Friday, October 15, 2010

တလွဲမထင်ပါနဲ့ မေတ္တာမျှတာပါ။

ကြံ့ဖွံ့ဆိုင်းဘုတ်များ ဆေးနီပက်ခံရ
ဆလိုင်းထွန်း | သောကြာနေ့၊ အောက်တိုဘာလ ၁၅ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၁၉ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ သာယာဝတီမြို့တွင် ဆန့်ကျင်သူများက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်များကို ယမန်နေ့ နံနက်တွင် ဆေးနီများဖြင့် ပက်ဖျန်းမှုကြောင့် ပါတီဝင်များက ပြန်လည်ပြင်ဆင်မှုလုပ်နေရသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။

ကြံ့ဖွံ့ တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးတင်စိုး နေအိမ်ရှေ့ ဆိုင်းဘုတ်၊ ၃ဝ တံတားဦးထိပ်၊ အလယ်ကုန်း ဘုရားအနီး ကားမှတ်တိုင်၊ သာယာဝတီလမ်းကွေ့နှင့် ချမ်းမြေ့တည်းခိုခန်းရှေ့ အပါအဝင် ၁ဝ နေရာခန့်နှင့် ခယက ခရိုင်ကောင်စီ ဆိုင်းဘုတ်တခု ဆေးနီများ ပက်ဖျန်းခံခဲ့ရပြီးနောက် ပြင်ဆင်ရခြင်းဖြစ်သည်။ အချို့ဆိုင်းဘုတ်များပေါ်တွင် ဆဲရေးတိုင်းထွာ ရေးသားမှုများလည်း ရှိခဲ့သည်ဟုဆိုသည်။

ဆေးနီပက်ဖျန်းခြင်းနှင့် ပတ်သက်၍ ကြံ့ဖွံ့ပါတီဝင်များနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ရပ်ကွက်အလိုက် လိုက်လံစုံစမ်းမေးမြန်းမှုများ ပြုလုပ်နေသော်လည်း အဖမ်းအဆီးမရှိကြောင်း သိရသည်။

သာယာဝတီတွင် ကြံ့ဖွံ့၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး (တစည) နှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) စသည့် ပါတီများ ရွေးကောက်ပွဲ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။Rest of your post

No comments:

Post a Comment