သတင်းစာဆရာတဦးနဲ့ မိုးမခစကားလက်ဆုံ မိုးမခ / နိုဝင်ဘာ ၁၉၊ ၂၀၁၀
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ပြီး တပတ်မပြည့်ခင်မှာ သူလည်ပတ်ခဲ့တဲ့ အင်န်အယ်ဒီ လူမှုအထောက်အကူလုပ်ငန်းတခုဖြစ်တဲ့ HIV / AIDS လူနာများ စောင့်ရှောက်ရေးဂေဟာတခုက လူနာတွေကို ဧည့်လက်မှတ် ရက်မတိုးပေးတော့ဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတယ်။ ဒေါ်စု တရားရင်ဆိုင်ဖို့ ၀င်ထွက်သွားလာနေတဲ့ ရန်ကုန်မြို့က တရားရုံးချုပ်ကို နေပြည်တော်ကို ရွှေ့တော့မယ်ဆိုတဲ့ သတင်းဖြစ်လာတယ်။
ဒေါ်စုဖက်က စစ်အစိုးရရဲ့ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး ဘာမှ အတိအကျ သဘောထား မပြောရသေးဘူး။ ဒေါ်စုဖက်က စစ်အစိုးရဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ဘယ်လို အရေးယူ ဆောင်ရွက်မယ် ဆိုတာ မပြောရသေးဘူး။ ဒေါ်စုဖက်က သူ့စိတ်ကူးထားတဲ့ ဒီမိုကရေစီကွန်ယက်တခု နိုင်ငံတကာအထိ ဆန့်တန်းဆက်သွယ်မှု ဘယ်လိုတွေ အကောင်အထည် ဖော်လိုက်မယ် ဆိုတာ မပြောရသေးဘူး။
အဲသည်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တကိုယ်တော်ဆန်တဲ့ သူရဲကောင်းတဦး ဖြစ်တယ်။ ဒေါ်စုဟာ မြန်မာပြည်နိုင်ငံရေးထွက်ပေါက်အတွက် အတားအဆီးဖြစ်တယ်။ ဒေါ်စုဟာ သဘောထားတင်းမာတယ်။ ရန်လိုတယ်။ အင်န်အယ်ဒီပါတီကိုယ်တိုင်ကလည်း တသဘောတည်း ဖြစ်တယ် ဆိုတဲ့ ၀ါဒဖြန့်ချိမှုတွေ အောက်မှာ မြန်မာဒီမိုကရေစီရေးလိုလားသူတွေ၊ လှုပ်ရှားသူတွေက တခြားရွေးစရာ ဘာလမ်းတွေ ရှိသလဲ။ ဒေါ်အောင်ဆန်းစုကြည်မပါတဲ့ မြန်မာပြည်လား။ စစ်အာဏာရှင်တွေနဲ့ သူတို့ရဲ့ နောက်လိုက်တွေနဲ့ မြန်မာပြည်လား။
အဲသည် မေးခွန်းတွေကို မြန်မာသတင်းစာဆရာကြီးတဦးနဲ့ စကားပြောဖြစ်တယ်။ သူ့အတွေး သူ့အမြင်တွေကို မိုးမခစကားလက်ဆုံအဖြစ် သင့်တော်သလို ကောက်နုတ်ပြီး တင်ဆက်လိုက်ပါတယ်။
အစရဲ့ အစ - ၁၉၉၀ ရွေးကောက်ပွဲ
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အင်န်အယ်ဒီ အနိုင်ရတယ်။ ဒေါ်စု၊ ဦးဝင်းတင်၊ ဦးတင်ဦးတို့ အထိန်းသိမ်းခံထားရချိန်မှာ အင်န်အယ်ဒီပါတီဟာ ဦးကြည်မောင် ဦးဆောင်မှုနဲ့ အနိုင်ရတာ ဖြစ်တယ်လို မြင်ပါတယ်။ လူထုကလည်း အများကြီးအားတက်တယ်။ စစ်အစိုးရဖက်ကလည်း မမျှော်လင့်ဘဲ အငိုက်မိတဲ့ အချိန်ဖြစ်တယ်။ အဲသည်အချိန်မှာ နှစ်ဖက်စလုံးက ပြင်ဆင်မှုတွေ လုပ်နေတယ်။ အဲသည်တုန်းက ဦးကြည်မောင်ရဲ့ မီဒီယာအင်တာဗျူးတခုမှာ စစ်ဗိုလ်ချုပ်တွေကို နှူရင်ဘတ်စစ်ခုံရုံးတင်ရမယ်လို့ ပြောလိုက်တာဟာ ရန်လိုမှု၊ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်တယ်။ အပျက်ပျက် ဖြစ်စေတယ်လို့ ပြောကြတယ်။ ဒါကို ဘယ်လို ပြောမလဲ။
