By ကိုရန်နိုင် စနေ, 13 နိုဝင်ဘာ 2010
ဒီကနေ့ညနေ ပြန်လွတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အိမ်ခြံဝကနေ စောင့်နေတဲ့ပြည်သူတွေကို နုတ်ဆက်စကား ပြောခဲ့တဲ့ နောက်ပိုင်းမှာ ပြည်ပကရောက်နေတဲ့ မြန်မာနိုင်ငံက ပြည်သူတွေလည်း စိတ်လှုပ်ရှားစွာနဲ့ ၀မ်းပမ်းတသာ ကြိုဆိုခဲ့ကြပါတယ်။ ဒါ့အပြင် နိုင်ငံတကာက ခေါင်းဆောင်တွေ၊ အမေရိကန် သမ္မတ ဘရက်အိုဘားမား၊ ဥရောပသမဂ္ဂ၊ ဂျာမနီဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး တို့အပြင် အာဆီယံအတွင်းရေးမှူးချုပ်တို့ စသဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာနဲ့ပတ်သက်ပြီး ကြိုဆိုတုံ့ပြန်ခဲ့ကြပါတယ်။ ဒီအကြောင်းကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ စနေနေ့ ညနေ ၅ နာရီခွဲ ပတ်ဝန်းကျင်လောက်မှာ နေအိမ်အကျယ်ချုပ် ကနေ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အပေါ်မှာ နိုင်ငံတကာ ခေါင်းဆောင်တွေကရော၊ ပြည်တွင်း ဒီမိုကရေစီအင်အားစုတွေကပါ ကြိုဆိုလိုက်ပြီး ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့မှာ ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ အိုဘားမားကလည်း ကြေညာချက်ထုတ်ပြန်ပြီး အခုလို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အပေါ်မှာ ကြိုဆိုလိုက်ပါတယ်။
ဒါ့အပြင် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန် ကလည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာတာကို ကြိုဆိုလိုက်ပြီးတော့ လွတ်ပေးသင့်တာကြာပြီ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ တဆက်တည်းမှာပဲ ဂျာမနီဝန်ကြီးချုပ် အဲန်ဂလာမာကဲလ် နဲ့ ဥရောပသမဂ္ဂက ဥရောပကော်မရှင်ဥက္ကဌ Jose Manuel Barroso တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာတ၀ှမ်း ရဲစွမ်းသတ္တိနဲ့ မျှော်လင့်ခြင်းရဲ့ သင်္ကေတဖြစ်တယ်၊ လူ့အခွင့်အရေးကြိုးပမ်းမှုရဲ့ ပြယုဂ်ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေးကင်တားနားကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်မြောက်မှုကို အခုလို ကြိုဆိုလိုက်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကို ကြိုဆိုပါတယ်။ အခုလွှတ်ပေးတာလည်း နောက်ကွယ်က ချုပ်ချယ်တာမျိုး မရှိဘူးလို့ မျှော်လင့်ပါတယ်။ သူမကို ချုပ်နှောင်ထားတာဟာ လူ့အခွင့်အရေး ချိုးဖောက်တာမိုလို့ နိုင်ငံတကာက တောင်းဆိုတဲ့အတိုင်း လွှတ်ပေးမယ်လို့လည်း မျှော်လင့်ခဲ့တာပါ။ အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးတာကို ကြိုဆိုပါတယ်။ အခြား နိုင်ငံရေး အကျဉ်းသားတွေကိုလည်း ပြန်လွှတ်ပေးဖို့ ထပ်မံတောင်းဆိုပါတယ်။”
ဒါ့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်ကြီး နာဗီ ပီလေး (Navi Pillay) ကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကို ကြိုဆိုလိုက်ပြီးတော့ မြန်မာစစ်အစိုးရကိုလည်း နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့ကို တိုက်တွန်းလိုက်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒန်ဘရောင်းက ဒေါ်အောင်ဆန်းစုကြည်ကိုကြိုဆိုတဲ့ ကြေညာချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာပေါ်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူတွေထဲမှာ သတ္တိအရှိဆုံးနဲ့ ထင်ရှားအကျော်ကြားဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း၊ မတရားမှုဆိုတာ ကြာရှည်မခံဘူးဆိုတာ သူမရဲ့ လွတ်မြောက်မှုက ပြသနေတယ်လို့ ဆိုလိုက်ပါတယ်။ ဒါ့အပြင် တောင်အာဖရိကနိုင်ငံက ဘုန်းတော်ကြီး ဒက်စ်မွန်တူတူး အပါအ၀င် ဒေသတွင်းနိုင်ငံတွေထဲကတခုဖြစ်တဲ့ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်မြောက်မှုကို ကြိုဆိုဝမ်းမြောက်ကြောင်း ပြောကြားလိုက်ပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အပေါ်မှာ ကမ္ဘာ့ခေါင်းဆောင်တွေအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းက ကြိုဆိုခဲ့ကြသလိုပဲ ပြည်တွင်းမှာဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်မှာ မုန်တိုင်ဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဦးအေးသာအောင်က အခုလိုပြောပါတယ်။
“အခုလို လွတ်လာတဲ့အတွက်ကြောင့်တော့ ကျနော်တို့က ၀မ်းလည်းဝမ်းသာတယ်။ ကျနော်တို့ ကြိုဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်တယောက် လွတ်လာတဲ့အတွက်ကြောင့် ရှေ့ နိုင်ငံရေးမှာ ရှေ့ဆက်သွားရမယ့် ခရီးမှာ အလွန်လည်း အားတက်စရာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ် လွတ်မြောက်လာတဲ့အခါ တပ်မတော်ရယ်၊ တိုင်းရင်းသားများရယ်၊ အဲန်အယ်လ်ဒီအပါအ၀င် ဒီမိုကရေစီအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးရေး၊ အထူးသဖြင့် ပင်လုံလို အစည်းအဝေးတခုမှာ တွေ့ဆုံဆွေးနွေးပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ တိုင်းပြည်ရဲ့ ပြဿနာ အ၀၀ကို ဖြေရှင်းနိုင်မယ့် နည်းလမ်းပဲ ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်ဖို့အတွက်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုဟာ ရှေ့ဆက်မယ့် ခရီးအတွက် အလွန်အရေးပါတဲ့ ခြေလှမ်းတရပ် ဖြစ်တယ်လို့ ကျနော့်အနေနဲ့ သုံးသပ်ပါတယ်။”
အခုလို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာဟာ ဒီမိုကရေစီဖြစ်ပေါ်လာရေးအတွက် လမ်းစဖြစ်ပြီးတော့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို အမြန်ဆုံးဖြစ်ပေါ်လာဖို့အတွက်ကို မြန်မာစစ်အစိုးရဘက်က လုပ်ဆောင်သင့်တယ်လို့ ၀ါ့ရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက အခုလို “ တိုက်တွန်းလိုက်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတာက မှန်ကန်တဲ့လုပ်ရပ်ပဲ။ ဒါကြောင့်မို့ ဒီလို လွှတ်ပေးလိုက်တာကို အမှန်ကတော့ အဘတို့ အများကြီးပဲ ၀မ်းမြောက်မိပါတယ်။ အဲဒီတော့ အမှန်ကတော့ မြန်မာနိုင်ငံကြီး ကြီးပွားတိုးတက်ဖို့ကို တကယ် လိုလားရင် တကယ်ဆန္ဒရှိရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ဟာ တွေ့ဆုံပြီး ဆွေးနွေး အဖြေရှာသင့်တယ်လို့ ဒီလိုပဲ တိုက်တွန်းချင်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခဲ့တာဟာ ဒီကနေ့မှာ ရက်ပြည့်သွားပြီဖြစ်တဲ့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ ပြည်သူထောင်ပေါင်းများစွာဟာ ရွှေဂုံတိုင်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့ နဲ့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှိရာ တက္ကသိုလ်ရိပ်သာလမ်းထိပ်မှာ မနေ့ကရော၊ ဒီကနေ့ တနေ့ကုန် စောင့်ဆိုင်းခဲ့ကြတာ ဖြစ်ပါတယ်။ ညနေ ၅ နာရီပတ်ဝန်းကျင်လောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရ အာဏာပိုင်တွေဘက်က လွှတ်ပေးလိုက်ပြီ လို့ ဆိုပြီးတဲ့နောက်မှာတော့ အဆိုပါ လူထုကြီးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ရှေ့ကိုသွားရောက်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ခြံရှေ့ကိုထွက်ပြီးတော့ ပြည်သူလူထုကြီးကို နှုတ်ဆက်စကားပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္ဂနွေ နေ့လည်ကျရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ပြည်သူလူထုကို မိန့်ခွန်းပြောမယ်လို့ ဆိုပါတယ်။
အာဆီယံအတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်းပစ်ဆူဝမ်ကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့သတင်းကို ကြားရတာ သူ့အတွက် အင်မတန် စိတ်သက်သာရာ ရတယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာရေးအတွက် တစိုက်မတ်မတ် ကမ္ဘာတ၀ှမ်း စည်းရုံးလှုပ်ရှားလာခဲ့တဲ့ Amnesty International လို့ခေါ်တဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကို ကြိုဆိုလိုက်သလို နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော်ကို ပြန်လွှတ်ပေးဖို့ကိုလည်း မြန်မာစစ်အစိုးရကို တောင်းဆိုထားပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရ လွှတ်ပေးလိုက် ပေမဲ့လည်း အရူးလုပ်မခံရစေဘဲ အရှည်ကိုစောင့်ကြည့်ဖို့ Amnesty International အဖွဲ့က ကမ္ဘာကို သတိပေးထားပါတယ်။
+
http://www.voanews.com/burmese/news/DASSK-released-11-13-10-107733808.htmlRest of your post
Saturday, November 13, 2010
ဒေါ်စု လွတ်မြောက်မှု နိုင်ငံတကာခေါင်းဆောင်တွေ ၀မ်းမြောက်ကြိုဆို
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
November
(423)
- ပင်လုံစာချုပ် (၁၉၄၇)
- အမျိုးသားအောင်ပွဲနေ့ မင်္ဂလာခွန်းဆက် (ရေး ။ ။ မင်းသု...
- ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် သမတ
- "အမျိုးသားနေ့" - ကာတွန်း ဦးဘဂျမ်း လက်ရာ။ (ဟံသာဝတီ...
- ဟိုဘက်မှာလည်း ကလေးတွေထွက်ပြေးနေကြရ
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဗွီဒီယိုခွေ နိုင်ငံေ...
- ဒေါ်အောင်ဆန်းစုကြည်နှင့် သားကိုထိန်လင်း တို့ အား ဗိ...
- မလေးရှားမှ ပေးပို့ ပါသည်။
- ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစု...
- အားနာပါတယ် ဒို့ ကိုစိန်ဘဲပေး ပြည်သူတွေအတွက် စက္ကူစု...
- ဒေါ်အောင်ဆန်းစုကြည့် နိုင်ငံရေးအကျဉ်းသား မိဘများနှင...
- ဒုက္ခသည်စခန်းက လူတွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ ...
- ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖြေများ - မိုးမခ အင်တာဗျူး
- ရူးနေလို့ တဲ့ 
- သိသောသူများ လေ့ လာသိရှိရသမျှ စီဘောက်မှာ အကြံပေးကြပါ
- စုတ်ပြတ်နေသော မြို့ တော်ကြီး ….
- လေလည်လို့  ဘွတ်ဘွတ် မြည်တောင် တွတ်ထိုးတယ် ထင် ထောင...
- တရုတ်တွေ ဒို့ ပိုင်တာတွေ ခိုးနေပြီ..ရပ်ကြည့်ကြမလား
- ရဲက လာဘ်ငွေယူပြီး မူးယစ်ဆေးရောင်းခွင့်ပြု
- သိန်းသန်းကုဋေ ကိန်းဂဏန်းတွေ (တပ်ကြပ်ကြီး-နေမင်းသူ)
- အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့အထိမ်းအမှတ် လူ့အ...
- အချိန်ကောင်း အခါကောင်း အခွင့်အရေးကောင်း (လူထု ဦးစ...
