11 နာရီ 25 မိနစ် - မြန်မာစံတော်ချိန်
NLD ရုံးချုပ်မှာ ခေါင်းဆောင်များလည်းရောက်
ရန်ကုန်တိုင်း ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်နဲ့ ရုံးရှေ့ ရွှေဂုံတိုင်လမ်းပေါ်မှာ ပါတီဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေ တထောင်ကျော် ရောက်နေတယ်လို့ ပါတီပြောခွင့်ရ ဦးအုန်းကြိုင်က ပြောပါတယ်။
NLD လူငယ်တယောက်ကလည်း ’’မနေ့ကလိုမျိုး အခင်းအကျင်း လုပ်နေတယ်။ ဓာတ်ပုံတွေ၊ တီရှပ်တွေ ဝတ်ပြီးတော့ စောင့်ဖို့ လုပ်နေတယ်နော်’’ လို့ ဆိုပါတယ်။
ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဗဟိုအလုပ်မှုဆောင်ဝင် ဦးဝင်းတင်တို့အပြင် ဗဟိုနဲ့ ပြည်နယ်/တိုင်း ခေါင်းဆောင်တွေ ရောက်နေပြီ ဖြစ်ပါတယ်။
No comments:
Post a Comment