မကြာမီ ရက်ပိုင်းအတွင်း ကျင်းပခဲ့သည့် စစ်အစိုးရ၏ ရွေးကောက်ပွဲအပေါ် ကျောင်းသားလူ ငယ်တွေအနေနဲ့ ဘယ်လိုသဘောထားပါသလဲဟု မီဒီယာနှင့် အင်တာဗျူးတစ်ခုမှာ သတင်းထောက် တစ်ဦးက ကျွန်တော့်ကို မေးပါသည်။ “ကျွန်တော်တို့ ပြည်တွင်းမှာ ကြုံတွေ့ နေရတဲ့ မျက်မြင်အခြေအနေအရ ဒီ ၂၀၁၀ ရွေးကောက်ပွဲ ဟာ ကျွန်တော်တို့ နိုင်ငံအတွက် ဒီမိုကရေစီ စနစ်ထွန်းကားစေဖို့ အပြောင်းအလဲ တစ်ခုလို့ မမြင်ပါဘူး။ စစ်အစိုးရအနေနဲ့ တကယ်အပြောင်းအလဲ ဖြစ်စေချင်ရင်၊ ဒီမိုကရေစီစနစ်ဆီကို တကယ်သွားချင်ရင် လုပ်ရမယ့် လုပ်ငန်းစဉ်တွေကတော့ ပထမဆုံးလုပ်ရမှာက နိုဝင်ဘာ (၇) ရက်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမဟုတ်ပဲ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ကျောင်းသား ခေါင်းဆောင် များနဲ့ စစ်အစိုးရ တာဝန်ရှိသူတွေ တစ်စားပွဲထဲ ထိုင်တွေ့ဆုံဆွေးနွေးပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေ ခံ ဥပဒေထဲက ပြည်သူမကြိုက်တဲ့ အချက်တွေ၊ ဥပမာအားဖြင့် ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက် နာမည်စာ ရင်းနဲ့ ခန့်အပ်တဲ့ စစ်တပ် ကိုယ်စားလှယ် (၂၅%) က လွှတ်တော်အသီးသီးမှာ ပါဝင်တယ်ဆိုတဲ့ အချက်နဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေပါ အချက်အချို့ကို ညှိနှိုင်း ပြင်ဆင်ပေးရပါမယ်။ အဲဒီ လုပ်ငန်းစဉ် ပြီးဆုံးပြီး နောက် မှ (၆) လ သို့မဟုတ် တစ်နှစ်အတွင်းမှာ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲကို ကျင်းပ ပေးသင့် ပါတယ်။ အတိုက်အခံ ခေါင်းဆောင်တွေ အတိုက်အခံ ပါတီ မပါပဲနဲ့ ပြုလုပ်မယ့် ရွေးကောက် ပွဲဆိုတာဟာ ဘယ်လိုမှ အဓိပ္ပါယ် ရှိမလာနိုင်ပါဘူး။
ကိုယ့်ဖဲကိုယ်ချိုးပြီး ကိုယ့်ဟာကိုယ် ပြန်နိုင်အောင် လုပ်နေတဲ့ လုပ်ပွဲကြီးပဲ ဖြစ်လာမှာပါ” လို့ ကျွန်တော် ပြော ခဲ့ပါတယ်။ ဒီသဘောထားဟာ ကျွန်တော့် တစ်ယောက်ထဲရဲ့ သဘောထား မဟုတ်ပဲ ယနေ့ မြန်မာနိုင်ငံ စစ် ကျွန်ဘ၀က လွတ်မြောက်ဖို့၊ ဒီမိုကရေစီစနစ် ထွန်းကားလာဖို့ ကြိုးစားနေကြတဲ့ ကျောင်းသားလူငယ်ထုရဲ့ သ ဘောထားပဲ ဖြစ်ပါတယ်။ ဒါဟာ ရှုပ်ထွေး ပွေလီလှတဲ့ လက်ရှိ မြန်မာ့ နိုင်ငံရေးလမ်းကြောင်းတွေထဲက ကျွန် တော်တို့ ကျောင်းသား လူငယ်ထု လျှောက်လှမ်းနေတဲ့ အရိုးရှင်းဆုံး လမ်းကြောင်းလဲ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ မတိုင်မီ လပိုင်းအတွင်းမှာလဲ ပဲ ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီတွေက လွှတ်တော်ထဲ ရောက်ရင် ပြည်သူမကြိုက်တဲ့ ဥပဒေတွေကို ပြင်ပေးပါ့မယ်ဆိုတဲ့ အာမခံချက်နဲ့ လူထုဆီက မဲရအောင် စည်းရုံးနေတာကို တွေ့ မြင် ကြားသိ နေရပါတယ်။
