By မအေးအေးမာ ဗုဒ္ဓဟူး, 10 နိုဝင်ဘာ 2010
ထိုင်း၊ မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့မှာ DKBA ကရင်တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် မြ၀တီမြို့က လူတွေ သောင်းနဲ့ချီပြီး ထိုင်းနိုင်ငံဘက်ကို ခိုလှုံလာခဲ့ပါတယ်။ ဒီ့နောက် တိုက်ပွဲတွေဟာ ကရင်ပြည်နယ်မှာ ညဘက် ဆက်ဖြစ်နေသေးသလို မနက်ပိုင်းမှာလည်း မြ၀တီနဲ့နီးတဲ့ မေတ္တာလင်းမြိုင်ဆိုတဲ့ နေရာမှာ ဆက်ဖြစ်ခဲ့ပါတယ်။ မြ၀တီမြို့ကိုတော့ DKBA ကိုးသုံးလုံး တပ်ရင်းမှူး ဗိုလ်မှူးချစ်သူနဲ့ အဖွဲ့က စစ်အစိုးရတပ်တွေနဲ့ ပူးပေါင်းပြီး ကင်းလှည့်နေသလို DKBA အဖွဲ့တွေရဲ့ ဂိတ်တွေနဲ့ ငြိမ်းချမ်းရေးကောင်စီ ဂိတ်တွေကိုလည်း စစ်ဆေးနေပါတယ်။ မြန်မာစစ်အစိုးရကတော့ တိုက်ပွဲတွေ အခုလို ဖြစ်ရတာဟာ KNU ရဲ့လက်ချက်ကြောင့် ဖြစ်တယ်လို့ စွပ်စွဲခဲ့တာကြောင့် ဒါကို KNU ကလည်း ငြင်းဆိုခဲ့ပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။
မြ၀တီမြို့ရဲ့ ဘေးပတ်ပတ်လည်မှာ မြန်မာစစ်တပ် အင်အားတွေ အများအပြား ချထားပြီး နယ်ခြားစောင့်တပ်ကို လက်ခံတဲ့ DKBA တွေကတော့ သေနတ်တွေနဲ့ မြို့ထဲမှာ ကင်းလှည့်နေပါတယ်။ ညပိုင်းတုန်းကတော့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးဘက်မှာ လက်နက်ကြီးသံများ ကြားရပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ မနက်ပိုင်းမှာတော့ မြ၀တီနဲ့ ၁ နာရီလောက် သွားရတဲ့ နေရာဖြစ်တဲ့ မေတ္တာလင်းမြိုင်ဘက်မှာလည်း DKBA နဲ့ မြန်မာစစ်တပ်တွေရဲ့ တိုက်ပွဲတွေ ဆက်ရှိနေဆဲပါပဲ။
ဒီနေ့မနက်မှာတော့ နယ်ခြားစောင့်တပ်ကို လက်ခံတဲ့ DKBA ကိုးသုံးလုံးတပ်က တပ်ရင်းမှူး ဗိုလ်မှူးချစ်သူ ဦးစီးတဲ့ အဖွဲ့ဟာ နယ်စပ်က ဂိတ်တွေကို လာရောက်ပြီး ကျန်နေတဲ့ DKBA တပ်သားတွေကို သေနတ်တွေ၊ ယူနီဖောင်းတွေနဲ့ ဂိတ်တွေမှာ စောင့်ခွင့်မပြုတော့ဘဲ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေကသာ ဂိတ်တွေကို ဦးစီးပြီး နေရာယူထားလိုက်ပါတယ်။ မြို့ထဲမှာလည်း စစ်တပ်နေရာမှာ နယ်ခြားစောင့်တပ် ကားတွေပဲ လှည့်လည်နေတယ်လို့ မြို့ခံတွေက ပြောဆိုပါတယ်။
“စောချစ်သူတပည့် ဗိုလ်ကတုံး ဦးစီးတာပေါ့။ သူက ဦးစီးပြီး ပတ်နေတာ ကားတွေနဲ့။”
မနေ့ညက ကြာအင်းဆိပ်ကြီးဘက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ်က သံဃာတပါးက အခုလို ပြောပါတယ်။
“ကြာအင်းဆိပ်ကြီးဘက်မှာ၊ ဒီဘက်က လူတွေကတော့ သွားတဲ့ကျည်ဆန်တွေရဲ့ မီးကိုတွေ့တယ်။ ဟိုဘက်ကလာတဲ့ မီးလည်း တွေ့တယ်၊ ဒီဘက်ကလာတဲ့ မီးလည်း တွေ့တယ်။ ပေါက်ကွဲသံလည်း ကြားတယ်။”
မြ၀တီမြို့မှာတော့ စစ်တပ်တွေ အလုံးအရင်းနဲ့ တပ်စွဲထားကြောင်း မြ၀တီမြို့ခံတဦးက ဆက်ပြောသွားပါတယ်။
