Friday, October 31, 2008

Training With Shan State Army

Martial Arts Odyssey: Training With Shan State Army (Part 1)



Martial Arts Odyssey: Training With Shan State Army (Part 2)


အပြည့်အစုံသတင်းဖတ်ရန်....

ဒီမိုကရေစီဖော်ဆောင်ရေး အရှိန်မြှင့်ဖို့ စစ်အစိုးရကို ဘန်ကီမွန်း တိုက်တွန်း

Image and video hosting by TinyPic
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း
United Nations Secretary General Ban Ki-moon, Sept 24, 2008.AP
01 November 2008

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ မြန်မာနိုင်ငံကို အခါအခွင့် သင့်တဲ့အချိန်မှာ သွားရောက်ဖို့ စီစဉ်နေတယ်လို့ ပြောကြားလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ပေးပြီး ဒီမိုကရေစီ ဖော်ဆောင်ရေးဖြစ်စဉ် စောလျင်စွာ အကောင်အထည်ဖော်ဖို့ကိုလည်း မြန်မာစစ်အစိုးရကို တိုက်တွန်းသွားပါတယ်။

မစ္စတာ ဘန်ကီမွန်းဟာ အိန္ဒိယနိုင်ငံကို အလည်အပတ် ရောက်ရှိနေုတုန်း သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောကြားသွားတာ ဖြစ်ပါတယ်။ မစ္စတာ ဘန်ကီမွန်းရဲ့ ပြောကြားချက်ထဲမှာတော့ -

“ကျနော် မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ မေလက သွားရောက်ခဲ့ပါတယ်။ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး စာနာမှု အထောက်အပံ့ ပေးရေးကိစ္စနဲ့ သွားရောက်ခဲ့တာပါ။ အဲဒီခရီးစဉ်မှာ မြန်မာနိုင်ငံထဲ စာနာမှု အကူအညီတွေ ပို့ဆောင်ရေး ကိစ္စကို ကျနော် ပေါက်မြောက်အောင် ဆောင်ရွက်ပေး နိုင်ခဲ့ပါတယ်။ အခုချိန်ထိလည်း ကုလသမဂ္ဂဟာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ၊ မြန်မာအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး လိုအပ်တဲ့ အရေးပေါ် ကယ်ဆယ်ရေး အထောက်အပံ့တွေ ပံ့ပိုးနိုင်အောင် ဆက်လက် ဆောင်ရွက်နေဆဲပါ။

“ဒီကိစ္စနဲ့ပတ်သက်ပြီး မကျေမနပ်မှု တိုင်တန်းမှု တစုံတရာ ကျနော် မရရှိခဲ့ပါဘူး။ ဒီအထောက်အပံ့တွေဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ခိုင်မာတဲ့ ထောက်ပံ့မှုနဲ့ ဆက်လက် ရောက်ရှိနေအုံးမှာ ဖြစ်ပါတယ်။ ပိုပြီး အရေးကြီးတာ ပြောရရင် အခုတခါ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပို စိတ်ဝင်စားနေတာဟာ နိုင်ငံရေးကိစ္စ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်ရေး ကိစ္စ ဖြစ်နေပါတယ်။ မြန်မာအာဏာပိုင်တွေ အထူးသဖြင့် ခေါင်းဆောင်တွေဟာ သူတို့ ပြည်သူတွေနဲ့ တိုင်းပြည်ရဲ့ အနာဂတ်အရေးကို စဉ်းစားကြလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ ဒီအချိန်မှာ ဒါဟာ သိပ်ကို လိုအပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ရေးကိစ္စ အပါအ၀င် သူတို့ရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးကိစ္စကို စောလျင်စွာ ဆောင်ရွက်ကြသင့်ပါတယ်။

“ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ တာဝန်ပေးချက်နဲ့အညီ ကျနော့်အဆင့်ကရော အထူးအကြံပေးပုဂ္ဂိုလ်က တဆင့်ပါ ဒီကိစ္စကို ဆက်လက် ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်။ မြန်မာပြည်ကို ပြန်သွားဖို့လည်း ကျနော် စဉ်းစားနေပါတယ်။ သင့်လျော်မယ့်အချိန်ကို ကျနော် စောင့်နေပါတယ်။ ဒီမိုကရေစီဖော်ဆောင်ရေး အရှိန်မြင့်ပြီး နိုင်ငံရေး အခြေအနေ သင့်တင့်လျောက်ပတ်ချိန်မှာ သွားရောက်ဖို့ အစီအစဉ် ရှိပါတယ်။ တချိန်တည်းမှာပဲ အိန္ဒိယနိုင်ငံ အစိုးရဟာ အိမ်နီးချင်း အနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရေး လွယ်ကူပြေလည်အောင် ကူညီဆောင်ရွက်ပေးဖို့ ကျနော် မျှော်လင့်ပါတယ်။ ၀န်ကြီချုပ် မန်မိုဟန်ဆင်း နိုင်ငံတော် သမ္မတကြီးနဲ့ နိုင်ငံခြားရေး ၀န်ကြီးတို့ကပါ မြန်မာနိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရေးမှာ ကုလသမဂ္ဂနဲ့ ပူပေါင်းဆောင်ရွက်ဖို့ ကျနော့်ကို အခိုင်အမာ ပြောခဲ့ကြပါတယ်။”

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာ ခလေး စစ်သားပြဿနာ

အပြည့်အစုံသတင်းဖတ်ရန်....

Myanmar: British Red Cross aids in recovery from Cyclone Nargis

အပြည့်အစုံသတင်းဖတ်ရန်....

FREE BURMA WE ARE BUDDHIST

အပြည့်အစုံသတင်းဖတ်ရန်....

အစိုးရရုံးများ ဗုံးခွဲခံရမည်ဟု သတင်းထွက်၊ လုံခြုံရေးပိုမိုတင်းကျပ်

အောင်သက်ဝိုင်း | အောက်တိုဘာ ၃၁၊ ၂၀၀၈

အစိုးရ ၀န်ကြီးဌာန ရုံးအဆောက်အအုံများကို အဓိကပစ်မှတ်ထား ဗုံးဖောက်ခွဲမည့် အကြမ်းဖက်သမားများ ပြည်တွင်းတွင် ထပ်မံရောက်ရှိနေသဖြင့် လုံခြုံရေးသတိပိုမိုထားကြရန် ညွှန်ကြားချက်များ အစိုးရ၀န်ကြီး ဌာနများအတွင်း ထုတ်ပြန်ထား ကြောင်း နေပြည်တော်နှင့် ရန်ကုန် အစိုးရ၀န်ထမ်း အသိုင်းအဝန်းမှ စုံစမ်းသိရှိရသည်။

မြန်မာပြည်တွင် ၂၀၀၈ ခုနှစ်အတွင်း တဒါဇင်ထက်မနည်း ဗုံးပေါက်ကွဲမှုများဖြစ်ပွားပြီးနောက်ပိုင်း နောက်ထပ် အကြမ်းဖက် ဗုံးဖောက်ခွဲမှုများ ပြုလုပ်နိုင်လာသည်ဆိုသော သတင်းများ ရရှိထားသောကြောင့် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ရဲနှင့်စစ်တပ်များ ချထားပြီး လုံခြုံရေး အထူးတင်းကျပ်နေကြောင်း ဒေသခံများက ပြောသည်။

“အစိုးရ၀န်ကြီးဌာနနဲ့ စက်ရုံတွေကို ပစ်မှတ်ထား ဗုံးဖောက်ခွဲမှုတွေ လုပ်နိုင်တယ်။ အဲဒီတော့ ၀န်ထမ်းတွေ လုံခြုံရေးသတိ ရှိကြဖို့ လိုတယ်ဆိုပြီး စက်ရုံမှူးက ခေါ်ပြောတယ်” ဟု မရမ်းကုန်းမြို့နယ်၊ အမှတ် ၁ စက်မှုဝန်ကြီးဌာနပိုင် အစိုးရစက်မှု ကုန်ထုတ်စက်ရုံမှ ၀န်ထမ်းတဦးကပြောသည်။

စက်တင်ဘာလက ရဲကား၊ စစ်ကားများဖြင့် လက်နက်အပြည့်အစုံ တပ်ဆင် ကင်းလှည့်ခဲ့သော်လည်း ယခုအခါ အစိုးရ ၀န်ကြီးဌာနပိုင် အဆောက်အအုံများ၊ သံရုံးများ၊ လမ်းဆုံလမ်းမများနှင့် အထင်ကရ နေရာများတွင်သာ အဓိကထားပြီး လုံထိန်းများကို ချထားတော့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ဒုရဲအုပ် တဦးက အတည်ပြုပြောဆိုသည်။

“အခု လုံခြုံရေးမြှင့်တာက ဗုံးခွဲမယ့်ရန်ကြောင့် အဓိကပဲ။ စက်တင်ဘာတုန်းကလို ရဲကားတွေနဲ့ လမ်းတွေပေါ်လှည့်တဲ့ လုံခြုံရေးမျိုးတော့ မဟုတ်ဘူး” ဟု ထို ရဲအရာရှိကပြောပြသည်။

ရန်ကုန်မြို့ရှိ ဘုရင့်နောင်ပွဲရုံအတွင်းတွင်လည်း နယ်မြေခံရဲများနှင့် ဈေးအာဏာပိုင်များက ပွဲရုံနယ်မြေ အတွင်း ဗုံးဖောက် ခွဲမှုများ ပြုလုပ်လာမည်ကို စိုးရိမ်သောကြောင့် တင်းကျပ်သော လုံခြုံရေးအစီအစဉ်များ ဆောင်ရွက်နေကြောင်း သတင်း ရရှိသည်။

နေပြည်တော်တွင်လည်း အလားတူလုံခြုံရေးတင်းကျပ်မှုများ ရှိနေပြီး လာမည့် နိုဝင်ဘာလအတွင်း ကျင်းပရန်ရှိသည့် ကြံ့ဖွံ့ သင်းလုံးကျွတ် ညီလာခံကြောင့် လူအ၀င်အထွက် များကို အထူးစောင့်ကြပ် သတိထားမှုများရှိကြောင်း ပျဉ်းမနားမြို့ခံများက ပြောသည်။

“နေပြည်တော်တ၀ိုက်ကတော့ အမြဲတမ်း လုံခြုံရေးရှိနေပါတယ်။ ဒါပေမယ့် အောက်တိုဘာလကစပြီး လုံခြုံရေးယူတဲ့ ရဲနဲ့ စစ်သားတွေ တအားများလာတာကို သတိထားမိတယ်” ဟု နေပြည်တော်အစိုးရ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ အရာရှိကြီးတဦး၏ မိသားစုဝင်တဦးကပြောသည်။

မြန်မာနိုင်ငံရဲချုပ် ဗိုလ်မှူးချူပ်ခင်ရီက နေပြည်တော်ရှိ အစိုးရအဆောက်အအုံများ၊ ရေကာတာကြီးများ၊ ဆည်ကြီးများကို အကြမ်းဖက်ဖျက်ဆီးမည့် ပြည်ပအခြေစိုက် အကြမ်းဖက်အဖွဲ့အစည်းများ၏ ဆောင်ရွက်မှုများကို အချိန်မီတားဆီးနိုင် ခဲ့ကြောင်း စက်တင်ဘာလ ၇ ရက်နေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ ၁/၂၀၀၈ တွင်ပြောကြားခဲ့သည်။

“အစိုးရက ဖောက်ခွဲမှုတွေဖြစ်မယ်၊ ဖောက်ခွဲရေးသမားတွေ ရောက်နေပြီလို့ ပြောပြီးတိုင်း ဗုံးပေါက်ကွဲ မှုတွေက အမြဲတမ်း ဖြစ်တယ်။ ပြီးတော့ ဆန့်ကျင်ဘက် နိုင်ငံရေးအုပ်စုတွေက လုပ်တာ၊ NLD က လုပ်တာဆိုပြီး ရှင်းတယ်။ အဲဒီတော့ သေသေချာချာစဉ်းစားကြည့်ရင် ဒီလို ဗုံးပေါက်ကွဲမှုတွေက အစိုးရရဲ့ နိုင်ငံရေး ကစားကွက်ဖြစ်နိုင်တယ်” ဟု ရန်ကုန်မြို့မှ အထက်တန်းရှေ့နေ တဦးက သုံးသပ်သည်။

ပြည်တွင်း သတင်းမီဒီယာလောကမှ အယ်ဒီတာတဦးက လမ်းမကြီးများနှင့် အထင်ကရ နေရာများတွင် ရဲနှင့် စစ်သားများ လုံခြုံရေးယူနေသည့် မြင်ကွင်းမှာရန်ကုန်မြို့ခံများအတွက် အထူးအဆန်း မဟုတ်တော့ဘဲ ဖြစ်ရိုးဖြစ်စဉ် သဘောထားလာ ကြောင်း၊ လမ်းမများပေါ်တွင် ရဲနှင့်စစ်သားများ ပျောက်ကွယ်သွားခြင်းကသာ အထူးအဆန်း မြင်ကွင်းမျိုးဖြစ်လာကြောင်း ပြောဆိုသည်။

လုံခြုံရေးများ ဆက်တိုက်တင်းကျပ်ထားသည့် ကြားမှပင် ရန်ကုန်မြို့တော်တွင် ၂၀၀၈ ခုနှစ် ဇူလိုင်လ အတွင်းက ရွှေပြည်သာမြို့နယ် ကြံ့ဖွံ့ရုံးတွင်လည်းကောင်း၊ စက်တင်ဘာလ ၂၅ ရက်နေ့က မြို့တော်ခန်းမ အနီး မဟာဗန္ဓုလ ပန်းခြံရှေ့တွင် လည်းကောင်း၊ အောက်တိုဘာလ လကုန်ပိုင်းကရန်ကင်း မြို့နယ်၊ ဘောက်ထော် အားကစားကွင်းအနီးနှင့် ရွှေပြည်သာမြို့နယ်အတွင်းရှိ လူနေအိမ်တခုတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများနှင့် ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သည်။ http://www.irrawaddy.org/bur/news2008/October/Oct_31b_08.html

အပြည့်အစုံသတင်းဖတ်ရန်....

