Thursday, November 18, 2010

သူတောင်းစားများ ပြည်သူ့ ချွေးဖြင့် စီးပွားဖြစ်

နေပြည်တော် ကျောက်မျက်ပွဲကျင်းပ၊ စစ်အရာရှိများ စီးပွားဖြစ်
အောင်သက်ဝိုင်း Thursday, 18 November 2010 19:13
နေပြည်တော်ရှိ စစ်အရာရှိပိုင် အိမ်များအား ကျောက်မျက်ပွဲတော် ကာလတွင် လာရောက်သည့် ကုန်သည်များကို ကျပ် ၁၀ သိန်း ဖြင့်ငှားရမ်းသည့် စီးပွားရေး ဈေးကွက် ဖြစ်ပေါ်နေကြောင်း စစ်ဘက်ဆိုင်ရာ အသိုင်းအ၀န်းမှ သတင်းရသည်။

tin-aung-myint-oo-nlm

ယမန်နေ့က နေပြည်တော် ကျောက်မျက်ရတနာ ပြပွဲ ဖွင့်လှစ်ရာ နအဖ အတွင်းရေးမှူး (၁) သီဟ သူရ ဦးတင်အောင်မြင့်ဦး က မဏိရတနာ ကျောက်စိမ်းခန်းမ ရေပန်းကို စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးစဉ် (ဓာတ်ပုံ - မြန်မာ့အလင်း)
နေပြည်တော်တွင် နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ပထမဆုံးအကြိမ် ကျင်းပသည့် ကျောက်မျက်ရတနာ ရောင်းချ ပွဲသို့ ပြည်တွင်းပြည်ပ ကုန်သည် ၅၆၂၉ ဦး ရောက်ရှိနေကြောင်း သိရသည်။

နေပြည်တော် ဟိုတယ်ဇုန်တွင် အသစ်တည်ဆောက်နေသည့် ဟိုတယ် ၉ လုံးရှိသော်လည်း ၄ လုံးသာ ပြီးစီးသောကြောင့် လာရောက် ကြည့်ရှုသူ များပြားသည့် အဆိုပါပွဲအတွက် အားလုံးပြည့်နေကြောင်း၊ တည်းခိုရန်လုံလောက်မှုမရှိကြောင်း နေပြည်တော် စစ်ဌာနချုပ်နှင့် နီးစပ်သူ ၀န်ထမ်း တဦးက ပြောသည်။

“ပြပွဲလုပ်မယ့် ၁၃ ရက်အတွက် လုံးချင်းတိုက် တလုံးကို ၁၀ သိန်းနဲ့ ငှားတယ်။ ဇမ္ဗူသီရိမှာ မြေကွက်တွေ၊ အိမ်တွေ အလကား ရထားတာကို သူတို့က အခု ပြန်ငှားစားကြတာပေါ့။ လာတဲ့ကုန်သည်အများစုက တရုတ်တွေဆိုတော့ သူတို့ တွေပဲ ငှားတာ များတယ်”ဟု ၎င်းက ပြောသည်။

ရက်ပိုင်းငှားရမ်းရုံဖြင့် ငွေ သိန်းချီ ရရှိသောကြောင့် အိမ်များ ငှားရမ်းနိုင်ရန် ဗိုလ်ချုပ်နှင့် ဗိုလ်မှူးကတော်များ ကိုယ်တိုင် စီမံ ဆောင်ရွက်နေကြောင်း၊ ကျောက်မျက်ရတနာပွဲသို့ လာရောက်သော ပြည်ပကုန်သည် အများစုသည် တရုတ်နိုင်ငံမှ ဖြစ် ကြောင်း သိရသည်။

“ဦးပိုင်က ပါရမီ တက္ကစီတွေလည်း နိုင်ငံခြားသားတွေ ငှားစီးတာနဲ့ တော်တော် အလုပ်ဖြစ်နေတယ်။ ဆိုင်ကယ် ကယ်ရီတွေ လည်း အဲလိုပဲ”ဟု နေပြည်တေ် သတင်းထောက်တဦးကပြောသည်။

အဆိုပါပြပွဲတွင် ပုလဲ တွဲပေါင်း ၂၇၆ တွဲ ၊ ကျောက်မျက်တွဲပေါင်း ၂၇၃ တွဲ ၊ ကျောက်စိမ်းတွဲပေါင်း ၉၁၅၇ တွဲ ကို ဈေးပြိုင် စနစ်ဖြင့် ရောင်းချနေကြောင်း၊ ယနေ့ ကျောက်စိမ်းတွဲပေါင်း တထောင် ခန့် ရောင်းချ ခဲ့ရကြောင်း သတ္တုတွင်း ၀န်ကြီးဌာန က ထုတ်ပြန်ထားသည်။

စစ်ဗိုလ်ချုပ်ကြီးများသည် စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် ပူးပေါင်းကာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ မြန်မာ့ ကျောက်မျက် ရတနာ ပြတိုက်အနီးတွင် ဟိုတယ်သစ်များ ထပ်မံဆောက်လုပ်နိုင်ရန် စီစဉ်နေသည်ဟုလည်း သိရသည်။Rest of your post

No comments:

Post a Comment