
မလေးရှားပါလီမန်တွင် အမတ်ပေါင်း ၂၉၂ ဦးရှိပြီး အထက်လွှတ်တော်တွင် ၇၀ ဦး ပါဝင်ကာ အောက်လွှတ်တော်တွင် ၂၀၀၈ ခုနှစ်က ၁၂ ကြိမ်မြောက် ကျင်းပခဲ့သည့် ရွေးကောက်ပွဲမှ တင်မြှောက်ခဲ့သည့် အမတ် ၂၂၂ ဦး ပါဝင်သည်။
“ကျနော်တို့ အဓိက ရည်ရွယ်တာက စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့နဲ့ ရွေးကောက်ပွဲရလဒ်ကို လက်မခံဖို့အတွက် မလေးရှားအပြင် နိုင်ငံတကာ အစိုးရတွေကို တိုက်တွန်းသွားဖို့ ရည်ရွယ်ပါတယ်” ဟု ကိုမိုးဇော်ဦးက ပြောသည်။
တပ်ပေါင်းစု ၁၀ ဖွဲ့အနေဖြင့် ပထမဦးစွာ အာဆီယံနိုင်ငံများမှ အစိုးရများကို ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး တိုက်တွန်းသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် ဥရောပနိုင်ငံများနှင့် အမေရိကန်နိုင်ငံတို့ကိုပါ ဆက်လက်၍ တိုက်တွန်းသွားမည်ဟု သိရသည်။
ပြည်ပအတိုက်အခံ ၁၀ ဖွဲ့ ပေါင်းစုထားသည့် တပ်ပေါင်းစုကို ၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်းက စတင်ဖွဲ့စည်းခဲ့ပြီး အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ NCGUB ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)၊ မြန်မာနိုင်ငံ ဒီမိုကရေစီအင်းအားစု FDB ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB နှင့် မြန်မာနိုင်ငံ လွှတ်တော်ကိုယ်စားလှယ်များ သမဂ္ဂ MPU စသည့် အဖွဲ့များလည်း ပါဝင်သည်။
စစ်အစိုးရသည် ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းယူခဲ့ပြီးနောက် ၁၉၉၀ ခုနှစ်တွင် ပါတီစုံ ရွေးကောက်ပွဲ ကျင်းပပေးခဲ့ရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က နိုင်ငံတဝှန်း အမတ်နေရာ ၈၂ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရရှိခဲ့သ်ာလည်း စစ်အစိုးရက အာဏာ လွှဲပြောင်းပေးအပ်ခြင်း မရှိဘဲ နှစ်ပေါင်း ၂၀ အကြာတွင် ရွေးကောက်ပွဲအသစ်တခု ထပ်မံကျင်းပရန် ပြင်ဆင်နေသည်။
ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့တွင် စစ်အစိုးရသည် ရွေးကောက်ပွဲ ဥပဒေများကို ထုတ်ပြန်ခဲ့ရာ၊ ယင်းဥပဒေအရ နေအိမ်တွင် အထိန်းသိမ်းခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ရွေးကောက်ပွဲတွင် ပါဝင်ခွင့် မရရှိစေရန် ကန့်သတ်ထားသည်။
ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတမှု မရှိဟုဆိုကာ NLD က ရွေးကောက်ပွဲမဝင်ရန် ဆုံးဖြတ်ခဲ့သည်။ Rest of your post
Saturday, July 10, 2010
မလေးရှား အမတ်များက ဤသို့ ဆန္ဒပြုသည်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
July
(264)
- Nonviolence leaders
- ခါးသီးသော၈၈၈၈.လေးလုံးအမှတ်တရများ
- မြန်မာပြည်ကအင်တာနက်ဆိုင်မှာ ဂျီတော့ခ်သုံးရင် ပတ်စ်...
- ဘောလုံးသမား သူငယ်ချင်းများ
- လောဘဆိုတဲ့ အပူမီး..ဒေါသဆိုတဲ့ အပူမီး..သောကဆိုတဲ့ အ...
- နိုင်တော့မယ်တဲ့ .......( ၁၉၉၀ ရွေးကောက်ပွဲမှာ ဂျွမ...
- Mr creator ၏
- သန်းရွှေရဲ. မာယာခရီးကြမ်း
- ယုတ်ညံ့သူအကျင့်အကြံ
- အုပ်စုလေးတစု ချမ်းသာကြွယ်ဝရေးအတွက်..ရင်လေးဘိ ...ဗမ...
- လူမိုက်သည် လူမိုက်နှင့်သာ နေ၏။
- နိုင်ရာတာဝန်
- ကြားဖူးပေါင်..ကိုယ့်ခေါင်းကိုတော့ ကြိုးကွင်လျှိုမေ...
- DKBA တပ်မဟာ (၅) မှူး ဗိုလ်မှူးကြီး စောလားပွဲ (ဗိုလ...