- ရွေးကောက်ပွဲ အထူးအစီရင်ခံစာ
- ငါးမင်းဆွေ ၏ ဒိုင်ပွဲရပ်..နောက်ကောက်..ရှေုသွားတွေ ...
- .ဦးဝင်းတင် နယူးယောက်တိုင်း ပိုစ့်ကိစ္စ ရှင်းလင်းချက်
- ခေတ်သစ် မြန်မာ့လွတ်တော်
- ရှားးးးရှားးးးးဘာရှားးးလဲ * ရုရှား* တဲ့ ကွယ်
- သမ ချင်သလား..ပြည်သူ့ အချစ်တော်ကြီးက ဒီမှာနေတယ်။
- ဒီလူ ဟိုလူ..အဲ ဟုတ်ဖူး..ဟောဒီလူ (သောက်မြင်ကပ် ပုဒ်မ)
- ဆွံအနေသော လွှတ်တော် ကိုယ်စားလှယ်များသာ အလိုရှိသည်။ ...
- ဘယ်သူနိုင်ငံရေး သမားလဲ- * ရေးသားသူ-လူထုစိန်ဝင်း *
- ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကျဉ်းသား မိသားစုများ...
- သံလွင်မြစ် မှ ရှမ်းမလေး
- ရွေးကောက်ပွဲလွန်ကာလ တွေ့ဆုံဆွေးနွေးရေး ကုလ အကြံပေး...
- တွင်းတူးပြီး လက်နက်စု လူသတ်ဖို့ သာ ဦးတည်နေတဲ့ နိုင...
- ပေါ်တာ= အထမ်းသမား =ရန်ကုန်တွင် ဆွဲနေသည် (မိုးမခ)
- ရွေးကောက်ပွဲအပြီး ကရင်နီ နှင့် နအဖ အကြားတိုက်ပွဲ တ...
- သိနေတယ်တဲ့ဗျာ ..ဟုတ်မယ်မထင်
- မြန်မာ့အရေး မှ ငါးမင်းဆွေ သို့....... (၁)
- အခုမှပဲ ရှင်းသွားတော့တယ်
- မျိုးချစ်တေးဂီတပညာရှင်ကြီး သဟာယဆရာတင်
- ဗုံးတွေ့မှုအတွက် သံဃာတော်တပါးကို ဖမ်းဆီးထား
- ရန်ကုန် အနုပညာရှင်များ ၃၇၆ မိသားစုဂေဟာ လာရောက် အားပေး
- ဗမာ့သူရဲကောင်း (ဗိုလ်ချုပ်အောင်ဆန်းသီချင်း)
- နိုင်ငံရေး အကျဉ်းသားများ လွှတ်မြောက်ရေး အတွက် ကျောက...
- စစ်ထောက်လှမ်းရေး ရှိစဉ်က စိတ်ကူးမျိုးဖြင့် NLD ကို...
- ဘိန်းသမားတွေတောင် ကွင်းပိုင်ကြီးကို မကျော်နိုင်..
- ရန်ကုန်မှာ ဆွဲပြီ
- အင်းစိန် သို့ ရောက်သွားသော ဗိုလ်ချုပ်ခင်ညွန့် 
- လူမှုထူးချွန်ဆုရ ဌာနေပြည်သူ့စစ်ခေါင်းဆောင်နယ်မြေ၌ ဘ...
- မနေ့ က သတင်းအဆက်ပါ.. အရိုက်ခံရတဲ့သူကို အာဇာနည်အပေါ...
- ဗိုလ်ချုပ်မှုးကြီး နှစ်ယောက် ရဲ့  အိမ် ထိ penetrate...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- တပ်ဂေါ်လီ
- အမေစု လုံခြုံရေးအတွက်
- ဒီကိစ္စတွေက တိုင်းပြည်အုပ်ချုပ်သူတွေ လုပ်ရမယ့် အလုပ...
- လူသားဒိုင်းသဖွယ် အရပ်သားတွေကို အသုံးချဟု မြောက်ကေ...
- အမေ့ မခံလိုသူများရဲ့ လက်ဆောင်နဲ့ အမေ့ရဲ့ရုံးခန်း
- ဗိုလ်ချုပ်ကြီးခင်ညွန့် ဗီဒီယိုနဲ့ ပတ်သက်ပြီး ဗိုလ်...
