
မနက်ဖြန် ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး နိုင်ငံရေး အကျဉ်းသားတွေ အားလုံးအတွက် ရည်ရွယ်ပြီးတော့ ဘားအံထောင်မှာ စစ်အစိုးရက ထောင်ချထားတဲ့ ကိုကျော်ကျော်နိုင် ဒီနေ့မနက် ၈ နာရီကစပြီး ထောင်တွင်း အစာငတ်ခံဆန္ဒပြမှု စတင်လိုက်တယ်လို့ သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ခေါင်းဆောင် မဖြူဖြူသင်းက “အခုသတင်းကို ကိုကျော်ကျော်နိုင် ကိုယ်တိုင် သူ့ လက်ရေးနဲ့ ထုတ်ပေးလိုက်တာ။ ဒီကိစ္စကို ထုတ်မပြောဘူးဆိုရင် သူ ဘာသတင်းမှ မကြားရဘဲနဲ့ ပျောက်သွားမှာ စိုးလို့ပါ” လို့ ဧရာဝတီကို ပြောပါတယ်။
ကိုကျော်ကျော်နိုင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်စည်းရုံးရေးမှူးတဦး ဖြစ်ပြီး ၂၀၀၇ ခုနှစ် စစ်အစိုးရက အကြမ်းဖက် ဖြိုခွဲခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေးအပြီးမှာ ဖမ်းဆီးပြီး ထောင်ဒဏ် ၁၄ နှစ် အပြစ် ပေးခံခဲ့ရပါတယ်။
No comments:
Post a Comment