ဧရာဝတီ | စက်တင်ဘာ ၂၄၊ ၂၀၀၈
ရန်ကုန်မြို့ရှိ တာမွေရဲစခန်း၌ လွန်ခဲ့သည့် ၂၁ ရက်နေ့ည ၇ နာရီခွဲခန့်က ပေါက်ကွဲမှုတခုဖြစ်ပွားကြောင်း ဒေသခံများက တဆင့် သိရသည်။
ပေါက်ကွဲမှုကြောင့် ရဲစခန်းနံရံ အနည်းငယ်ပြိုသွားသော်လည်း ထိခိုက်မှုတစုံတရာမရှိကြောင်း တာမွေရဲစခန်းအနီးတွင် နေထိုင်သူတဦးက ဧရာဝတီကို ပြောသည်။ အဆိုပါပေါက်ကွဲမှုနှင့်ပတ်သက်၍ တာမွေရဲစခန်းက အနီးပတ်ဝန်းကျင်ရှိလူ များအား မိုးကြိုးပစ်သည်ဟု လိမ်လည်ထားကြောင်း ရဲစခန်းအနီး နေထိုင်သူက ဆိုသည်။
“ည ၇း၃၀ လောက် မိုးတွေအရမ်းရွာနေတဲ့အချိန်မှာ မိုးကြိုးပစ်သလို အသံကြီးတခုကြားတယ် .. အစကကားဘီးပေါက် တယ် .. ဒါမှမဟုတ် အနီးနားမှာ မိုးကြိုးပစ်တယ်လို့ပဲ အားလုံးကထင်တာ” ဟု တာမွေရဲစခန်းအနီးတွင် နေထိုင်သူက ပြောသည်။
ဧရာဝတီက တာမွေရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တယ်လီဖုန်းဖြေသူက မိုးကြိုးပစ်သည်ဟုသာပြောပြီး အသေးစိပ်ကို ဖြေဆိုခွင့်မရှိကြောင်း ပြောသည်။
တာမွေရဲစခန်းဘေး လမ်း ၁၅၀ ရှိ ဆိုင်များကို အာဏာပိုင်တို့က ယနေ့ဝင်ရောက်ရှာဖွေကြောင်းလည်း စုံစမ်းသိရှိရသည်။
ယခုလ ၁၂ ရက်နေ့က ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ရှိ ဗီဒီယိုရုံတရုံတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ လူ ၂ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါပေါက်ကွဲမှုနှင့်ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး၏ လက်ချက်ဖြစ်သည်ဟု စစ်အစိုးရသတင်းစာက ရေးသားထားသည်။ [Top]
No comments:
Post a Comment