Friday, October 15, 2010

သင့်ထံတွင် လွတ်လပ်သော နားတစုံရှိသည် ထို့ အတူ လွတ်လပ်စွာနားထောင်ခွင့်ရှိ၏


သေးသိမ် နိမ့်ကျတဲ့ အမြင်တွေနဲ့ ဗမာပြည်ကို ဖုံးကွယ်ထားတာဘယ်လောက်ကြာပြီလဲ၊ အကြောက်တရားနဲ့ အုပ်ချုပ်တဲ့ နိုင်ငံတိုင်း ကမ္ဘာ မှာ သိက္ခာမရှိတဲ့  အဆင့်နဲ့ ရပ်တည်နေတာ မြန်မာနိုင်ငံဟာလည်း အနိမ့်ကျဆုံးအဆင့်နဲ့ ရပ်တည်နေတာ သိသာထင်ရှားပါတယ်။ 

ကမ္ဘာတ၀ှမ်း ၇၀ ရာခိုင်နုံး ပြည်သူ့အာဏာ ပြည်သူ့ လက်ထဲမှာရှိပြီး အေးချမ်းစွာနေထိုင်ကြပေမယ့် မြန်မာနိုင်ငံမှာ ဒီအဆင့်ရောက်ဖို့ အင်မတန်အလှမ်းဝေးနေပါသေးတယ်။လွန်ခဲ့တဲ့ အနှစ် ၅၀ ခေတ် စနစ်နဲ့  ယ္ခု နိုင်းယှဉ်တော့လည်းဘာမှ မပြောင်းလဲခဲ့ပါဘူး။ ရုပ်ဝတ္ထုပြောင်းလဲတာ ကမ္ဘာ့အဆင့်မှီနိုင်ငံတွေက သုံးစွဲနေတဲ့ အသုံးအဆောင်တွေ သုံးဆောင်နေနိုင်လို့  တိုးတက်နေပါတယ်လို့ ပြောနေတာ အမှားဆုံးအမြင်ပါ။တကယ်တော့ ဗမာပြည်ဟာ ဘာမှ မပြောင်းလဲသေးတဲ့နိုင် ဒုတိယကမ္ဘာစစ်ခေတ်ပြီး နိုင်ငံအဆင့်လေးသာရှိနေပါသေးတယ်။

ဒေါင်းတမာန်။

No comments:

Post a Comment