မြန်မာနိုင်ငံအပေါ် မူဝါဒ ပြောင်းလဲနိုင်ရေး အမေရိကန် စောင့်ကြည့်
By ဦးသားညွန့်ဦး အင်္ဂါ, 16 နိုဝင်ဘာ 2010
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီးနောက် အနောက်နိုင်ငံတွေနဲ့၊ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုနဲ့ မြန်မာအကြား ဆက်ဆံရေးမှာ ရှိနေတဲ့ Sanction ခေါ် မြန်မာအပေါ် အရေးယူ ပိတ်ဆို့မှုကို ရုပ်သိမ်း မသိမ်းဆိုတဲ့ အကြောင်းရပ်ဟာ လေ့လာသူတွေအကြား မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ အမေရိကန် ပြည်ထောင်စုကတော့ ဒီအတွက်ဆိုရင် မြန်မာနိုင်ငံဘက်က တခုမကတဲ့ တိုးတက်မှုတွေ လိုအပ်မယ်လို့ တုံ့ပြန်ထားပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စု အနေနဲ့ အခုလက်ရှိ သမ္မတ အိုဘားမား တက်ပြီးနောက်ပိုင်း မြန်မာနိုင်ငံအပေါ် မူဝါဒ တစုံတရာ ပြောင်းလဲရာမှာ အရေးယူ ဒဏ်ခတ်တဲ့နည်းတင် မဟုတ်တော့ဘဲ မြန်မာအစိုးရနဲ့ တိုက်ရိုက်ထိစပ် ဆက်ဆံတဲ့ သံတမန်ရေး နည်းကိုပါ သုံးလာပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တာကြောင့် အရေးယူ ဒဏ်ခတ်မှု အချို့ကို ဆုပေး ဒဏ်ပေးသဘော အမေရိကန် ပြည်ထောင်စုဘက်က ပြန်ရုပ်သိမ်းလေမလား မေးခွန်းဖြစ်ခဲ့ကြပါတယ်။
မနေ့က အမေရိကန် နိုင်ငံခြားရေးဌာနမှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေက အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ကို ရုပ်သိမ်းဖို့ အစီအစဉ်ရှိသလားလို့ မေးမြန်းခဲ့ကြပါတယ်။ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပီ.ဂျေ ခရော်လီ (P.J Crowley) ကတော့ မူဝါဒ အပြောင်းအလဲ အတွက်ဆိုရင် မြန်မာနိုင်ငံဘက်က တခုထက်မက တိုးတက်မှုတွေ လုပ်ပြဖို့ လိုတယ်လို့ ပြောပါတယ်။
“မြန်မာနိုင်ငံနဲ့ ဆက်ဆံနိုင်မယ့် ပုံသဏ္ဌာန်မျိုးစုံကို ကျနော်တို့ ပြင်ဆင်ထားပါတယ်။ မြန်မာနိုင်ငံဘက်ကလည်း ဆောင်ရွက်စရာတွေ ဆောင်ရွက်ဖို့ လိုပါတယ်။ ကျနော်တို့ မူဝါဒတွေ ပြောင်းလဲဖို့ ဆိုရင်တော့ တခုထက် မကတဲ့ လုပ်ရပ်တွေ လုပ်သွားရပါလိမ့်မယ်။”
အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ မြန်မာလူထုရဲ့ သဘောဆန္ဒကို မြန်မာခေါင်းဆောင်တွေက ဘယ်လို လိုက်လျော အကောင် အထည် ဖော်မလဲ နည်းလမ်းရှာဖို့ လိုမယ်လို့ ပီ.ဂျေ ခရော်လီက ပြောခဲ့ပါတယ်။
“မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကျနော်တို့ မြင်တွေ့လိုတာတွေ ရှိပါတယ်။ စစ်မှန်တဲ့ အရပ်ဘက် လူထုအခြေပြု အဖွဲ့အစည်းတွေ ပေါ်ထွက် လာတာကို မြင်တွေ့လိုပါတယ်။ ကျယ်ပြန်တဲ့ နိုင်ငံရေးဖြစ်စဉ်တခု ပေါ်ထွက်လာတာ မြင်လိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် အားလပ်ရက် အတွင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အပေါ် လူထုရဲ့ တုံ့ပြန်မှုကို ကြည့်ပါ။
“မြန်မာပြည်သူတွေဟာ မတူတဲ့ လူ့အဖွဲ့အစည်း ပုံစံတခုကို လိုလားနေတယ်၊ တိုင်းပြည်ရဲ့ အနာဂတ် ကိစ္စတွေမှာ ပါဝင်ခွင့်ရမယ့် အခြေ အနေတွေကို လိုလားနေကြတယ် ဆိုတာ မြင်သာပါတယ်။ ဒီလို လူထုရဲ့ စိတ်ဆန္ဒတွေကို မြန်မာခေါင်းဆောင်တွေ အသိအမှတ်ပြုပြီး မြန်မာပြည်သူတွေ ဖြစ်ချင်တဲ့အတိုင်း ကူညီဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေ ရှာကြဖို့ အရေးကြီးပါတယ်။”
မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုကြောင့် အမေရိကန်နိုင်ငံ တွင်းမှာရော မြန်မာနိုင်ငံထဲမှာပါ အမေရိကန်၊ မြန်မာ ဆက်ဆံရေး အကြား ဒီအကြောင်းရပ်ဟာ ထိပ်ဆုံးကလိုလို အမြဲရှိခဲ့ပါတယ်။ လန်ဒန် စီးပွားရေး တက္ကသိုလ်က မြန်မာ့အရေး လေ့လာသူ ဒေါက်တာဇာနည်ကတော့ တကယ်တမ်း မြန်မာနိုင်ငံ ဆင်းရဲမွဲတေမှု ပြဿနာဟာ စီးပွားရေး ဒဏ်ခတ်မှုတွေကြောင့် မဟုတ်ဘဲ စစ်အစိုးရ ကိုယ်တိုင်ရဲ့ စီမံခန့်ခွဲမှုတွေကြောင့် ဖြစ်တယ်လို့ ဝေဖန်ပါတယ်။ ဒါကြောင့် စီးပွားရေး ဒဏ်ခတ်တဲ့ ကိစ္စဟာ အရေးတယူ ပြောရမယ့်ကိစ္စ မဟုတ်ဘူးလို့ မြင်ပါတယ်။
“ကျနော်တို့နိုင်ငံမှာ အမျိုးသား စီးပွားရေးဆိုပြီး ဘာမှ ပီပီပြင်ပြင် မရှိတော့ဘူး။ သယံဇာတ ရောင်းစားတဲ့ အဆင့်ပဲ ရောက်သွားတယ်။ ဆိုလိုတာက ကျနော်တို့နိုင်ငံမှာ Sanction ဆက်ပြီးထားလို့ စီးပွားရေး ချွတ်ခြုံကျနေတာ မဟုတ်ဘူး။ ကျနော်တို့နိုင်ငံမှာ ၀င်လာတဲ့ ပိုက်ဆံတွေက ဘီလီယံ သန်းနဲ့ချီ ထောင်နဲ့ချီပြီး ၀င်လာတာ။ ၀င်လာတဲ့ ပိုက်ဆံတွေက သဘာဝ ဓာတ်ငွေ့တို့၊ ကျွန်းတို့၊ ဟိုက်ဒရိုပါဝါတို့ ဒါတွေကို ရောင်းစားဖို့လုပ်တာ ထိပ်ပိုင်းက လုပ်နေတဲ့ စစ်ဗိုလ်ချုပ်၊ ထိပ်ဆုံးက ပုဂ္ဂိုလ်တွေက မဟုတ်မဟတ် စစ်ရေးကို ပြည်သူ့စီးပွားရေးထက် ပိုအရေးပေးတဲ့ အတွက်ကြောင့် ဖြစ်တာ။ Sanction က ပြဿနာ မဟုတ်ဘူးလို့ ကျနော်ထင်တယ်။”
ဒါ စစ်အစိုးရဘက်က သူတို့ပြုတဲ့ ကိစ္စကိုး။ တဘက်က Sanction ဆန့်ကျင်သူတွေ ပြောနေတာက Sanction ကြောင့် စီးပွားရေး လုပ်ငန်းတွေ ထွက်သွားတယ်၊ အလုပ်လက်မဲ့တွေ ပိုများလာတယ်။