- တတ်နိုင်သမျှ
- အရေးပေါ် ကြားဖြတ်သတင်း
- ၂၀၁၂ တွင် အင်တာနက် စနစ်များ ပြတ်တောက် မည်ဟု ဆို( အ...
- သိပ်နှမြောစရာကောင်းတဲ့ အမွေအနှစ်တွေ ဘယ်သူဖျက်?
- ဝေးဝေးကြည့်၊ နက်နက်တွေး
- မိအေးနှစ်ခါနာ
- "အတိတ်သမိုင်းပြန်လှန်တဲ့အခါဆင်ခြင်စရာ"
- စအိုပေါက် မပါသည့် ကလေး တစ်ဦး အကူအညီ လိုအပ်နေ
- ရွေးကောက်ပွဲ တရားမျှတမှု ရှိမည်မဟုတ်ဟု ဒေါ်အောင်ဆန်း...
- စစ်ပြေးဒုက္ခသည် ၇ဝဝ ကျော် စားနပ်ရိက္ခာ အရေးပေါ်လို
- လေးစားထိုက်သော တေးရေးဆရာ
- ၀င်တယ် ထွက်တယ်
- ခရစ္စမတ်နေ့မှာ သေဒဏ်စီရင်ခြင်း ခံခဲ့ရတဲ့ အာဏာရှင် ဇ...
- ပြည်သူလူထုနှင့် တပ်မတော်သား အားလုံးအတွက် အလွန်လိုအ...
- သိုဟန်ဘွားလိုမင်းနှင့် မင်းကြီးရန်နောင်လိုလူ
- တစ်ပြိုင်နက် သားနှစ်ယောက်ဆုံးရသူ၏ ရင်တွင်းစကား နှင...
- ရှမ်းပြည်မှာပြောင်ကြီးဦးဆောင်တဲ့....................
- သွေး စကား
- အဖေက တရုတ် အမေက ကုလား ဦးလေးက မြောက်ကိုးရီယား
- ဖားကန့်တံတား ကျိုးသဖြင့်
- မလိမ့်တပတ်နည်းလမ်းများဖြင့်
- စိတ်ပျက်ဖွယ်ရာပြည်မြန်မာ
- နောက်တော့လဲ ဒုံရင်းဒုံရင်းပါဘဲ
- နအဖ က စလျှင် ပြန်လည်တိုက်ခိုက်ရန် ဒီကေဘီအေ စစ်ရေးအ...
- ရာဇဝတ်ကောင်ဟု ဒေလီရောက် မြန်မာများ ပြောဆို
- ဖားကန့်ဒေသအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ...
- သန်းရွှေ ခရီးစဉ်တလျှောက် အိန္ဒိယရောက်မြန်မာများ ဆန္ဒပြ
- နိုင်ငံပိုင်ငွေနှင့်
- ငွေချေးလိုပါက ကြံ့ဖွံ့ပါတီ ၀င်ရကြောင်း မင်္ဂလာဈေးမှ...
- ယုံချင်ယုံ မယုံချင်နေ ... ဥာဏ်ဝင်း ပြောတဲ့ စကား
-်တပ်စခန်းတခုအား ကရင်နီတပ်မတော် သိမ်းဆည်း
- သားသတ်သမားသည် သားသတ်သည့်အကြောင်းသာတွေး၏ ၊ကျွဲပါးဆေ...
- စစ်ရေးတင်းမာ၍ ကရင်ဒုက္ခသည်များ ထိုင်းဘက်ထွက်ပြေး
- အန္ဒိယတွင် သန်းရွှေအား သောင်းသောင်းဖြဖြကြိုဆို။
- သဘာဓါတ်ငွေ့ နဲ့ စီးပွါးဖြစ်နေတဲ့ စစ်အစိုးရနဲ့ ရေနံ...
- ဘင်္ဂလာပိုင်နက်ထဲ ကျူးကျော် ၀င်ရောက်သူ နစက ၂ ဦး ဖမ်...
- Military chief Than Shwe on goodwill visit to India
- ဗုဒ္ဓဂါယာမှာ သန်းရွှေကို ဆန့်ကျင်နေကြပြီ
- 26.7.2010 တနင်္လာနေ့ (၀ါဆိုလပြည့် နေ့ )တွင် ဂရုဏာလက်...
- အမေရိကန် မှ မြန်မာနိုင်ငံအပေါ် စီးပွားပွားရေးပိတ်ဆိ...
- မြောက်ကိုးရီးယားခြိမ်းချောက်ထားသည့်ကြားမှ အမေရိကန်...
- ဂျပန်ဝန်ကြီးချုပ်ကတော် ခင်ပွန်းသည်ကို ဝေဖန်
- အင်းလေးကန်အတွင်း၌ ကျေးရွာများ၊ အိမ်များ၊ ကျွန်းမှေ...
