Sunday, November 7, 2010

မြဝတီကို ဒီကေဘီအေ မသိမ်းပါ

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) က ခွဲထွက်သွားခဲ့တဲ့ တပ်တွေက မြန်မာ- ထိုင်း နယ်စပ်မြို့ မြဝတီရဲ့ အချက်အခြာကျတဲ့ နေရာတွေကို သိမ်းပိုက်လိုက်ပြီလို့ ပြောနေကြတဲ့အပေါ် မဟုတ်မှန်ကြောင်း ထိုင်းလုံခြုံရေး အရာရှိ တယောက်က ပြောပါတယ်။

ဗိုလ်နှုတ်ခမ်းမွှေးလို့ လူသိများတဲ့ ဗိုလ်မှူးကြီးစောလားပွယ် ဦးစီးတဲ့ တပ်မဟာ ၅ တပ်တွေက သိမ်းပိုက်တဲ့အတွက် စစ်အစိုးရတပ်တွေနဲ့ ရဲတွေ ထွက်ပြေးကြတယ်ဆိုတဲ့ ကောလာဟလကို သူက မဟုတ်မှန်ဘူးလို့ ငြင်းဆိုလိုက်တာပါ။

နယ်ခြားစောင့်တပ်ပြောင်းသွားတဲ့ ဒီကေဘီအေ တပ်တွေက တပ်ရင်းမှူးအဆင့်ရှိသူ ၄ ဦးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာမှာလည်း ဒီကေဘီအေက မြို့သိမ်းတယ်ဆိုတာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ရဲစခန်း၊ မြို့ခံတွေနဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအင်ယူ) ကိုလည်း လိုက်လံ မေးမြန်းရာမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုကြပြန်ပါတယ်။

ဒီကနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာတော့ မနေ့တုန်းက မြဝတီနဲ့ ၁၄ ကီလိုမီတာ ဝေးတဲ့ အရပ်မှာ ပေါက်ကွဲမှုတခုဖြစ်တယ်လို့ ထိုင်းလုံခြုံရေး အရာရှိတွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။

သို့ပေမယ်လည်း မဲရုံတွေမှာ မဲပေးသူနည်းနေတာကို မြို့ခံတွေက ပြောပါတယ်။Rest of your post

No comments:

Post a Comment