ထိုပါတီဝင်များနဲ့ ပါတီ ခေါင်းဆောင်များအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သေသေချာချာ နားမ လည်၍ပဲလား၊ နားလည်လျက်နှင့် လုပ်လို့ရနိုးဆိုတဲ့ အတွေးနဲ့ လူထုကို ယခုလို ပြောဆို စည်းရုံးနေခြင်းပဲလား ဆိုတာကတော့ ကာယကံရှင်များကိုယ်တိုင်ပဲ သိနိုင်ကြပါလိမ့်မည်။ ကျွန်တော် ၀ါရင့်နိုင်ငံရေးသမားကြီးမဟုတ်ပါ။ သို့သော် ဘာကောင်မှ မဟုတ်သည့် ကျွန်တော်၏ ဖြုတ်ဦးနှောက်လေး ကပင် အကယ်၍ ရွေးကောက်ပွဲ ပြီးဆုံးပါက ဖြစ်ပေါ်လာမည့် နိုင်ငံရေးအခြေအနေများကို ကြိုတင်သိမြင် နေခဲ့ပြီး ဖြစ်ပါသည်။ တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ်အများဆုံးတွင် ၀င်ရောက် ယှဉ်ပြိုင်နိုင်လောက်အောင် ဘဏ္ဏာ ရေး အခြေအနေ ကောင်းမွန်သော ကြံ့ဖွတ်ပါတီသည် စစ်အစိုးရ၏ ဥပဒေအရ ယှဉ်ပြိုင်ဖက် မရှိသည့် မဲဆန္ဒ နယ်များတွင် မဲတစ်မဲရရှိရုံနှင့်ပင် လွှတ်တော်ထဲ ရောက်လာပါလိမ့်မည်။
ကာကွယ်ရေး ဦးစီးချုပ်၏ နာမည်စာရင်းဖြင့် တိုက်ရိုက်ခန့် အပ်မည့် စစ်တပ်ကိုယ်စားလှယ် (၂၅%)၊ ၄င်း နောက် စစ်အစိုးရ လက်သပ်မွေးမြူထားသော (၈၈) ကျောင်းသားအတုများနှင့် စစ်တပ်လက်ဝေခံ ဟိုပါတီ၊ ဒီပါတီများ၊ ထိုအဖွဲ့များ အားလုံးပေါင်းလိုက်သောအခါ လွှတ်တော်တစ်ရပ်လုံး၏ (၇၅%) နီးပါး ဖြစ်လာပါ လိမ့်မည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အခြေခံဥပဒေ အချက်များအား ပြင်ဆင်လိုပါလျှင် လွှတ်တော် တစ်ရပ်လုံး၏ (၇၅%) ကျော် ထောက်ခံမဲရရှိမှ ပြင်ဆင်နိုင်ပါမည်။ မိမိတို့ ကိုယ်မိမိတို့ ဒီမိုကရက်များဟု ခံယူထားသော၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီများအနေဖြင့် ပြည်သူမကြိုက်သော ဥပဒေများကို လွှတ်တော် ရောက် လျှင် ပြင်ဆင်၍ရကောင်းရနိုင်သည်ဟု အထင်ရှိပါလျှင် မည်သည့်နည်းဖြင့် ပြင်ဆင်ပေး ပါမည်လဲ။ သန်းငါးဆယ်ကျော် မြန်မာပြည်သူများကိုယ်စား ရိုးသားစွာ ကျွန်တော် သိလိုပါသည်။ မိမိတို့ အာဏာရရှိရေးနှင့် မြန်မာပြည်၏ အနာဂါတ်မလဲကြဖို့သာ မေတ္တာရပ်ခံချင်ပါသည်။ လူထုအား လမ်းကြောင်းမှားများ အတွေးအ ခေါ်မှားများ မပေးသင့်ပါ။ ပြည်သူများအနေဖြင့် ၁၉၈၈ အရေးတော်ပုံကြီးကို ပြန်လည်သတိရကြဖို့ လိုပါသည်။ ဗိုလ်နေ၀င်း၏ မဆလအစိုးရအား လွှတ်တော်ထဲက ဖြုတ်ချနိုင်ခြင်း မဟုတ်ပဲ လမ်းမများပေါ်က ပြည်သူလူထု၏ တောင်းဆိုဆန္ဒပြမှုများကသာ ဖြုတ်ချနိုင်ခဲ့ခြင်း ဖြစ်ကြောင်းကို ပြန်လည်သတိရကြ စေလိုပါသည်။ ပြည်သူ့အား ကို မည်သူတစ်ဦးတစ်ယောက်၊ မည်သည့် အစိုးရကမှ မယှဉ်နိုင်ပါ။