“ဟေမာန်ဦး ကျောင်းထဲမှာလည်း ရှိတယ်။ မိုးကုတ်ကျောင်းထဲမှာလည်း စစ်တပ်တွေ အများကြီးပဲ။ မိုးကုတ် ဘုန်းကြီးကျောင်းထဲမှာ နယ်ခြားစောင့်တပ်တွေရော၊ စစ်တပ်တွေရော ရှိနေတယ်။ မြ၀တီမှာတော့ တပ်တွေ ရှိနေသေးတာပေါ့။ ပြောသံကြားတာတော့ တိုက်ပွဲတွေ ဖြစ်ဦးမယ်လို့တော့ သူတို့လည်း ခန့်မှန်းနေကြတယ်။ အခုတော့ မရုပ်သိမ်းသေးဘူးပေါ့။ တပ်တွေ တော်တော်များတယ်။ ဘုန်းကြီးကျောင်းတွေမှာ အဓိက ခြေကုပ်ယူထားတာပေါ့။ လူဝင် လူထွက်ပေါက်၊ လူသွားလမ်းတွေမှာတော့ လေးငါးခြောက်ယောက် အနည်းဆုံး ရှိတယ်။”
အင်္ဂါနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာတော့ မြ၀တီမြို့နဲ့ ဘုရားသုံးဆူ တိုက်ပွဲတွေဟာ KNU လက်ချက်ဆိုပြီး ရေးသားထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကရင်အမျိုးသား အစည်းအရုံး (KNU) တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေကတော့ အခုလို ငြင်းဆိုပါတယ်။
“ဒီကိစ္စနဲ့ ပတ်သက်လို့တော့ ကျနော်တို့ကို မြန်မာ့အလင်းကနေပြီးတော့ အခြေအမြစ်မရှိဘဲ တဖက်သတ် စွပ်စွဲထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှုတ်ခမ်းမွေး ဖြစ်သွားတဲ့ ကိစ္စမှာ နယ်ခြားစောင့်ကိစ္စနဲ့ ပတ်သက်ပြီး သူက လက်မခံဘူး။ သူကတော့ လူထုမျက်နှာကြည့်ပြီး ဆက်လှုပ်ရှားမယ်၊ လူထုကို မတရားသဖြင့် မောက်မာတဲ့ ကိစ္စကို၊ တချို့ ကရင်ပြည်နယ်ထဲက နေရာတွေမှာ ခြိမ်းခြောက်ပြီးတော့ ကြံ့ဖွံ့ကို ထည့်ရမယ်ဆိုပြီး ဖြစ်တယ်။ နှုတ်ခမ်းမွေးကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး မတရားမှုလို့ ပြောတယ်။”
စစ်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံလာတဲ့ ဒုက္ခသည်တွေကို ဒီနေ့မနက်မှာတော့ ထိုင်းစစ်တပ်ဝင်းထဲကနေ နယ်စပ်ဂိတ်တွေဆီ ပြန်ပို့ခဲ့ကြပေမဲ့ တိုက်ပွဲတွေကို ကြောက်လို့ မပြန်ဘဲ နေထိုင်နေတဲ့ ဒုက္ခသည်တွေဟာ နယ်စပ်မှာ ထောင်ဂဏန်းထိ ရှိနေဆဲ ဖြစ်ပါတယ်။Rest of your post
Thursday, November 11, 2010
DKBA ဗိုလ်မှူးချစ်သူနဲ့ မြန်မာစစ်တပ် ပူးပေါင်းပြီး မြ၀တီ ထိန်းချုပ်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
November
(423)
- ပင်လုံစာချုပ် (၁၉၄၇)
- အမျိုးသားအောင်ပွဲနေ့ မင်္ဂလာခွန်းဆက် (ရေး ။ ။ မင်းသု...
- ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် သမတ
- "အမျိုးသားနေ့" - ကာတွန်း ဦးဘဂျမ်း လက်ရာ။ (ဟံသာဝတီ...
- ဟိုဘက်မှာလည်း ကလေးတွေထွက်ပြေးနေကြရ
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဗွီဒီယိုခွေ နိုင်ငံေ...
- ဒေါ်အောင်ဆန်းစုကြည်နှင့် သားကိုထိန်လင်း တို့ အား ဗိ...
- မလေးရှားမှ ပေးပို့ ပါသည်။
- ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစု...
- အားနာပါတယ် ဒို့ ကိုစိန်ဘဲပေး ပြည်သူတွေအတွက် စက္ကူစု...
- ဒေါ်အောင်ဆန်းစုကြည့် နိုင်ငံရေးအကျဉ်းသား မိဘများနှင...