ဘုရားတောင် မရဏကိုမလွန်ဆန်နိုင်.သန်းရွှေကျမှ ယတြာက နိုင်ရမလားဟဲ့

ကျန်းမာရေး ကောင်းလာသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ယတြာချေနေဟုဆို

အောက်တိုလာ ၂၉။ ဆက်ပွား
အေအက်ဖ်ပီ

နလန်မထူနိုင်တော့ဟု၂၀၀၈ ၉ လပိုင်းနှင့် ၁၀ လဆန်းပိုင်းတွင်သတင်းထွက်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကျန်းမာရေး ပြန်ကောင်းနေကြောင်းသိရသည်။

“ဟုတ်တယ်။ အဖိုးကြီး ပြန်ကောင်းလာတာ သေချာတယ်။ ဒုတပ်ချုပ်ကို အပို့အကြိုလုပ်တုန်း ယာယီလမ်း လျှောက်နိုင်အောင် ထိန်းပေးတဲ့ ဆေးထိုးပေးတယ် တွက်တာ။ အခုတော့ မဟုတ်ဘူး။ ၀န်ကြီးချုပ် ခရီးလည်း သူပို့ကြိုတယ်။ နောက်ပြီးတော့ နေပြည်တော်လဲ သူ ပြန်ရောက်နေပြီ်။ ဖြစ်တုန်းကတော့တကယ် နလန် မထူနိုင်သလို ဖြစ်လို့ ၂၀၀၈၊ ၁၀ လပိုင်းနဲ့၁၁လပိုင်းထဲမှာ အနားပေးဖို့ စစ်ကောင်စီ ထိပ်ပိုင်းထဲမှာ စည်းဝေး တိုင်ပင်ပြီး ဆုံးဖြတ်ခဲ့တဲ့သတင်းထွက်လာတာ။ အခုတော့ တပ်ချုပ်ကြီးက ယတြာကောင်းတာလား မပြော တတ် ဘူး။ မြန်မာဆေးနဲ့ပြန်နလန်ထူတယ်လည်းကြားတယ်။ ဂျာမနီက ပါရဂူတွေလာပြီး ကုပေး သွားတယ်လဲကြားတယ်။ ဒါပေမယ့် နောက်တခါ ပြန်ဖြစ်ရင် ခေါက်ကနဲ သွားနိုင် တယ်”ဟု နအဖ စစ်ကောင်စီ နှင့် နီးစပ်သူစစ်အရာရှိ တစ်ဦးမှ ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကျန်းမာရေးပြန်ကောင်းလာပြီး မေမြို့ စစ်အင်ဂျင်နီယာတက္ကသိုလ်ရှေ့မှ မဟာ အံ့ထူးကံသာ ပြည်ချစ်ဘုရား အတွင်းမှာ ၁၀လပိုင်းလယ် ပတ်ဝန်းကျင်ရက်မှာ ယတြာ လာချေသွားတယ် လို့ လည်းကြားသိရသည်။

“ဖြစ်နိုင်ပါတယ်။ အဲဒီရက်ပိုင်းက လုံခြုံရေးတွေ ထူးထူးခြားခြား တော်တော်များများ ချထားတာ တွေ့လိုက်မိ တယ်” လို့ မေမြို့ဒေသခံတဦီးမှ ပြောပြသည်။

အပြည့်အစုံသတင်းဖတ်ရန်....

တိတ်တိတ်ကလေး ထောင်ပြောင်းနေတယ်ဗျို့ 

ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင် ၈ ဦးကိုထောင်ပြောင်း
ကိုစိုး အောက်တိုဘာ ၃၁၊ ၂၀၀၈

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အပါဝင် အဖွဲ့ဝင် ၉ ဦးအား စစ်အာဏာပိုင်များက တရား ရုံး နှောင့်ယှက်မှုနှင့် ဗုဒ္ဓဟူး နေ့ က ထောင်ဒဏ် ၆ လစီချမှတ်လိုက်ပြီးနောက် ယနေ့နံနက်တွင် ၎င်းတို့ အားလုံးကို မအူပင် ထောင်သို့ ပြောင်းရွှေ့လိုက် ကြောင်း ထောင်ဝန်ထမ်း အသိုင်းအ၀န်းက ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က ယခုကဲ့သို့ ကိုမင်းကိုနိုင်တို့ကို ထောင်ပြောင်းလိုက်ခြင်းသည် မိသားစုဝင်များ အခက်အခဲ ဖြစ်စေ ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်ဟု ပြောသည်။

“ထောင်ပြောင်းတယ်ဆိုရင် မိသားစုက အဲဒီကို ပုံမှန်သွားနိုင်မှာ မဟုတ်တော့ဘူး၊ ကျန်းမာရေးအရရော အစား အသောက်ပါ ခက်ခဲ သွား တာ တွေရှိမယ်၊ ဒါ ရည်ရွယ်ချက်ရှိရှိနဲ့ မိသားစုတွေ ဒုက္ခရောက်အောင်၊ သူတို့ရဲ့ ရှေ့နေတွေ ဒုက္ခရောက်အောင် လုပ်လိုက်တာပဲ” ဟု ဦးဘိုကြည်က ပြောဆိုသည်။

ရုံးထုတ်ချိန်တွင် လက်ထိပ်မခတ်ရန်၊ တရားခွင်သို့ မိသားစုဝင်များနှင့် အများပြည်သူကို ကြားနာ ခွင့်ပြုရန်စသည့် လွတ်လပ် သော တရား စီရင်ရေးအတွက် တောင်းဆိုမှုများနှင့် ပတ်သက်ပြီး တရားစီရင်မှုကို အနှောင့်အယှက်ပေး သည်ဟူသော အကြောင်းပြချက်ဖြင့် ၈၈ မျိုး ဆက် ကျောင်းသားများကို ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းဖြစ် သည်ဟုလည်း ဦးဘိုကြည်က ပြောသည်။

ရန်ကုန် အင်းစိန်ထောင်တွင်းရှိ မြောက်ပိုင်းခရိုင် တရားရုံးက တရားစီရင်မှုကို အနှောင့်အယှက်ပေးသည့် ဥပဒေ ပုဒ်မ ၂၂၈ ဖြင့် ကိုမင်း ကိုနိုင်၊ ကိုကိုကြီး ၊ ကိုဌေးကြွယ်၊ ကိုပြုံးချို ၊ ကိုမြအေး၊ ကိုလှမျိုးနောင် ၊ ကို အောင်သူ ၊ ကိုဥာဏ်လင်းနှင့် ကိုမျိုးအောင်နိုင်တို့ကို ပြီးခဲ့ သော ဗုဒ္ဓဟူးနေ့တွင် အာဏာပိုင်များက ထောင် ဒဏ် ၆ လစီ ချမှတ် လိုက်ခြင်း ဖြစ်သည်။

အဆိုပါ ၈၈ မျိုးဆက်ကျောင်းသားများကို ၂၀၀၇ ခုနှစ် သြဂုတ်လကတည်းက လောင်စာဆီဈေးနှုန်း ကျ ဆင်းရေး လမ်းလျှောက် ဆန္ဒပြပွဲများ ကို ဦးဆောင်သည့်အတွက် စစ်အစိုးရက ဖမ်းဆီးပြီး ပုဒ်မ အမျိုးမျိုး တပ်၍ တရားစွဲဆို ခဲ့သည်။

အပြည့်အစုံသတင်းဖတ်ရန်....

နှစ် (၂၀) တိုင် ဝေယံဆီလွင့်နေဆဲ ဒေါင်းအလံနီနဲ့ ကျောင်းသားစစ်သည်။


Date: Nov.1, 2008 (Saturday)
Time: 6:30pm – 8;30pm
Place: Plant Recreation Centre (930 Somerset, Ottawa, Canada)
Organized by ABSDF 20th Anniversary Organizing Committee - Ottawa

All Burma Students’ Democratic Front (ABSDF) was founded at Wankha camp near Thai-Burma border on November 1, 1988, with 10,000 members who escaped the repression of the military regime in Burma.

For most Burmese dissidents in exile, ABSDF is important part of their lives and struggle. When the brutal crackdown escalated, student union leaders decided to continue the struggle in the following three ways: 1) to maintain underground networks inside the country; 2) to form a political party to engage in the political process ; and 3) to take up arms against the repressive regime.

ABSDF works with underground network inside the country to make political contacts and to educate the people by producing and distributing materials in Burmese on federalism, human rights, and democracy, and by contributing to the Democratic Voice of Burma which broadcasts into Burma daily from Norway.

According to the latest record, 352 ABSDF members died in action, 395 wounded and 258 died from various reasons. Infighting caused the ABSDF to split into two groups in 1991 and it was eventually reunited in September, 1996.

The ABSDF is a member of the National Council of the Union of Burma (NCUB) and Democratic Alliance of Burma (DAB). It is also affiliated to the Asian Students’ Association (ASA), the International Union of Students (IUS) and the World Federation of Democratic Youth (WFDY).

ABSDF Conferences and leadership:
1st Conference in Nov., 1988, elected Htun Aung Gyaw as chairman
2nd Conference in Dec., 1989, elected Moe Thee Zun as chairman
3rd Conference in Oct., 1991, elected Dr. Naing Aung as chairman
4th Conference in 1996, elected Dr. Naing Aung as chairman
5th conference, in Sept., 2000, elected Sai Myint Thu as chairman
6th Conference in April, 2001, elected Than Khae as chairman
7th Conference in 2003, elected Than Khae as chairman
8th Conference in Dec., 2006 elected Than Khae as chairman

အပြည့်အစုံသတင်းဖတ်ရန်....

ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၅)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား


Original Video- More videos at TinyPic
၃၀ အောက်တိုဘာ ၂၀၀၈ မေ ၃၀
ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၅)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ကျင်းပခဲ့ရာ ဂျပန် ရောက်မြန်မာဒီမိုကရေစီလုတ်ရှားသူများ အယောက် ၁၀၀ကျော် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။
photo by kopour

အပြည့်အစုံသတင်းဖတ်ရန်....

ကြောက်ပါနဲ့ မိုးပေါ်ကိုဘဲချိန်ထားတာပါ



ကြောက် တတ် လိုက် တာ
( န အ ဖ ) လူ ကြီး လို့  ပြော တာ ပဲ ။ တိုင်း မှူး ဆို လား ။ လာ မှာ မို့  လို့  တဲ့ ။ အ စောင့် တွေ ချ ထား လိုက် တာ ။ ( လေး ထောင့် ကန် လမ်း နဲ့  အ ရှေ့  မြင်း ပြိုင် ကွင်း လမ်း တောင့်) က ပွိုင့် မှာ ပေါ့ ။ ( မ ထ သ ) ကို လာ မယ် တဲ့ ။
ဗုံး ကြောက် တာ လား ။ မ ကြောက် ပါ နဲ့  ၊ အ ပေါ် ထောင် ပစ် လိုက် တာ ပါ ။

( ခ ရီး သွား တစ် ဦး )

အပြည့်အစုံသတင်းဖတ်ရန်....

လေဘေးသင့် မိဘမဲ့ ကလေးများနဲ့ မှီခိုရာမဲ့ အမျိုးသမီးများအတွက် UNHCR စိုးရိမ်

နအဖရဲ့ အမျိုးသမီးရေးရာ အဖွဲ့ဝင်ကတော်များ စိန်ဝယ်ရာက ပြန်မေ၇ာက်သေးဖူးထင်ပါရဲ့။ မြန်မာ ပြည် ဘာဖြစ်နေတာ ကမ္ဘာက သိတာတောင် ဒင်းတို့ က မသိသေးဘူး။
30 October 2008

နာဂစ်မုန်တိုင်းဒဏ်ခံရပြီး ၆ လအကြာမှာ ဧရာဝတီတိုင်းအတွင်း မိဘမဲ့ ကလေးတွေနဲ့ မှီခိုမဲ့ အမျိုးသမီးတွေ အများအပြား ရှိနေဆဲဖြစ်ပြီး အကူအညီ အထောက်အပံ့တွေ ဆက်ပြီး ပေးနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၁,၂၀၀,၀၀၀ အကူအညီ လိုအပ်နေ တဲ့အကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပြောပါတယ်။ လိုအပ်တဲ့အကူအညီကို ဆက်ပြီးမပေးနိုင်ရင် ဘေးဒုက္ခ ရောက်ရသူတွေ အိုးမဲ့ အိမ်မဲ့ဘ၀ ထပ်ပြီးရောက်မှာ စိုးရိမ်ရတယ်လို့လည်း ပြောပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အနေနဲ့ ပြီးခဲ့တဲ့ ၆ လ၊ မြန်မာနိုင်ငံမှာ မုန်တိုင်း ဒဏ်ခံရပြီးနောက်ပိုင်းမှာ လူ ၂၀၀,၀၀၀ လောက်ကို ကူညီစောင့်ရှောက်ပေးနိုင်ခဲ့တဲ့အကြောင်း UNHCR က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ခြင်ထောင်တွေ၊ ပလတ်စတစ် အမိုးအကာတွေနဲ့ အခြား လိုအပ်တဲ့ပစ္စည်းတွေကို ထောက်ပံ့နိုင်ခဲ့ပေမယ့် ၆ လ အတွင်း လပွတ္တာ မြို့နယ်အတွင်း မုန်တိုင်းဘေးသင့်ပြည်သူ တွေရဲ့ လိုအပ်ချက် ၉၃% ကို UNHCR က ဖြည့် ဆီးပေးနိုင်ခဲ့ပြီး ဘိုကလေးဘက်ကမိသားစု ၈၇% ရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ခဲ့တယ် လို့လည်း ဆိုပါတယ်။

ဒါပေမယ့်လည်း အကူအညီလိုအပ်နေတဲ့သူတွေ အများအပြား ရှိနေဆဲပဲလို့ UNHCR ထိုင်းနိုင်ငံ ဘန်ကောက်၊ ဒေသဆိုင်ရာရုံး ပြန်ကြားရေးအရာရှိ ကစ်တီ မက်ကင်းဆေး (Kitty McKinsey) က အခုလို ပြောပါတယ်။

"ဧရာဝတီတိုင်းအတွင်းမှာ အမျိုးသားတွေ အသက်ဆုံးရှုံးသွားပြီး ကျန်ခဲ့တဲ့ မှီခိုမဲ့ အမျိုးသမီးတွေ၊ မိဘ မဲ့ကလေးတွေ အများအပြား ရှိနေဆဲပါ။ သူတို့ကို ဆက်ပြီး ကူညီထောက်ပံ့ပေးဖို့အတွက် အခြေအနေ စိုးရိမ် နေရပါတယ်။ အရေအတွက်အားဖြင့်ဘယ်လောက်ရှိမယ် လို့ တိတိကျကျ စစ်တမ်းကောက်လို့ မရသေးပေမယ့် ဒီလို ကျန်ခဲ့ တဲ့ ဒုက္ခရာက်နေတဲ့သူတွေအတွက် ရေရှည်ကူနိုင်ဖို့ အရေးကြီး ပါတယ်" ဆိုပြီး UNHCR ထိုင်းနိုင်ငံ ဘန်ကောက်၊ ဒေသဆိုင်ရာရုံး ပြန်ကြားရေးအရာရှိ ကစ်တီ မက်ကင်းဆေး က ပြောသွား တာပါ။