“Sanction ကြောင့် လူတွေ အလုပ်မရှိဘူး ဆိုတာက ပြဿနာက ဘာလဲဆိုရင် ကျနော်တို့နိုင်ငံရဲ့ စီးပွားရေး အဆောက်အအုံကို ကြည့် လိုက်ရင် စိုက်ပျိုးရေးကလည်း ဘာမှ ပီပီပြင်ပြင် မပေါ်လာဘူး၊ ပဲလုပ်ငန်းကလွဲရင်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်က ရင်းနှီးမြှုပ်နှံမှုတွေကို အဲဒီထဲမှာ ဘာမှ ထည့်မပေးဘူး။
“နံပါတ်နှစ်က သဘာဝ ဓာတ်ငွေ့တွေ၊ သယံဇာတတွေ ရောင်းစားတယ် ဆိုတာက အမွေရတဲ့အိမ်ကို သွပ်အမိုး ခွာရောင်းတယ်၊ ထရံခွာ ရောင်းတယ်၊ ၀င်းထရံ ခွာရောင်းတဲ့အဆင့် စီးပွားရေးပဲရှိတယ်။ ကျနော်တို့မှာ ပီပီပြင်ပြင် စီးပွားရေး အုတ်မြစ်ကို ချထားတာ မရှိဘူး။
“နံပါတ်သုံးက ကျနော်တို့နိုင်ငံမှာ နိုင်ငံရေး အဆောက်အအုံကို ပီပီပြင်ပြင် မပြုပြင်ဘဲနဲ့ စီးပွားရေး တိုးတက်တဲ့နိုင်ငံ ကမ္ဘာ့သမိုင်းမှာ ဘယ်နိုင်ငံမှ မရှိဘူး။ နိုင်ငံရေးနဲ့ စီးပွားရေးကို ဘယ်လိုမှ ခွဲလို့မရဘူး။ အခုအချိန်မှာ Sanction ကို ရုပ်သိမ်းပေးလိုက်ရင်လည်း ၀င်လာ မယ့် ပိုက်ဆံတွေက ဘာဖြစ်မလဲဆိုရင် ကျနော်တို့နိုင်ငံ ပြည်သူတွေအတွက် ဘယ်လိုဖြစ်သွားမလဲဆိုတော့ အိတ်ပေါက်နဲ့ ဖားကောက်ပဲ ဖြစ်မယ်။”
အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာ့နိုင်ငံရေး တိုးတက်မှုအတွက် အရေးယူ ဒဏ်ခတ်တာရော အစိုးရနဲ့ တိုက်ရိုက် ထိစပ်တာရော နည်းလမ်းပေါင်းစုံကို လမ်းဖွင့်ထားတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။ ဖြစ်ထွန်းတိုးတက်မှုတွေ အပေါ်မှာပဲ အမေရိကန် ပြည်ထောင်စုဘက်က အရေးယူ တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။ အခုအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတယ် ဆိုပေမဲ့ အရင်လို အခြေအနေ ပြန်မရောက်သွားဖို့ လိုတယ်လို့လည်း သတိပေးပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အပေါ် စစ်အစိုးရဘက်က ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကို ကျနော်တို့ အသေအချာ စောင့်ကြည့်နေပါတယ်။ အရင်တုန်းကလည်း အချိန်ကာလ တခုအထိ သူမကို လွှတ်ပေးခဲ့တယ်၊ နောက်တော့ ပြန်ပြီး အကန့်အသတ်တွေ လုပ်လာပါတယ်။ ဒါမျိုးတွေကို ကျနော်တို့ ထပ်မတွေ့လိုပါဘူး။ အခု သူ့ကို ဘာအကန့်အသတ်မှ လုပ်မထားဘူးလို့ ဒေါ်စုက အများပြည်သူကို ပြောထားပါတယ်။
“မြန်မာနိုင်ငံက အမေရိကန်သံရုံး ယာယီတာဝန်ခံဟာလည်း အခြားသံတမန်တွေနဲ့အတူ ဒေါ်စုကို တွေ့ခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ပြောတဲ့ သတင်းစကားကို ပို့ခဲ့ပါတယ်။ ဒေါ်စုအနေနဲ့ NLD ကို ဘယ်လို ပြန်တည်ဆောက်မလဲဆိုတာ အပါအ၀င် သူ ဘာတွေ အစီအစဉ် လုပ်နေသလဲဆိုတာ သိနိုင်ဖို့ ကျနော်တို့ သူနဲ့ အဆက်မပြတ် ထိစပ်သွားမှာပါ။”
