Wednesday, November 10, 2010

နအဖ စစ်တပ်မှ စစ်ပြေးဒုက္ခသယ်များကို မကူညီသည့်အပြင် ချောဆွဲစေခိုင်း

ဘုရားသုံးဆူတွင် ယနေ့နံနက် ၅ နာရီကျော်တွင်တိုက်ပွဲ ပြန်ဖြစ်နေပြီး ယခုချိန်ထိ နအဖ မှ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်မှု့မှာ အလုံးလေးဆယ် ကျော်ပြီဟုသိရှိရပါသည်။ မနေ့ကအချိန်အထိတော့ ဒီကေဘီအေဖက်မှ အကျအဆုံးမရှိသေသော်လည်း ဇွတ်အတင်းတက် လာသော နအဖ တပ်ရင်း သုံးရင်းမှာ DKBA နှင့် မဟာမိတ်တပ်များ ဧ။် အပေါ်စီးမှ နေရာယူပစ်ခတ်မှု့များကြောင့် အကျအဆုံးများကြောင်းသိ ရပါသည်။ DKBA မှလည်း လက်နက်ကြီးများဖြစ်ပြန်လည်ပစ်ခတ်ပြီး မိမိဖက်မှ အထိအခိုက်မရှိကြောင်း အရာရှိတစ်ဦးကပြောဆိုခဲ့ပါသည်။

ဘုရားသုံးဆူမှစစ်ပြေးအရပ်သား ၆၀၀၀ ကျော် ထိုင်းနိုင်ငံသို့ တိမ်းရှောင်ခဲ့ရပြီး ၄င်းတို့ကို ထိုင်းအာဏာပိုင်မှ စံခလယ် တွင်နေရချထားပေးပါသည်။
စစ်ပြေးတိမ်းရှောင်အရပ်သားများကို UN ,TBBC ( Thai-Burma Border Consortium) အဖွဲ့များက ကူညီစောင့်ရှောက်ထားပြီး ထိခိုက်ဒဏ်ရာရသော အရပ်သားများမရှိသေးကြောင်း UN အရာရှိတစ်ဦးကပြေပြခဲ့ပါသသည်။ မြန်မာအာဏာပိုင်ကမှု စစ်ပြေးတိမ်းရှောင်အရပ်သားများကို ကူညီပံ့ပိုးခြင်းမပြုသည့်ပြင် အာဏာပိုင်မှ အရပ်သားများကို ချောစွဲစေခိုင်းခြင်း၊ ပေါ်တာဆွဲခြင်းများပြုလုပ်နေပါသဖြင့် နအဖ စစ်တပ်ကို ကြောက်နေရကြောင်း မြ၀တီ နှင့် ဘုရားသုံးဆူ ဒေသခံများက ပြောဆိုနေကြပါသည်။

မကြာခင် နအဖ မြန်မာဗြောင်လိမ် ရုပ်မြင်သံကြားသတင်းတွင် ဤလုပ်ရပ်များကို KNU ပြုလုပ်သည်ဟု အရှက်မရှိ ကျေငြာတော့မည်ဖြစ်ပါသည်။
Rest of your post

No comments:

Post a Comment