မိသားစုဖူလုံရေးအတွက် လိုအပ်တဲ့ အထောက်အပံ့တွေ ဆက်ပြီး မပေးနိုင်ဘူးဆိုရင် ဒီအမျိုးသမီးနဲ့ ကလေး ငယ်တွေ အိုးမဲ့အိမ်မဲ့ဘ၀ ထပ်ပြီး ရောက်သွားနိုင်ပါတယ်။ မတရားသဖြင့် အလုပ်ခံရတာတွေ၊ အဓမ္မ အလုပ်ကြမ်း ခိုင်းစေခံရတာတွေနဲ့ ပြည့်တန်ဆာအဖြစ် အသက်မွေးရတဲ့ ဘ၀မျိုးတွေ ရောက်သွား နိုင်တယ်ဆိုပြီး ကစ်တီ မက်ကင်းဆေးက ပြောပါတယ်။ မုန်တိုင်းဘေးကယ်ဆယ်ရေး အခက်အခဲနဲ့ ပတ်သက် လို့လည်း …

"ဒီလို အကူအညီပေးရေးမှာ အဓိက အခက်အခဲကတော့ လိုအပ်နေတဲ့ အမေရိကန် ဒေါ်လာ ၁,၂၀၀,၀၀၀ အကူအညီတွေ မရတဲ့ ပြဿနာပါ။ နာဂစ်မုန်တိုင်းဒဏ်ခံရပြီး ၆ လအကြာမှာ လူတွေက ဧရာဝတီတိုင်းအတွင်း မုန်တိုင်းဘေးကယ်ဆယ်ရေး လုပ်ငန်းတွေကို သိပ်ဂရုမစိုက်တော့တာ စိတ်မကောင်းစရာပါပဲ။ ဒေါ်လာ ၁,၂၀၀,၀၀၀ ဆိုတာ ဒီနေ့ ငွေကြေး အဖွဲ့အစည်းကြီးတွေရဲ့ အကြွေးဆုံးတွေကို ပြန်ဝယ်ဖို့ ငွေတွေ ဒေါ်လာ ထရီလီယံနဲ့ချီ သုံးနေတဲ့အချိန်မှာ မပြောပါလောက်ပါဘူး" လို့လည်း UNHCR ထိုင်းနိုင်ငံ ဘန်ကောက်၊ ဒေသ ဆိုင်ရာ ရုံး ပြန်ကြားရေးအရာရှိ ကစ်တီ မက်ကင်းဆေးက ပြောပါတယ်။

မုန်တိုင်းဒဏ် ထိခိုက်ခဲ့ပြီး ၆ လအကြာမှာ ပြည်ပနိုင်ငံတွေက အကူအညီပေးရေး ကိစ္စ တွေကို သိပ်ပြီး အာရုံမ စိုက်ကြတော့ဘူးလို့ UNHCR အရာရှိတွေက ပြောကြတဲ့တချိန် တည်းမှာ ဧရာဝတီတိုင်းအတွင်း လေဘေး ကယ်ဆယ်ရေး လုပ်ငန်း လုပ်ကိုင်နေသူတွေကလည်း ပြည်တွင်းအလှူရှင်တွေ လျော့နည်းသွားတဲ့အကြောင်းကို မကြာခဏ ပြောဆို ကြပါတယ်။ အဓိကတော့ လေဘေး ကယ်ဆယ် ရေးမှာ ရေရှည်ပေးမယ့် အကူအညီ မရှိတာလို့ မအူပင်မြို့ခံ လေဘေးကယ်ဆယ်ရေး လုပ်ကိုင်နေသူတယောက်က ပြောပါတယ်။

"အလှူပေးတဲ့အဖွဲ့တွေက ဆက်ပေးတာ မရှိပါဘူး။ ဒီ ကျနော်တို့ မြို့ထဲ ရွာထဲတွေမှာ ကျနော်တို့ သာမန် ဘုရား ပွဲလို၊ ဒီဘက်တွေမှာဆိုရင် ဘာရှိမလဲဆိုတော့ တန်ဆောင်တိုင်ပွဲမှာ စတုဒီသာ ကြွေးတာမျိုးတွေ ဒါလောက်ပဲရှိတော့တယ်။ အခုနပြောသလို ကျောင်းအတွက် ပျက်ဆီးသွားတာကို ပြန်ပြီးကူညီဖို့ ရေရှည်ပေး တာတွေတော့ မရှိတော့ဘူး။
တခုတော့ရှိတာပေါ့၊ နီးစပ်တဲ့ အလှူရှင်ရှိရင် ဒီက ရွာသားတယောက် အခြားနေရာမှာ သွားပြီး ကြီးပွား နေတယ်ဆိုရင် သူက ပြန်လာမယ်၊ အကူအညီပေးမယ်၊ ဒီလိုပေးတာမျိုးလောက်ပဲ ရှိတယ်။ သေချာ အစီအ စဉ်ချ ကူညီတာ မရှိတော့ဘူး။"
မအူပင်မြို့ခံ လေဘေးကယ်ဆယ်ရေး လုပ်ကိုင်နေသူတယောက် ပြောပြသွားတာပါ။

မုန်တိုင်းသင့်ပြီး ၆ လအကြာ လူတွေ အသက်ရှင်ရပ်တည်ဖို့၊ ပြန်လည်တည်ဆောက်ဖို့ ကြိုးစားကြတဲ့ အခြေအ နေကိုလည်း ဧရာဝတီ တိုင်း အတွင်း လေးဘေးကယ်ဆယ်ရေး လုပ်ကိုင်နေသူက အခုလို ပြောပါတယ်။

"ဒီဘက်မှာ မိုးရွာတယ်၊ လေတိုက်တယ်၊ ပျက်ဆီးဆုံးရှုံးမှုတွေကို အမိုးအကာတွေ ပြန်တပ်ပြီးသွားတယ်ပေါ့နော်။ အိမ်တွေ တဲတွေ ပြန်ပြီး ဆောက်ပြီးသွားတယ်ပေါ့။ စိုက်ပျိုးရေးကိစ္စတွေမှာတော့ လယ်တွေတော်တော်များများ ပြန်မစိုက်နိုင်တာတွေ ရှိတယ်။ ဥပမာ မျိုးစပါးတွေ ပျက်ဆီးသွားတာမျိုး၊ ကျွဲနွားလည်း ထိခိုက်သွားတာတွေ ရှိတာပေါ့။ တချို့ ကျနော်သိသလောက် လယ်တွေရဲ့ ၂၅% လောက် မစိုက်နိုင်ကြဘူး။ မိုးတွင်းပိုင်းမှာပေါ့။

"အခု ဒီဘက်မှာတော့ ကျနော်တို့ နွေစပါးစိုက်ဖို့ တောင်သူတွေ ပြန်ကြိုးစားနေကြတယ်။ ကျောင်းတွေ ပျက်ဆီး သွားတဲ့အခါ ကျောင်း တွေ၊ ဇရပ်တွေမှာ ကပ်ပြီး စာသင် ကြတဲ့ အခြေအနေတော့ ရှိတာပေါ့။ ကလေးတွေ အခြေအနေကလည်း အကူအညီ တော့ လိုနေတာပဲ။ လူတော်တော်များများ လိုအပ်နေတာက ကလေးတွေရဲ့ ပညာရေး တင်မကဘူး၊ စားဝတ်နေရေး အတွက်ပါ။ ဒါတွေကို အကူအညီ ပေးနိုင်ဖို့တော့ လိုအပ်နေမှာပဲ။"

UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကတော့ လပွတ္တာနဲ့ ဘိုကလေးဘက်မှာ လူ ၁၅,၀၀၀ ကို နေအိမ်တွေဆောက် လုပ်ပေးဖို့ အကူအညီလိုအပ် နေတယ်လို့ ပြောပါတယ်။ မုန်တိုင်းဘေး ကယ်ဆယ်ရေးလုပ်ငန်းဟာ UNHCR ရဲ့ ပင်မတာဝန် မဟုတ်ပေမဲ့ လည်း မုန်တိုင်းဘေးကျပြီးပြီးချင်း လေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ခဲ့တယ်လို့လည်း UNHCR က ပြောပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

လူလိမ်တွေ ကိုထိန်းဖို့ လူဆိုးထိန်းရှာနေတဲ့ ဘင်ကီ..

ဒီလူကြီးက ပြောတဲ့အတိုင်းဗျ။ မျှော်လင့်ချက် မရှိရင် အချိန်ကုန်ခံမလာဘူးဆိုတာ. သန်းရွှေကို လက်ညှိုး ငေါက်ငေါက်ထိုး လူလိမ်လို့မပြောရုံတမယ်ဘဲ။ ဘေးခြံတွေ ဘဲ ပတ်လည်နေတယ်..

UN Wants India To Assist Myanmar Reform

By P. Vijian

NEW DELHI, Oct 31 (Bernama)-- The United Nations (UN) wants India to continue helping military-ruled Myanmar to achieve its political democratisation process to enable the situation to return to normalcy.

"India, as a neighbour, could help fasten the political process and encourage the democratisation process. India has been constructive in helping Myanmar and its commitment is encouraging," UN secretary-general Ban Ki-Moon told the media in Delhi Friday after meeting top Indian leaders.

India and Myanmar have close military relations and the minerals resource-rich Southeast Asian nation is of strategic interest to the booming Indian economy.

Being its neighbour, India has always maintained cordial relationship with the ruling junta despite isolation by the international community, mainly by western and American powers, for failing to introduce political reforms and release political prisoner Aung San Suu Kyi.

"The leaders of Myanmar should look at the future of the people and the county. They should accelerate democratisation and release Aung San Suu Kyi and the political prisoners," said Ban, who is on his first two-day official visit to India as UN secretary-general.

Touching on India-Pakistan relationship, he said both nuclear-armed arch rivals should continue their peace talks to improve political ties.

"India and Pakistan should continue with the composite dialogue. I think both leaders are committed to the dialogue.

"But I am disturbed by the deterioration of security in Pakistan because of extremists, bombings and terrorist attacks.

"The international community must help Pakistan. Pakistan is an important country in the region," he added.

အပြည့်အစုံသတင်းဖတ်ရန်....

Vital Voices' 2008 Global Leadership Awards - Laura

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာပြည်က အမျိုးသမီးများ၏ အခွင့်အရေးရရှိရေး


As a child Charm Tong was separated from her family and forced to flee Burma to escape the brutal military dictatorship. At 17 she testified before the UN Commission on Human Rights. She is a co-founder of the Shan Women's Action Network.
A tireless defender of the brutalized women of Burma. Charm Tong describes how rape is used as a weapon of suppression to Think Peace's Shahdin Farsai.

အပြည့်အစုံသတင်းဖတ်ရန်....

နိုဗယ် ငြိမ်းချမ်းရေးဆုရှင်များရဲ့ ရွှေဝါရောင်တော်လှန်ရေးသို့ အမြင်။


Nobel Laureates Prof. Jody Williams, Dr. Shirin Ebadi, Rigoberta Menchu Tum and Betty Williams speak on the first-year anniversary of the Saffron Revolution in Burma.

အပြည့်အစုံသတင်းဖတ်ရန်....

ချစ်သော အောင်ဆန်းစုကြည်


Jane Birkins music video—an ode to Nobel Prize Prisoner and prisoner of conscience, Aung San Suu Kyi—is a powerful, alarming and heartfelt look at the humanitarian crisis in Burma and the woman who continues to defy the oppression that lies within. Lyrics by Jane Birkin. Music by Frank Eurly. Learn more at protectthehuman.org
AmnestyUSA မှ

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, October 30, 2008

လေဘေးသင့် မိဘမဲ့ ကလေးများနဲ့ မှီခိုရာမဲ့ အမျိုးသမီးများအတွက် UNHCR စိုးရိမ်

30 October 2008
နာဂစ်မုန်တိုင်းဒဏ်ခံရပြီး ၆ လအကြာမှာ ဧရာဝတီတိုင်းအတွင်း မိဘမဲ့ ကလေးတွေနဲ့
မှီခိုမဲ့ အမျိုးသမီးတွေ အများအပြား ရှိနေဆဲဖြစ်ပြီး အကူအညီ အထောက်အပံ့တွေ
ဆက်ပြီး ပေးနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၁,၂၀၀,၀၀၀ အကူအညီ လိုအပ်နေ
တဲ့အကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပြောပါ
တယ်။ လိုအပ်တဲ့အကူအညီကို ဆက်ပြီးမပေးနိုင်ရင် ဘေးဒုက္ခရောက်ရသူတွေ အိုးမဲ့
အိမ်မဲ့ဘ၀ ထပ်ပြီးရောက်မှာ စိုးရိမ်ရတယ်လို့လည်း ပြောပါတယ်။ အသေးစိတ်ကို
ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အနေနဲ့ ပြီးခဲ့တဲ့ ၆ လ၊
မြန်မာနိုင်ငံမှာ မုန်တိုင်းဒဏ်ခံရပြီးနောက်ပိုင်းမှာ လူ ၂၀၀,၀၀၀ လောက်ကို ကူညီ
စောင့်ရှောက်ပေးနိုင်ခဲ့တဲ့အကြောင်း UNHCR က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ခြင်ထောင်တွေ၊ ပလတ်စတစ် အမိုးအကာတွေနဲ့ အခြား လိုအပ်တဲ့ပစ္စည်းတွေကို
ထောက်ပံ့နိုင်ခဲ့ပေမယ့် ၆ လအတွင်း လပွတ္တာမြို့နယ်အတွင်း မုန်တိုင်းဘေးသင့်ပြည်သူ
တွေရဲ့ လိုအပ်ချက် ၉၃% ကို UNHCR က ဖြည့်ဆီးပေးနိုင်ခဲ့ပြီး ဘိုကလေးဘက်က
မိသားစု ၈၇% ရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ခဲ့တယ်လို့လည်း
ဆိုပါတယ်။

