“အဲဒီလောက် လူတွေအများကြီးထဲက လူနာတွေကို ဘာလို့ရွေးပြီး ကူညီရသလဲ ဆိုတော့ သူတို့က အကူအညီ အလိုဆုံးဖြစ်နေလို့။ အဲတော့ အလိုအပ်ဆုံးလူကို အရင်ကူညီရမယ်။ အဲဒါက ဖြစ်သင့်တဲ့ ကိစ္စ။ တခြားသူတွေကို မေ့ထားတာမဟုတ်ပါဘူး။ တန်ဖိုးမထားတာ မဟုတ်ပါဘူး။ ဒါပေမယ့် ပိုပြီး လိုအပ်တဲ့သူကို ပိုကူညီရမယ်။ ဒါဟာ လူတိုင်...း လူတိုင်း ထားရမယ့် စိတ်ဓာတ်ပဲ”
“လူဖြစ်ဖို့ ဆိုတာက လူ့ပြည်က အပ်တစင်းနဲ့ ဗြဟ္မာပြည်က အပ်တစင်း ထိဖို့လွယ်သေးတယ်။ လူဖြစ်ဖို့က မလွယ်ဘူး။ လူဖြစ်လာရင် လူ့ရဲ့ အခြေခံသိက္ခာ ဆိုတာရှိတယ်၊ တန်ဖိုးဆိုတာရှိတယ်။ အဲဒါကိုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းက အသိအမှတ် ပြုထားတယ်။ အဲဒီတော့ ဘယ်သူမှ စိတ်ဓာတ်မကျနဲ့၊ လူတိုင်းဟာ ကိုယ့်တန်ဖိုးနဲ့ ကိုယ် ဆိုတာကို မှတ်ထားကြပါ”
No comments:
Post a Comment