အောင်သက်ဝိုင်း Monday, 15 November 2010 15:14
ပြည်တွင်း ပုဂ္ဂလိက သတင်းမီဒီယာများတွင် ဒေါ်အောင်ဆန်းစုကြည် သတင်းများကို လွတ်လပ်စွာ ဖော်ပြခွင့် မရှိဘဲ ကန့်သတ်ချက်များ ရှိနေကြောင်း သတင်းရရှိသည်။
လက်ရှိတွင် ပြည်သူလူထု စိတ်အ၀င်စားဆုံးသော သတင်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာသည့် သတင်းနှင့် မိန့်ခွန်း ပြောကြားသည့် အချိန်က အခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း အပြည့်အစုံကို ဖော်ပြန်ရန် ပြည်တွင်း သတင်းဂျာနယ်များက ကြိုးပမ်းကြသော်လည်း စာပေစိစစ်ရေးက ကန့်သတ်မှုများ ရှိနေသောကြောင့် လွတ်လပ်စွာ ဖော်ပြခွင့် မရကြောင်း သတင်းဂျာနယ် အသိုင်းအဝန်းက ပြောသည်။
“ပထမဆုံး ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံပေါ့။ ဓာတ်ပုံက အကြီးကြီးချဲ့လို့ မရဘူး။ သူတို့ ခွင့်ပြုသလောက်ပဲ သုံးခွင့်ရတယ်။ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို မျက်နှာဖုံးမှာ ဖော်ပြခွင့်မပြုဘူး။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တဲ့ သတင်းကိုလည်း မျက်နှာဖုံး တင်ချင်တယ်။ စာပေစိစစ်ရေးက ခွင့်မပြုဘူး” ဟု ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းတွင်လည်း အကောင်းမြင်သော ပြောကြားချက် များကိုသာ ခွင့်ပြုပြီး ပြည်သူလူထုအနေဖြင့်
နိုင်ငံရေး နိုးကြားကြရန်၊ ကိုယ့်အခွင့်အရေးအတွက် ကိုယ်တိုင် တောင်းဆို တိုက်ပွဲဝင် ကြရန်ဆိုသော အချက်များ အပါအ၀င် မိန့်ခွန်း အကြောင်းအရာ အများအပြားကို စာပေစိစစ်ရေးက ဖော်ပြခွင့်မပြုကြောင်း သိရှိရသည်။
“တကယ်တန်း ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း အပြည့်အစုံသာ ဖော်ပြခွင့်ပြုရင် လူထုအတွက် တကယ်ကို နိုင်ငံရေးအသိတွေ နိုးကြားလာမယ်။ စုပေါင်းအားနဲ့ ဒီမိုကရေစီ ပန်းတိုင် လျှောက်လှမ်းရမယ်ဆိုတဲ့ မူဝါဒကို ပြည်သူတွေ သိသွားမယ်။ စစ် အာဏာရှင် တပါတီ အာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူကို အသိပေးထားတယ်” ဟု
သတင်းဂျာနယ် အယ်ဒီတာတဦးက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေနှင့် နိုင်ငံရေး ဆက်လက် လုပ်ဆောင် သွားမည် ဆိုသော အချက်ကိုလည်း စာပေစိစစ်ရေးက ဖော်ပြခွင့်မပြုပေ။
သတင်းဂျာနယ်များတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံတပုံနှင့် လွတ်မြောက်လာပြီး မိန့်ခွန်း ပြောကြားသည်ဆိုသော သတင်း တပုဒ်ကိုသာ ဖော်ပြခွင့်ရကြောင်း သိရသည်။
နိုဝင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့ရှိ NLD ရုံးချုပ်တွင် ကျင်းပခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ သတင်းကို ပြည်တွင်း သတင်းမီဒီယာများတွင် လွတ်လပ်စွာ ဖော်ပြခွင့် မရှိသေးပါက ရွေးကောက်ပွဲ ပြီးသည့်တိုင် မည်သို့မျှ ထူးလာခြင်း မရှိသေးကြောင်း ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ သတင်းများကို ကန့်သတ်ချက်ဖြင့်သာ ဖော်ပြခွင့် ရရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံနှင့် သတင်းပါသော သတင်းဂျာနယ်များမှာ ဈေးကွက်တွင် ၀ယ်ယူသူ အထူးများပြားပြီး ရောင်းအားကောင်းနေကြောင်း သတင်းရရှိသည်။