ထို့ကြောင့်မြန်မာပြည်သူများသည် လွတ်တော်တွင်းမှ တဆင့် ပြောင်းလဲပါမည်ဟူသော ပါတီများကို၎င်း၊ ဇာတ် သိမ်းခန်း ကြိုတင် သိမြင်နေရသော၂၀၁၀ ရွေးကောက်ပွဲ တခန်းရပ်ပြဇာတ်ကို၎င်း၊ ၂၀၀၈ စစ်အခြေခံ ဥပဒေ ကို၎င်း လူထုအုံကြွမှုဖြင့် ဆန့်ကျင် သပိတ်မှောက်သွားကြရန် နည်းလမ်း တလမ်းသာ ရှိပါသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ကျောင်းသား လူငယ်ထုက ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက် ဆန့် ကျင် နေခြင်း မှာ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားဖြစ်ခြင်းကြောင့်မဟုတ်ပဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံကို လက်ခံ၍ မရခြင်းကြောင့်သာ ဖြစ်ကြောင်း သဘောပေါက် နားလည်ဖို့ လိုပါသည်။
မည်သို့ပင် ဖြစ်စေ မြန်မာပြည် ရွေးကောက်ပွဲက ပြဿနာပေါင်းစုံ၊ ကန့်ကွက် သံပေါင်းစုံဖြင့် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ရွေးကောက်ပွဲဝင် ပါတီများ ကျောချခံရ၍ ဓါးပြမှန်း သိသွားကြပြီ။ ပြည်သူတို့ အလိမ်ခံလိုက်ရ ကြောင်း သဘောပေါက် သွားကြပြီ။
ဤရွေးကောက်ပွဲရလဒ်ထွက်လာလျှင် ကြံ့ဖွတ်ပါတီပဲ နိုင်ပါလိမ့်ဦးမည်။ ကြံ့ဖွတ် ပါတီဦးဆောင်သော စစ်တပ် လက်ဝေခံ ပါတီများပါဝင်သော လွှတ်တော်ပေါ်လာလျှင်လဲ မည့်သို့မျှ ထူးမလာနိုင်ပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ မည်သည့် အခြေအနေမှန်း သေသေချာချာ မသိရသော နိုင်ငံတော်၏ အရေးပေါ် အခြေအနေ တွင် စစ်တပ်အာဏာ သိမ်းခွင့်ကို တရားဝင် ပေးထားပါသည်။ နိုင်ငံတော်တွင် ပြဿနာ တစ်ရပ်ရပ်ကြုံလာပါက ဖြေရှင်းမည့် တစ်ခုတည်းသော နည်းလမ်းအဖြစ် အရပ်သားအစိုးရထံမှ စစ်တပ်က အာဏာပြန်သိမ်းပါမည်။ ကျေနပ်လောက်အောင် အုပ်ချုပ်အပြီးတွင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးပါလိမ့်မည်။ ပါတီအများရွေးကောက်ပွဲ ၀င်ကြပါမည်။ ပြည်သူများ မဲပေးကြရပါဦးမည်။ဤသို့ဖြင့် မြန်မာ့နိုင်ငံရေးသည် စစ်အုပ်ချုပ်ရေးယန္တရား သံသရာအတွင်း ရုန်းမထွက်နိုင်ပဲ ရှိနေပါဦးမည်။ အိမ်နီးခြင်း နိုင်ငံများအလည် ဆင်းရဲ နိမ့်ကျ နေပါဦးမည်။
ကျွန်တော်တို့ အနေဖြင့် ရွေးကောက်ပွဲ ပြီးစီး ဖြစ်မြောက်ခြင်းနှင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးခြင်း ကိုခွဲခြား သိမြင်ဖို့ လိုအပ်ပါသည်။ ဤနှစ်ခုကို နိုင်ငံတကာ၏ တုံ့ပြန်ပုံ အဆင့်အတန်းခြင်း မတူညီနိုင်ပါ။ အားလုံး ပါဝင်မှု မရှိသော ရွေးကောက်ပွဲသည် မည်သည့်အခါမှ အောင်မြင်စွာ ကျင်းပပြီးစီးခြင်း ဖြစ်မလာနိုင်ပါ။ အမျိုးသား စည်းလုံးညီညွတ်မှု မရှိသရွေ့ တိုင်းပြည် မတိုးတက်နိုင်ပါ။ နယ်စပ် ဒေသစစ်မီးများ မငြိမ်းနိုင်ပါ။ ဤသဘောတရားများကို လက်ရှိအုပ်ချုပ်နေသော စစ်ဗိုလ်ချုပ်ကြီးများ သဘောပေါက် လက်ခံစေချင်ပါသည်။ နိုင်ငံတော်၏ လမ်းမများပေါ်တွင် သံဃာ့သွေး၊ ပြည်သူ့သွေး၊ ကျောင်းသားသွေးများ ထပ်မံ မစွန်းထင်းစေချင်တော့ပါ။ ရာဇ၀တ်သားများသာ ရှိနေသင့်သော ထောင်များအတွင်းတွင် သံဃာများ၊ လူထု ခေါင်းဆောင်များ၊ ပညာတတ် နိုင်ငံရေးသမားများ ရှိမနေစေချင်တော့ပါ။ ပြည်သူ့ရင်သွေး ကျောင်းသား လူငယ်များက အမိမြန်မာပြည်ကြီး မတရားမှုများ ချုပ်ငြိမ်းသွားပြီး ငြိမ်းချမ်း သာယာစွာ ဖွံ့ဖြိုးတိုးတက်စေရန် ဆန္ဒပြု တင်ပြခြင်း ဖြစ်ပါသည်။
နိဂုံးချုပ် အနေဖြင့် ပန်ကြားလိုသည်မှာ စစ်တပ်အကြီးအကဲ ဗိုလ်သန်းရွှေ အနေဖြင့်အမျိုးသားပြန်လည်ရင်ကြား စေ့ရေးကို အကောင်အထည်ဖော်ပြီး နိုင်ငံတော်နှင့် မြန်မာပြည်သူများအတွက် ခိုင်မာသော လမ်းစဉ်အား ရွေး ချယ်ပေးပါရန် ထပ်လောင်း ပြောကြားလိုပါသည်။ တဖတ်သတ် ရွေးကောက်ပွဲကြောင့် ပြည်တွင်းစစ်မီးပြန်လည် တောက်လောင်လာပါက သမိုင်းတရားခံအဖြစ် လူထု၏ ဒါဏ်ခတ်ခြင်းကို မလွဲမသွေ ခံရမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ ကျောင်းသား လူငယ်ထုက သတိပေး လိုက်သည်။
မင်းသွေးသစ်
၂၀၀၇ မျိုးဆက် ကျောင်းသားများ သမဂ္ဂ
Tuesday, November 16, 2010
“ စစ်အစိုးရ ရွေးကောက်ပွဲနှင့် လူငယ်ထု သဘောထား”
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
November
(423)
- ပင်လုံစာချုပ် (၁၉၄၇)
- အမျိုးသားအောင်ပွဲနေ့ မင်္ဂလာခွန်းဆက် (ရေး ။ ။ မင်းသု...
- ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် သမတ
- "အမျိုးသားနေ့" - ကာတွန်း ဦးဘဂျမ်း လက်ရာ။ (ဟံသာဝတီ...
- ဟိုဘက်မှာလည်း ကလေးတွေထွက်ပြေးနေကြရ
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဗွီဒီယိုခွေ နိုင်ငံေ...
- ဒေါ်အောင်ဆန်းစုကြည်နှင့် သားကိုထိန်လင်း တို့ အား ဗိ...
- မလေးရှားမှ ပေးပို့ ပါသည်။
- ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစု...
- အားနာပါတယ် ဒို့ ကိုစိန်ဘဲပေး ပြည်သူတွေအတွက် စက္ကူစု...
- ဒေါ်အောင်ဆန်းစုကြည့် နိုင်ငံရေးအကျဉ်းသား မိဘများနှင...
- ဒုက္ခသည်စခန်းက လူတွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ ...
- ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖြေများ - မိုးမခ အင်တာဗျူး
- ရူးနေလို့ တဲ့ 
- သိသောသူများ လေ့ လာသိရှိရသမျှ စီဘောက်မှာ အကြံပေးကြပါ
- စုတ်ပြတ်နေသော မြို့ တော်ကြီး ….
- လေလည်လို့  ဘွတ်ဘွတ် မြည်တောင် တွတ်ထိုးတယ် ထင် ထောင...
