သံတမန်များနှင့် ဒေါ်စု တွေ့ဆုံ မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ နိုဝင်ဘာလ ၁၂ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၀၃ မိနစ်
ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာမည်ဟူသော မျှော်လင့်ချက်များ ထောက်ခံသူများအကြား မြင့်တက်လာစဉ် သူမ၏ နေအိမ်၌ နိုင်ငံခြားသံတမန်များနှင့် ယနေ့ တွေ့ဆုံခဲ့ကြောင်း မျက်မြင်သက်သေများ အပြောအရ သိရသည်။
တက္ကသိုလ်ရိပ်သာလမ်းထဲရှိ သူမ၏ အိမ်ခြံဝင်းအတွင်း ရန်ကုန်အခြေစိုက် နိုင်ငံခြား သံတမန်အချို့၏ ကားများ မွန်းလွဲပိုင်းတွင် ဝင်ရောက်သွားခဲ့ကြောင်း စောင့်ကြည့်နေသူများက ဆိုကြသည်။
အကန့်အသတ်ဖြင့် လွှတ်ပေးခြင်းမပြုရန် သူမက တောင်းဆိုထားသည်။ သို့သော် စစ်အစိုးရက နယ်သို့ ခရီးမထွက်ရန်နှင့် သူမကို ထောက်ခံသူများအား မတွေ့နိုင်ရန်အတွက် အကန့်အသတ်ထားရေး ကြိုးစားနေခဲ့သည်ဟု လန်ဒန်ထုတ် ဂါးဒီးယန်းသတင်းစာက ရေးသားထားသည်။
လွန်ခဲ့သော နှစ် ၂ဝ အတွင်း အချိန်အတော်များများကို အချုပ်အနှောင်တွင် ဖြတ်သန်းခဲ့ရသော မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီး၏ နေအိမ်အချုပ်မှာ မနက်ဖြန်တွင် ကုန်ဆုံးမှာ ဖြစ်သည်။ သို့သော် ယနေ့တွင် နေအိမ်အချုပ်ပြစ်ဒဏ် ၁၈ လ ပြည့်မြောက်ပြီဟု သတင်းစကားများ ထွက်ပေါ်ခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သတင်းရပ်ကွက်များ အဆိုအရ အာဏာပိုင်များက ယနေ့မွန်းလွဲ ၂ နာရီ ၄၅ တွင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်ကို လွှတ်ပေးသည့် စာကို အာဏာပိုင်များက လက်မှတ်ရေးထိုးသည်ဟု ပြောဆိုသော်လည်း မည်သူမျှ စာပါအကြောင်းအရာ အသေးစိတ်နှင့် မည်သည့်အချိန်တွင် အများပြည်သူရှေ့ သူမ ပေါ်ထွက်လာမည်ကို ပြောပြနိုင်ခြင်း မရှိသေးပါ။
ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်ရှေ့တွင် “ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရန် ဒီနေ့ ရက်ပြည့်ပြီ” ဟု ရေးထားသည့် စာတန်း ချိတ်ဆွဲထားသည်ကို တွေ့ရှိရသည်။
NLD လူငယ် ၅ဝဝ ထက်မနည်းက ဒေါ်အောင်ဆန်းစုကြည်ပုံပါ တီရှပ်အင်္ကျီ ဆင်တူဝတ်ထားပြီး သူမ၏ ဓာတ်ပုံများအား ကိုင်ဆောင်ကာ မနက်ကတည်းက စောင့်ဆိုင်းနေခဲ့သည်။ နိုင်ငံတွင်း နိုင်ငံပြင် နိုင်ငံရေး အသိုင်းအဝိုင်းတွင်မူ ပြစ်ဒဏ် ၁၈ လ ချုပ်ရက်မကုန်မီ တရက်အလို လွတ်လာလိမ့်မည်ဟု လက်ဆင့်ကမ်း ပြောကြားနေကြသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီး ကုက္ကိုင်းလမ်းဆုံနားတွင်လည်း ရဲများ သိသာစွာ ကင်းလှည့် စောင့်ကြည့်နေခဲ့ပြီး လူ ၃ဝဝ ခန့်ကလည်း စောင့်ဆိုင်းနေခဲ့ကြသည်။
သို့သော် အမှောင်ရိပ်သန်းလာသည်နှင့်အမျှ အန်အယ်ဒီခေါင်းဆောင်တယောက်က စောင့်ဆိုင်းသူများကို အိမ်ပြန်ရန် တိုက်တွန်းရတော့သည်။