ဒါပေမယ့်လည်း အကူအညီလိုအပ်နေတဲ့သူတွေ အများအပြား ရှိနေဆဲပဲလို့ UNHCR
ထိုင်းနိုင်ငံ ဘန်ကောက်၊ ဒေသဆိုင်ရာရုံး ပြန်ကြားရေးအရာရှိ ကစ်တီ မက်ကင်းဆေး
(Kitty McKinsey) က အခုလို ပြောပါတယ်။

"ဧရာဝတီတိုင်းအတွင်းမှာ အမျိုးသားတွေ အသက်ဆုံးရှုံးသွားပြီး ကျန်ခဲ့တဲ့ မှီခိုမဲ့ အမျိုး
သမီးတွေ၊ မိဘမဲ့ကလေးတွေ အများအပြား ရှိနေဆဲပါ။ သူတို့ကို ဆက်ပြီး ကူညီ
ထောက်ပံ့ပေးဖို့အတွက် အခြေအနေ စိုးရိမ်နေရပါတယ်။ အရေအတွက်အားဖြင့်
ဘယ်လောက်ရှိမယ်လို့ တိတိကျကျ စစ်တမ်းကောက်လို့ မရသေးပေမယ့် ဒီလို ကျန်ခဲ့
တဲ့ ဒုက္ခရာက်နေတဲ့သူတွေအတွက် ရေရှည်ကူနိုင်ဖို့ အရေးကြီးပါတယ်" ဆိုပြီး UNHCR
ထိုင်းနိုင်ငံ ဘန်ကောက်၊ ဒေသဆိုင်ရာရုံး ပြန်ကြားရေးအရာရှိ ကစ်တီ မက်ကင်းဆေး
က ပြောသွားတာပါ။

မိသားစုဖူလုံရေးအတွက် လိုအပ်တဲ့ အထောက်အပံ့တွေ ဆက်ပြီး မပေးနိုင်ဘူးဆိုရင်
ဒီအမျိုးသမီးနဲ့ ကလေးငယ်တွေ အိုးမဲ့အိမ်မဲ့ဘ၀ ထပ်ပြီး ရောက်သွားနိုင်ပါတယ်။
မတရားသဖြင့် အလုပ်ခံရတာတွေ၊ အဓမ္မအလုပ်ကြမ်း ခိုင်းစေခံရတာတွေနဲ့
ပြည့်တန်ဆာအဖြစ် အသက်မွေးရတဲ့ ဘ၀မျိုးတွေ ရောက်သွားနိုင်တယ်ဆိုပြီး ကစ်တီ
မက်ကင်းဆေးက ပြောပါတယ်။ မုန်တိုင်းဘေးကယ်ဆယ်ရေး အခက်အခဲနဲ့ ပတ်သက်
လို့လည်း …

"ဒီလို အကူအညီပေးရေးမှာ အဓိက အခက်အခဲကတော့ လိုအပ်နေတဲ့ အမေရိကန်
ဒေါ်လာ ၁,၂၀၀,၀၀၀ အကူအညီတွေ မရတဲ့ ပြဿနာပါ။ နာဂစ်မုန်တိုင်းဒဏ်ခံရပြီး
၆ လအကြာမှာ လူတွေက ဧရာဝတီတိုင်းအတွင်း မုန်တိုင်းဘေးကယ်ဆယ်ရေး လုပ်ငန်း
တွေကို သိပ်ဂရုမစိုက်တော့တာ စိတ်မကောင်းစရာပါပဲ။ ဒေါ်လာ ၁,၂၀၀,၀၀၀ ဆိုတာ
ဒီနေ့ ငွေကြေးအဖွဲ့အစည်းကြီးတွေရဲ့ အကြွေးဆုံးတွေကို ပြန်ဝယ်ဖို့ ငွေတွေ ဒေါ်လာ
ထရီလီယံနဲ့ချီ သုံးနေတဲ့အချိန်မှာ မပြောပါလောက်ပါဘူး" လို့လည်း UNHCR ထိုင်းနိုင်ငံ
ဘန်ကောက်၊ ဒေသဆိုင်ရာရုံး ပြန်ကြားရေးအရာရှိ ကစ်တီ မက်ကင်းဆေးက ပြောပါ
တယ်။

မုန်တိုင်းဒဏ် ထိခိုက်ခဲ့ပြီး ၆ လအကြာမှာ ပြည်ပနိုင်ငံတွေက အကူအညီပေးရေး ကိစ္စ
တွေကို သိပ်ပြီး အာရုံမစိုက်ကြတော့ဘူးလို့ UNHCR အရာရှိတွေက ပြောကြတဲ့တချိန်
တည်းမှာ ဧရာဝတီတိုင်းအတွင်း လေဘေးကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတွေ
ကလည်း ပြည်တွင်းအလှူရှင်တွေ လျော့နည်းသွားတဲ့အကြောင်းကို မကြာခဏ ပြောဆို
ကြပါတယ်။ အဓိကတော့ လေဘေးကယ်ဆယ်ရေးမှာ ရေရှည်ပေးမယ့် အကူအညီ
မရှိတာလို့ မအူပင်မြို့ခံ လေဘေးကယ်ဆယ်ရေး လုပ်ကိုင်နေသူတယောက်က ပြောပါ
တယ်။

"အလှူပေးတဲ့အဖွဲ့တွေက ဆက်ပေးတာ မရှိပါဘူး။ ဒီ ကျနော်တို့ မြို့ထဲ ရွာထဲတွေမှာ
ကျနော်တို့ သာမန်ဘုရားပွဲလို၊ ဒီဘက်တွေမှာဆိုရင် ဘာရှိမလဲဆိုတော့ တန်ဆောင်တိုင်
ပွဲမှာ စတုဒီသာ ကြွေးတာမျိုးတွေ ဒါလောက်ပဲရှိတော့တယ်။ အခုနပြောသလို ကျောင်း
အတွက် ပျက်ဆီးသွားတာကို ပြန်ပြီးကူညီဖို့ ရေရှည်ပေးတာတွေတော့ မရှိတော့ဘူး။
တခုတော့ရှိတာပေါ့၊ နီးစပ်တဲ့ အလှူရှင်ရှိရင် ဒီက ရွာသားတယောက် အခြားနေရာမှာ
သွားပြီး ကြီးပွားနေတယ်ဆိုရင် သူက ပြန်လာမယ်၊ အကူအညီပေးမယ်၊ ဒီလိုပေးတာ
မျိုးလောက်ပဲ ရှိတယ်။ သေချာ အစီအစဉ်ချ ကူညီတာ မရှိတော့ဘူး။"

မအူပင်မြို့ခံ လေဘေးကယ်ဆယ်ရေး လုပ်ကိုင်နေသူတယောက် ပြောပြသွားတာပါ။

မုန်တိုင်းသင့်ပြီး ၆ လအကြာ လူတွေ အသက်ရှင်ရပ်တည်ဖို့၊ ပြန်လည်တည်ဆောက်ဖို့
ကြိုးစားကြတဲ့ အခြေအနေကိုလည်း ဧရာဝတီတိုင်းအတွင်း လေးဘေးကယ်ဆယ်ရေး
လုပ်ကိုင်နေသူက အခုလို ပြောပါတယ်။

"ဒီဘက်မှာ မိုးရွာတယ်၊ လေတိုက်တယ်၊ ပျက်ဆီးဆုံးရှုံးမှုတွေကို အမိုးအကာတွေ
ပြန်တပ်ပြီးသွားတယ်ပေါ့နော်။ အိမ်တွေ တဲတွေ ပြန်ပြီး ဆောက်ပြီးသွားတယ်ပေါ့။
စိုက်ပျိုးရေးကိစ္စတွေမှာတော့ လယ်တွေတော်တော်များများ ပြန်မစိုက်နိုင်တာတွေ
ရှိတယ်။ ဥပမာ မျိုးစပါးတွေ ပျက်ဆီးသွားတာမျိုး၊ ကျွဲနွားလည်း ထိခိုက်သွားတာတွေ
ရှိတာပေါ့။ တချို့ ကျနော်သိသလောက် လယ်တွေရဲ့ ၂၅% လောက် မစိုက်နိုင်ကြဘူး။
မိုးတွင်းပိုင်းမှာပေါ့။

"အခု ဒီဘက်မှာတော့ ကျနော်တို့ နွေစပါးစိုက်ဖို့ တောင်သူတွေ ပြန်ကြိုးစားနေကြ
တယ်။ ကျောင်းတွေ ပျက်ဆီးသွားတဲ့အခါ ကျောင်းတွေ၊ ဇရပ်တွေမှာ ကပ်ပြီး စာသင်
ကြတဲ့ အခြေအနေတော့ ရှိတာပေါ့။ ကလေးတွေ အခြေအနေကလည်း အကူအညီ
တော့ လိုနေတာပဲ။ လူတော်တော်များများ လိုအပ်နေတာက ကလေးတွေရဲ့ ပညာရေး
တင်မကဘူး၊ စားဝတ်နေရေး အတွက်ပါ။ ဒါတွေကို အကူအညီပေးနိုင်ဖို့တော့ လိုအပ်
နေမှာပဲ။"
UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကတော့ လပွတ္တာနဲ့
ဘိုကလေးဘက်မှာ လူ ၁၅,၀၀၀ ကို နေအိမ်တွေ ဆောက်လုပ်ပေးဖို့ အကူအညီလိုအပ်
နေတယ်လို့ ပြောပါတယ်။ မုန်တိုင်းဘေး ကယ်ဆယ်ရေးလုပ်ငန်းဟာ UNHCR ရဲ့ ပင်မ
တာဝန် မဟုတ်ပေမယ့်လည်း မုန်တိုင်းဘေးကျပြီးပြီးချင်း လေဘေးကယ်ဆယ်ရေး
လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ခဲ့တယ်လို့လည်း UNHCR က ပြောပါတယ်။
http://www.voanews.com/burmese/2008-10-30-voa5.cfm

အပြည့်အစုံသတင်းဖတ်ရန်....

သန်းရွှေသမီးတွေ နဲ့ အလယ်ပိုင်းတိုင်း တိုင်းမှုးကတော်တို့ စိန် နဲ့ေ ရွှ တွေကိုလိုက်လံဝယ်ယူနေ


ကမ္ဘာ့စီးပွားရေးပျက်ကပ်ဖြစ်နေတဲ့အတွက် ရွှေဈေး၊ အိမ်ဈေး၊ ဓါတ်ဆီဈေးတွေ ထိုးကျလျက် ရှိပါတယ်။ တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုသလို ဒီလို မြန်မာပြည်မှာ ပြည်သူလူထုတွေ စီးပွားပျက်နေချိန်မှာ သန်းရွှေသမီးတွေ နဲ့ အလယ်ပိုင်းတိုင်း တိုင်းမှုးကတော်တို့ဟာ စိန် နဲ့ေ ရွှ တွေကို နေ့စဉ်လို လို အ၀ယ်ထွက်လျက်ရှိ နေတယ်လို့ ရန်ကုန်မြို့ခံ ရတနာကုန်သည်များက ဆိုပါတယ်။ အောက်တိုဘာ ၂၂ ရက်နေ့ ကလည်း မန္တလေး ၂၂ လမ်းမပေါ်က အောင် သမာဓိရွှေဆိုင်က နေ့ ဝယ်ယူသွားခဲ့ပါတယ်။ သန်းရွှေသမီး တယောက်ဖြစ်တဲ့ သန္တာရွှေ မင်္ဂလာဆောင်စဉ်ကလည်း တိုင်းပြည်ဘဏ္ဍာတွေကိုခိုးယူပြီး ဒေါ်လာ ၅၅ သန်းဖိုးမျှ တန်ဖိုးရှိတဲ့ စိန်တွေကို ၀တ်ဆင်ခဲ့ပါတယ်။ သူတို့မင်္ဂလာဆောင်ဗီဒီယိုကို မြင်တွေ့ခဲ့ရတဲ့ ပြည်သူတွေက ဒေါသအမျက် ချောင်းချောင်းထွက်ခဲ့ရပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

Report of SG, UN General Assembly Sixty-third session.

အပြည့်အစုံသတင်းဖတ်ရန်....

Immediate release of AAPP Statement

Date: October 30, 2008

On October 29th 2008, nine leaders of the 88 Generation Students Group were sentenced to 6 months imprisonment by Northern Rangoon district court.
During the court hearing, Min Ko Naing and other defendants stood up and complained about the lack of a free and independent judiciary. The presiding judge accused them of interrupting court procedures and charged them under Section 228 of the Penal Code for contempt of court. He handed down a six-month sentence for nine student leaders - Min Ko Naing, Ko Ko Gyi, Mya Aye, Pyone Cho (aka) Htay Win Aung, Aung Thu, Htay Kywe, Nyan Lin, Myo Aung Naing, and Hla Myo Naung. The remaining defendants in court stood up and demanded that the judge sentence them too. The judge ordered security forces to remove the defendants from the court and adjourned the trial.
“Trials for political prisoners are grossly unfair,” said Ko Tate, secretary of the Assistance Association for Political Prisoners (AAPP). “Judges and law officers are not operating independently of the ruling State Peace and Development Council. In this case 88 Generation leaders have been harshly punished simply for calling for their right to a free and fair trial to be respected.”

- ENDS -

Back ground information
1. Min Ko Naing (Paw Oo Tun) was arrested on 22 August 2007 and charged with the section 5/96(4), 505/b, 33/a, 17/20, 17/1, 32/b/36, 24/1, 130/b, 6.
2. Ko Ko Gyi was arrested on 22 August 2007 and charged with the section 5/96(4), 505/b, 33/a, 17/20, 17/1, 32/b/36, 24/1, 130/b, 6.
3. Mya Aye (Thu Ya) was arrested on 22 August 2007 and charged with the section 5/96(4), 505/b, 33/a, 17/20, 17/1, 32/b/36, 24/1, 130/b, 6.
4. Pyone Cho (Htay Win Aung) was arrested on 22 August 2007 and charged with the section 5/96(4), 505/b, 33/a, 17/20, 17/1, 32/b/36, 24/1, 130/b, 6.
5. Aung Thu was arrested on 13 October 2007 and charged with the section 5/96(4), 505/b, 33/a, 17/20, 17/1, 32/b/36, 24/1, 130/b, 6.
6. Htay Kywe was arrested on 13 October 2007 and charged with the section 5/96(4), 505/b, 33/a, 17/20, 17/1, 32/b/36, 24/1, 130/b, 6.
7. Nyan Lin was arrested on 21 August 2007 and charged with the section 5/96(4), 505/b, 33/a, 17/20, 17/1, 32/b/36, 24/1, 130/b, 6.
8. Myo Aung Naing (Aung Naing) was arrested on 23 October 2007 and charged with the section 5/96(4), 505/b, 33/a, 17/20, 17/1, 32/b/36, 24/1, 130/b, 6.
9. Hla Myo Naung was arrested on 10 October 2007 and charged with the section 5/96(4), 505/b, 33/a, 17/20, 17/1, 32/b/36, 24/1, 130/b, 6.


