
နေပြည်တော် ခရိုင်အတွင်းရှိ ကွန်ကရစ် လမ်းမကြီးများပေါ်တွင် မော်ဒယ်နိမ့်ကားများ မောင်းနှင်ပါက အရေးယူသွားမည်ဟု သိရ
နေပြည်တော်ခရိုင် အတွင်းရှိ ကွန်ကရစ်လမ်းမကြီးပေါ်တွင် မြို့တော်အင်္ဂါရပ်နှင့်မညီသည့် မော်ဒယ်နိမ့်ကားများ မောင်းနှင်ပါက မော်တော်ယာဉ်ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း နေပြည်တော်ယာဉ်ထိန်း ရဲတပ်ဖွဲ့တာဝန်ရှိသူ တစ်ဦးထံမှ သတင်းရရှိသည်။
နေပြည်တော်ခရိုင် အတွင်းရှိ ကွန်ကရစ်လမ်းမကြီးများပေါ်တွင် မော်ဒယ်နိမ့်ကားများဖြစ်သည့် နေပြည်တော် တည်ဆောက်ရေးခွင် အတွင်း အလုပ်ဝင်နေသည့် အုတ်၊ သဲ၊ ကျောက်၊ မြေသယ်ယာဉ် အစရှိသည့်ကားများနှင့် ထော်လာဂျီများ မောင်းနှင်အသုံးပြုပါက မော်တော်ယာဉ် ဥပဒေအရ အရေးယူမည်ဖြစ်ပြီး ယခုလက်ရှိအချိန်တွင် ၎င်းကားများအား နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ လမ်းမကြီးများပေါ်တက်မလာ စေရန် ပညာပေးဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
"အခုလက်ရှိကာလမှာ မော်ဒယ်နိမ့်ကားတွေ၊ ကုမ္ပဏီကြီးတွေက အုတ်၊ သဲ၊ ကျောက်၊ မြေကြီးသယ် ယာဉ်တွေ ဥပမာ TE 11 တို့၊ ချက်ပလက်ကားတို့ နောက်ပြီး အိတ်ဇောက မီးခိုးတအားထွက်နေတဲ့ ကားတွေ၊ အင်္ဂါမစုံလင်တဲ့ ကားတွေကို ကျွန်တော်တို့နေပြည်တော်ရဲ့ ကွန်ကရစ်လမ်းမကြီးတွေပေါ် တက်လာရင် ဥပဒေအရ အရေးယူသွားမှာပါ။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာ ပြုလုပ်မယ့် ကျောက်မျက်ပြပွဲမှာလည်း နိုင်ငံခြားသားတွေ ပါ လာရောက်မှာဖြစ်တဲ့အတွက် ပုံစံမကောင်းတဲ့ကားတွေကို လမ်းမကြီးတွေပေါ် တက်မလာအောင်လည်း နေပြည်တော်စည်ပင်သာယာရေး ကော်မတီက ပညာပေးမှုတွေ ပြုလုပ်နေပါတယ်"ဟု နေပြည်တော်ယာဉ်ထိန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောကြားခဲ့သည်။Rest of your post
No comments:
Post a Comment