အမျိုးသားဒီမိုကရေစီ အဖွဲချုပ်ဝင်များ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ဘက်သို့ ချီတက်သွား
မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ စက်တင်ဘာလ 26 2008 10:11 - မြန်မာစံတော်ချိန်
အမျိုးသား ဒီမိုကရေစီ အဖွဲချုပ်ဝင် ၃၅ ယောက်တို့သည် ယနေ့နံနက် ၉ နာရီ ၃၀ မိနစ် အချိန်တွင် နေအိမ်အကျယ်ချုပ် ကျခံနေရသော ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဘက်သို့ စတင်သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။
စစ်အစိုးရက ကုက္ကိုင်းလမ်း ပိတ်လိုက်သော်လည်း ချီတက်သွားကြသူများ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှိရာ တက္ကသိုလ် ရိပ်သာ လမ်းထဲကို ၀င်ရောက် သွားနိုင်ခဲ့ကြောင်း အစောပိုင်း သတင်းများအရ သိရသည်။ လူငယ် အယောက် ၂၀ နှင့် လူကြီး ၁၅ ယောက် ဖြစ်သည်ဟု သိရသည်။
http://www.mizzimaburmese.com/news/breaking-newsbrief/1746-2008-09-26-03-55-06.html
No comments:
Post a Comment