“တနင်္ဂနွေနေ့က ဖြန့်တဲ့ True News၊ Flower Newsနဲ့ ဒီနေ့ တနင်္လာနေ့မှာ ဖြန့်တဲ့ Weekly Eleven ဂျာနယ်တွေ တော်တော် ရောင်းရတယ်။ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံနဲ့ သတင်းတွေ ပါလို့ပါ။ လူတွေက ဒေါ်အောင်ဆန်းစုကြည် သတင်း ပါလား မေးပြီးမှ ၀ယ်ကြတယ်။ တချို့လူတွေက သိမ်းထားချင်လို့ ဆိုပြီး ဂျာနယ်ဝယ်တယ်” ဟု မရမ်းကုန်းမြို့နယ်
သမိုင်း လမ်းဆုံတွင် ဂျာနယ် လက်လီ၊ လက်ကား ဖြန့်သူ တဦးက ပြောသည်။
စာပေစိစစ်ရေးက ပိတ်ပင်မှုများပြုသော်လည်း သတင်းဂျာနယ်များသည် Facebook နှင့် ၎င်းတို့ပိုင် ဝက်ဘ်ဆိုက် များကို အသုံးပြုကာ ဒေါ်အောင်ဆန်းစုကြည် သတင်းနှင့် ဓာတ်ပုံများကို အချိန်နှင့် တပြေးညီ တင်ပြခဲ့သည့်အတွက် ပြည်တွင်းပြည်ပ မြန်မာများအကြားတွင် အဆိုပါ ပြည်တွင်းသတင်း ဝက်ဘ်ဆိုက်များ ရေပန်း စားလာကြောင်း သိရှိရသည်။
လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၁၃ ရက်နေ့ ညနေက စစ်အစိုး၏ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပြီး ထိုနေ့နှင့် ၁၄ ရက်နေ့က လူထုကို
မိန့်ခွန်း ပြောကြားရာတွင် လူ ထောင်ပေါင်း များစွာ၏ အော်ဟစ် နှုတ်ဆက်ကြိုဆိုမှုများကို ရရှိခဲ့သည်။Rest of your post
Monday, November 15, 2010
ဒေါ်အောင်ဆန်းစုကြည်သတင်း စိစစ်ရေးက ကန့်သတ်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
November
(423)
- ပင်လုံစာချုပ် (၁၉၄၇)
- အမျိုးသားအောင်ပွဲနေ့ မင်္ဂလာခွန်းဆက် (ရေး ။ ။ မင်းသု...
- ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် သမတ
- "အမျိုးသားနေ့" - ကာတွန်း ဦးဘဂျမ်း လက်ရာ။ (ဟံသာဝတီ...
- ဟိုဘက်မှာလည်း ကလေးတွေထွက်ပြေးနေကြရ
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဗွီဒီယိုခွေ နိုင်ငံေ...
- ဒေါ်အောင်ဆန်းစုကြည်နှင့် သားကိုထိန်လင်း တို့ အား ဗိ...
- မလေးရှားမှ ပေးပို့ ပါသည်။
- ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစု...
- အားနာပါတယ် ဒို့ ကိုစိန်ဘဲပေး ပြည်သူတွေအတွက် စက္ကူစု...
- ဒေါ်အောင်ဆန်းစုကြည့် နိုင်ငံရေးအကျဉ်းသား မိဘများနှင...
- ဒုက္ခသည်စခန်းက လူတွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ ...
- ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖြေများ - မိုးမခ အင်တာဗျူး
- ရူးနေလို့ တဲ့ 
- သိသောသူများ လေ့ လာသိရှိရသမျှ စီဘောက်မှာ အကြံပေးကြပါ
- စုတ်ပြတ်နေသော မြို့ တော်ကြီး ….
- လေလည်လို့  ဘွတ်ဘွတ် မြည်တောင် တွတ်ထိုးတယ် ထင် ထောင...
- တရုတ်တွေ ဒို့ ပိုင်တာတွေ ခိုးနေပြီ..ရပ်ကြည့်ကြမလား
- ရဲက လာဘ်ငွေယူပြီး မူးယစ်ဆေးရောင်းခွင့်ပြု
- သိန်းသန်းကုဋေ ကိန်းဂဏန်းတွေ (တပ်ကြပ်ကြီး-နေမင်းသူ)
- အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့အထိမ်းအမှတ် လူ့အ...
