ခမောက်ကိစ္စ ကန့်ကွက်ခံရတဲ့ NDF မှတ်ပုံတင်ကျပြီ။ By ကိုဇော်ဝင်းလှိုင် စနေ, 10 ဇူလိုင် 2010 ဓာတ်ပုံ
NLD အဖွဲ့ဝင်များကို ရန်ကုန်မြို့က ပါတီဌာနချုပ်တွင် တွေ့ရပုံ (မတ်လ ၂၉၊ ၂၀၁၀)
ခမောက်ပုံတံဆိပ်ပါတီ အမှတ်တံဆိပ်အဖြစ် အသုံးပြုမယ့်ကိစ္စနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင်ထံမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တရားဝင် ကန့်ကွက်ထားတဲ့ကြားကပဲ ရွေးကောက်ပွဲကော်မရှင်ဟာ NDF ကို နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ပါပြီ။ ရွေးကောက်ပွဲကော်မရှင်က အခုလို NDF ပါတီကို မှတ်ပုံတင်ခွင့်ပြုလိုက်တာဟာ ခမောက်ပုံ တံဆိပ်ကိုလည်း အသုံးပြုခွင့် ပြုလိုက်တာလို့ ယူဆရမှာဖြစ်တဲ့အကြောင်း NDF ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုလိုက်တဲ့အကြောင်း ရွေးကောက်ပွဲ ကော်မရှင်က မနေ့က ရက်စွဲနဲ့ တရားဝင်ထုတ်ပြန်ခဲ့တာပါ။ ပါတီကို အခုမှ မှတ်ပုံတင်ခွင့် ပြုလိုက်တာကြောင့် ပါတီ လုပ်ငန်းစဉ်တွေကို အခုမှ တရားဝင် စတင်လုပ်ဆောင်ရမယ်လို့ ပါတီအကြီးအကဲတဦး ဖြစ်တဲ့ ဦးခင်မောင်ဆွေက ပြောပါတယ်။
“ဟုတ်ပါတယ်။ ကျနော်တို့ မှတ်ပုံတင်ခွင့်ကို အခုမှ တရားဝင်ခွင့်ပြုလိုက်ပြီ ဆိုတော့ အခုကမှစပြီးတော့ ကျနော်တို့ စည်းရုံးရေးတွေကို ယခင်ချထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ကျနော်တို့ စည်းရုံးရေး ဆင်းလို့ရပါပြီခင်ဗျ။ အခုကတော့ ကျနော်တို့က ပါတီ ဥက္ကဋ္ဌ အတွင်းရေးမှူး စသည်ဖြင့် ပါတီဖွဲ့စည်းပုံကို မှတ်ပုံတင်ကျပြီးမှပဲ ကျနော်တို့က အစည်းအဝေး ခေါ်ပြီးတော့ တရားဝင် ရွေးချယ်မှာ ဖြစ်ပါတယ်။ ဒေါက်တာ သန်းငြိမ်းကိုတော့ အစကတည်းက ဥက္ကဌ အဖြစ် ကျနော်တို့က သဘောတူထားတဲ့အတွက်ကြောင့်မိုလို့ သူကတော့ အားလုံး သိပြီးဖြစ်ပါတယ်။ ပါတီအဖွဲ့ကိုတော့ဖြင့် ဒေါက်တာ သန်းငြိမ်း ဦးဆောင်ပြီးတော့ ပြန်လည်ဖွဲ့စည်းဖို့အတွက် ကျနော်တို့ အစည်းအဝေး ခေါ်ရမှာပါ။ ရှေ့အပတ်ထဲမှာပဲ ကျနော်တို့ အစည်းအဝေး ခေါ်ပါမယ်။”
တဘက်မှာ ခမောက်ပုံတံဆိပ် အသုံးပြုတဲ့အပေါ် NLD ပါတီက ကန့်ကွက်မှုရှိထားတာကြောင့် အခုလို မှတ်ပုံတင်ခွင့် ပြုလိုက်တာဟာ ရွေးကောက်ပွဲကော်မရှင်က ခမောက်ပုံတံဆိပ်ကို NDF ပါတီအနေနဲ့ တရားဝင် အသုံးပြုခွင့် ပေးလိုက်တဲ့သဘောမျိုး ဖြစ်တယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။