AAPP
More information, please contact:
Ko Tate Naing on +66-(0)81-2878751
Ko Bo Kyi on +66-(0) 81-3248935

အပြည့်အစုံသတင်းဖတ်ရန်....

ဒါပေါ့..ဆင့် အ၀ှါ ခွေးမျှော်နေတာ

ရမယ်. မိတ်အင် တရုပ် လုပ် ကလေးကစားစရာသေနတ်တွေ။ မယ်လမင်းနို့ မှုန့် နဲ့  ကျွန်းတောကိုလဲစား တော်တော် သောက်သုံးကျတဲ့နအဖ...
အဖေကြီးအ၀ှါမှ တန်ဖိုးရှိပြနေ။

တရုတ်-မြန်မာ နှစ်နိုင်ငံ စစ်တပ်များ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရန် ဆက်ဆံရေး တိုးမြှင့်
ကိုစိုး အောက်တိုဘာ ၃၀၊ ၂၀၀၈

နှစ်နိုင်ငံ စစ်ဖက်ရေးရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အတွက် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဇောင်းလီနှင့် အဖွဲ့သည် မြန်မာနိုင်ငံသို့ တနင်္လာနေ့က ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဗိုလ်ချုပ်ကြီး ဇောင်းလီသည် မြန်မာ စစ်အစိုးရ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း၏ ဖိတ်ကြားချက်အရ တနင်္လာနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး မွန်းလွဲပိုင်း ၁ နာရီတွင် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး သန်းရွှေနှင့် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ၌ တွေ့ဆုံသည်။

ဗိုလ်ချုပ်ကြီး ဇောင်းလီသည် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး အပါအ၀င် ဗိုလ်ချုပ်ကြီးသူရရွှေမန်း၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ် ဥာဏ်ထွန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဒု ဗိုလ်ချုပ်ကြီး မြတ်ဟိန်းတို့နှင့်လည်း တွေ့ဆုံ ပြီးနောက် အင်္ဂါနေ့ နံနက်က နေပြည်တော်မှ ပြင်ဦးလွင် မြို့သို့ထွက်ခွာသွားကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

တရုတ် သတင်းဌာန တခုဖြစ်သော ဆင်ဟွာ သတင်းဌာနက အသေးစိတ် သတင်းထုတ်ပြန်ခြင်းမရှိသော်လည်း ယင်း ဗိုလ်ချုပ်ကြီး ဇောင်းလီ၏ ခရီးစဉ်တွင် မြန်မာဘက်က ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)တို့နှင့် ဆွေးနွေးပြောဆိုမှုများပြုလုပ်ကြောင်း၊ ထို့အပြင် နှစ်နိုင်ငံ စစ်တပ်များ အကြား ရင်းနှီးချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်မှုများဖြစ်ပေါ်ရေးတို့ပါဝင်မည်ဟု ထင်မြင်ကြောင်း ဖော်ပြသည်။

ထိုင်းနိုင်ငံအခြေစိုက် စစ်ရေးလေ့လာသူ ဦးဌေးအောင်ကလည်း တရုတ် ဗိုလ်ချုပ်ကြီး ဇောင်းလီ၏ ခရီးစဉ်သည် နှစ် နိုင်ငံ စစ်တပ်များပူးပေါင်းဆောင်ရွက်ရေးကို ဦးတည်သည့် အသွင်လက္ခဏာပင် ဖြစ်ကြောင်း ပြောသည်။

“နှစ် နိုင်ငံ လက်နက်ရောင်းတာတွေရော၊ နှစ်နိုင်ငံ တပ်မတော်ချင်း အပြန်အလှန် နီးနီးကပ်ကပ် ဆက်ဆံနေတာ တွေလည်း ရှိတော့ ပုံမှန်လာတာလည်း ဖြစ်နိုင်တာပေါ့၊ တပ်မတော် အရာရှိ တဦးလာတာကတော့ ဖိအားပေးဖို့ မဖြစ်နိုင်ဘူး၊ ဘာဖြစ်လို့ လဲဆိုတော့ ဖိအားပေးဖို့ဆိုရင် နိုင်ငံတော် ကောင်စီအဆင့်တို့၊ ပေါ်လစ်ဗျူရိုအဆင့်တို့ တခုခုပေါ့၊ ပါတီလိုင်းက ဖြစ်ဖြစ် အဲဒီ လူတွေကသာ ဖိအားပေးနိုင်မယ့် အဆင့်ရှိတယ်၊ အခုလာတာက စစ်တပ် က တောင် အကြီးဆုံးအဆင့် မဟုတ်သေးဘူး ဆိုတော့ နှစ်နိုင်ငံ တပ်မတော်ချင်း ပူးပေါင်းဆောင်ရွက်ရေး လာတာ မျိုးပဲ ဖြစ်နိုင်တယ်”ဟု ဦးဌေးအောင်က ပြောဆိုသည်။

တရုတ်နိုင်ငံသည် စစ်အစိုးရက ၁၉၈၈ ခုနှစ် လူထုအုံကြွမှုဖြိုခွဲပြီးချိန်မှစတင်၍ မြန်မာနိုင်ငံသို့ စစ်လက်နက် ပစ္စည်းများကို အဓိက အထောက်အကူပေးနေသောနိုင်ငံ ဖြစ်သည်။ ဂျက်တိုက်လေယာဉ်များ၊ ရေတပ်သုံး စစ်သဘောင်္များ၊ တင့်ကားများ၊ စစ်သုံး မော်တော်ယာဉ်များနှင့် ခဲယမ်းမီးကျောက်များ စသည့် စစ်ဖက်ဆိုင်ရာ ပစ္စည်းများကို ၁၉၉၀ ခုနှစ် အစောပိုင်းကာလ ကတည်းက တရုတ်နိုင်ငံက မြန်မာသို့ ထောက်ပံ့ပို့ ဆောင် နေသည်မှာ အမေရိကန် ဒေါ်လာ ၂ ဘီလီယံ တန်ဖိုးခန့် ရှိကြောင်း သတင်းများအရ သိရှိရသည်။

တရုတ်-မြန်မာနယ်စပ် အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးအောင်ကျော်ဇောကမူ ယခု နှစ်နိုင်ငံ စစ်ဗိုလ်ချုပ်များ တွေ့ဆုံ ဆွေးနွေးမှုသည် စစ်လက်နက်ပစ္စည်း စက်ရုံကိစ္စဖြစ်နိုင်ကြောင်း ပြောဆိုသည်။

“တရုတ်က မြန်မာကို အကြီးစား စစ်လက်နက်ပစ္စည်းတွေ ကူညီထောက်ပံ့နေတာဟာ နှစ်အတော်ကြာနေပါပြီ”ဟု ဦးအောင်ကျော်ဇောက ပြောသည်။

နယူးရောက်မြို့ အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့(HRW)ကလည်း အိန္ဒိယ၊ တရုတ်၊ ရုရှ နိုင်ငံများနှင့် တခြားသော နိုင်ငံများက ကူညီထောက်ပံ့သည့် စစ်လက်နက်ပစ္စည်းများကို အသုံးပြု၍ မြန်မာစစ် အစိုးရက အာဏာတည်မြဲ ရေးနှင့် အရပ်သားပြည်သူများအပေါ် ဆိုးဝါးစွာ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေသည်ဟု ၂၀၀၇ ခု နှစ် အောက်တိုဘာလ အတွင်းက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ထောက်ပြ ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံက ခေတ်မီ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ လက်နက်ထုတ်လုပ်သည့် နည်းပညာ၊ လက်နက်ငယ်နှင့် အပို ပစ္စည်းများ၊ မော်တာများအပါအ၀င် မြေမြုပ်မိုင်းများနှင့် ချေမှုန်းရေး ရိုင်ဖယ် သေနတ်များ၊ လက်နက် ငယ်တပ်ဆင်ထုတ် လုပ်မှု များအတွက် အထောက်အပံ့များရှိကြောင်း၊ ထို့အပြင် တိုက်လေယာဉ်များ၊ ရေတပ် စစ်သဘောင်္များ၊ တင့်ကားများနှင့် တခြားသော ခြေလျင်စစ်တပ်သုံး လက်နက်များ စသည့် အကြီးစား စစ်လက်နက် ပစ္စည်းများကိုလည်း မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးပို့မှုများရှိကြောင်း HRW က ပြောဆိုသည်။

လွန်ခဲ့သော သြဂုတ်လအတွင်းကလည်း တပ်မတော် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် ဒု ဗိုလ်ချုပ် ကြီး တင်အေးသည် တရုတ်နိုင်ငံသို့ သွားရောက်၍ ဗဟို စစ်ကော်မရှင် အဖွဲ့ဝင် တဦးဖြစ်သည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး လိန်ဂေါင်းလီ နှင့် တွေ့ဆုံပြီး နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ ယဉ်ကျေးမှု ရေးရာများ တိုးမြှင့်၍ ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေးခဲ့ကြောင်း ဆင်ဟွာသတင်း ဌာန က ထုတ်ပြန်ထားသည်။

ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ကာကွယ်ရေး၊လုံခြုံရေးတို့အတွက် နှစ်နိုင်ငံ အကူအညီများအပြန်အလှန် ပေးရန် တရုတ် ကာကွယ်ရေး ၀န်ကြီဌာနအနေနှင့် အဆင်သင့်ရှိကြောင်းလည်း ဆင်ဟွာ သတင်းဌာန၏ အဆို အရ သိရသည်။

ဇူလိုင်လအတွင်းပြုလုပ်သော ပြည်ထဲရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိများ၏ လျှို့ဝှက် အစည်းအဝေးတခုတွင် ပြည်ထဲ ရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးကမူ ၎င်းတို့အနေနှင့် တရုတ်ကို လိုလားထောက်ခံသူများမဟုတ်ကြောင်း၊ အခြေအနေအရ ချဉ်းကပ်ပေါင်းသင်းရခြင်းဖြစ်ကြောင်း ပြောဆိုသည်ဟု သိရှိရသည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ တောင်ပိုင်းပြည်နယ်များအတွက် ပင်လယ်ထွက်ပေါက်ဖြစ်နေပြီး ထိုင်ဝမ်၊ တောင် ကိုရီးယား၊ ဂျပန်နှင့် အာဆီယံနိုင်ငံများအနေနှင့် အမေရိကန် နိုင်ငံကို မဟာမိတ်ပြုသကဲ့သို့ တရုတ်နိုင်ငံကိုလည်း မိမိတို့အတွက် ၀န်းရံ ထားရခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်မောင်ဦး က အဆိုပါအစည်းအဝေးတွင် ပြောဆိုခဲ့ကြောင်း ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းတွင် ဧရာဝတီက ရေးသားခဲ့ဖူးသည်။

၁၉၈၉ ခုနှစ်အတွင်းကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အဆင့်ဖြင့် တရုတ် နိုင်ငံသို့ စစ်လက်နက် ပစ္စည်းအကူအညီအတွက် ပထမဆုံး အကြိမ် သွားရောက်ခဲ့ဖူးသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ထွီ .. ပြည်သူတွေကို ကျ မျက်နှာလွှဲခဲပစ်ထားတယ်။ တရားဥပဒေဆိုတာ ဘာလဲ.ဘယ်မလဲ

ဓားပြတွေ သောင်းကျန်းနေပြီ၊ ရဲတွေ ဘာလုပ်နေလဲ
အေးချမ်းမြေ့  အောက်တိုဘာ ၃၀၊ ၂၀၀၈

ရန်ကုန်မြို့တွင် ၃ ရက်အတွင်း ဓားပြမှု ၃ မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးကြီးတဦး သေဆုံးခဲ့ရကြောင်း ဒေသခံ များထံမှကြားသိ ရသည်။

ယမန်နေ့နံနက် ၈ နာရီခန့်က ရန်ကုန်မြို့ ကျောက်မြောင်းရပ်ကွက်၊ ဇဋိလလမ်း၊ အမှတ် ၂၆၊ ၃ လွှာရှိ တိုက် ခန်း တခန်းတွင် အသက် ၅၀ ကျော်အရွယ် ဒေါ်ဌေးဌေး အမည်ရှိ အမျိုးသမီးကြီး တဦးတည်း ရှိနေစဉ် အိမ် ခန်းပြင်ရန် ခေါ်ထားသော အလုပ်သမား တဦးက ပစ္စည်းများကို ခြိမ်းခြောက် တောင်းခံရာ အမျိုးသမီးကြီးက အော်ဟစ် အကူအညီတောင်းသဖြင့် ငရုပ်ကျည်ပွေ့နှင့် ခေါင်းကိုထုပြီး စကေဘာဖြင့် လည်ပင်းကို ထိုး သတ်သွားခြင်း ဖြစ်ကြောင်း ကျောက်မြောင်းရပ်ကွက်တွင် နေထိုင်သည့် မျက်မြင်တဦးက ပြောပြသည်။

“လူတွေတက်ကြည့်တော့ အမျိုးသမီးကြီး အသက်မရှိတော့ဘူး။ လုပ်သွားတဲ့သူက နောက်ဖေးပေါက်ကနေ တွယ်ဆင်းပြီး မေတ္တာညွန့်ဘက်ကို ထွက်ပြေးတာ” ဟု သူက ဆိုသည်။

ပတ်ဝန်းကျင်ရှိ ဆိုက်ကားသမားများ အပါအဝင် လူအများက ထွက်ပြေးသူနောက်သို့ ဝိုင်းလိုက်ရာ မေတ္တာညွန့် သံတံတား အောက်တွင် ပုန်းခိုနေသည်ကို ဖမ်းဆီးရမိကြောင်းသိရသည်။

“ပစ္စည်းတွေတော့ ပါမသွားပါဘူး။ ဒါပေမယ့် ခုတလောမှာ ဒါမျိုးတွေ ခဏ ခဏ ကြားနေရတယ်။ ညဘက် တွေ တောင် ညနက်ခံ အပြင်မထွက်ရဲတော့ဘူး” ဟု ကျောက်မြောင်းသား တဦးက ပြောသည်။