အမေရိကန်ဘက်က အခုလို စစ်အစိုးရနဲ့ တိုက်ရိုက်ထိစပ် ဆက်ဆံနေပေမဲ့ ဒီအပေါ်မှာ အပြုသဘော တုံ့ပြန်ချက် မရတဲ့အပေါ်၊ နောက်ပြီး မကြာခင်က လုပ်ခဲ့တဲ့ ရွေးကောက်ပွဲဟာလည်း အားလုံး ပါဝင်နိုင်အောင် လမ်းဖွင့်မပေးခဲ့တဲ့အပေါ် စိတ်ပျက် ၀မ်းနည်း ကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။
အခုအချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က အစိုးရနဲ့ တွေ့ဆုံဆွေးနွေးလိုတယ်လို့ ကမ်းလှမ်းတဲ့ အပေါ်မှာ စစ်အစိုးရဘက်ကလည်း အလားတူ တုံ့ပြန်ပေးနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောခဲ့ပါတယ်။http://www.voanews.com/burmese/news/myanmar-us-dassk-108433239.html
Tuesday, November 16, 2010
We will wait and see...
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
November
(423)
- ပင်လုံစာချုပ် (၁၉၄၇)
- အမျိုးသားအောင်ပွဲနေ့ မင်္ဂလာခွန်းဆက် (ရေး ။ ။ မင်းသု...
- ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် သမတ
- "အမျိုးသားနေ့" - ကာတွန်း ဦးဘဂျမ်း လက်ရာ။ (ဟံသာဝတီ...
- ဟိုဘက်မှာလည်း ကလေးတွေထွက်ပြေးနေကြရ
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဗွီဒီယိုခွေ နိုင်ငံေ...
- ဒေါ်အောင်ဆန်းစုကြည်နှင့် သားကိုထိန်လင်း တို့ အား ဗိ...
- မလေးရှားမှ ပေးပို့ ပါသည်။
- ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစု...
- အားနာပါတယ် ဒို့ ကိုစိန်ဘဲပေး ပြည်သူတွေအတွက် စက္ကူစု...
- ဒေါ်အောင်ဆန်းစုကြည့် နိုင်ငံရေးအကျဉ်းသား မိဘများနှင...
- ဒုက္ခသည်စခန်းက လူတွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ ...
- ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖြေများ - မိုးမခ အင်တာဗျူး
- ရူးနေလို့ တဲ့ 
- သိသောသူများ လေ့ လာသိရှိရသမျှ စီဘောက်မှာ အကြံပေးကြပါ
- စုတ်ပြတ်နေသော မြို့ တော်ကြီး ….
- လေလည်လို့  ဘွတ်ဘွတ် မြည်တောင် တွတ်ထိုးတယ် ထင် ထောင...
- တရုတ်တွေ ဒို့ ပိုင်တာတွေ ခိုးနေပြီ..ရပ်ကြည့်ကြမလား
- ရဲက လာဘ်ငွေယူပြီး မူးယစ်ဆေးရောင်းခွင့်ပြု
- သိန်းသန်းကုဋေ ကိန်းဂဏန်းတွေ (တပ်ကြပ်ကြီး-နေမင်းသူ)
- အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့အထိမ်းအမှတ် လူ့အ...
- အချိန်ကောင်း အခါကောင်း အခွင့်အရေးကောင်း (လူထု ဦးစ...