ကျနော်သိတာကို ပြောရရင် ဦးကြည်မောင်ကို သတင်းထောက်တွေက မေးကြတယ်။ အဲသည်မှာ သတင်းထောက် ဒိုးမနစ်ဖောင်ဒါက မေးတယ်။ စစ်ဗိုလ်ချုပ်တွေကို ဘယ်လိုအရေးယူမလဲ။ ဦးကြည်မောင် ဖြေတာက မြန်မာစစ်ဗိုလ်ချုပ်တွေအနေနဲ့ ဘာမှ စိတ်ပူနေစရာမလိုပါဘူး၊ နူရင်ဘတ်စစ်ခုံရုံးမှာ ဂျာမန်စစ်ဗိုလ်ချုပ် ဘယ်နှစ်ယောက်ကိုများ အရေးယူခဲ့တာ ရှိသလဲ လို့ ဖြေခဲ့တာ ဖြစ်တယ်။ သူ့မှာ တခြား အရေးကိစ္စတွေ အများကြီး ရှိနေတယ်။ ဒါကို သူ ဘယ်လိုမှ သဘောမထားဘူးလို့ ဆိုလိုတာ ဖြစ်တယ်။ [Link] ဒါပေမယ့် သတင်းထောက်က သတင်းထဲမှာ ကွင်းစ ကွင်းပိတ်နဲ့ (ဗိုလ်ချုပ်ခင်ညွန့် လိုမျိုး) လို့ ဖြည့်လိုက်တယ်။ ဒါကို ဗိုလ်ခင်ညွန့်က မခံမရပ်နိုင်ဖြစ်ပြီး ဦးကြည်မောင်ကို သတင်းစာရှင်းလင်းပွဲတွေကနေ ဖြေရှင်းချက်တောင်းတယ်။ ရန်တွေ့တယ်။ ဦးကြည်မောင်က ပြန်ရှင်းပြခဲ့တယ်။ သတင်းထောက်က ရေးတဲ့အာဘော်ကတော့ သူ့အာဘော်မဟုတ်ဘူး၊ သတင်းထောက်ကို ရှင်းခိုင်းလို့ ပြောလိုက်တယ်။ ဒါကို အင်န်အယ်ဒီရဲ့ ဗဟိုကော်မီတီအစည်းအဝေးမှာ ပြန်ပြီး အစီရင်ခံ ရှင်းပြခဲ့တယ်လို့ သိရပါတယ်။ သို့သော်လည်း စစ်အစိုးရက ဖမ်းပြီး ဦးကြည်မောင်ကို ထောင်ချပစ်လိုက်တယ်။ ဒါဆိုရင် ဒီမိုကရေစီရေးလှုပ်ရှားသူ အင်န်အယ်ဒီဖက်က၊ ခေါင်းဆောင်တွေဖက်က ရန်လိုတာမျိုး၊ သဘောထားတင်းမာတာမျိုး ပြခဲ့တာ မဟုတ်ဘူး လို့ ပြောချင်တယ်။
အာဆီယံတို့၊ တရုတ်တို့၊ အာရှနိုင်ငံတွေကို အင်န်အယ်ဒီက ရွေးကောက်ပွဲ အနိုင်ရခဲ့စဉ်မှာ ဂရုမစိုက်လုပ်ခဲ့တာတွေရှိလို့ အခုအချိန်အထိ အင်န်အယ်ဒီပါတီ၊ ပါတီခေါင်းဆောင်တွေနဲ့ ဆက်ဆံရေး အေးစက်နေတာတွေ ရှိနေတာလား။
အဲသလိုလည်း မမြင်ပါဘူး။ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရစဉ်တုံးက တရုတ်ပြည်က သံအမတ်ကြီးကိုယ်တိုင် အင်န်အယ်ဒီက အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီခေါင်းဆောင်တွေနဲ့ နှုတ်ဆက်ခဲ့တာတွေ ရှိတယ်။ အဲသည်တုန်းက တွေ့ခဲ့သူတွေထဲမှာ ဦးခင်မောင်ဆွေတို့၊ ဗိသုကာဦးကျော်မင်းတို့ ပါတယ် လို့ မှတ်မိတယ်။ ဒါတွေကို ကျနော့်အမြင်ကတော့ အများပြည်သူစိတ်ထဲမှာ စွဲမှတ်မိသွားအောင် မီဒီယာတွေမှာ ဖော်ပြခဲ့တဲ့၊ ထောက်ပြခဲ့တဲ့ အကြိမ် နည်းတယ်။
၉၀ ရွေးကောက်ပွဲ အလွန်
၁၉၉၁ အောက်တိုဘာ မှာ ဒေါ်အောင်ဆန်းစုကြည်ကို နိုဘယ်ဆု ချီးမြှင့်တယ်။ ဒေါ်စုက ဆုငွေကို မြန်မာပြည်ရဲ့ ပညာရေးနဲ့ ကျန်းမာရေးကို ကူညီထောက်ပံ့ဖို့ ရန်ပုံငွေအဖြစ် ၁၉၉၂ မှာ သတ်မှတ်လိုက်တယ်။ အဲသည်မှာ ဒေါ်စုက စစ်အစိုးရကို ဖြုတ်ချဖို့၊ ဆူပူလှုံဆော်ဖို့ အဲသည်ငွေကြေးတွေ မသုံးခဲ့ဘူး။ ဒါတွေက ရန်လိုတဲ့ သဘောထားတင်းမာတဲ့ လုပ်ရပ်လို့ ကျနော်တို့ကတော့ မမြင်ပါဘူး။