တနင်္လာနေ့ည ကလည်း ရွှေဂုံတိုင်ရှိ ယုဇနတာဝါ၊ ၁၃ လွှာနှင့် မြေညီထပ်တို့တွင် ဓားပြမှု ၂ မှု ဖြစ်ပွားခဲ့ ကြောင်း သတင်း ရရှိသည်။

ထိုနေ့ည ၇ နာရီခန့်က ယုဇနတာဝါ ၁၃ လွှာရှိ ရှမ်းတရုတ်လူမျိုးပိုင် နိုင်ငံခြားသို့ သစ်တင်ပို့နေသော မြန်မာ ဝုဒ်မာ့ခ် ကုမ္ပဏီ ကိုဝင်ရောက်လုယက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဓားပြများဝင်ရောက်ချိန်တွင် အမျိုးသမီးငယ် ၂ ဦးသာ ရှိနေပြီး ထို အမျိုး သမီးငယ်များကို ဓားဖြင့်ထောက်ကာ နိုင်ငံခြားငွေများကို လုယက် သွား ခြင်းဖြစ်ကြောင်း ကြားသိရသည်။

“ငွေဘယ်လောက်ပါသွားလဲ ဆိုတာတော့ မသိရသေးဘူး။ ရဲတွေကတော့ အဲဒီနားက အခန်းတွေကို လိုက်စစ် နေတာပဲ” ဟု ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ပြောပြသည်။

၎င်းည ၁၀ နာရီခန့်တွင်လည်း ယုဇနတာဝါမြေညီထပ်ရှိ ကုမ္မာရီစတိုးကို ဝင်ရောက်လုယက်ရာ ပိုင်ရှင် အမျိုး သမီးကြီးထံမှ ရွှေလက်ကောက်တကွင်းသာ ရသွားပြီး မီးများ လင်းလာသောကြောင့် ကျူးကျော်သူများ ထွက် ပြေးသွားကြကြောင်း သူက ဆက်ပြောသည်။

“ရွှေဂုံတိုင်ရဲစခန်းကတော့ တဖွဲ့တည်း မဖြစ်နိုင်ဘူးလို့ ပြောတပဲ” ဟု အဆိုပါ သတင်းထောက်က ဆိုသည်။

မကြာသေးမီကလည်း မန္တလေးမြို့တွင် ရွှေဆိုင်တဆိုင်ကို ဓားပြဝင်တိုက်ရာ ရွှေသား ၂ ပိဿာခန့် ပါသွား သည်ဟု ဒေသခံ များထံမှ ကြားသိရသည်။

အလားတူပင် ယခုလအတွင်း မန္တလေးမြို့၊ ၈၄ လမ်းတွင်နေထိုင်သည် ဒေါ်ကြွယ်ကြွယ်၏ နေအိမ်သို့ ကျူးကျော်ဝင်ရောက် သည့် လုယက်မှုတမှု ဖြစ်ပွားခဲ့သေးသည်။ ဒေါ်ကြွယ်ကြွယ်က ပြန်လည် ခုခံသောကြောင့် တရားခံများကို ဖမ်းမိခဲ့ကြောင်း ပြည်တွင်း ဂျာနယ်များတွင် ရေးသားထားသည်။

“လုယက်မှုတွေ၊ ဓားပြမှုတွေကတော့ ကြားနေရတာပဲ။ မိတာကော၊ မမိတာကော ရှိပါတယ်။ ဒါပေမယ့် ဖြစ်ပြီးမှ တရားခံကို လိုက်ဖမ်းတာလေ။ လူတွေကို အကာအကွယ် မပေးနိုင်တာတော့ သေချာတယ်” ဟု သုဝဏ္ဏမြို့ နယ်တွင် နေထိုင်သည့် ကုမ္ပဏီ ဝန်ထမ်းတဦးက ပြောသည်။

ရန်ကုန် မြို့တွင်းရှိ တိုက်ခန်းများတွင် မြေညီထပ် သံတံခါး သော့ခပ်မထားသော တိုက်ခန်းများအတွက် ရဲများက တာဝန် မယူဟု ပြောထားကြောင်း သိရသည်။

ယခုအခါ ခိုးမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှုများ တစထက်တစ များပြားလျှက်ရှိပြီး ပြည်သူလူထုမှာ ရဲကို အားကိုး မရဘဲ မိမိ လုံခြုံရေးအတွက် မိမိဘာသာ တာဝန်ယူနေရကြောင်း ၎င်း ကုမ္ပဏီ ဝန်ထမ်းက ဆက်ပြောသည်။

“ရဲတွေက နေရာတိုင်းမှာ ရှိနေတာပဲ။ ဒါပေမယ့် သူတို့တာဝန်က လူဆိုးတွေကို ဖမ်းဖို့မဟုတ်ဘူး။ လူ ကောင်း တွေကို စောင့်ကြည့်ဖို့” ဟု သူက ဆိုသည်။
http://www.irrawaddy.org/bur/news2008/October/Oct_30b_08.html

အပြည့်အစုံသတင်းဖတ်ရန်....

အမေစု အိမ်ရှေ့ မှ စစ်သူတောင်းစားများ

မဇ္ဈိမသတင်းဓါတ်ပုံမှဝေမျှပါသည်။


Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

စစ်ခွေး အစားခံရသော သားငယ်များ


မြန်မာစစ်တပ် လက်တွင်းမှ ကလေးစစ်သားကို ကယ်တင်ခြင်း

သဲသဲနှင့်မုံပီး
ကြာသပတေးနေ့၊ အောက်တိုဘာလ 30 2008 18:30 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မောင်မျိုးအောင် (အမည်ပြောင်းထားသည်) ကို သူလွန်ခဲ့သော ၃ လကျော်က အိမ်မှ ထွက်ပြေးသွားအပြီး စစ်တပ်ထဲ ရောက်သွားသည်ကြား၍ မိသားစုက သွားခေါ်သောအခါ သူသည် ဤလေ့ကျင့်ရေး စခန်းတွင် စစ်သင်တန်း တက်နေသည်မှာ ၃ လသာ ရှိသေးသည်။

မိသားစုက တပ်ထဲမှ ထွက်ခွင့်ရရန် ခွင့်တောင်းဘို့ သူနှင့် စကားပြောနေစဉ် သူ့မျက်လုံးများက အကြီးအကျယ် နောင်တရနေကြောင်း ဖေါ်ပြနေသည်။ သူ့ကံကြမ္မာအပေါ် စိတ်ထိခိုက်ခြင်းနှင့် သူ့ဘဝကို ပြောင်းလဲလိုသည့် ဆန္ဒများကို အတိုင်းသား တွေ့နေရသည်။

သို့သော် သိပ်နောက်ကျသွားပါပြီ။

စစ်ကိုင်းတိုင်း ဝန်းသိုမြို့ အရာတော်အခြေစိုက် ခလရ ၁၁၁ မှ အရာရှိများက "သူ (မျိုးအောင်) ဒီ ၄ လသင်တန်း ပြီးတော့မှာမို့ ဒီစခန်းက ထွက်လို့မရဘူး" ဟု ပြောသည်။

စိတ်ပျက်လက်ပျက် ဖြစ်သွားသော မိသားစုဝင်များက သူတို့ ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားပေးပါရန် အရာရှိများထံ အသနားခံကြသည်။ သို့သော် သူတို့၏ ကြိုးပန်းမှု မှန်သမျှသည် သဲထဲရေသွန်ပင်။ သူတို့က မောင်မျိုးအောင်၏ ကျောင်းသား မှတ်ပုံတင်ကဒ်ပြား၊ ရဲစခန်းနှင့် ရယက ထောက်ခံစာ၊ ကျောင်းအုပ်ကြီး၏ထောက်ခံစာစသည့် သူ့အ သက်မှာ ၁၅ နှစ်သာရှိသေးကြောင်း အထောက်အထားများကို ထုတ်ပြကြပါသေးသည်။ သို့သော် အချည်းနှီးပင်။

ဗိုလ်ကြီးတဦးနှင့် တပ်ကြပ်ကြီးတဦးတို့ကို ဤကိစ္စ သွားပြောခဲ့သော အမဖြစ်သူ မတင်ဌေးက ဤစစ်အရာရှိများက သူ့ကို "ကျနော်တို့ သူ့ကို ခင်ဗျားတို့ လက်ထဲ ပြန်မထည့်နိုင်ဘူး" ဟုသာ ပြန်ပြောလိုက်သည်ဟု ဆိုသည်။

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ဖဒိုကျေးရွာ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသူ မောင်မျိုးအောင်သည် သူ့အမေက သူ့ကိုရိုက်၍ အိမ်မှ ဇွန်လအတွင်းက ထွက်ပြေးသွားခဲ့သည် ဟု အမဖြစ်သူ မတင်ဌေးက ရှင်းလင်း ပြောပြပါသည်။

လပေါင်း အတော်ကြာပြီး အောက်တိုဘာလ ၁၈ ရက်နေ့ရောက်မှ မောင်မျိုးအောင် မိမိတို့အိမ်၏ မြောက်ဘက် မိုင် ၄ဝဝ အကွာ မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်းတိုင်းရှိ စစ်သားသစ် လေ့ကျင့်ရေးစခန်းတွင် ရောက်ရှိနေကြောင်း မိသားစုက သိကြရသည်။

အိမ်မှ ထွက်ပြေးပြီး ခလရ ၁၁၁ မှ စစ်သားတဦးနှင့် တွေ့ကြောင်း၊ သူက သူ့ကို တပ်ထဲဝင်မလားဟု မေးကြောင်း၊ မောင်မျိုးအောင်ကလည်း သူ သူ့ခြေထောက် ၂ ချောင်းပေါ် ရပ်နိုင်ကြောင်း မိသားစုကို ပြသလိုသည့်အတွက် အခွင့်ရေးတရပ်ဘဲဟု ထင်ကာ ဝင်မည်ဟု ပြောလိုက်ပြီး ထိုစစ်သားနောက် လိုက်သွားမိခဲ့ကြောင်းဖြင့် သူ့မောင်က သူ့ကို ပြန်ပြောပြသည်ဟု မတင်ဌေးက ပြောပါသည်။

သူဘယ်လောက် မှားသွားပြီဆိုတာ ခုမှဘဲ သိတော့သည်။

"သူဒီလေ့ကျင့်ရေးစခန်းမှာ ဘယ်လောက် စိတ်ဆင်းရဲရတဲ့အကြောင်း ကျမမောင်က ကျမကို ပြန်ပြောပြပါတယ်။ ဒါပေမဲ့ အိမ်ပြန်လဲ တပ်က အိမ်ကို လာဖမ်းမှာ ကြောက်တယ်လို့ သူက ပြောပါတယ်" ဟု မတင်ဌေးက စိတ်ပျက်လက်ပျက် အသံဖြင့် ပြောပါသည်။

သို့သော် သူတို့မောင်ကို ဤလေ့ကျင့်ရေးစခန်းမှ ဆွဲထုတ်ရန် အကြံကို လက်မလျှော့သေးကြောင်း၊ ဤကိစ္စအတွက် ပဲခူးမြို့ရှိ အလုပ်သမားကိစ္စများ လိုက်လံ ဆောင်ရွက်ပေးနေသူ ဦးအေးမြင့်ကို ချဉ်းကပ် အကူအညီ တောင်းထားကြောင်း ပြောပါသည်။ ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ဆက်ဆံရေးရုံးကို တိုင်တန်းပေးရန် အကူအညီ တောင်းထားကြောင်း ပြောပါသည်။

အလုပ်သမား အခွင့်အရေးကိစ္စများ လိုက်လံ ဆောင်ရွက်ပေးနေသူ ဦးအေးမြင့်ကလည်း ဤကိစ္စကို ရန်ကုန်ရှိ ILO ရုံး သို့တိုင်ကြားပေးရန် သဘောတူညီခဲ့ပြီး ဖြစ်ကြောင်း ပြောပါသည်။

"တကယ်တော့ ကျနော်က စာရွက်စာတမ်း အထောက်အထားတွေတောင် အကုန်ပြင်ဆင်ထားပြီးပြီ၊ သောကြာနေ့ မှာ ILO ရုံးကို တိုင်ကြားစာ သွားပို့မယ်" ဟု ဦးအေးမြင့်က ပြောပါသည်။

သို့သော် ဤသို့ ILO ရုံးကို သွားရောက် တိုင်ကြားခြင်းဖြင့် မောင်မျိုးအောင်ကို တပ်ထဲမှ ပြန်ထုတ်၍ ရမရကိုမူ မသိရသေးပါ။ မောင်မျိုးအောင်၏ အဖြစ်အပျက်သည် သူကြားဖူးသမျှထဲတွင် ပထမဆုံး မဟုတ်ကြောင်းသာ ဦးအေးမြင့်က ပြောပါသည်။

မောင်မျိုးအောင်လိုပင် မရည်ရွယ်ဘဲ တပ်ထဲ ရောက်သွားသူ ကောင်လေး အများအပြားရှိကြောင်း၊ အတော်များများပင် တပ်ထဲတွင် ဆက်မနေချင်တော့သော်လည်း ထွက်ခွင့် မရကြကြောင်း၊ သူတို့ မိသားစုများ၏ ညွှန်ကြားချက်အရ ဤ ကလေးများ အသက်မပြည့်သေးကြောင်း သက်သေပြနိုင်သည့်တိုင်အောင် ပြန်ထွက်၍ မရကြကြောင်းဖြင့်သာ ဦးအေးမြင့်က ပြောပါသည်။

"အရင်တုံးကတော့ အိုင်အယ်လ်အို ဆက်ဆံရေးရုံးက အရာရှိရဲ့ အကူအညီနဲ့ ကလေး ၁၅ ယောက်လောက်ကို တပ်ထဲက ထွက်ခွင့်ရအောင် လုပ်ပေးနိုင်ခဲ့တယ်" ဟု ဦးအေးမြင့်က ရှင်းပြပါသည်။

အိုင်အယ်လ်အို ဆက်ဆံရေးရုံး အရာရှိအနေဖြင့် ဤကလေးများ တပ်ထဲမှ ပြန်ထွက်ခွင့်ရရန် စုဆောင်းရေးနှင့် လေ့ကျင့်ရေးတပ်မှ တပ်မှူးများ၊ အရာရှိများနှင့် တိုက်ရိုက် စကားပြောခွင့်မရသဖြင့် အဆင့်မြင့် မြန်မာအရာရှိကြီးများနှင့် တွေ့မှသာ ဤကိစ္စကို တင်ပြပေးရကြောင်း၊ သူတို့ အကူအညီဖြင့်သာ ကလေးအချို့ လွတ်မြောက်လာအောင် လုပ်ပေးနိုင်ခဲ့ကြောင်း သိရပါသည်။