“ကျနော်တို့ ထင်တာကတော့ ကော်မရှင်က ကန့်သတ်ထားတဲ့စည်းမျဉ်းပေါ့လေ၊ ဘာသာ သာသနာနဲ့ပတ်သက်တဲ့ အထိမ်းအမှတ်တွေ မပို့ရဘူး၊ ဒို့အရေး ၃ ပါးကို ဆန့်ကျင်တဲ့ အထိန်းအမှတ် မဖြစ်ရဘူး။ နောက်ပြီးတော့ တင်ထားတဲ့ ပါတီမှတ်ပုံတင်ပြီးသား ပါတီတွေ၊ မှတ်ပုံတင်ဆဲ ပါတီတွေရဲ့ တံဆိပ်တွေ အလံတွေ မဖြစ်ရဘူး ဆိုတဲ့ ကန့်သတ်ချက် ၃ ချက် ကျနော်တို့ အဓိက ကင်းလွတ်ပါတယ်။ ကင်းလွတ်လို့ ကျနော်တို့ကို ချပေးတယ်လို့ပဲ ယူဆပါတယ်။ ပထမ ၁၉၉၀ ခုနှစ်ကဥစ္စာကလည်း ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကာလအတွက် အသုံးပြုဖို့ ခွင့်ပြုတဲ့တံဆိပ် အမှတ် လက္ခဏာပါ။ ရွေးကောက်ပွဲ သင်္ကေတပါ။ အခု ကျနော်တို့ မှတ်ပုံတင်တဲ့ဟာက ဒီပါတီရဲ့ တံဆိပ်ပါ။ အလံနဲ့ တံဆိပ်ကို မှတ်ပုံတင်တာပါ။ အဲဒီတော့ အတော်လေးလည်း ကွဲပြားပါတယ်။ ဟိုဟာက ရွေးကောက်ပွဲ သင်္ကေတ အဖြစ် ချပေး ပြီးတော့ အဲဒီတုန်းက NLD အနေနဲ့ မှတ်ပုံတင်ပြီးတော့ ယူတာ မဟုတ်ပါဘူး။
“ရွေးကောက်ပွဲကော်မရှင်က ဒီ စားပွဲသုံးခုပေါ့ဗျာ။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အသုံးပြုဖို့အတွက် ချပေးထားတဲ့ ရွေးကောက်ပွဲ သင်္ကေတ ဖြစ်ပါတယ်။ ဒါကြောင့် ကွဲပြားပါတယ်။ ဒါပေမဲ့ မပြေလည်ဘူးဆိုရင် သူတို့ သတင်းစာမှာ အကြောင်းကြားပါတယ်။ ကန့်ကွက်တဲ့ အတွက်ကြောင့်မို့လို့ ဘယ်လို ကန့်ကွက်တယ်။ ဒါကို ပြန်လည် ပြင်ဆင်ပေးပါ ဆိုပြီးတော့ သတင်းစာမှာ ကြေညာလေ့ ရှိပါတယ်။ အခုဟာ သတင်းစာမှာ အဲဒါတွေ မကြေညာဘဲနဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ တင်သွင်းလာတာ တွေ့ရတဲ့အတွက် ပါတီ မှတ်ပုံတင်ခွင့်ကို ချပေး လိုက်ပြီ ဆိုတဲ့အခါကျတော့ အဲဒီကိစ္စတွေအားလုံး ပြီးသွားပြီဖြစ်ပါတယ်ခင်ဗျာ။ ပြေလည်သွားပြီဖြစ်ပါတယ်။”
ရွေးကောက်ပွဲကော်မရှင်က အခုလို မှတ်ပုံတင်ခွင့်ပြုလိုက်တာဟာ NLD က ကန့်ကွက်လွှာ တင်သွင်းထားတာကို အသိအမှတ် မပြုတဲ့ သဘော ရောက်နေပြီး ဒါဟာ ဥပဒေအရ လုပ်ဆောင်တာမဟုတ်ဘဲ သူတို့သဘောနဲ့သူတို့ ဆုံးဖြတ် လုပ်ဆောင်တာ ဖြစ်မယ်လို့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်း တုံ့ပြန် ပြောဆိုပါတယ်။
“အခု မှတ်ပုံတင်ခွင့် ပေးလိုက်တယ်ဆိုတော့ ဒီကန့်ကွက်ချက်တွေကို ထည့်မစဉ်းစားဘူး ဆိုတဲ့ သဘောလို့တော့ ထင်တယ်။ ကျနော် တိတိကျကျ မသိပါဘူး။ ဥပဒေအရလို့တော့ ကျနော် လက်မခံနိုင်ဘူး။ ဒါ သူတို့ ဆုံးဖြတ်ချင်တဲ့ဟာကို ဆုံးဖြတ်သွားတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါလိမ့်မယ်။”
NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောသွားတာပါ။ NDF ပါတီက ခမောက်ပုံတံဆိပ် အသုံးပြုမယ့်အပေါ် ရွေးကောက်ပွဲ ကော်မရှင်မှာ ကန့်ကွက်ထားတဲ့ကိစ္စနဲ့ ပတ်သက်လို့တော့ NLD လူကြီးပိုင်းတွေ မကြာခင် တွေ့ဆုံဆွေးနွေးပြီးမှပဲ ရှေ့ ဘာဆက်လုပ်မယ် ဆိုတာကို သိနိုင်မယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
NDF ပါတီဟာ အရင် NLD ပါတီကခွဲထွက်သွားခဲ့ကြတဲ့ ဗဟိုအလုပ်အမှုဆောင် တချို့ အပါအ၀င် ပါတီခေါင်းဆောင်ဟောင်း တချို့နဲ့ ပြန်လည် ဖွဲ့စည်းထားတဲ့ ပါတီတခုဖြစ်ပါတယ်။ သူတို့အနေနဲ့ ဒီမိုကရေစီရဖို့ လုပ်ဆောင်တဲ့နေရာမှာ နိုင်ငံရေးလုပ်ငန်းစဉ် ထဲမှာ ဆက်လက်တည်ရှိနေပြီး ပေါ်လာတဲ့အခွင့်အရေးကို အမိအရ ဆုပ်ကိုင် လုပ်ဆောင်ကြရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေကြတာဖြစ်ပါတယ်။Rest of your post
Sunday, July 11, 2010
မိခင် NLD ကိုတောင်ခြေကန်ထွက်ပြီး သစ္စာမဲ့သွားတဲ့အဖွဲ့  ဒီလိုလူတွေ အနိုင်ရလို့  ဘယ်လိုလုပ်သွား ယုံရမလဲဗျာ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
July
(264)
- Nonviolence leaders
- ခါးသီးသော၈၈၈၈.လေးလုံးအမှတ်တရများ
- မြန်မာပြည်ကအင်တာနက်ဆိုင်မှာ ဂျီတော့ခ်သုံးရင် ပတ်စ်...
- ဘောလုံးသမား သူငယ်ချင်းများ
- လောဘဆိုတဲ့ အပူမီး..ဒေါသဆိုတဲ့ အပူမီး..သောကဆိုတဲ့ အ...
- နိုင်တော့မယ်တဲ့ .......( ၁၉၉၀ ရွေးကောက်ပွဲမှာ ဂျွမ...
- Mr creator ၏
- သန်းရွှေရဲ. မာယာခရီးကြမ်း
- ယုတ်ညံ့သူအကျင့်အကြံ
- အုပ်စုလေးတစု ချမ်းသာကြွယ်ဝရေးအတွက်..ရင်လေးဘိ ...ဗမ...
- လူမိုက်သည် လူမိုက်နှင့်သာ နေ၏။
- နိုင်ရာတာဝန်
- ကြားဖူးပေါင်..ကိုယ့်ခေါင်းကိုတော့ ကြိုးကွင်လျှိုမေ...
- DKBA တပ်မဟာ (၅) မှူး ဗိုလ်မှူးကြီး စောလားပွဲ (ဗိုလ...
- တတ်နိုင်သမျှ
- အရေးပေါ် ကြားဖြတ်သတင်း
- ၂၀၁၂ တွင် အင်တာနက် စနစ်များ ပြတ်တောက် မည်ဟု ဆို( အ...
- သိပ်နှမြောစရာကောင်းတဲ့ အမွေအနှစ်တွေ ဘယ်သူဖျက်?
- ဝေးဝေးကြည့်၊ နက်နက်တွေး
- မိအေးနှစ်ခါနာ
- "အတိတ်သမိုင်းပြန်လှန်တဲ့အခါဆင်ခြင်စရာ"
- စအိုပေါက် မပါသည့် ကလေး တစ်ဦး အကူအညီ လိုအပ်နေ
- ရွေးကောက်ပွဲ တရားမျှတမှု ရှိမည်မဟုတ်ဟု ဒေါ်အောင်ဆန်း...