NLD ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ”တကယ်လို့ လွတ်လာရင်လည်း အခုချိန်ကျမှ ရုံးကိုလာဖို့ မဖြစ်နိုင်တော့ဘူး။ မနက်ဖြန် မနက်ကျမှပဲ ရုံးလာဖို့ စီစဉ်မှာပါ။ မနက်ဖြန်ကျမှပဲ ပြန်လာဖို့ လာတဲ့သူတွေကို ပြောလိုက်ရတယ်။ အခု အခြေအနေထိတော့ မလွတ်လာသေးဘူးလို့ ပြောလို့ရမယ်” ဟု ပြောသည်။
“ဒီနေ့ မလွတ်ဘူး။ ကျနော်တို့ ယုံကြည်တာကတော့ မနက်ဖြန် လွတ်ရက်စေ့ပါပြီ။ လွတ်ရမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။
မတွေ့ရသည်မှာ ၁ဝ နှစ်ကြာပြီဖြစ်သော သူမ၏ သားငယ် ကိုထိန်လင်း မြန်မာပြည်ဝင်ခွင့် ဗီဇာရရှိခဲ့ပြီး ရန်ကုန်ရောက်နေသည်ဆိုသော သတင်းလည်း ထွက်ပေါ်နေသည်။
တကမ္ဘာလုံး တွစ်တာသုံးသူများအဖို့ အပြောများဆုံး အကြောင်းအရာထဲ၌ ဒေါ်အောင်ဆန်းစုကြည် အကြောင်းလည်း ယနေ့တွင် အချိန်အချို့ ပါဝင်ခဲ့သည်။
ပြီးခဲ့သည့် လထဲတွင် သူမ၏ ရှေ့နေ ဦးဥာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တွစ်တာ အသုံးပြုလိုသည်ဟု ပြောခဲ့ဖူးသည်။
လွန်ခဲ့သည့် ၂၁ နှစ်အတွင်း ၁၅ နှစ်ကျော် အချုပ်အနှောင်ဖြင့် ဖြတ်သန်းခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ဘီဘီစီ၊ ဗီအိုအေတို့မှသည် ကမ္ဘာ့သတင်းမီဒီယာကိုသာ နားစွင့်ခဲ့ရသည်။
Rest of your post
Friday, November 12, 2010
ပြည်တွင်းမှာ ဗမာ့နည်းဗမာ့ဟန် ဒီမိုကရေစီတော့ စတော့မည် ဒေါ်စုလွတ်လျှင် လူထုနှင့်မတွေ့ ရန်ကန့် သတ်။
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
November
(423)
- ပင်လုံစာချုပ် (၁၉၄၇)
- အမျိုးသားအောင်ပွဲနေ့ မင်္ဂလာခွန်းဆက် (ရေး ။ ။ မင်းသု...
- ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် သမတ
- "အမျိုးသားနေ့" - ကာတွန်း ဦးဘဂျမ်း လက်ရာ။ (ဟံသာဝတီ...
- ဟိုဘက်မှာလည်း ကလေးတွေထွက်ပြေးနေကြရ
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဗွီဒီယိုခွေ နိုင်ငံေ...
- ဒေါ်အောင်ဆန်းစုကြည်နှင့် သားကိုထိန်လင်း တို့ အား ဗိ...
- မလေးရှားမှ ပေးပို့ ပါသည်။
- ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစု...
- အားနာပါတယ် ဒို့ ကိုစိန်ဘဲပေး ပြည်သူတွေအတွက် စက္ကူစု...
- ဒေါ်အောင်ဆန်းစုကြည့် နိုင်ငံရေးအကျဉ်းသား မိဘများနှင...
- ဒုက္ခသည်စခန်းက လူတွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ ...
- ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖြေများ - မိုးမခ အင်တာဗျူး
- ရူးနေလို့ တဲ့ 
- သိသောသူများ လေ့ လာသိရှိရသမျှ စီဘောက်မှာ အကြံပေးကြပါ
- စုတ်ပြတ်နေသော မြို့ တော်ကြီး ….
- လေလည်လို့  ဘွတ်ဘွတ် မြည်တောင် တွတ်ထိုးတယ် ထင် ထောင...