အဓမ္မ လုပ်အားပေးကိစ္စများ တိုင်တန်းနိုင်ရန် ဆက်ဆံရေးအရာရှိတဦး ထားရှိခွင့်ကို ILO အား မြန်မာစစ်အစိုးရက ၂ဝဝ၇ ခုနှစ် နှစ်ဆန်းတွင် ခွင့်ပြုခဲ့ပါသည်။

ဦးအေးမြင့်၏ ကူညီမှုနှင့် ရန်ကုန်မြို့ရှိ ILO ဆက်ဆံရေးရုံးတို့ကြောင့် မတင်ဌေးတို့ မိသားစုမှာ မျှော်လင့်ချက်ကလေးများ ရှိနေပါသေးသည်။ သို့သော် စစ်သားစုဆောင်းရေးနှင့် လေ့ကျင့်ရေး တပ်များသို့ ရောက်ရှိသွားသော မြန်မာ ယောက်ျားလေး တော်တော်များများမှာမူ ကံမကောင်းလှပါ။

လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီး (HRW) ၏ ၂ဝဝ၂ ခုနှစ်အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် မြန်မာစစ်တပ်ထဲတွင်ရော၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များတွင်ပါ စစ်မှုထမ်းနေသော ကလေးစစ်သားပေါင်း အနည်းဆုံး ၇ဝဝဝဝ ရှိသည်ဟု ဆိုပါသည်။

သို့သော် ဤကိန်းဂဏန်း အရေအတွက်သည် မှန်မှန် ပြုပြင်ဖြည့်စွက်ခြင်း မလုပ်သဖြင့် သိပ်စိတ်မချရတော့ကြောင်းကိုမူ (HRW) ၏ မြန်မာနိုင်ငံဆိုင်ရာ အတိုင်ပင်ခံ ဒေးဗစ်စကော့မက်သီးဆန် (David Scott Mathieson) က ပြောပါသည်။ ယုံကြည်ကိုးစားနိုင်သော ကိန်းဂဏန်း အချက်အလက်များ မရရှိခြင်းသည် မြန်မာနိုင်ငံမှ သတင်းအချက်အလက်များ ရရှိရေးအတွက် အခက်အခဲတရပ် ဖြစ်ကြောင်း သူက ပြောပါသည်။ မြန်မာစစ်အစိုးရသည် သတင်းစီးဆင်းမှုကို တင်းကြပ်စွာ ပိတ်ဆို့ထားသည်ဟုလည်း သူက ပြောပါသည်။

"အတည်မပြုနိုင်သေးပေမဲ့ မြန်မာစစ်တပ်က အသုံးပြုနေတဲ့ ကလေးစစ်သား အရေအတွက်ဟာ အရင်အတိုင်းဘဲ နဲနဲ ပါးပါးဘဲ အတိုးအလျော့ ရှိမယ်လို့ ထင်ပါတယ်" ဟု ဒေးဗစ်စကော့မက်သီဆင် က ပြောသည်။ ကလေးစစ်သား စုဆောင်းမှုကို မီဒီယာများက သတိမထားမိနိုင်စေရန် သူတို့ အသုံးပြုသော နည်းစနစ်များသည် အလွန်အသိရ ခက်လာကြောင်းကိုလဲ သူက ဆက်လက် ပြောဆိုပါသည်။

"အသက်မပြည့်သေးသူ ကလေးစစ်သားများ စုဆောင်းမှု တားဆီးကာကွယ်ရေး ကော်မတီ" ကို ဖွဲ့စည်းလိုက်ကြောင်း စစ်အစိုးရက ဇန်နဝါရီလ ၅ ရက် ၂ဝဝ၄ ခုနှစ်တွင် ကြေငြာခဲ့ပါသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းက ကလေးစစ်သား အသုံးပြုမှုကို အကြီးအကျယ် ဝေဘန်ပြစ်တင်ခြင်း ခံခဲ့ရပြီးနောက် မြန်မာစစ်တပ်တွင်းသို့ အသက်မပြည့်သေးသူ ကလေးများ စုဆောင်ခြင်း မပြုနိုင်အောင် ဤကော်မတီက ကာကွယ် တားဆီးထားကြောင်း ပြသရန်အတွက် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။

"ကျနော်ကတော့ ဒီကော်မတီက ဘာမှ မလုပ်ခဲ့ဘူးလို့ ထင်တာဘဲ" ဟုလည်း သူက မှတ်ချက်ချ ပြောကြားသွားခဲ့ပါသည်။

ဤသို့ မျှော်လင့်ချက်များ အားရစရာ သိပ်မရှိလှခြင်းကြောင့် မတင်ဌေးအနေဖြင့်လည်း သူ့မောင် တပ်သားသစ် လေ့ကျင့်ရေးစခန်းမှ ပြန်လွတ်လာကာ ပုံမှန် အရပ်သားဘဝဖြင့် ပြန်နေနိုင်ဦးမည် ဆိုသည်ကို ပူပန်ကြောင့်ကြနေရသည်။

"ဒါပေမဲ့ ကျမမောင်လေး ကျမတို့ဆီ ပြန်ရောက်လာဦးမယ်လို့တော့ မျှော်လင့်နေတုံးပါဘဲ" ဟု သူမက ပြောဆိုသွားခဲ့ပါသည်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ရွှေဝါရောင် သံဃာ့အရေးခင်းကြီးကို အမှတ်တရ သုံးသပ်ခြင်း။

ပြီးခဲ့တဲ့(၂၀၀၇) ရွှေဝါရောင် သံဃာ့ အရေးခင်းကြီးကို မြန်မာပြည်သူတွေကော ကမ္ဘာ့ ပြည်သူတွေပါ ထာဝရ အမှတ်ရနေကြ ပါလိမ့်မယ်။ အကြောင်းကတော့ ဒီလို ဘာသာရေး ခေါင်းဆောင်တွေ စုပေါင်းလမ်းပေါ်ထွက် တောင်းဆို၊ ဆန္ဒပြ၊ ဆုတောင်းမှုမျိုးကို ပြီးခဲ့တဲ့(၂၀၀၇) ရွှေဝါရောင်တော်လှန်ရေးမှလွဲ၍ ဘယ်တုန်းကမှတွေ့ မြင် ခဲ့ ဖူးခြင်း မရှိခဲ့ပါ။

မြန်မာနိုင်ငံရဲ့ ရဟန်းသံဃာတော်များ လမ်းမပေါ်ထွက်ခဲ့ကြပါတယ်။ ဘာကြောင့် ထွက်လာခဲ့ကြရပါသလဲ။ အ ဖြေ ကတော့ နည်းမျိုးစုံနဲ့ ဖိနှိပ်အနိုင်ကျင့်နေတဲ့ အာဏာရှင်များ လက်အောက်က ရုန်းထွက်ကြဖို့ပါပဲ။ စစ် အာဏာရှင်များ အဓမ္မဝါဒီနဲ့ တိုင်းပြည်အပေါ် ကြီးစိုးနေမှုကို မြတ်စွာဘုရားရှင်ရဲ့ တပည့်သား သံဃာတော်များက ဓမ္မဆိုတဲ့တရားနဲ့ တွန်းလှန်ခဲ့တဲ့ ရွှေဝါရောင် ဒီလှိုင်းများပါပဲ။ ဒီရွှေဝါရောင် တော်လှန် ရေးလို့ခေါ်တဲ့ သံဃာတော်များ ဦးဆောင်တဲ့ လူထုလှုပ်ရှားမှု အပေါ် နည်းနည်းလောက် ပြန်ဆန်းစစ် ကြည့် ချင်ပါ တယ်။

ဆန်းစစ်ကြည့်မှလည်း ဦးဇင်းတို့ ကောက်ချက်တစ်ခုကို ချနိုင်မှာပါ။ ဒီကောက်ချက်ဟာ ဦးဇင်းတို့ ရှေ့ဆက် ချီတက်ရမယ့် တော်လှန်ရေး ခရီးအတွက် အထောက်အကူ ပြုနိုင်ပါလိမ့်မယ်။ အဖြေက တော်တော်လေးပြောမှ ပြည့်စုံမှာပါ။ ဒါကြောင့် လတ်တလော အခြေအနေတွေ ကိုပဲ အဓိကထား သုံးသပ်ကြည့်ပါရစေ။ အရင်ဆုံး စစ်အုပ်ချုပ်ရေးစနစ်ကို သုံးသပ်ကြည့်မယ်ဆိုရင် န-အ-ဖဟာ သပ်လျှိုသွေးခွဲတဲ့ စနစ်ကို တွင်တွင် ကျယ် ကျယ်ကြီး အသုံးပြုနေတာ တွေ့ရပါတယ်။ ကြံ့ဖွံ့၊ စွမ်းအားရှင်တွေကို လုပ်ပိုင်ခွင့် အာဏာတွေ ပေးပြီး ပြည်သူ တွေနဲ့ သွေးခွဲအုပ်ချုပ်ခဲ့သလိုပဲ နိုင်ငံတော် သံဃာ့မဟာ နာယက ဆရာတော်များနဲ့ အောက်ခြေ သံဃာ တော်များကိုလည်း နည်းအမျိုး မျိုးနဲ့ သွေး ခွဲ အုပ်ချုပ်ခဲ့ပါတယ်။ ဘာကြောင့် ဒီလိုလုပ်ရသလဲဆိုရင် ပြည်သူတွေအပေါ်မှာ သံဃာထုရဲ့ သြဇာကြီးမားတာကို သိသလို ဒီသံဃာထု နိုင်ငံရေးလောကထဲမှာ ပါဝင် လာမှာကိုလည်း ကြောက်ပါတယ်။ ဒါကြောင့် ပြည်သူတွေနဲ့အလှမ်းဝေးတဲ့ မ-ဟ-န ဆရာတော် များကို အမျိုးမျိုး ချဉ်းကပ်စည်းရုံးပြီး အောက်ခြေ သံဃာတော်များအပေါ် ဝိနည်းဖြင့်လည်းကောင်း၊ တည်ဆဲဥပဒေများဖြင့် လည်း ကောင်း နည်းမျိုးစုံသုံးပြီး ဖိနှိပ်ခြင်းဖြင့် သံဃာထုကို သွေးခွဲခဲ့ပါတယ်။ ဒါဟာ သံဃာကို သင်းခွဲခြင်းဆိုတဲ့ သံဃာဘေဒကကံကို ကျူးလွန်လိုက်တာပါပဲ။ ဒေဝဒတ်လက်သစ်များလို့ ဆိုရမှာပါ။ ဒီအချက်ဟာ ရွှေဝါရောင် တော်လှန်ရေးကြီးကို သန္ဓေတည်စေခဲ့တဲ့ အချက်ပါ။

၂ဝဝ၇ သြဂုတ် ၁၉ မှာ လောင်စာဆီဈေးနှုန်းတွေ မြင့်ပြီး ကားခတွေ ရုတ်တရက် ဈေးတက်ခဲ့လို့ ၈၈ မျိုးဆက် ကျောင်းသားတွေ ဦးဆောင်ပြီး ပြည်သူတွေနဲ့အတူ လမ်းလျှောက်ဆန္ဒပြခဲ့တာကို မတရား ဖိနှိပ် ဖမ်းဆီး ခဲ့ပါတယ်။ ၂ဝဝ၇ စက်တင်ဘာ ၅ ပခုက္ကူမှာ ဖြစ်ပွား ခဲ့တဲ့ သံဃာ့အရေးကိစ္စမှာ သံဃာတော်တွေကို ကိုယ်ထိ လက်ရောက် စော်ကားခဲ့တဲ့ ကိစ္စပါ။ ရတနာသုံးပါးထဲမှာ တပါးအပါအဝင်ဖြစ်တဲ့ သံဃာတော်တွေကိုတောင် စော်ကား ရဲတယ်ဆိုတော့ ကမ်းကုန်နေပါပြီ။

ဒီလို န-အ-ဖ စစ်အာဏာရှင်တွေ တိုင်းပြည်အပေါ် မတရား ဖိနှိပ်ပြီး အဓမ္မတရားတွေနဲ့ ကြီးစိုး နှိပ်စက် နေတာကို သံဃာတော်အရှင်မြတ် များက ဓမ္မနဲ့ရင်ဆိုင်ဖို့ မြတ်စွာဘုရားရှင် ပညတ်တော်မူခဲ့တဲ့ အသမ္မုခတာ ကံရှစ်ပါးတွင် တပါးအပါအဝင်ဖြစ်တဲ့ ပတ္တနိက္ကုဇ္ဇနကံဆိုတဲ့ သပိတ်မှောက်ကံဆောင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ၂ဝဝ၇ စက်တင်ဘာ ၁၈ မှာ န-အ-ဖ စစ်အစိုးရကို သပိတ်မှောက် ကံဆောင်ကြ ရာမှ ရွှေဝါရောင် တော်လှန်ရေးကြီး စတင်ပေါ်ပေါက်ခဲ့ရပါတယ်။

သံဃာတော်အရှင်မြတ်များ စတင်ခဲ့တဲ့ ဒီအရေးတော်ပုံကြီးဟာ သံဃာတော် များအရေးကိစ္စမျှသာ မဟုတ် တော့ဘဲ ပြည်သူအားလုံးရဲ့ အရေးကိစ္စ ဖြစ်လာခဲ့ပါတယ်။ ကျောင်းသား၊ ပြည်သူများပါ ပူးပေါင်းပါဝင်လာခဲ့ပြီး အရှိန်အဟုန် မြင့်သည်ထက် မြင့်လာခဲ့ပါတယ်။ ဒါဟာ ရှစ်လေး လုံးအရေးတော်ပုံကြီး ပေါ်ပေါက်ပြီးနောက်ပိုင်း ၁၉ နှစ်ကျော်အကြာမှာ ပေါ်ပေါက်လာခဲ့တဲ့ အရှိန်အဟုန်အကြီးဆုံး လူထုတိုက်ပွဲ တပွဲပါပဲ။