- စစ်ပြေးဒုက္ခသည် ၇ဝဝ ကျော် စားနပ်ရိက္ခာ အရေးပေါ်လို
- လေးစားထိုက်သော တေးရေးဆရာ
- ၀င်တယ် ထွက်တယ်
- ခရစ္စမတ်နေ့မှာ သေဒဏ်စီရင်ခြင်း ခံခဲ့ရတဲ့ အာဏာရှင် ဇ...
- ပြည်သူလူထုနှင့် တပ်မတော်သား အားလုံးအတွက် အလွန်လိုအ...
- သိုဟန်ဘွားလိုမင်းနှင့် မင်းကြီးရန်နောင်လိုလူ
- တစ်ပြိုင်နက် သားနှစ်ယောက်ဆုံးရသူ၏ ရင်တွင်းစကား နှင...
- ရှမ်းပြည်မှာပြောင်ကြီးဦးဆောင်တဲ့....................
- သွေး စကား
- အဖေက တရုတ် အမေက ကုလား ဦးလေးက မြောက်ကိုးရီယား
- ဖားကန့်တံတား ကျိုးသဖြင့်
- မလိမ့်တပတ်နည်းလမ်းများဖြင့်
- စိတ်ပျက်ဖွယ်ရာပြည်မြန်မာ
- နောက်တော့လဲ ဒုံရင်းဒုံရင်းပါဘဲ
- နအဖ က စလျှင် ပြန်လည်တိုက်ခိုက်ရန် ဒီကေဘီအေ စစ်ရေးအ...
- ရာဇဝတ်ကောင်ဟု ဒေလီရောက် မြန်မာများ ပြောဆို
- ဖားကန့်ဒေသအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ...
- သန်းရွှေ ခရီးစဉ်တလျှောက် အိန္ဒိယရောက်မြန်မာများ ဆန္ဒပြ
- နိုင်ငံပိုင်ငွေနှင့်
- ငွေချေးလိုပါက ကြံ့ဖွံ့ပါတီ ၀င်ရကြောင်း မင်္ဂလာဈေးမှ...
- ယုံချင်ယုံ မယုံချင်နေ ... ဥာဏ်ဝင်း ပြောတဲ့ စကား
-်တပ်စခန်းတခုအား ကရင်နီတပ်မတော် သိမ်းဆည်း
- သားသတ်သမားသည် သားသတ်သည့်အကြောင်းသာတွေး၏ ၊ကျွဲပါးဆေ...
- စစ်ရေးတင်းမာ၍ ကရင်ဒုက္ခသည်များ ထိုင်းဘက်ထွက်ပြေး
- အန္ဒိယတွင် သန်းရွှေအား သောင်းသောင်းဖြဖြကြိုဆို။
- သဘာဓါတ်ငွေ့ နဲ့ စီးပွါးဖြစ်နေတဲ့ စစ်အစိုးရနဲ့ ရေနံ...
- ဘင်္ဂလာပိုင်နက်ထဲ ကျူးကျော် ၀င်ရောက်သူ နစက ၂ ဦး ဖမ်...
- Military chief Than Shwe on goodwill visit to India
- ဗုဒ္ဓဂါယာမှာ သန်းရွှေကို ဆန့်ကျင်နေကြပြီ
- 26.7.2010 တနင်္လာနေ့ (၀ါဆိုလပြည့် နေ့ )တွင် ဂရုဏာလက်...
- အမေရိကန် မှ မြန်မာနိုင်ငံအပေါ် စီးပွားပွားရေးပိတ်ဆိ...
- မြောက်ကိုးရီးယားခြိမ်းချောက်ထားသည့်ကြားမှ အမေရိကန်...
- ဂျပန်ဝန်ကြီးချုပ်ကတော် ခင်ပွန်းသည်ကို ဝေဖန်
- အင်းလေးကန်အတွင်း၌ ကျေးရွာများ၊ အိမ်များ၊ ကျွန်းမှေ...
- ရွေးကောက်ပွဲအပေါ် လူထု ယုံကြည် မျှော်လင့်မှု နည်းပါး
- ကြံ့ဖွံ့ပါတီဝင်အင်အား ၈ သန်းကျော်ရှိဟု ဆို
- နိုင်ချေမရှိသည့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေသည့် ...
- ဗိုလ်ချုပ်မှူးကြီး အိန္ဒိယခရီးစဉ် သံဃာတချို့ သပိတ်မေ...
- မင်း၏ အဖြစ်ကို ရသော် တခဏခြင်းဖြင့်ဖောက်ပြန်၏၊ ပရိသ...