- ဒုက္ခသည်စခန်းက လူတွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ ...
- ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖြေများ - မိုးမခ အင်တာဗျူး
- ရူးနေလို့ တဲ့ 
- သိသောသူများ လေ့ လာသိရှိရသမျှ စီဘောက်မှာ အကြံပေးကြပါ
- စုတ်ပြတ်နေသော မြို့ တော်ကြီး ….
- လေလည်လို့  ဘွတ်ဘွတ် မြည်တောင် တွတ်ထိုးတယ် ထင် ထောင...
- တရုတ်တွေ ဒို့ ပိုင်တာတွေ ခိုးနေပြီ..ရပ်ကြည့်ကြမလား
- ရဲက လာဘ်ငွေယူပြီး မူးယစ်ဆေးရောင်းခွင့်ပြု
- သိန်းသန်းကုဋေ ကိန်းဂဏန်းတွေ (တပ်ကြပ်ကြီး-နေမင်းသူ)
- အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့အထိမ်းအမှတ် လူ့အ...
- အချိန်ကောင်း အခါကောင်း အခွင့်အရေးကောင်း (လူထု ဦးစ...
- ရွေးကောက်ပွဲ အထူးအစီရင်ခံစာ
- ငါးမင်းဆွေ ၏ ဒိုင်ပွဲရပ်..နောက်ကောက်..ရှေုသွားတွေ ...
- .ဦးဝင်းတင် နယူးယောက်တိုင်း ပိုစ့်ကိစ္စ ရှင်းလင်းချက်
- ခေတ်သစ် မြန်မာ့လွတ်တော်
- ရှားးးးရှားးးးးဘာရှားးးလဲ * ရုရှား* တဲ့ ကွယ်
- သမ ချင်သလား..ပြည်သူ့ အချစ်တော်ကြီးက ဒီမှာနေတယ်။
- ဒီလူ ဟိုလူ..အဲ ဟုတ်ဖူး..ဟောဒီလူ (သောက်မြင်ကပ် ပုဒ်မ)
- ဆွံအနေသော လွှတ်တော် ကိုယ်စားလှယ်များသာ အလိုရှိသည်။ ...
- ဘယ်သူနိုင်ငံရေး သမားလဲ- * ရေးသားသူ-လူထုစိန်ဝင်း *
- ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကျဉ်းသား မိသားစုများ...
- သံလွင်မြစ် မှ ရှမ်းမလေး
- ရွေးကောက်ပွဲလွန်ကာလ တွေ့ဆုံဆွေးနွေးရေး ကုလ အကြံပေး...
- တွင်းတူးပြီး လက်နက်စု လူသတ်ဖို့ သာ ဦးတည်နေတဲ့ နိုင...
- ပေါ်တာ= အထမ်းသမား =ရန်ကုန်တွင် ဆွဲနေသည် (မိုးမခ)
- ရွေးကောက်ပွဲအပြီး ကရင်နီ နှင့် နအဖ အကြားတိုက်ပွဲ တ...
- သိနေတယ်တဲ့ဗျာ ..ဟုတ်မယ်မထင်
- မြန်မာ့အရေး မှ ငါးမင်းဆွေ သို့....... (၁)
- အခုမှပဲ ရှင်းသွားတော့တယ်
- မျိုးချစ်တေးဂီတပညာရှင်ကြီး သဟာယဆရာတင်
- ဗုံးတွေ့မှုအတွက် သံဃာတော်တပါးကို ဖမ်းဆီးထား
- ရန်ကုန် အနုပညာရှင်များ ၃၇၆ မိသားစုဂေဟာ လာရောက် အားပေး
- ဗမာ့သူရဲကောင်း (ဗိုလ်ချုပ်အောင်ဆန်းသီချင်း)
- နိုင်ငံရေး အကျဉ်းသားများ လွှတ်မြောက်ရေး အတွက် ကျောက...
- စစ်ထောက်လှမ်းရေး ရှိစဉ်က စိတ်ကူးမျိုးဖြင့် NLD ကို...
- ဘိန်းသမားတွေတောင် ကွင်းပိုင်ကြီးကို မကျော်နိုင်..
- ရန်ကုန်မှာ ဆွဲပြီ
- အင်းစိန် သို့ ရောက်သွားသော ဗိုလ်ချုပ်ခင်ညွန့် 
- လူမှုထူးချွန်ဆုရ ဌာနေပြည်သူ့စစ်ခေါင်းဆောင်နယ်မြေ၌ ဘ...
- မနေ့ က သတင်းအဆက်ပါ.. အရိုက်ခံရတဲ့သူကို အာဇာနည်အပေါ...