- တရုတ်တွေ ဒို့ ပိုင်တာတွေ ခိုးနေပြီ..ရပ်ကြည့်ကြမလား
- ရဲက လာဘ်ငွေယူပြီး မူးယစ်ဆေးရောင်းခွင့်ပြု
- သိန်းသန်းကုဋေ ကိန်းဂဏန်းတွေ (တပ်ကြပ်ကြီး-နေမင်းသူ)
- အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့အထိမ်းအမှတ် လူ့အ...
- အချိန်ကောင်း အခါကောင်း အခွင့်အရေးကောင်း (လူထု ဦးစ...
- ရွေးကောက်ပွဲ အထူးအစီရင်ခံစာ
- ငါးမင်းဆွေ ၏ ဒိုင်ပွဲရပ်..နောက်ကောက်..ရှေုသွားတွေ ...
- .ဦးဝင်းတင် နယူးယောက်တိုင်း ပိုစ့်ကိစ္စ ရှင်းလင်းချက်
- ခေတ်သစ် မြန်မာ့လွတ်တော်
- ရှားးးးရှားးးးးဘာရှားးးလဲ * ရုရှား* တဲ့ ကွယ်
- သမ ချင်သလား..ပြည်သူ့ အချစ်တော်ကြီးက ဒီမှာနေတယ်။
- ဒီလူ ဟိုလူ..အဲ ဟုတ်ဖူး..ဟောဒီလူ (သောက်မြင်ကပ် ပုဒ်မ)
- ဆွံအနေသော လွှတ်တော် ကိုယ်စားလှယ်များသာ အလိုရှိသည်။ ...
- ဘယ်သူနိုင်ငံရေး သမားလဲ- * ရေးသားသူ-လူထုစိန်ဝင်း *
- ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကျဉ်းသား မိသားစုများ...
- သံလွင်မြစ် မှ ရှမ်းမလေး
- ရွေးကောက်ပွဲလွန်ကာလ တွေ့ဆုံဆွေးနွေးရေး ကုလ အကြံပေး...
- တွင်းတူးပြီး လက်နက်စု လူသတ်ဖို့ သာ ဦးတည်နေတဲ့ နိုင...
- ပေါ်တာ= အထမ်းသမား =ရန်ကုန်တွင် ဆွဲနေသည် (မိုးမခ)
- ရွေးကောက်ပွဲအပြီး ကရင်နီ နှင့် နအဖ အကြားတိုက်ပွဲ တ...
- သိနေတယ်တဲ့ဗျာ ..ဟုတ်မယ်မထင်
- မြန်မာ့အရေး မှ ငါးမင်းဆွေ သို့....... (၁)
- အခုမှပဲ ရှင်းသွားတော့တယ်
- မျိုးချစ်တေးဂီတပညာရှင်ကြီး သဟာယဆရာတင်
- ဗုံးတွေ့မှုအတွက် သံဃာတော်တပါးကို ဖမ်းဆီးထား
- ရန်ကုန် အနုပညာရှင်များ ၃၇၆ မိသားစုဂေဟာ လာရောက် အားပေး
- ဗမာ့သူရဲကောင်း (ဗိုလ်ချုပ်အောင်ဆန်းသီချင်း)
- နိုင်ငံရေး အကျဉ်းသားများ လွှတ်မြောက်ရေး အတွက် ကျောက...
- စစ်ထောက်လှမ်းရေး ရှိစဉ်က စိတ်ကူးမျိုးဖြင့် NLD ကို...
- ဘိန်းသမားတွေတောင် ကွင်းပိုင်ကြီးကို မကျော်နိုင်..
- ရန်ကုန်မှာ ဆွဲပြီ
- အင်းစိန် သို့ ရောက်သွားသော ဗိုလ်ချုပ်ခင်ညွန့် 
- လူမှုထူးချွန်ဆုရ ဌာနေပြည်သူ့စစ်ခေါင်းဆောင်နယ်မြေ၌ ဘ...
- မနေ့ က သတင်းအဆက်ပါ.. အရိုက်ခံရတဲ့သူကို အာဇာနည်အပေါ...
- ဗိုလ်ချုပ်မှုးကြီး နှစ်ယောက် ရဲ့  အိမ် ထိ penetrate...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- တပ်ဂေါ်လီ
- အမေစု လုံခြုံရေးအတွက်
- ဒီကိစ္စတွေက တိုင်းပြည်အုပ်ချုပ်သူတွေ လုပ်ရမယ့် အလုပ...