- ဖာပွန်ခရိုင်မှ သဒါးဒဲကျေးရွာ ရွာလုံးကျွတ် မီးရှို့ခံရ
- ငရဲလားမယ့် အဇာတသ
- ကျွန်ူပ်တို့၏ တာဝန်ဝတ္တရား
- နှုတ်ဆက်ခဲ့ပါတယ် ကျွန်တော်ပြေးတော့မယ်
- နမ့်ခမ်းလျှပ်စစ်မီးကို ပုဂ္ဂလိကကန်ထရိုက်ဆွဲခွင့်ပေး...
- ရှုတ်ချ ကန့်ကွက်ကြောင်း
- ဥပဒေ စစ်
- ၂၀၁၀ မသမာသူများ ရွေးကောက်ပွဲအပြီးတွင် မြင်ရမယ့် မှ...
- India’s Engagement and Burma’s Juntaရှိတာရောင်းဖို...
- Washington renews Burma sanctions
- အိုဘားမားရဲ့ မြန်မာနိုင်ငံ မူဝါဒကို ကုလသမဂ္ဂရဲ့ ကို...
- ပညာရေးစနစ်က နိမ့် တော့ လူတွေလည်း အသိပညာနိမ့်  ၊ အသ...
- မြန်မာပြည် ပိတ်ဆို့ရေး အမေရိကန် အထက်လွှတ်တော် ထပ်မံ...
- ဖားကန့်တွင် ချောင်းရေလျှံသဖြင့် မြို့ပေါ်ရပ်ကွက်မျာ...
- ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူများေ...
- ဌာနပိုင် အဆောက်အအုံအတွင်း ပုဂ္ဂလိကကို အငှားချထားရန်...
- သမိုင်းပြန်လှန်ကြည့်ရအောင်
- သံဃာတော်များကို ဇွန် ၃၀ နောက်ဆုံးထားပြီး ရွှေတိဂုံဘ...
- USDP ကြိုတင် မဲစာရင်းများကောက်
- ကရင်စစ်ပြေးဒုက္ခသည် ၄၅၀၀ ကျော် ငှက်ဖျားဆေး လိုအပ်ဟု...
- လာနီညာ ရာသီဥတုကြောင့် ရေကြီး မြေပြိုမှုများ ဖြစ်နိုင်
- မြန်မာနိုင်ငံ၌ ဆေးလိပ်သောက်ရန် သီးသန့်နေရာထားရှိပေ...
- ရွေးကောက်ပွဲဆိုင်ရာ မူဝါဒ မပြောင်းလဲလျှင် ဂျပန်အနေ...
- ကုန်းတွင်းပိုင်း ရေနံတွင်းကြီးတတွင်း ထပ်တွေ့
- ကြံ့ဖွံ့ကို ထောက်ခံရန် မှတ်ပုံတင် အခမဲ့လုပ်ပေး
- ရွေးကောက်ပွဲလား သူ ကစား နေတယ်။
- လူထု ၇၇ ရာခိုင်နှုန်း မဲပေးမည်ဟု Myanmar Egress ပြော
- ကြံ့  ဖွတ်ရှူးတွေ လမ်းကိုပြည်သူ့ စားရိတ်နဲ့ ခင်းပြ...
- စစ်တပ်သည် ပြည်သူအတွက်မဟုတ် ပြည်သူပိုင် ပစ္စည်းသည် စ...
- ဖားပြုတ် မှူးကြီး သန်းရွှေ
- တနိုင်ငံလုံးသည် အမှောင်ကျ အကျဉ်းချခံထားရ၏၊ နိုင်ငံ...
- ဥာဏ်ဝင်းလည်း လူတကာလိမ်ရတာ ပြုံးပြရတာ အ ကုသိုလ်တခု
- အရှက်မဲ့  ပြောပုံက ဒီလို
- စာသင်ရမည့်အရွယ်တွင် အလုပ်လုပ်နေကြသော လူမမယ် ကလေးများ
- ဗြိတန် ဝေဖန်
- ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်က ဘယ်မလဲ ငလိမ်ကောင်တို့ ရေ။
- မော်စံပြကျေးရွာ ပတ်ဝန်းကျင်ရှိ ၀က်များတွင် ထူးဆန်း...
- ခံတွင်းကင်ဆာ ဖြစ်ပွားသူအားလုံး၏ ၉၀ ရာခိုင်နှုန်းခန်...
-
▼
July
(264)
No comments:
Post a Comment