- ဗိုလ်ချုပ်မှုးကြီး နှစ်ယောက် ရဲ့  အိမ် ထိ penetrate...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- တပ်ဂေါ်လီ
- အမေစု လုံခြုံရေးအတွက်
- ဒီကိစ္စတွေက တိုင်းပြည်အုပ်ချုပ်သူတွေ လုပ်ရမယ့် အလုပ...
- လူသားဒိုင်းသဖွယ် အရပ်သားတွေကို အသုံးချဟု မြောက်ကေ...
- အမေ့ မခံလိုသူများရဲ့ လက်ဆောင်နဲ့ အမေ့ရဲ့ရုံးခန်း
- ဗိုလ်ချုပ်ကြီးခင်ညွန့် ဗီဒီယိုနဲ့ ပတ်သက်ပြီး ဗိုလ်...
- နောက်ဆက်တွဲ ဗိုလ်ချုပ် ခင်ညွန့် သတင်း
- ဆားမင်းဆွေ၊ ငါးမင်းဆွေ၊ နောက်တော့ ဖားမင်းဆွေ
- ဒေါ်အောင်ဆန်းစုကြည်နဲ့ မိုးမခ အင်တာဗျူး အဖြေများ
- Leaked General Khin Nyunt Video Clip
- ပုတ်သင်ဥတော့ ပေါ်လာပြီ။
- UN- ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေဆုံ
- ဟာသတွေအရမ်းပြောတဲ့ဒေါက်တာဝင်းနိုင်(ဂျပန်ပျံ)
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို နေရာပြောင်း
- ရွေးကောက်ပွဲ မဲမသမာမှုများကို သမိုင်းမှတ်တမ်းတင်
- နအဖတပ်နှင့် ဘီဂျီအက်ဖ်တပ်များ ကရင်ကျေးရွာများတွင် ...
- ထောက်လှမ်းရေးမှူးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ...
- ပြည်သူတဦးပေးစာ
- မိဘနှင့်တူသော အစိုးရ ( အပိုင်း-၁)
- ဒီလို ဖေါ်လံဖား လူတွေ များနေတော့
- ခွေးတွေ ကြိတ်ကြံနေတယ်
- ဒုတိယပင်လုံညီလာခံမှာ စစ်အစိုးရ ပါဝင်လာရေး ကြိုးပမ်...
- ကုလသမဂ္ဂ အကြီးတန်းအရာရှိ နှစ်ရက်ကြာ မြန်မာပြည် လာရေ...
- သတင်းလိမ်ကြီးဗျ..
- သေကြပြန်ပြီး သန်းရွှေ အာဏာတည်မြဲရေးအတွက်
- ဖားမင်းဆွေကျိုက္ခမီကိုအလည်လာတော့ ကျိုက္ခမီသားတစ်ယောက...
- ရွေးကောက်ပွဲကြီးအပြီး လွတ်လပ်စွာ ဆက်သွယ်ခွင့်ရှိသည်
- သီတာရေ နောက် ရခိုင်မှာပျောက်
- ရွေးကောက်ပွဲပြီးတာနဲ့  အမျိုးသမီးများအပေါ် ပိုကြမ်း
- ဒီမိုကရေစီနိုင်ငံသစ်ဖြစ်တဲ့ မြန်မာပြည် မုဒိန်းပြွဲ...
- သိက္ခာထက် စိန်က အရေးကြီးတယ်၊ အော်...လောဘသား စစ်ဓါြး...
- မီးပွိုင့်ကသူတို့ဘ၀ -
- ငါးမင်းဆွေ မှ ဒေါ်စုကြည်သို့ (၂)
- မြန်မာ့ သတင်းစာ မမှန်ဖူးချည်းတော့ မပြောနဲ့ ဒါလေးတေ...
- ရေဆန်ကို ဆန့် မယ် အား
- ဧည့် စာရင်း မ တိုင်တဲ့ ကဗျာ
- ငါးမင်းဆွေ ဖားမင်းဆွေ ကြံ့ဖွတ်မင်းဆွေ..ကြောင်သူတော...
- အတက်ခက်နေသေးတဲ့ အင်တာနက်
- ရာထူးမမက် သိက္ခာမက်သူတွေကတော့ ဒီလိုပေါ့
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင် AI အင်တာဗျူး
- ခုမှ ပေါက်တဲ့ကြာ.. အရိုး လာရှည်နေလေရဲ့
- IAS Calls For The Non Politicization Of An HIV Cli...
- မီးစိမ်းပြရင်..ကျနော်တို့ လည်း အသင့်ဘဲ
- ဒီနေရာကျ သူ က ပထမ ဗျ
- သားနစ်ဦးနှင့် သူ့အမေ
- ၀ိသာခါလို မိန်းမမြတ်
-
▼
November
(423)
No comments:
Post a Comment