- အချိန်ကောင်း အခါကောင်း အခွင့်အရေးကောင်း (လူထု ဦးစ...
- ရွေးကောက်ပွဲ အထူးအစီရင်ခံစာ
- ငါးမင်းဆွေ ၏ ဒိုင်ပွဲရပ်..နောက်ကောက်..ရှေုသွားတွေ ...
- .ဦးဝင်းတင် နယူးယောက်တိုင်း ပိုစ့်ကိစ္စ ရှင်းလင်းချက်
- ခေတ်သစ် မြန်မာ့လွတ်တော်
- ရှားးးးရှားးးးးဘာရှားးးလဲ * ရုရှား* တဲ့ ကွယ်
- သမ ချင်သလား..ပြည်သူ့ အချစ်တော်ကြီးက ဒီမှာနေတယ်။
- ဒီလူ ဟိုလူ..အဲ ဟုတ်ဖူး..ဟောဒီလူ (သောက်မြင်ကပ် ပုဒ်မ)
- ဆွံအနေသော လွှတ်တော် ကိုယ်စားလှယ်များသာ အလိုရှိသည်။ ...
- ဘယ်သူနိုင်ငံရေး သမားလဲ- * ရေးသားသူ-လူထုစိန်ဝင်း *
- ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကျဉ်းသား မိသားစုများ...
- သံလွင်မြစ် မှ ရှမ်းမလေး
- ရွေးကောက်ပွဲလွန်ကာလ တွေ့ဆုံဆွေးနွေးရေး ကုလ အကြံပေး...
- တွင်းတူးပြီး လက်နက်စု လူသတ်ဖို့ သာ ဦးတည်နေတဲ့ နိုင...
- ပေါ်တာ= အထမ်းသမား =ရန်ကုန်တွင် ဆွဲနေသည် (မိုးမခ)
- ရွေးကောက်ပွဲအပြီး ကရင်နီ နှင့် နအဖ အကြားတိုက်ပွဲ တ...
- သိနေတယ်တဲ့ဗျာ ..ဟုတ်မယ်မထင်
- မြန်မာ့အရေး မှ ငါးမင်းဆွေ သို့....... (၁)
- အခုမှပဲ ရှင်းသွားတော့တယ်
- မျိုးချစ်တေးဂီတပညာရှင်ကြီး သဟာယဆရာတင်
- ဗုံးတွေ့မှုအတွက် သံဃာတော်တပါးကို ဖမ်းဆီးထား
- ရန်ကုန် အနုပညာရှင်များ ၃၇၆ မိသားစုဂေဟာ လာရောက် အားပေး
- ဗမာ့သူရဲကောင်း (ဗိုလ်ချုပ်အောင်ဆန်းသီချင်း)
- နိုင်ငံရေး အကျဉ်းသားများ လွှတ်မြောက်ရေး အတွက် ကျောက...
- စစ်ထောက်လှမ်းရေး ရှိစဉ်က စိတ်ကူးမျိုးဖြင့် NLD ကို...
- ဘိန်းသမားတွေတောင် ကွင်းပိုင်ကြီးကို မကျော်နိုင်..
- ရန်ကုန်မှာ ဆွဲပြီ
- အင်းစိန် သို့ ရောက်သွားသော ဗိုလ်ချုပ်ခင်ညွန့် 
- လူမှုထူးချွန်ဆုရ ဌာနေပြည်သူ့စစ်ခေါင်းဆောင်နယ်မြေ၌ ဘ...
- မနေ့ က သတင်းအဆက်ပါ.. အရိုက်ခံရတဲ့သူကို အာဇာနည်အပေါ...
- ဗိုလ်ချုပ်မှုးကြီး နှစ်ယောက် ရဲ့  အိမ် ထိ penetrate...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- တပ်ဂေါ်လီ
- အမေစု လုံခြုံရေးအတွက်
- ဒီကိစ္စတွေက တိုင်းပြည်အုပ်ချုပ်သူတွေ လုပ်ရမယ့် အလုပ...
- လူသားဒိုင်းသဖွယ် အရပ်သားတွေကို အသုံးချဟု မြောက်ကေ...