ဟုတ်ပါတယ်။ ဒေါ်စုကို ၁၉၈၉ ဇူလိုင်ကတည်းက စစ်အစိုးရက နေအိမ်အကျယ်ချုပ် ချထားတယ်။ ၁၉၉၄ မှာမှ ဗိုလ်ချူပ်တွေနဲ့ သန်းရွှေတို့ ခင်ညွန့်တို့နဲ့ တွေ့ဆုံဆွေးနွေးတယ်လို့ သတင်းထွက်လာတယ်။ အဲသည်အချိန်မှာ စစ်အစိုးရဖက်မှာ ကြံ့ဖွံ့အဖွဲ့ကြီးကို ၉၃ မှာ ထူထောင်ပြီးပြီ။ အမျိုးသားညီလာခံတွေလည်း သူတို့က လုပ်နေပြီ။ အဲသည် ညီလာခံမှာ တိုင်းရင်းသားတွေကော၊ နိုင်ငံရေးပါတီတွေကိုယ်တိုင်က လွတ်လပ်စွာ ထုတ်ဖော်ဆွေးနွေးခွင့်မရဘူး၊ ပြည်ထောင်စုစနစ်အကြောင်း ပြောဆိုတင်ပြခွင့်မရဘူးလို့ မီဒီယာတွေကတဆင့် ထုတ်ဖော် ဝေဖန်နေကြပြီ။ အဲသည်ညီလာခံမှာ ဦးအောင်ရွှေဦးဆောင်မှုပေးနေတဲ့ အင်န်အယ်ဒီကလည်း တက်နေတယ်။ အဲသည်လို စစ်အစိုးရရဲ့ တဖက်သတ် အစီအစဉ်တွေ လုပ်ငန်းစဉ်တွေ လုပ်နေချိန်မှာ အချိန်စေ့လို့ ဒေါ်စုကို လွှတ်လိုက်တာ ဖြစ်တယ်။
အဲသည်အချိန်တုန်းက ဒေါ်စုကို ဇူလိုင်လဆန်းမှာ လွှတ်ပေးတယ်။ အန်ကယ် ဦးတင်ဦးနဲ့ အန်ကယ် ဦးကြည်မောင်တို့လည်း ၉၅ နှစ်ဆန်းမှာ လွတ်လာကြတယ်။ သူတို့တတွေက အမျိုးသားညီလာခံကို ရန်လိုခဲ့ကြတယ်။ သဘောထားတင်းမာမှုတွေ ပြသခဲ့ကြတယ်လို့ စစ်အစိုးရက စွတ်စွဲခဲ့တယ်။ ဒါကို ဘယ်လို ပြောမလဲ။
အဲသည်အချိန်တုန်းက လွတ်မြောက်လာတဲ့ ပါတီခေါင်းဆောင်တွေက ပါတီတွင်း၊ ပါတီအပြင်ရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်။ ကျနော်တို့ သတင်းသမားတွေ အသိဆုံးပဲ။ သဘောထားတွေ တောင်းခံတယ်။ အချို့က ညီလာခံကို လက်မခံဘူး။ အချို့က အခြေအနေကြည့်ဖို့၊ ကောင်းကွက်၊ ဆိုးကွက်တွေကို နှိုင်းယှဉ်ပြီး တင်ပြကြတာတွေ ရှိတယ်။
၁၉၉၅ နိုဝင်ဘာ အင်န်အယ်ဒီသတင်းစာရှင်းလင်းပွဲမှာ ဒေါ်စုက အမျိုးသားညီလာခံကနေပြီး မြန်မာပြည်ရဲ့ နိုင်ငံရေးအဖြေရှာနိုင်ဖို့ မလွယ်ဘူး၊ လွတ်လပ် ပွင့်လင်းမှုတွေ မရှိဘူးလို့ ဝေဖန်ထောက်ပြတယ်။ ထွက်မယ်လို့ မပြောခဲ့ဘူး။ နိုဝင်ဘာ ၂၂ မှာ သတင်းစာရှင်းလင်းပွဲ၊ နိုဝင်ဘာ ၂၇ မှာ အမျိုးသားညီလာခံ ပြန်စတယ် ထင်တယ်။ အဲသည်မှာ ဦးအောင်ရွှေတို့က အမျိုးသားညီလာခံက နိုဝင်ဘာ ၂၉ မှာ နှုတ်ထွက်လိုက်တယ်။ ဒါက အင်န်အယ်ဒီပါတီခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ အပြင်မှာ ရှိသလောက် တွေ့ဆုံဆွေးနွေးပြီးမှ ထွက်လာတဲ့ ရလဒ်လို့ မြင်ပါတယ်။
ဒီညီလာခံက နှုတ်ထွက်တာက သဘောထားတင်းမာတာကို ပြတာလဲ မဟုတ်ဘူး၊ ရန်လိုတာလည်း မဟုတ်ဘူးလို့ ပြောချင်ပါတယ်။ ညီလာခံက ၂၇ မှာ စပါတယ်။ ပါတီကနေပြီး ညီလာခံကော်မရှင်ကို တင်ပြထားတာတွေ၊ တောင်းဆိုထားတာတွေ ရှိတယ်လို့ သိရတယ်။ စစ်အစိုးရက ညီလာခံမှာ ဒါတွေကို ပြန်လည် အကြောင်းပြန်ခြင်း မရှိဘူး။ ဒါတွေကို စစ်အစိုးရ မီဒီယာတွေက မပြောခဲ့ဘူး။ ပြည်တွင်းက မြန်မာပြည်သူတွေမှာလည်း သေသေချာချာနားလည်နိုင်ဖို့ အခြေအနေမရခဲ့ဘူး။ လူတွေက တဖက်သတ်ပြောနေတာတွေကိုပဲ ကြားနေရတာကိုး။
ဒါဆိုရင် ၁၉၉၆ နဲ့ နောက်ပိုင်းကာလတွေမှာ ဒေါ်စုခြံရှေ့ ဟောပြောပွဲတွေနဲ့ လူတွေကို ဆူပူလှုံဆော်လာအောင် သွေးထိုးမြှောက်ပင့်တယ်။ ရန်လိုတယ်။ သဘောထားတင်းမာမှုတွေ ပြသခဲ့တယ်လို့ စစ်အစိုးရက တောက်လျောက် စွပ်စွဲခဲ့တယ် မဟုတ်လား။ ဒါတွေကိုကော ဘယ်လို ပြောမလဲ။
ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့ ဟောပြောပွဲတွေဟာ သမိုင်းဝင်လူထုဆွေးနွေးပွဲ၊ လူထုဟောပြောပွဲတွေ ဖြစ်တယ်လို့ မြင်ပါတယ်။ မြန်မာပြည်မှာ အဲသည်တုန်းက အခုလိုမျိုး ဆက်သွယ်ရေး နည်းပညာတွေ မရှိလို့ တကမ္ဘာလုံးက တပြည်လုံးက မြန်မာတွေ ကျယ်ကျယ်ပြန့်ပြန့် မသိရှိခဲ့ကြဘူး။ ဒါပေမယ့် အင်န်အယ်ဒီခေါင်းဆောင် ၃ ဦး ဖြစ်တဲ့ ဦးကြည်မောင်၊ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြောဆိုဆွေးနွေးနေတာတွေက တိုင်းသူ ပြည်သားတွေရဲ့ ခံစားချက်တွေ၊ မေးမြန်းစုံစမ်းတာတွေကို ကိုယ်စားပြုပြီး ပြောနေတာတွေချည်းပဲ။ ဒါပေမယ့် လူထုရဲ့ အသံကို စစ်အစိုးရနဲ့ အပေါင်းအပါတွေက မလိုလားပါဘူး။ ခြံရှေ့ ဆွေးနွေးပွဲတွေမှာ အာဏာပိုင်တွေရဲ့ အလွဲသုံးမှုတွေ၊ မတရားမှုတွေဟာ အများရှေ့မှာ ပေါ်ပေါက်လာတယ်။ ဒါတွေကို စစ်အစိုးရက မလိုလားဘူး။ တားမြစ် နှိမ်နင်းဖို့ ကြိုးစားတာ ဖြစ်ပါတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၆ နိုဝင်ဘာမှာ မော်တော်ကားတန်းနဲ့ အထွက်မှာ ရန်ကုန်ဆင်ခြေဖုံးမှာ ကြံ့ဖွံ့လူအုပ်ကြီးတခုနဲ့ ၀ိုင်းဝန်း ရိုက်နှက်ဖို့ ကြိုးစားခဲ့တယ်။ ဦးတင်ဦး၊ ဦးကြည်မောင်နဲ့ ဒေါ်စုတို့ကားတွေကို တုတ်တွေ၊ ခဲတွေနဲ့ ရိုက်တာ ပစ်ခတ်တာတွေ လုပ်တယ်။ နောက်က လုံခြုံရေးဆိုပြီး လိုက်လာတဲ့ ထောက်လှမ်းရေးတွေကိုယ်တိုင် အငိုက်မိသွားတယ်လို့ တွေ့ရတယ်။ အဲသည် ဒေါ်စု လွတ်မြောက်နေတဲ့ ၉၅ ကနေ ၂၀၀၀ ကာလမှာ စစ်အစိုးရဖက်က ဒေါ်စုတို့ဖက်က လှုပ်ရှားမှုတွေအားလုံးကို အင်အားသုံးပြီး အကြမ်းဖက်တာတွေ၊ ပိတ်ဆို့တာတွေနဲ့ တုန့်ပြန်တာတွေချည်းပဲ။
အဲဒါတွေကို စာရင်းလုပ်ပြပါဦး။
၁၉၉၆ နဲ့ နောက်ပိုင်းမှာ အင်န်အယ်ဒီပါတီဟာ ပြန်လည်ထူထောင်ရေး၊ တည်ဆောက်ရေးတွေ လုပ်တဲ့ကာလတွေဖြစ်ပါတယ်။ ဟောပြောပွဲတွေ ရှိတယ်၊ ဆွေးနွေးပွဲတွေရှိတယ်။
၁၉၉၆ ဧပြီမှာ ဒေါ်စုခြံရှေ့ သင်္ကြန်ပွဲ မကျင်းပဖြစ်အောင် ဖိနှိပ်မှုတွေ လုပ်တယ်။
၁၉၉၆ ဇွန်လမှာ ဒေါ်စုရဲ့ ခြံရှေ့ဟောပြောပွဲတွေကို စစ်အစိုးရက တားမြစ်ပိတ်ပင်တာတွေ လုပ်ခဲ့တယ်။
