Thursday, November 11, 2010

အဖွဲ့ချုပ်ရုံးမှာ ပြည့်ညပ်နေပြီ

ဒေါ်စုခြံရှေ့ လုံခြုံရေး တင်းကျပ်ဆဲ
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ...

“တချို့ကတော့ လွှတ်ပေးဖို့ဆိုပြီး လက်မှတ် ထိုးလိုက်ပြီးလို့လည်း ပြောတယ်။ အခုထက်ထိတော့ ဒေါ်စုက ခြံထဲကနေ ထွက်မလာသေးဘူး။ ခြံမှာလည်း လုံခြုံရေးတွေ တင်းကျပ်စွာ ချထားတယ်။ ကျနော်တို့ ရုံးရှေ့မှာ ပြည်နယ်နဲ့ တိုင်းအသီးသီးက ရောက်လာတဲ့ လူငယ်တွေ၊ ကြိုဆိုမယ့်သူတွေ၊ မြို့နယ် အသီးသီးက ကြိုဆိုမယ့်သူတွေ၊ ပြည်နယ်နဲ့ တိုင်းအသီးသီးက ခေါင်းဆောင်တွေ၊ လူငယ်တွေက ဒေါ်စု ဓာတ်ပုံတွေ၊ ပိုစတာ ဓာတ်ပုံတွေနဲ့ စောင့်နေကြတယ်။ ဒေါ်စု ခြံဘက်ကို သွားကြည့်တဲ့ သူတွေကတော့ ဘာမှ မထူးခြားသေးဘူးလို့ ပြောတယ်”

ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့အတွက် ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမှာရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရဲ့ အတွင်းအပြင်မှာ တိုင်းနဲ့ ပြည်နယ် အဖွဲ့ချုပ်ခေါင်းဆောင်တွေ၊ လူငယ်တွေ၊ ပရိသတ်တွေနဲ့ စည်ကားနေပါတယ်။

ဒီအကြောင်းကို အဖွဲ့ချုပ်ရုံးမှာ အခု ရှိနေတဲ့ သူတယောက် ပြောပြတာက ...

“ပြည်နယ်နဲ့တိုင်းက ခေါင်းဆောင်တွေ ရုံးရှေ့မှာ အကုန်နီးပါး ရောက်နေကြတယ်။ လူငယ်တွေလည်း တော်တော်များများ ရောက်နေကြတယ်။ ရုံးရှေ့မှာက ပရိသတ်က ၈ဝဝ - ၁ဝဝဝ လောက် ရောက်နေကြတယ်။ ရုံးထဲမှာလည်း ပြည့်ညပ်နေပြီ။ လူတွေတောင် နေစရာမရှိတော့ဘူး။ လူငယ်တွေက ဒေါ်အောင်ဆန်းစုကြည် ပုံတွေကို ပိုစတာလို ပုံစံမျိုးဖြစ်အောင် တုတ်တံလေးတွေနဲ့ ကြွေးကြော်လို့ရအောင် လုပ်ထားတယ်။ လူငယ်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရပ်တည်မယ်ဆိုတဲ့ အင်္ကျီတွေ ဝတ်ဆင်ထားတယ်။ ဆေးရုံတွေမှာ သွားပြီးတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တဲ့ အထိမ်းအမှတ်နဲ့ သွေးလှူတဲ့ လူငယ်တွေလည်း ပြန်ရောက်နေကြပြီ။ အဲဒီ လူတွေနဲ့ ရုံးမှာ ပြည့်နေတယ်”
မဇ္ဈိမသတင်းဌာန

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်