- တရုတ်တွေ ဒို့ ပိုင်တာတွေ ခိုးနေပြီ..ရပ်ကြည့်ကြမလား
- ရဲက လာဘ်ငွေယူပြီး မူးယစ်ဆေးရောင်းခွင့်ပြု
- သိန်းသန်းကုဋေ ကိန်းဂဏန်းတွေ (တပ်ကြပ်ကြီး-နေမင်းသူ)
- အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့အထိမ်းအမှတ် လူ့အ...
- အချိန်ကောင်း အခါကောင်း အခွင့်အရေးကောင်း (လူထု ဦးစ...
- ရွေးကောက်ပွဲ အထူးအစီရင်ခံစာ
- ငါးမင်းဆွေ ၏ ဒိုင်ပွဲရပ်..နောက်ကောက်..ရှေုသွားတွေ ...
- .ဦးဝင်းတင် နယူးယောက်တိုင်း ပိုစ့်ကိစ္စ ရှင်းလင်းချက်
- ခေတ်သစ် မြန်မာ့လွတ်တော်
- ရှားးးးရှားးးးးဘာရှားးးလဲ * ရုရှား* တဲ့ ကွယ်
- သမ ချင်သလား..ပြည်သူ့ အချစ်တော်ကြီးက ဒီမှာနေတယ်။
- ဒီလူ ဟိုလူ..အဲ ဟုတ်ဖူး..ဟောဒီလူ (သောက်မြင်ကပ် ပုဒ်မ)
- ဆွံအနေသော လွှတ်တော် ကိုယ်စားလှယ်များသာ အလိုရှိသည်။ ...
- ဘယ်သူနိုင်ငံရေး သမားလဲ- * ရေးသားသူ-လူထုစိန်ဝင်း *
- ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကျဉ်းသား မိသားစုများ...
- သံလွင်မြစ် မှ ရှမ်းမလေး
- ရွေးကောက်ပွဲလွန်ကာလ တွေ့ဆုံဆွေးနွေးရေး ကုလ အကြံပေး...
- တွင်းတူးပြီး လက်နက်စု လူသတ်ဖို့ သာ ဦးတည်နေတဲ့ နိုင...
- ပေါ်တာ= အထမ်းသမား =ရန်ကုန်တွင် ဆွဲနေသည် (မိုးမခ)
- ရွေးကောက်ပွဲအပြီး ကရင်နီ နှင့် နအဖ အကြားတိုက်ပွဲ တ...
- သိနေတယ်တဲ့ဗျာ ..ဟုတ်မယ်မထင်
- မြန်မာ့အရေး မှ ငါးမင်းဆွေ သို့....... (၁)
- အခုမှပဲ ရှင်းသွားတော့တယ်
- မျိုးချစ်တေးဂီတပညာရှင်ကြီး သဟာယဆရာတင်
- ဗုံးတွေ့မှုအတွက် သံဃာတော်တပါးကို ဖမ်းဆီးထား
- ရန်ကုန် အနုပညာရှင်များ ၃၇၆ မိသားစုဂေဟာ လာရောက် အားပေး
- ဗမာ့သူရဲကောင်း (ဗိုလ်ချုပ်အောင်ဆန်းသီချင်း)
- နိုင်ငံရေး အကျဉ်းသားများ လွှတ်မြောက်ရေး အတွက် ကျောက...
- စစ်ထောက်လှမ်းရေး ရှိစဉ်က စိတ်ကူးမျိုးဖြင့် NLD ကို...
- ဘိန်းသမားတွေတောင် ကွင်းပိုင်ကြီးကို မကျော်နိုင်..
- ရန်ကုန်မှာ ဆွဲပြီ
- အင်းစိန် သို့ ရောက်သွားသော ဗိုလ်ချုပ်ခင်ညွန့် 
- လူမှုထူးချွန်ဆုရ ဌာနေပြည်သူ့စစ်ခေါင်းဆောင်နယ်မြေ၌ ဘ...
- မနေ့ က သတင်းအဆက်ပါ.. အရိုက်ခံရတဲ့သူကို အာဇာနည်အပေါ...
- ဗိုလ်ချုပ်မှုးကြီး နှစ်ယောက် ရဲ့  အိမ် ထိ penetrate...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- တပ်ဂေါ်လီ
- အမေစု လုံခြုံရေးအတွက်
- ဒီကိစ္စတွေက တိုင်းပြည်အုပ်ချုပ်သူတွေ လုပ်ရမယ့် အလုပ...
