ရဲ့ဘော်တို့
ဦးသုဝေနဲ့ ဒေါ်သန်းသန်းနုတို့က စာပေစိစစ်ရေးက သူတို့ပါတီရဲ့ စာစောင်ကို အရေးယူခဲ့တယ်။ ငွေဒဏ် တပ်ခဲ့တယ် ဆိုပြီး စစ်အစိုးရနဲ့ သူတို့ကပဲ မတည့်သယောင်ယောင် လျှောက် ၀ါဒဖြန့်ခဲ့တယ်။ စာပေစိစစ်ရေးက ညွှန်ချုပ် ရဲရင့်တင့်ဆွေက အဲဒါ ဘယ်တုန်းကမှ မလုပ်ခဲ့ဘူးလို့ ငြင်းဆိုလိုက်ပြီ။ အချိန်မရွေး ဖြေရှင်းနိုင်ပါတယ်တဲ့။
ဒီလူတွေ ဒါမျိုးလုပ်စားနေတာကြာလာပြီ။ မကြာခင်လာမယ့် ရွေးကောက်ပွဲမှာလည်း ကြံ့ဖွတ်ကနေ ငွေယူပြီး တစ်ဘက်လှည့် အပြောတွေနဲ့ ဒီမိုကရေစီဘက်တော်သားယောင်ယောင် လုပ်စားနေပြန်ပြီ။
မဇ္ဈိမ သတင်းမှာပါတဲ့အောက်ပါအင်တာဗျူးကို သတိပြုပါ။
မဲဆန္ဒနယ်တွေလည်း သိပြီ။ လူတွေလည်း သိပြီဆိုတော့ အန်ကယ်တို့ပါတီအနေနဲ့ ဘယ်နေရာတွေမှာ အနိုင်ရမယ်လို့ ခန့်မှန်းထားလဲ။
“အများအားဖြင့်တော့ အနိုင်ရမယ် ယူဆတယ်ပေါ့နော်။ တခုရှိတာက အကယ်၍ ကြံ့ခိုင်ရေးတို့ တစညတို့နဲ့ ပြိုင်ရရင် ကြောက်စရာမ ရှိဘူး။ ဒါပေမယ့် ဒီမိုကရေစီအင်အားစုခေါ်မလား အတိုက်အခံခေါ်မလား အဲဒါတွေကိုလည်း ကျနော်တို့ ပြိုင်ရမလို ဖြစ်နေတာ တွေရှိတယ်လေ။ အဲဒီတော့ နည်းနည်း ရှုပ်သွားတာပေါ့ဗျာ။ အတိအကျပြောလို့မရဘူး ဖြစ်သွားတာပေါ့”
ကြည့်ပါ။ ဦးသုဝေက ပါတီရွေးကောက်ပွဲဝင်ဖို့ ဘယ်က ပိုက်ဆံရမလဲ။ ကြံ့ဖွတ်က သူ့အစီအစဉ်နဲ့သူ နယ်အားလုံးမှာ ၀င်တယ်ဆိုပေမယ့် လူထုက ကြံ့ဖွတ်ကို မုန်းပြီးသားဆိုတော့ ဒီမိုကရေစီသမားယောင်ယောင်တွေအတွက် မယားငယ်စရိတ် လောက်ပေးပြီး ၀င်ကစားနေ တယ်။ ဦးသုဝေတို့ အမှန်တကယ်ပြိုင်ရမှာ ဒီမိုကရေစီသမားတွေပဲ။
လုပ်စားတဲ့နေရာမှာ အရိုးရင့်နေတဲ့ ဦးသုဝေတို့လိုလူတွေ၊ ဒေါက်တာသန်းငြိမ်းလို လူတွေကို သတိပြုပါ။
No comments:
Post a Comment