- ရွေးကောက်ပွဲအပေါ် လူထု ယုံကြည် မျှော်လင့်မှု နည်းပါး
- ကြံ့ဖွံ့ပါတီဝင်အင်အား ၈ သန်းကျော်ရှိဟု ဆို
- နိုင်ချေမရှိသည့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေသည့် ...
- ဗိုလ်ချုပ်မှူးကြီး အိန္ဒိယခရီးစဉ် သံဃာတချို့ သပိတ်မေ...
- မင်း၏ အဖြစ်ကို ရသော် တခဏခြင်းဖြင့်ဖောက်ပြန်၏၊ ပရိသ...
- ဖာပွန်ခရိုင်မှ သဒါးဒဲကျေးရွာ ရွာလုံးကျွတ် မီးရှို့ခံရ
- ငရဲလားမယ့် အဇာတသ
- ကျွန်ူပ်တို့၏ တာဝန်ဝတ္တရား
- နှုတ်ဆက်ခဲ့ပါတယ် ကျွန်တော်ပြေးတော့မယ်
- နမ့်ခမ်းလျှပ်စစ်မီးကို ပုဂ္ဂလိကကန်ထရိုက်ဆွဲခွင့်ပေး...
- ရှုတ်ချ ကန့်ကွက်ကြောင်း
- ဥပဒေ စစ်
- ၂၀၁၀ မသမာသူများ ရွေးကောက်ပွဲအပြီးတွင် မြင်ရမယ့် မှ...
- India’s Engagement and Burma’s Juntaရှိတာရောင်းဖို...
- Washington renews Burma sanctions
- အိုဘားမားရဲ့ မြန်မာနိုင်ငံ မူဝါဒကို ကုလသမဂ္ဂရဲ့ ကို...
- ပညာရေးစနစ်က နိမ့် တော့ လူတွေလည်း အသိပညာနိမ့်  ၊ အသ...
- မြန်မာပြည် ပိတ်ဆို့ရေး အမေရိကန် အထက်လွှတ်တော် ထပ်မံ...
- ဖားကန့်တွင် ချောင်းရေလျှံသဖြင့် မြို့ပေါ်ရပ်ကွက်မျာ...
- ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူများေ...
- ဌာနပိုင် အဆောက်အအုံအတွင်း ပုဂ္ဂလိကကို အငှားချထားရန်...
- သမိုင်းပြန်လှန်ကြည့်ရအောင်
- သံဃာတော်များကို ဇွန် ၃၀ နောက်ဆုံးထားပြီး ရွှေတိဂုံဘ...
- USDP ကြိုတင် မဲစာရင်းများကောက်
- ကရင်စစ်ပြေးဒုက္ခသည် ၄၅၀၀ ကျော် ငှက်ဖျားဆေး လိုအပ်ဟု...
- လာနီညာ ရာသီဥတုကြောင့် ရေကြီး မြေပြိုမှုများ ဖြစ်နိုင်
- မြန်မာနိုင်ငံ၌ ဆေးလိပ်သောက်ရန် သီးသန့်နေရာထားရှိပေ...
- ရွေးကောက်ပွဲဆိုင်ရာ မူဝါဒ မပြောင်းလဲလျှင် ဂျပန်အနေ...
- ကုန်းတွင်းပိုင်း ရေနံတွင်းကြီးတတွင်း ထပ်တွေ့
- ကြံ့ဖွံ့ကို ထောက်ခံရန် မှတ်ပုံတင် အခမဲ့လုပ်ပေး
- ရွေးကောက်ပွဲလား သူ ကစား နေတယ်။
- လူထု ၇၇ ရာခိုင်နှုန်း မဲပေးမည်ဟု Myanmar Egress ပြော
- ကြံ့  ဖွတ်ရှူးတွေ လမ်းကိုပြည်သူ့ စားရိတ်နဲ့ ခင်းပြ...
- စစ်တပ်သည် ပြည်သူအတွက်မဟုတ် ပြည်သူပိုင် ပစ္စည်းသည် စ...
- ဖားပြုတ် မှူးကြီး သန်းရွှေ
- တနိုင်ငံလုံးသည် အမှောင်ကျ အကျဉ်းချခံထားရ၏၊ နိုင်ငံ...
- ဥာဏ်ဝင်းလည်း လူတကာလိမ်ရတာ ပြုံးပြရတာ အ ကုသိုလ်တခု
- အရှက်မဲ့  ပြောပုံက ဒီလို
- စာသင်ရမည့်အရွယ်တွင် အလုပ်လုပ်နေကြသော လူမမယ် ကလေးများ
- ဗြိတန် ဝေဖန်
- ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်က ဘယ်မလဲ ငလိမ်ကောင်တို့ ရေ။
- မော်စံပြကျေးရွာ ပတ်ဝန်းကျင်ရှိ ၀က်များတွင် ထူးဆန်း...
- ခံတွင်းကင်ဆာ ဖြစ်ပွားသူအားလုံး၏ ၉၀ ရာခိုင်နှုန်းခန်...
-
▼
July
(264)
No comments:
Post a Comment