- လူသားဒိုင်းသဖွယ် အရပ်သားတွေကို အသုံးချဟု မြောက်ကေ...
- အမေ့ မခံလိုသူများရဲ့ လက်ဆောင်နဲ့ အမေ့ရဲ့ရုံးခန်း
- ဗိုလ်ချုပ်ကြီးခင်ညွန့် ဗီဒီယိုနဲ့ ပတ်သက်ပြီး ဗိုလ်...
- နောက်ဆက်တွဲ ဗိုလ်ချုပ် ခင်ညွန့် သတင်း
- ဆားမင်းဆွေ၊ ငါးမင်းဆွေ၊ နောက်တော့ ဖားမင်းဆွေ
- ဒေါ်အောင်ဆန်းစုကြည်နဲ့ မိုးမခ အင်တာဗျူး အဖြေများ
- Leaked General Khin Nyunt Video Clip
- ပုတ်သင်ဥတော့ ပေါ်လာပြီ။
- UN- ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေဆုံ
- ဟာသတွေအရမ်းပြောတဲ့ဒေါက်တာဝင်းနိုင်(ဂျပန်ပျံ)
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို နေရာပြောင်း
- ရွေးကောက်ပွဲ မဲမသမာမှုများကို သမိုင်းမှတ်တမ်းတင်
- နအဖတပ်နှင့် ဘီဂျီအက်ဖ်တပ်များ ကရင်ကျေးရွာများတွင် ...
- ထောက်လှမ်းရေးမှူးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ...
- ပြည်သူတဦးပေးစာ
- မိဘနှင့်တူသော အစိုးရ ( အပိုင်း-၁)
- ဒီလို ဖေါ်လံဖား လူတွေ များနေတော့
- ခွေးတွေ ကြိတ်ကြံနေတယ်
- ဒုတိယပင်လုံညီလာခံမှာ စစ်အစိုးရ ပါဝင်လာရေး ကြိုးပမ်...
- ကုလသမဂ္ဂ အကြီးတန်းအရာရှိ နှစ်ရက်ကြာ မြန်မာပြည် လာရေ...
- သတင်းလိမ်ကြီးဗျ..
- သေကြပြန်ပြီး သန်းရွှေ အာဏာတည်မြဲရေးအတွက်
- ဖားမင်းဆွေကျိုက္ခမီကိုအလည်လာတော့ ကျိုက္ခမီသားတစ်ယောက...
- ရွေးကောက်ပွဲကြီးအပြီး လွတ်လပ်စွာ ဆက်သွယ်ခွင့်ရှိသည်
- သီတာရေ နောက် ရခိုင်မှာပျောက်
- ရွေးကောက်ပွဲပြီးတာနဲ့  အမျိုးသမီးများအပေါ် ပိုကြမ်း
- ဒီမိုကရေစီနိုင်ငံသစ်ဖြစ်တဲ့ မြန်မာပြည် မုဒိန်းပြွဲ...
- သိက္ခာထက် စိန်က အရေးကြီးတယ်၊ အော်...လောဘသား စစ်ဓါြး...
- မီးပွိုင့်ကသူတို့ဘ၀ -
- ငါးမင်းဆွေ မှ ဒေါ်စုကြည်သို့ (၂)
- မြန်မာ့ သတင်းစာ မမှန်ဖူးချည်းတော့ မပြောနဲ့ ဒါလေးတေ...
- ရေဆန်ကို ဆန့် မယ် အား
- ဧည့် စာရင်း မ တိုင်တဲ့ ကဗျာ
- ငါးမင်းဆွေ ဖားမင်းဆွေ ကြံ့ဖွတ်မင်းဆွေ..ကြောင်သူတော...
- အတက်ခက်နေသေးတဲ့ အင်တာနက်
- ရာထူးမမက် သိက္ခာမက်သူတွေကတော့ ဒီလိုပေါ့
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင် AI အင်တာဗျူး
- ခုမှ ပေါက်တဲ့ကြာ.. အရိုး လာရှည်နေလေရဲ့
- IAS Calls For The Non Politicization Of An HIV Cli...
- မီးစိမ်းပြရင်..ကျနော်တို့ လည်း အသင့်ဘဲ
- ဒီနေရာကျ သူ က ပထမ ဗျ
- သားနစ်ဦးနှင့် သူ့အမေ
- ၀ိသာခါလို မိန်းမမြတ်
-
▼
November
(423)
No comments:
Post a Comment