ပါတီညီလာခံတွေ လှုပ်ရှားမှုတွေ လုပ်လာတာနဲ့ စက်တင်ဘာမှာ အင်န်အယ်ဒီပါတီဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို သိမ်းကျုးံဖမ်းခဲ့တယ်။ အဲသည်တုန်းက ဒေါ်အောင်ဆန်းစုကြည်ခြံထဲမှာ ညီလာခံလုပ်ဖို့ ရောက်လာတဲ့သူ ၁၄၊ ၁၅ ယောက်လောက်ပဲ ရောက်လာခဲ့တယ်။
၁၉၉၆ အောက်တိုဘာ မှာ ကျောင်းသားအရေးအခင်းဖြစ်ခဲ့တယ်။ စစ်အစိုးရက အကြမ်းဖက်ဖြိုခွဲ နှိမ်နင်းတယ်။ ဖမ်းဆီးတယ်။ ဦးကြည်မောင်ကိုလည်း ကျောင်းသားတွေကို လှုံဆော်တယ်ဆိုပြီး စွပ်စွဲခဲ့သေးတယ်။ တပတ်လောက် ဖမ်းဆီးထားခဲ့တယ်။
၁၉၉၆ နိုဝင်ဘာမှာ ဒေါ်စု၊ ဦးတင်ဦး နဲ့ ဦးကြည်မောင် ကားယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်။
၉၆ ခုနှစ်မှာ ဒေါ်စုဘက်က စစ်အစိုးရရဲ့ မြန်မာ့ခရီးသွားနှစ်ကို ဝေဖန်ပြောဆိုခဲ့တယ် လို့ သူတို့ဖက်က အကြိမ်ကြိမ် ပြောတယ်။ တိုင်းပြည်ငြိမ်းချမ်းရေးကို ဖျက်ဆီးတယ်လို့ ပြောတယ်။ ဒါပေမယ့် အခုလိုမျိုး ကိုယ်ထိလက်ရောက် အကြမ်းဖက်တာ၊ ဖမ်းဆီးတာတွေက စစ်အစိုးရဖက်က ကျုးလွန်နေတာချည်းပဲ လို့ ပြောချင်ပါတယ်။
ဒါကြောင့်မို့လို့ အနောက်အုပ်စု နိုင်ငံတွေက စစ်အစိုးရကို ပိတ်ဆို့အရေးယူတာတွေကို စတင်လုပ်ဆောင်လာတာကို တွေ့ရတယ်။ ပြည်တွင်းမှာ လက်နက်မဲ့ ပြည်သူတွေ၊ နိုင်ငံရေးပါတီဝင်တွေကို ဖိနှိပ် ဖမ်းဆီး ရိုက်နှက်နေတာကို ပြည်ပနိုင်ငံတွေက လက်ပိုက်ကြည့်မနေဘဲ သူတို့ဖက်က နိုင်ငံရေးအရ အရေးယူတာတွေ လုပ်လာတယ်လို့ ပြောလို့ရပါတယ်။
၉၆ ဒီဇင်ဘာမှာ ကျောင်းသားအရေးအခင်းတွေ ဖြစ်ပွားတယ်။ ဒေါ်စုကို စစ်အစိုးရ နေအိမ်မှာ တားမြစ်ထိန်းသိမ်းထားတယ်။ ကျောင်းသားအရေးအခင်းကို စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းပြီး ဖြေရှင်းလိုက်တယ်။
၁၉၉၇ ဒီဇင်ဘာမှာ ဦးကြည်မောင် ဟာ ဒေါ်စုနဲ့ ပါတီကနေပြီး စိတ်သထားချင်း မတိုက်ဆိုင်လို့ အနားယူသွားပြီလို့ စစ်အစိုးရက ပြောသေးတယ် မဟုတ်လား။
ဟုတ်တယ်။ ဦးကြည်မောင်ဟာ ပါတီအတွက်၊ ဒေါ်စုအပါအ၀င် ပါတီခေါင်းဆောင်တွေအတွက် အကောင်းဆုံး အစွမ်းကုန် ရပ်တည်ပေးတယ်။ ဆောင်ရွက်ပေးတယ်။ နောက်ဆုံး ကွယ်လွန်ချိန်အထိ တိုင်းပြည်အတွက်ကော၊ အားလုံးအတွက် ရပ်တည် ပေးဆပ်သွားတယ်လို့ သတင်းစာဆရာတယောက်အနေနဲ့ မိမိသိထားတဲ့အတိုင်း ရဲရဲကြီး ပြောလိုပါတယ်။ စစ်အစိုးရပြောတာ မဟုတ်ပါဘူး။
၂၀၀၀ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်နဲ့ ပြန်အထိန်းသိမ်းခံလိုက်ရတယ်။ ဒေါ်စုနဲ့ အင်န်အယ်ဒီဘက်က ဘာတွေ ရန်လိုတာတွေ၊ သဘောထားတင်းမာတာတွေ လုပ်ခဲ့တာတွေ ရှိသလဲ။ သူတို့ ဘာတွေ လုပ်ခဲ့သလဲ။ ဘာတွေ ဖြစ်ခဲ့သလဲ။ ဆက်ပြောပါဦး။
