Saturday, December 11, 2010

ပထ၀ီ မြေကြီး ကတော့ ပြနေပြီ..ဒိတ္ထိများ မကြာမီ မြေမျိုတော့မည်။

Friday, December 10, 2010
အင်းတော် တုံတုံခင်တောင်ပေါ်ရှိ မြေကွဲအက်ကြောင်းကြီးများ ခွေးပြည်တော်သို့ ဦးတည်နေသော ကြောင့် ဒေသခံတို့ စစ်ခွေးတွေ မြေမျို မှာ စိုးရိမ်နေရဟုဆို

အင်းတော်၊ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ နယ် ဟင်းနုမြောက်ရွာ၏ အရှေ့တောင်ထောင့် ဘက်ရှိ ရွာ နှင့် နှစ်မိုင်ခန့်ဝေးသော တုံတုံ ခင်တောင် တန်းကြီးတွင် မြေနေရာအမြောက်အမြား မြေကြီးများ ကြွတက် လာ ပြီး တောင်ပေါ်၌ မြေကွဲအက်ကြောင်းများမှာ အမြောက်အမြားဖြစ်ပေါ်ခြင်း ကြောင့် တုံတုံခင်တောင်အနီးရှိ ကျေးရွာဒေသခံ ပြည်သူများက ကျွဲ၊ နွားလွှတ်ချိန်နီးကပ်လာပြီဖြစ်သောကြောင့် ကျွဲနွားများအတွက် စိုးရိမ် ပူပန် လျက်ရှိ နေကြကြောင်း သိရသည်။
''နိုဝင်ဘာ ၂ရက်ညကမြေကြွတက်လာပြီးတုံတုံခင်တောင်ပေါ်မှာမြို့နယ်မြေစာရင်းဦးစီးဌာနရဲ့ သုံးသပ် ခန့်မှန်း ချက်အရ မြေကွဲကြောင်းများ ရှိတဲ့ နေရာအကျယ်အ၀န်းမှာ ခြောက်ဧကလောက် ရှိတယ်လို့ ခန့်မှန်းထား တာသိရတယ်။ ဒါကြောင့် ဒီတုံတုံခင်တောင်အနီးကရွာတွေရဲ့ ကျွဲနွားတွေ စပါးရိတ်သိမ်းချိန်ပြီးတာနဲ့ လွှတ်ကြ တော့မှာဖြစ် တယ်။ ကျွဲ၊ နွားလွှတ်ချိန်ရောက်လို့ တောင်ပေါ်ကို ကျွဲ၊ နွားတွေရောက်သွားရင် အန္တရာယ် များပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကျွဲတွေ၊ နွားတွေအတွက် စိုးရိမ်နေကြရပါတယ်''ဟု ဟင်းနုမြောက်ရွာ ကျွဲ၊ နွားပိုင်ရှင်တစ်ဦးက ပြောကြားခဲ့သည်။
http://www.baymyanmar.com/2010/12/blog-post_1221.html

No comments:

Post a Comment