- လူသားဒိုင်းသဖွယ် အရပ်သားတွေကို အသုံးချဟု မြောက်ကေ...
- အမေ့ မခံလိုသူများရဲ့ လက်ဆောင်နဲ့ အမေ့ရဲ့ရုံးခန်း
- ဗိုလ်ချုပ်ကြီးခင်ညွန့် ဗီဒီယိုနဲ့ ပတ်သက်ပြီး ဗိုလ်...
- နောက်ဆက်တွဲ ဗိုလ်ချုပ် ခင်ညွန့် သတင်း
- ဆားမင်းဆွေ၊ ငါးမင်းဆွေ၊ နောက်တော့ ဖားမင်းဆွေ
- ဒေါ်အောင်ဆန်းစုကြည်နဲ့ မိုးမခ အင်တာဗျူး အဖြေများ
- Leaked General Khin Nyunt Video Clip
- ပုတ်သင်ဥတော့ ပေါ်လာပြီ။
- UN- ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေဆုံ
- ဟာသတွေအရမ်းပြောတဲ့ဒေါက်တာဝင်းနိုင်(ဂျပန်ပျံ)
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို နေရာပြောင်း
- ရွေးကောက်ပွဲ မဲမသမာမှုများကို သမိုင်းမှတ်တမ်းတင်
- နအဖတပ်နှင့် ဘီဂျီအက်ဖ်တပ်များ ကရင်ကျေးရွာများတွင် ...
- ထောက်လှမ်းရေးမှူးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ...
- ပြည်သူတဦးပေးစာ
- မိဘနှင့်တူသော အစိုးရ ( အပိုင်း-၁)
- ဒီလို ဖေါ်လံဖား လူတွေ များနေတော့
- ခွေးတွေ ကြိတ်ကြံနေတယ်
- ဒုတိယပင်လုံညီလာခံမှာ စစ်အစိုးရ ပါဝင်လာရေး ကြိုးပမ်...
- ကုလသမဂ္ဂ အကြီးတန်းအရာရှိ နှစ်ရက်ကြာ မြန်မာပြည် လာရေ...
- သတင်းလိမ်ကြီးဗျ..
- သေကြပြန်ပြီး သန်းရွှေ အာဏာတည်မြဲရေးအတွက်
- ဖားမင်းဆွေကျိုက္ခမီကိုအလည်လာတော့ ကျိုက္ခမီသားတစ်ယောက...
- ရွေးကောက်ပွဲကြီးအပြီး လွတ်လပ်စွာ ဆက်သွယ်ခွင့်ရှိသည်
- သီတာရေ နောက် ရခိုင်မှာပျောက်
- ရွေးကောက်ပွဲပြီးတာနဲ့  အမျိုးသမီးများအပေါ် ပိုကြမ်း
- ဒီမိုကရေစီနိုင်ငံသစ်ဖြစ်တဲ့ မြန်မာပြည် မုဒိန်းပြွဲ...
- သိက္ခာထက် စိန်က အရေးကြီးတယ်၊ အော်...လောဘသား စစ်ဓါြး...
- မီးပွိုင့်ကသူတို့ဘ၀ -
- ငါးမင်းဆွေ မှ ဒေါ်စုကြည်သို့ (၂)
- မြန်မာ့ သတင်းစာ မမှန်ဖူးချည်းတော့ မပြောနဲ့ ဒါလေးတေ...
- ရေဆန်ကို ဆန့် မယ် အား
- ဧည့် စာရင်း မ တိုင်တဲ့ ကဗျာ
- ငါးမင်းဆွေ ဖားမင်းဆွေ ကြံ့ဖွတ်မင်းဆွေ..ကြောင်သူတော...
- အတက်ခက်နေသေးတဲ့ အင်တာနက်
- ရာထူးမမက် သိက္ခာမက်သူတွေကတော့ ဒီလိုပေါ့
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင် AI အင်တာဗျူး
- ခုမှ ပေါက်တဲ့ကြာ.. အရိုး လာရှည်နေလေရဲ့
- IAS Calls For The Non Politicization Of An HIV Cli...
- မီးစိမ်းပြရင်..ကျနော်တို့ လည်း အသင့်ဘဲ
- ဒီနေရာကျ သူ က ပထမ ဗျ
- သားနစ်ဦးနှင့် သူ့အမေ
- ၀ိသာခါလို မိန်းမမြတ်
-
▼
November
(423)
No comments:
Post a Comment