- နောက်ဆက်တွဲ ဗိုလ်ချုပ် ခင်ညွန့် သတင်း
- ဆားမင်းဆွေ၊ ငါးမင်းဆွေ၊ နောက်တော့ ဖားမင်းဆွေ
- ဒေါ်အောင်ဆန်းစုကြည်နဲ့ မိုးမခ အင်တာဗျူး အဖြေများ
- Leaked General Khin Nyunt Video Clip
- ပုတ်သင်ဥတော့ ပေါ်လာပြီ။
- UN- ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေဆုံ
- ဟာသတွေအရမ်းပြောတဲ့ဒေါက်တာဝင်းနိုင်(ဂျပန်ပျံ)
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို နေရာပြောင်း
- ရွေးကောက်ပွဲ မဲမသမာမှုများကို သမိုင်းမှတ်တမ်းတင်
- နအဖတပ်နှင့် ဘီဂျီအက်ဖ်တပ်များ ကရင်ကျေးရွာများတွင် ...
- ထောက်လှမ်းရေးမှူးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ...
- ပြည်သူတဦးပေးစာ
- မိဘနှင့်တူသော အစိုးရ ( အပိုင်း-၁)
- ဒီလို ဖေါ်လံဖား လူတွေ များနေတော့
- ခွေးတွေ ကြိတ်ကြံနေတယ်
- ဒုတိယပင်လုံညီလာခံမှာ စစ်အစိုးရ ပါဝင်လာရေး ကြိုးပမ်...
- ကုလသမဂ္ဂ အကြီးတန်းအရာရှိ နှစ်ရက်ကြာ မြန်မာပြည် လာရေ...
- သတင်းလိမ်ကြီးဗျ..
- သေကြပြန်ပြီး သန်းရွှေ အာဏာတည်မြဲရေးအတွက်
- ဖားမင်းဆွေကျိုက္ခမီကိုအလည်လာတော့ ကျိုက္ခမီသားတစ်ယောက...
- ရွေးကောက်ပွဲကြီးအပြီး လွတ်လပ်စွာ ဆက်သွယ်ခွင့်ရှိသည်
- သီတာရေ နောက် ရခိုင်မှာပျောက်
- ရွေးကောက်ပွဲပြီးတာနဲ့  အမျိုးသမီးများအပေါ် ပိုကြမ်း
- ဒီမိုကရေစီနိုင်ငံသစ်ဖြစ်တဲ့ မြန်မာပြည် မုဒိန်းပြွဲ...
- သိက္ခာထက် စိန်က အရေးကြီးတယ်၊ အော်...လောဘသား စစ်ဓါြး...
- မီးပွိုင့်ကသူတို့ဘ၀ -
- ငါးမင်းဆွေ မှ ဒေါ်စုကြည်သို့ (၂)
- မြန်မာ့ သတင်းစာ မမှန်ဖူးချည်းတော့ မပြောနဲ့ ဒါလေးတေ...
- ရေဆန်ကို ဆန့် မယ် အား
- ဧည့် စာရင်း မ တိုင်တဲ့ ကဗျာ
- ငါးမင်းဆွေ ဖားမင်းဆွေ ကြံ့ဖွတ်မင်းဆွေ..ကြောင်သူတော...
- အတက်ခက်နေသေးတဲ့ အင်တာနက်
- ရာထူးမမက် သိက္ခာမက်သူတွေကတော့ ဒီလိုပေါ့
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင် AI အင်တာဗျူး
- ခုမှ ပေါက်တဲ့ကြာ.. အရိုး လာရှည်နေလေရဲ့
- IAS Calls For The Non Politicization Of An HIV Cli...
- မီးစိမ်းပြရင်..ကျနော်တို့ လည်း အသင့်ဘဲ
- ဒီနေရာကျ သူ က ပထမ ဗျ
- သားနစ်ဦးနှင့် သူ့အမေ
- ၀ိသာခါလို မိန်းမမြတ်
-
▼
November
(423)
No comments:
Post a Comment