အဲသည် ၁၉၉၅ - ၂၀၀၀ ကာလကို ပြောရင် စစ်အစိုးရဖက်က သတင်းစာတွေ၊ ရုပ်သံတွေ၊ ကြံ့ဖွံ့တွေ၊ ထောက်လှမ်းရေးတွေနဲ့ ဖမ်းဆီးတာ၊ တိုက်ခိုက်တာ၊ အကြမ်းဖက်တာ၊ ထောင်ချတာတွေ အများကြီးပဲ။ လူထုကိုလည်း ဖိနှိပ်ထားမှုက အပြင်းထန်ဆုံးပဲ။ အဲသလို မြင်တယ်။ သူတို့အချင်းချင်းမှာလည်း လာဘ်စားလို့ ဗိုလ်ချုပ်တွေကို ရာထူးက ချပြီး စစ်ကောင်စီကို အသစ်ဖွဲ့ခဲ့ကြသေးတယ်။
အင်န်အယ်ဒီနဲ့ ဒေါ်စု တို့ဖက်က ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီကို လွှတ်တော်တရပ်မခေါ်နိုင်ခင် ကြားကာလမှာ လုပ်ကိုင်နိုင်အောင် ဖွဲ့စည်းခဲ့တယ်။ စစ်အစိုးရက လက်မခံခဲ့ဘူး။
ပုဂ္ဂိုလ်ရေးတချက်ပြောရရင် ဒေါ်စုရဲ့ ခင်ပွန်း မိုက်ကယ်အဲရစ် ကွယ်လွန်တယ်။ မိုက်ကယ်အဲရစ်က ဒေါ်စုဆီကို နောက်ဆုံးခရီးအဖြစ် လာရောက်ခွင့်ကို စစ်အစိုးရက မပေးခဲ့ဘူး။ ငြင်းပယ်ခဲ့တယ်။
၁၉၉၉ ခုနှစ်တွေမှာ ဒေါ်စုတို့ အင်န်အယ်ဒီရဲ့ လှုပ်ရှားသွားလာမှုတွေကို တားမြစ်တာတွေ၊ ကန့်သတ်တာတွေ၊ ပိတ်ဆို့တာတွေ အများကြီး ပြုလုပ်ခဲ့တယ်။
ဒီလောက် ပြောရင် ရပြီ ထင်ပါတယ်။
ဟုတ်ကဲ့ပါ။ ကျနော်တို့အနေနဲ့က ဒါတွေကို ဆရာနဲ့ ပြန်လည် စကားလက်ဆုံပြောရတာက ခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာတယ်။ ပြည်သူလူထုတရပ်လုံး၊ တိုင်းရင်းသားတွေအားလုံး၊ နိုင်ငံတကာမိသားစုများအာလုံးက အားတက်ဝမ်းမြောက်နေကြတယ်။ အကောင်းဖက်က ရှုမြင်သုံးသပ်နေကြတယ်။ မျှော်လင့်ချက်တွေ ထားနေကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ၉၅ ခုနှစ်တုန်းကထက် တည်ငြိမ် ရင့်ကျက်မှု၊ အေးချမ်းမှုနဲ့ ယုံကြည်မှုအပြည့်နဲ့ ရင်ဆိုင်နေတာကို တွေ့နေရပါတယ်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်ရဲ့ နိုင်ငံရေးအဖြေအတွက် တင်းမာလွန်းသူ၊ ရန်လိုသူ၊ ထိပ်တိုက်ရင်ဆိုင်သူအဖြစ် စွပ်စွဲကြတာတွေ၊ ပြစ်တင် ဝေဖန်နေကြတာတွေ တဖက်က အမြဲ ပြောဆိုဝါဒဖြန့်မြဲ ဖြစ်တာမို့ ၈၈ အရေးတော်ပုံနောက်ပိုင်း ပထမ ၁၀နှစ်တာ ကဏ္ဍကို အခုလိုမျိုး ဆွေးနွေး တင်ပြလိုက်တာ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ် ဆရာ။ ။
(ဒီအင်တာဗျူးကို အင်န်အယ်ဒီရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကြည်မောင်နဲ့ ကျဆုံးခဲ့၊ ကွယ်လွန်ခဲ့ကြပြီဖြစ်တဲ့ ဒီမိုကရေစီသူရဲကောင်းတွေ၊ ကျောင်းသားလူငယ်တွေ၊ နိုင်ငံရေးသမားတွေကို အလေးပြုရင်း တင်ဆက်ပါတယ်)Rest of your post
Friday, November 19, 2010
ဒေါ်စုနဲ့ အင်န်အယ်ဒီက ရန်လိုသတဲ့လား
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
November
(423)
- ပင်လုံစာချုပ် (၁၉၄၇)
- အမျိုးသားအောင်ပွဲနေ့ မင်္ဂလာခွန်းဆက် (ရေး ။ ။ မင်းသု...
- ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် သမတ
- "အမျိုးသားနေ့" - ကာတွန်း ဦးဘဂျမ်း လက်ရာ။ (ဟံသာဝတီ...
- ဟိုဘက်မှာလည်း ကလေးတွေထွက်ပြေးနေကြရ
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဗွီဒီယိုခွေ နိုင်ငံေ...
- ဒေါ်အောင်ဆန်းစုကြည်နှင့် သားကိုထိန်လင်း တို့ အား ဗိ...
- မလေးရှားမှ ပေးပို့ ပါသည်။
- ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစု...
- အားနာပါတယ် ဒို့ ကိုစိန်ဘဲပေး ပြည်သူတွေအတွက် စက္ကူစု...
- ဒေါ်အောင်ဆန်းစုကြည့် နိုင်ငံရေးအကျဉ်းသား မိဘများနှင...
- ဒုက္ခသည်စခန်းက လူတွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ ...
- ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖြေများ - မိုးမခ အင်တာဗျူး
- ရူးနေလို့ တဲ့ 
- သိသောသူများ လေ့ လာသိရှိရသမျှ စီဘောက်မှာ အကြံပေးကြပါ
- စုတ်ပြတ်နေသော မြို့ တော်ကြီး ….
- လေလည်လို့  ဘွတ်ဘွတ် မြည်တောင် တွတ်ထိုးတယ် ထင် ထောင...
- တရုတ်တွေ ဒို့ ပိုင်တာတွေ ခိုးနေပြီ..ရပ်ကြည့်ကြမလား
- ရဲက လာဘ်ငွေယူပြီး မူးယစ်ဆေးရောင်းခွင့်ပြု
- သိန်းသန်းကုဋေ ကိန်းဂဏန်းတွေ (တပ်ကြပ်ကြီး-နေမင်းသူ)
- အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့အထိမ်းအမှတ် လူ့အ...
- အချိန်ကောင်း အခါကောင်း အခွင့်အရေးကောင်း (လူထု ဦးစ...
- ရွေးကောက်ပွဲ အထူးအစီရင်ခံစာ
- ငါးမင်းဆွေ ၏ ဒိုင်ပွဲရပ်..နောက်ကောက်..ရှေုသွားတွေ ...
- .ဦးဝင်းတင် နယူးယောက်တိုင်း ပိုစ့်ကိစ္စ ရှင်းလင်းချက်
- ခေတ်သစ် မြန်မာ့လွတ်တော်
- ရှားးးးရှားးးးးဘာရှားးးလဲ * ရုရှား* တဲ့ ကွယ်
- သမ ချင်သလား..ပြည်သူ့ အချစ်တော်ကြီးက ဒီမှာနေတယ်။
- ဒီလူ ဟိုလူ..အဲ ဟုတ်ဖူး..ဟောဒီလူ (သောက်မြင်ကပ် ပုဒ်မ)
- ဆွံအနေသော လွှတ်တော် ကိုယ်စားလှယ်များသာ အလိုရှိသည်။ ...
- ဘယ်သူနိုင်ငံရေး သမားလဲ- * ရေးသားသူ-လူထုစိန်ဝင်း *
- ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကျဉ်းသား မိသားစုများ...
- သံလွင်မြစ် မှ ရှမ်းမလေး
- ရွေးကောက်ပွဲလွန်ကာလ တွေ့ဆုံဆွေးနွေးရေး ကုလ အကြံပေး...
- တွင်းတူးပြီး လက်နက်စု လူသတ်ဖို့ သာ ဦးတည်နေတဲ့ နိုင...
- ပေါ်တာ= အထမ်းသမား =ရန်ကုန်တွင် ဆွဲနေသည် (မိုးမခ)
- ရွေးကောက်ပွဲအပြီး ကရင်နီ နှင့် နအဖ အကြားတိုက်ပွဲ တ...
- သိနေတယ်တဲ့ဗျာ ..ဟုတ်မယ်မထင်
- မြန်မာ့အရေး မှ ငါးမင်းဆွေ သို့....... (၁)
- အခုမှပဲ ရှင်းသွားတော့တယ်
- မျိုးချစ်တေးဂီတပညာရှင်ကြီး သဟာယဆရာတင်
- ဗုံးတွေ့မှုအတွက် သံဃာတော်တပါးကို ဖမ်းဆီးထား
- ရန်ကုန် အနုပညာရှင်များ ၃၇၆ မိသားစုဂေဟာ လာရောက် အားပေး
- ဗမာ့သူရဲကောင်း (ဗိုလ်ချုပ်အောင်ဆန်းသီချင်း)
- နိုင်ငံရေး အကျဉ်းသားများ လွှတ်မြောက်ရေး အတွက် ကျောက...
- စစ်ထောက်လှမ်းရေး ရှိစဉ်က စိတ်ကူးမျိုးဖြင့် NLD ကို...
- ဘိန်းသမားတွေတောင် ကွင်းပိုင်ကြီးကို မကျော်နိုင်..