- အမေ့ မခံလိုသူများရဲ့ လက်ဆောင်နဲ့ အမေ့ရဲ့ရုံးခန်း
- ဗိုလ်ချုပ်ကြီးခင်ညွန့် ဗီဒီယိုနဲ့ ပတ်သက်ပြီး ဗိုလ်...
- နောက်ဆက်တွဲ ဗိုလ်ချုပ် ခင်ညွန့် သတင်း
- ဆားမင်းဆွေ၊ ငါးမင်းဆွေ၊ နောက်တော့ ဖားမင်းဆွေ
- ဒေါ်အောင်ဆန်းစုကြည်နဲ့ မိုးမခ အင်တာဗျူး အဖြေများ
- Leaked General Khin Nyunt Video Clip
- ပုတ်သင်ဥတော့ ပေါ်လာပြီ။
- UN- ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေဆုံ
- ဟာသတွေအရမ်းပြောတဲ့ဒေါက်တာဝင်းနိုင်(ဂျပန်ပျံ)
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို နေရာပြောင်း
- ရွေးကောက်ပွဲ မဲမသမာမှုများကို သမိုင်းမှတ်တမ်းတင်
- နအဖတပ်နှင့် ဘီဂျီအက်ဖ်တပ်များ ကရင်ကျေးရွာများတွင် ...
- ထောက်လှမ်းရေးမှူးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ...
- ပြည်သူတဦးပေးစာ
- မိဘနှင့်တူသော အစိုးရ ( အပိုင်း-၁)
- ဒီလို ဖေါ်လံဖား လူတွေ များနေတော့
- ခွေးတွေ ကြိတ်ကြံနေတယ်
- ဒုတိယပင်လုံညီလာခံမှာ စစ်အစိုးရ ပါဝင်လာရေး ကြိုးပမ်...
- ကုလသမဂ္ဂ အကြီးတန်းအရာရှိ နှစ်ရက်ကြာ မြန်မာပြည် လာရေ...
- သတင်းလိမ်ကြီးဗျ..
- သေကြပြန်ပြီး သန်းရွှေ အာဏာတည်မြဲရေးအတွက်
- ဖားမင်းဆွေကျိုက္ခမီကိုအလည်လာတော့ ကျိုက္ခမီသားတစ်ယောက...
- ရွေးကောက်ပွဲကြီးအပြီး လွတ်လပ်စွာ ဆက်သွယ်ခွင့်ရှိသည်
- သီတာရေ နောက် ရခိုင်မှာပျောက်
- ရွေးကောက်ပွဲပြီးတာနဲ့  အမျိုးသမီးများအပေါ် ပိုကြမ်း
- ဒီမိုကရေစီနိုင်ငံသစ်ဖြစ်တဲ့ မြန်မာပြည် မုဒိန်းပြွဲ...
- သိက္ခာထက် စိန်က အရေးကြီးတယ်၊ အော်...လောဘသား စစ်ဓါြး...
- မီးပွိုင့်ကသူတို့ဘ၀ -
- ငါးမင်းဆွေ မှ ဒေါ်စုကြည်သို့ (၂)
- မြန်မာ့ သတင်းစာ မမှန်ဖူးချည်းတော့ မပြောနဲ့ ဒါလေးတေ...
- ရေဆန်ကို ဆန့် မယ် အား
- ဧည့် စာရင်း မ တိုင်တဲ့ ကဗျာ
- ငါးမင်းဆွေ ဖားမင်းဆွေ ကြံ့ဖွတ်မင်းဆွေ..ကြောင်သူတော...
- အတက်ခက်နေသေးတဲ့ အင်တာနက်
- ရာထူးမမက် သိက္ခာမက်သူတွေကတော့ ဒီလိုပေါ့
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင် AI အင်တာဗျူး
- ခုမှ ပေါက်တဲ့ကြာ.. အရိုး လာရှည်နေလေရဲ့
- IAS Calls For The Non Politicization Of An HIV Cli...
- မီးစိမ်းပြရင်..ကျနော်တို့ လည်း အသင့်ဘဲ
- ဒီနေရာကျ သူ က ပထမ ဗျ
- သားနစ်ဦးနှင့် သူ့အမေ
- ၀ိသာခါလို မိန်းမမြတ်
-
▼
November
(423)
No comments:
Post a Comment