- ရွေးကောက်ပွဲ အထူးအစီရင်ခံစာ
- ငါးမင်းဆွေ ၏ ဒိုင်ပွဲရပ်..နောက်ကောက်..ရှေုသွားတွေ ...
- .ဦးဝင်းတင် နယူးယောက်တိုင်း ပိုစ့်ကိစ္စ ရှင်းလင်းချက်
- ခေတ်သစ် မြန်မာ့လွတ်တော်
- ရှားးးးရှားးးးးဘာရှားးးလဲ * ရုရှား* တဲ့ ကွယ်
- သမ ချင်သလား..ပြည်သူ့ အချစ်တော်ကြီးက ဒီမှာနေတယ်။
- ဒီလူ ဟိုလူ..အဲ ဟုတ်ဖူး..ဟောဒီလူ (သောက်မြင်ကပ် ပုဒ်မ)
- ဆွံအနေသော လွှတ်တော် ကိုယ်စားလှယ်များသာ အလိုရှိသည်။ ...
- ဘယ်သူနိုင်ငံရေး သမားလဲ- * ရေးသားသူ-လူထုစိန်ဝင်း *
- ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကျဉ်းသား မိသားစုများ...
- သံလွင်မြစ် မှ ရှမ်းမလေး
- ရွေးကောက်ပွဲလွန်ကာလ တွေ့ဆုံဆွေးနွေးရေး ကုလ အကြံပေး...
- တွင်းတူးပြီး လက်နက်စု လူသတ်ဖို့ သာ ဦးတည်နေတဲ့ နိုင...
- ပေါ်တာ= အထမ်းသမား =ရန်ကုန်တွင် ဆွဲနေသည် (မိုးမခ)
- ရွေးကောက်ပွဲအပြီး ကရင်နီ နှင့် နအဖ အကြားတိုက်ပွဲ တ...
- သိနေတယ်တဲ့ဗျာ ..ဟုတ်မယ်မထင်
- မြန်မာ့အရေး မှ ငါးမင်းဆွေ သို့....... (၁)
- အခုမှပဲ ရှင်းသွားတော့တယ်
- မျိုးချစ်တေးဂီတပညာရှင်ကြီး သဟာယဆရာတင်
- ဗုံးတွေ့မှုအတွက် သံဃာတော်တပါးကို ဖမ်းဆီးထား
- ရန်ကုန် အနုပညာရှင်များ ၃၇၆ မိသားစုဂေဟာ လာရောက် အားပေး
- ဗမာ့သူရဲကောင်း (ဗိုလ်ချုပ်အောင်ဆန်းသီချင်း)
- နိုင်ငံရေး အကျဉ်းသားများ လွှတ်မြောက်ရေး အတွက် ကျောက...
- စစ်ထောက်လှမ်းရေး ရှိစဉ်က စိတ်ကူးမျိုးဖြင့် NLD ကို...
- ဘိန်းသမားတွေတောင် ကွင်းပိုင်ကြီးကို မကျော်နိုင်..
- ရန်ကုန်မှာ ဆွဲပြီ
- အင်းစိန် သို့ ရောက်သွားသော ဗိုလ်ချုပ်ခင်ညွန့် 
- လူမှုထူးချွန်ဆုရ ဌာနေပြည်သူ့စစ်ခေါင်းဆောင်နယ်မြေ၌ ဘ...
- မနေ့ က သတင်းအဆက်ပါ.. အရိုက်ခံရတဲ့သူကို အာဇာနည်အပေါ...
- ဗိုလ်ချုပ်မှုးကြီး နှစ်ယောက် ရဲ့  အိမ် ထိ penetrate...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- တပ်ဂေါ်လီ
- အမေစု လုံခြုံရေးအတွက်
- ဒီကိစ္စတွေက တိုင်းပြည်အုပ်ချုပ်သူတွေ လုပ်ရမယ့် အလုပ...
- လူသားဒိုင်းသဖွယ် အရပ်သားတွေကို အသုံးချဟု မြောက်ကေ...
- အမေ့ မခံလိုသူများရဲ့ လက်ဆောင်နဲ့ အမေ့ရဲ့ရုံးခန်း
- ဗိုလ်ချုပ်ကြီးခင်ညွန့် ဗီဒီယိုနဲ့ ပတ်သက်ပြီး ဗိုလ်...