- ရန်ကုန်မှာ ဆွဲပြီ
- အင်းစိန် သို့ ရောက်သွားသော ဗိုလ်ချုပ်ခင်ညွန့် 
- လူမှုထူးချွန်ဆုရ ဌာနေပြည်သူ့စစ်ခေါင်းဆောင်နယ်မြေ၌ ဘ...
- မနေ့ က သတင်းအဆက်ပါ.. အရိုက်ခံရတဲ့သူကို အာဇာနည်အပေါ...
- ဗိုလ်ချုပ်မှုးကြီး နှစ်ယောက် ရဲ့  အိမ် ထိ penetrate...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- တပ်ဂေါ်လီ
- အမေစု လုံခြုံရေးအတွက်
- ဒီကိစ္စတွေက တိုင်းပြည်အုပ်ချုပ်သူတွေ လုပ်ရမယ့် အလုပ...
- လူသားဒိုင်းသဖွယ် အရပ်သားတွေကို အသုံးချဟု မြောက်ကေ...
- အမေ့ မခံလိုသူများရဲ့ လက်ဆောင်နဲ့ အမေ့ရဲ့ရုံးခန်း
- ဗိုလ်ချုပ်ကြီးခင်ညွန့် ဗီဒီယိုနဲ့ ပတ်သက်ပြီး ဗိုလ်...
- နောက်ဆက်တွဲ ဗိုလ်ချုပ် ခင်ညွန့် သတင်း
- ဆားမင်းဆွေ၊ ငါးမင်းဆွေ၊ နောက်တော့ ဖားမင်းဆွေ
- ဒေါ်အောင်ဆန်းစုကြည်နဲ့ မိုးမခ အင်တာဗျူး အဖြေများ
- Leaked General Khin Nyunt Video Clip
- ပုတ်သင်ဥတော့ ပေါ်လာပြီ။
- UN- ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေဆုံ
- ဟာသတွေအရမ်းပြောတဲ့ဒေါက်တာဝင်းနိုင်(ဂျပန်ပျံ)
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို နေရာပြောင်း
- ရွေးကောက်ပွဲ မဲမသမာမှုများကို သမိုင်းမှတ်တမ်းတင်
- နအဖတပ်နှင့် ဘီဂျီအက်ဖ်တပ်များ ကရင်ကျေးရွာများတွင် ...
- ထောက်လှမ်းရေးမှူးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ...
- ပြည်သူတဦးပေးစာ
- မိဘနှင့်တူသော အစိုးရ ( အပိုင်း-၁)
- ဒီလို ဖေါ်လံဖား လူတွေ များနေတော့
- ခွေးတွေ ကြိတ်ကြံနေတယ်
- ဒုတိယပင်လုံညီလာခံမှာ စစ်အစိုးရ ပါဝင်လာရေး ကြိုးပမ်...
- ကုလသမဂ္ဂ အကြီးတန်းအရာရှိ နှစ်ရက်ကြာ မြန်မာပြည် လာရေ...
- သတင်းလိမ်ကြီးဗျ..
- သေကြပြန်ပြီး သန်းရွှေ အာဏာတည်မြဲရေးအတွက်
- ဖားမင်းဆွေကျိုက္ခမီကိုအလည်လာတော့ ကျိုက္ခမီသားတစ်ယောက...
- ရွေးကောက်ပွဲကြီးအပြီး လွတ်လပ်စွာ ဆက်သွယ်ခွင့်ရှိသည်
- သီတာရေ နောက် ရခိုင်မှာပျောက်
- ရွေးကောက်ပွဲပြီးတာနဲ့  အမျိုးသမီးများအပေါ် ပိုကြမ်း
- ဒီမိုကရေစီနိုင်ငံသစ်ဖြစ်တဲ့ မြန်မာပြည် မုဒိန်းပြွဲ...
- သိက္ခာထက် စိန်က အရေးကြီးတယ်၊ အော်...လောဘသား စစ်ဓါြး...
- မီးပွိုင့်ကသူတို့ဘ၀ -
- ငါးမင်းဆွေ မှ ဒေါ်စုကြည်သို့ (၂)
- မြန်မာ့ သတင်းစာ မမှန်ဖူးချည်းတော့ မပြောနဲ့ ဒါလေးတေ...
- ရေဆန်ကို ဆန့် မယ် အား
- ဧည့် စာရင်း မ တိုင်တဲ့ ကဗျာ
- ငါးမင်းဆွေ ဖားမင်းဆွေ ကြံ့ဖွတ်မင်းဆွေ..ကြောင်သူတော...
- အတက်ခက်နေသေးတဲ့ အင်တာနက်
- ရာထူးမမက် သိက္ခာမက်သူတွေကတော့ ဒီလိုပေါ့
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင် AI အင်တာဗျူး
- ခုမှ ပေါက်တဲ့ကြာ.. အရိုး လာရှည်နေလေရဲ့
- IAS Calls For The Non Politicization Of An HIV Cli...
- မီးစိမ်းပြရင်..ကျနော်တို့ လည်း အသင့်ဘဲ
- ဒီနေရာကျ သူ က ပထမ ဗျ
- သားနစ်ဦးနှင့် သူ့အမေ
- ၀ိသာခါလို မိန်းမမြတ်
-
▼
November
(423)
No comments:
Post a Comment