- နောက်ဆက်တွဲ ဗိုလ်ချုပ် ခင်ညွန့် သတင်း
- ဆားမင်းဆွေ၊ ငါးမင်းဆွေ၊ နောက်တော့ ဖားမင်းဆွေ
- ဒေါ်အောင်ဆန်းစုကြည်နဲ့ မိုးမခ အင်တာဗျူး အဖြေများ
- Leaked General Khin Nyunt Video Clip
- ပုတ်သင်ဥတော့ ပေါ်လာပြီ။
- UN- ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေဆုံ
- ဟာသတွေအရမ်းပြောတဲ့ဒေါက်တာဝင်းနိုင်(ဂျပန်ပျံ)
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို နေရာပြောင်း
- ရွေးကောက်ပွဲ မဲမသမာမှုများကို သမိုင်းမှတ်တမ်းတင်
- နအဖတပ်နှင့် ဘီဂျီအက်ဖ်တပ်များ ကရင်ကျေးရွာများတွင် ...
- ထောက်လှမ်းရေးမှူးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ...
- ပြည်သူတဦးပေးစာ
- မိဘနှင့်တူသော အစိုးရ ( အပိုင်း-၁)
- ဒီလို ဖေါ်လံဖား လူတွေ များနေတော့
- ခွေးတွေ ကြိတ်ကြံနေတယ်
- ဒုတိယပင်လုံညီလာခံမှာ စစ်အစိုးရ ပါဝင်လာရေး ကြိုးပမ်...
- ကုလသမဂ္ဂ အကြီးတန်းအရာရှိ နှစ်ရက်ကြာ မြန်မာပြည် လာရေ...
- သတင်းလိမ်ကြီးဗျ..
- သေကြပြန်ပြီး သန်းရွှေ အာဏာတည်မြဲရေးအတွက်
- ဖားမင်းဆွေကျိုက္ခမီကိုအလည်လာတော့ ကျိုက္ခမီသားတစ်ယောက...
- ရွေးကောက်ပွဲကြီးအပြီး လွတ်လပ်စွာ ဆက်သွယ်ခွင့်ရှိသည်
- သီတာရေ နောက် ရခိုင်မှာပျောက်
- ရွေးကောက်ပွဲပြီးတာနဲ့  အမျိုးသမီးများအပေါ် ပိုကြမ်း
- ဒီမိုကရေစီနိုင်ငံသစ်ဖြစ်တဲ့ မြန်မာပြည် မုဒိန်းပြွဲ...
- သိက္ခာထက် စိန်က အရေးကြီးတယ်၊ အော်...လောဘသား စစ်ဓါြး...
- မီးပွိုင့်ကသူတို့ဘ၀ -
- ငါးမင်းဆွေ မှ ဒေါ်စုကြည်သို့ (၂)
- မြန်မာ့ သတင်းစာ မမှန်ဖူးချည်းတော့ မပြောနဲ့ ဒါလေးတေ...
- ရေဆန်ကို ဆန့် မယ် အား
- ဧည့် စာရင်း မ တိုင်တဲ့ ကဗျာ
- ငါးမင်းဆွေ ဖားမင်းဆွေ ကြံ့ဖွတ်မင်းဆွေ..ကြောင်သူတော...
- အတက်ခက်နေသေးတဲ့ အင်တာနက်
- ရာထူးမမက် သိက္ခာမက်သူတွေကတော့ ဒီလိုပေါ့
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင် AI အင်တာဗျူး
- ခုမှ ပေါက်တဲ့ကြာ.. အရိုး လာရှည်နေလေရဲ့
- IAS Calls For The Non Politicization Of An HIV Cli...
- မီးစိမ်းပြရင်..ကျနော်တို့ လည်း အသင့်ဘဲ
- ဒီနေရာကျ သူ က ပထမ ဗျ
- သားနစ်ဦးနှင့် သူ့အမေ
- ၀ိသာခါလို မိန်းမမြတ်
-
▼
November
(423)
No comments:
Post a Comment