အရှိန်အဟုန်ပြင်းပြင်းနဲ့ လှုပ်ရှားခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးကြီးဟာ အကျအဆုံးများစွာနဲ့ အဆုံး သတ်ခဲ့ရတယ်လို့ပဲ ဆိုရမှာပါ။ သံဃာထုနဲ့အတူ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ မပါဝင်ခဲ့တဲ့အပြင် လျစ် လျူရှုခြင်းပါ ခံခဲ့ရပါတယ်။ ဒါဟာ သံဃာထုအတွက် အနစ်နာဆုံးအချက်ပါ။ အကယ်၍ မ-ဟ-န ဆရာတော်များ ပါဝင်ခဲ့ကြမယ်ဆိုရင် န-အ-ဖ အနေနဲ့ ကိုင်တွယ်ရ တော်တော် ခက်သွားပါလိမ့်မယ်။ သို့ဆိုလျှင် ဒီအရေးတော်ပုံကြီးဟာ မအောင်မြင်ခဲ့ရင်တောင် အခုလို ရက်ရက်စက်စက် နှိမ်နင်းခံရလိမ့်မယ် မဟုတ်ဘူးလို့ ထင်မိပါတယ်။

ပြည်သူအများစုဟာ ဘေးကနေ လက်ခုပ်တီးပေးရုံလောက်နဲ့ တာဝန်ကျေပြီလို့ ထင်နေကြတယ်။ ဒါဟာ အမျိုး သားရေး တာဝန်မဲ့မှု တရပ်ပဲ ဆိုတာကို မသိကြလို့လည်း ဖြစ်နိုင်ပါတယ်။သို့ မဟုတ် နိုင်ငံရေးခေါင်းဆောင်အချို့ ကြိုတင်အဖမ်းခံတားရခြင်းနှင့် ကျန်ရှိနေသေးတဲ့ ခေါင်းဆောင်အချို့ ရဲ့  ပြင်ဆင်မှုအားနည်းခြင်း ကြောင့်လဲပဲ ဖြစ်နိုင်ပါတယ်။့ န-အ-ဖ အနေနဲ့လည်း ဘာကြောင့် ဒီလောက် ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်လိုက်ရသလဲ။ ဒါဟာ အဓိကအချက်ပါ။ လှုပ်ရှားမှုကြီးဟာ တရက်ထက်တရက် အရှိန်အဟုန် ပိုပြင်းထန်လာခဲ့တယ်။ ဒါကို သူ တို့ကြောက်တာပါ၊ ဘာကြောင့်လဲဆိုရင် ၂ဝဝ၈ မေလမှာ ဆန္ဒခံယူပွဲ လုပ်မယ်၊ ဒီဆန္ဒခံယူပွဲဟာ သူတို့ရဲ့ အနာ ဂတ်ပါ။ သူတို့စိတ်ကြိုက် ရေးဆွဲထားတဲ့ ဒီအခြေခံဥပဒေသာ အတည်ဖြစ်သွားပြီဆိုရင် စစ်တပ်က နိုင်ငံ တော်အာဏာရဲ့ လေးပုံတစ်ပုံကို အလိုလို ပိုင်ဆိုင်သွားမှာပါ။ ဒီလိုအခြေအနေမှာ ရွှေဝါ ရောင်တော်လှန်ရေးကြောင့် ဆန္ဒခံယူပွဲကို ထိခိုက်မှာ အကြောက်ကြီးကြောက်ပြီး ရက်ရက်စက်စက် ဖြိုခွဲခဲ့ တာပါပဲ။ ဒီလိုနဲ့ ဦးဇင်းတို့ရဲ့ ရွှေဝါရောင် ဒီလှိုင်းတွေ ရပ်တန့်သွားခဲ့ရတာပါ။

ဒီတော်လှန်ရေးကြီးကနေ ရွှေဝါရောင်မျိုးဆက်သစ် သံဃာတော်တွေ၊ကျောင်းသား လူငယ်တွေ၊ အမြောက် အများ မွေးထုတ် ပေးခဲ့သလို၊ အနည်ထိုင်လုလုဖြစ်နေတဲ့ လူထုရဲ့နိုင်ငံရေးစိတ်ဓာတ်ကို လှုပ်နှိုး ပေးနိုင်ခဲ့ပါတယ်။ နောက် ၂ဝဝ၄ မှာ ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံကြီးကို ကျင်းပရန်ကြိုးစားပြီး ဘာသာရေးကို ခု တုံးလုပ်တတ်တဲ့ န-အ-ဖ စစ်အာဏာရှင်ကြီးများရဲ့ ဟန်ဆောင်မျက်နှာဖုံးကို ခွာချလိုက်နိုင်ခဲ့ပါတယ်။ မြန်မာ နိုင်ငံရဲ့အရေးကိစ္စကိုလည်း ကမ္ဘာက လျစ်လျှူရှုလို့ မရလောက်အောင်လည်း သိစေခဲ့ပါတယ်။

အဓိကကျဆုံးအချက် ကတော့ သံဃာတော် အရှင်သူမြတ်များဟာ ပြည်သူရဲ့ဆွမ်းကိုစားပြီး နေသာသလို မနေ ခဲ့ပါဘူး။ ပြည်သူတွေရဲ့ အခက်အခဲ အကြပ်အတည်းတွေကို ပြည်သူတွေနဲ့အတူ တသားတည်း ရင်ဆိုင် ဖြေရှင်းတတ်တဲ့ ရင်ဆိုင်ဖြေရှင်းရဲတဲ့ ပြည်သူ့ရှေ့ဆောင် တွေ ဖြစ်ကြတယ်ဆိုတာကို ပြသလိုက်တာပါပဲ။

နိုင်ငံရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ထိုက်သင့်တဲ့အောင်မြင်မှုတော့ ရခဲ့ပါတယ်။ သာသနာ့အလံတော်ကို အမြင့်မားဆုံး လွှင့်ထူပြီး ဒီမိုကရေစီ တော်လှန်ရေးမှာ ကမ္ဗည်းမော်ကွန်း တင်နိုင်ခဲ့ပါတယ်။ ပြည်သူ၊ ပြည်သား ဒါယကာ ဒါယိကာမတွေအတွက် သံဃာ တော် အရှင်မြတ်တွေဟာ် အားကိုးထိုက်တဲ့ ကိုးကွယ်ရာအစစ်တွေ ဖြစ်ကြတယ် ဆိုတာကို သွေးနဲ့ သက်သေပြခဲ့ပါတယ်။ ကမ္ဘာ့အလယ်မှာလည်း မြန်မာရဟန်းတော်များဟာ သမိုင်းအစဉ်အလာ မညံ့ဘူးဆိုတာသိအောင် ရွှေဝါရောင်သမိုင်းအသစ်ကို ရေးထိုး လိုက်နိုင်ခဲ့ပါပြီ။

ဒါပေမယ့် စစ်ပွဲရှုထောင့်ကကြည့်မယ်ဆိုရင် အထိနာခဲ့တယ်လို့ဆိုရမှာပါ။ ပေးဆပ်မှုတွေ တအားများလွန်း လို့ပါ။ ဒီလှုပ်ရှားမှု အတွင်းမှာ သံဃာတော်နဲ့ ကျောင်းသား ပြည်သူများစွာ အသက်ပေးခဲ့ရသလို၊ ဖမ်းဆီး ထောင်ချခံခဲ့ရပါတယ်။ အချို့မှာ ယခုတိုင် ပုန်းရှောင်နေရပြီး၊ အချို့က တိုင်းတပါးသို့ ထွက်ပြေး ခိုလှုံခဲ့ကြရပါတယ်။ ပြည်တွင်း အတိုက်အခံအင်အားစုများ တော်တော်ကို အင်အား ချည့်နဲ့သွားတယ်လို့ ဆိုနိုင်ပါတယ်။ ဒီအခြေအနေကို ရောက်ခဲ့ရတာဟာ စစ်ချီ၊ စစ်တက်၊ စစ်ထိုး၊ စစ်ခံ၊ စစ်ဖျက်၊ စစ်ပြန် ဆိုတဲ့ စစ်ရဲ့ အစီအရင်တွေနဲ့ မပြည့်စုံလို့ပါ။ အကြမ်းဖက် ကိုင်တွယ်မယ်ဆိုတာ သိပြီးသား ဖြစ်ပါလျက် အဲဒီအခြေအနေကို အဆုတ်အတက် မလုပ်နိုင်ခဲ့တာလည်း ပါပါတယ်။

သံဃာထုရဲ့  နိုင်ငံရေးနည်းပရိယာယ် မကြွယ်ဝမှုကြေင့်လဲပဲ ဖြစ်နိုင်ပါတယ်။ အကြမ်း မဖက်နိုင်အောင် ပြည်ပ အဖွဲ့အစည်းများနဲ့ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံခြားတိုင်းပြည်များ ထိရောက်တဲ့ ဖိအား မပေးနိုင်ခဲ့တာ၊ နောက်ဆက်တွဲ အဖမ်းအဆီးကိစ္စကို ရှောင်လွှဲနိုင်ဖို့ လုံခြုံစိတ်ချရတဲ့ ဝပ်ကျင်းကို ကြိုတင် မဖန်တီး နိုင်ခဲ့တာတွေဟာ အားနည်းချက်တွေလို့ ဆိုရမှာပါ။

ဒီကောက်ချက်ကိုချတာဟာ ဘယ်သူကိုမှ ရည်ရွယ်တာမဟုတ်ပါဘူး။ အခြေအနေတခုကို မတူတဲ့ ရှုထောင့်ကရော၊ တူတဲ့ရှုထောင့်ကပါ အမှန်အတိုင်း သုံးသပ်ကြည့်တာပါ။ ဘာလို့လဲဆိုရင် ရှစ်လေး လုံးပြီးကတည်းက အင်အားကောင်းတဲ့ လူထုတိုက်ပွဲဆိုလို့ ဒီရွှေဝါရောင်လှုပ်ရှားမှုဟာ ပထမဆုံးလို့ ဆိုနိုင်ပါတယ်။ ဒီအတိုင်းသာ ဆက်သွားနေရင် ဦးဇင်းတို့ရဲ့ ဒီမိုကရေစီပန်းတိုင်ဟာ ဘယ်မှာလဲလို့ မေးစရာ ဖြစ်လာ ပါလိမ့်မယ်။ ဒါကြောင့် နောက်တကြိမ်မှာ ဦးဇင်းတို့လှုပ်ရှားမှုဟာ အရင်းနည်းနိုင်သမျှနည်းပြီး အမြတ်များများ လိုချင်ပါတယ်။ ဒီအားနည်းချက်တွေကို နိုင်ရာနိုင်ရာ ဝိုင်းဝန်းဖြည့်ဆီး ကြမယ်ဆိုရင် ပန်းတိုင်ဟာ လက်တကမ်းကို ရောက်လာမှာပါ။

အခုဆိုရင် သံဃာတော်တွေကို ဖမ်းဆီးထောင်ချထားတယ်။ သီလရှင် ဆရာကြီး ဆရာလေးတွေကိုလည်း ဒီလိုပဲ မတရားသဖြင့် ဖမ်းဆီးထောင်ချထားတယ်။ မဂ္ဂင်ကျောင်းတိုက်နှင့် သာသနသိပ္ပံကျောင်းတို့ကို ချိတ်ပိတ်ပစ်လိုက်သလိုမျိုး ကျောင်းတိုက် တော်တော်များများကို စာဝါတက်သံ တိတ်ဆိတ်သွားအောင် ပိတ်ဆို့ထားတယ်။ ဘာသာသာသနာကို ထွန်းကားပျံ့နှံ့အောင် စည်ပင်ဖွံ့ဖြိုးအောင် သာသနာပြုနေကြတဲ့၊ မြန်မာနိုင်ငံကို သာသနာပြုနိုင်လောက်တဲ့ အရပ်ဒေသဖြစ်သွားအောင် မေတ္တာပို့ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ သံဃာတော်များကို ရဟန်းအတုအယောင်များအဖြစ် ပုတ်ခတ် စော်ကားခဲ့တယ်။

သာသနာဆိုတာ မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ အဆုံးအမ သြ၀ါဒများပဲ ဖြစ်ပါတယ်။ တနည်း အားဖြင့်ဆိုရရင် သစ္စာတရား သဘာဝအမှန်တရားဖြစ်ပါတယ်။ သတ္တ၀ါအများကို လမ်းကြောင်းမှန်အပေါ် တင်ပေးပြီး ဘ၀ရဲ့ပြဿနာ အခက်အခဲ အကြပ်အတည်းနှင့် ကိုယ်စိတ်ပင်ပန်းမှုမျိုးစုံတို့က လွတ် မြောက်စေတတ်၊ သက်သာရာ ကိုပေးတတ်တဲ့ မီးရှုးတဆောင်လည်းဖြစ်ပါတယ်။ ၄င်းမီးရူးတဆောင်ကြီးကို တွေ့ရှိသူဟာ ဗုဒ္ဓပင်ဖြစ်ပါတယ်။ အဲဒီ သစ္စဓမ္မတွေကို တွေ့ရှိ သိရှိပြီးဖြစ်လို့လည်း ဗုဒ္ဓ အမည်ရရှိတာ ဖြစ်ပါတယ်။ သစ္စဓမ္မကိုရှာဖွေတွေ့ရှိသူ မြတ်ဗုဒ္ဓရဲ့ ပြောဆို ဆုံးမ ချက်တွေ အယူအဆတွေ ၀ါဒတွေကို ဘာ သာရယ်လို့ နာမည်ပေးပြီး ဗုဒ္ဓဘာသာလို့ ခေါ်ဆိုကြတာဖြစ်ပါတယ်။ ဒါကြောင့် ဒီသစ္စဓမ္မတွေကို နားလည် သ ဘောပေါက်ပြီး ရတနာသုံးပါးကို အားထားကိုးကွယ်ရာအဖြစ် လက်ခံကျင့်သုံးနေကြသူတွေဟာ ဗုဒ္ဓဘာသာဝင် တွေဖြစ်ပါတယ်။

ဗုဒ္ဓဘာသာရယ်လို့ နာမည်တခုနဲ့ ရပ်တည်ပြီးနေလာခဲ့တာဟာ နှစ်ပေါင်း နှစ်ထောင်ငါးရာပင် ကျော်လွန်လို့ လာခဲ့ပါပြီ။ မြတ်ဗုဒ္ဓ မရှိတော့တဲ့နောက်ပိုင်း ရဟန်သံဃာ အစဉ်အဆက်က ကိုယ်တိုင်လည်း လေ့လာသင်ယူ ကျင့်သုံး ၊ တပည့်ဒကာ ဒကာမတွေကိုလည်း လမ်းညွှန်ချက်တွေပေးပြီး လေ့လာကျင့်သုံးစေ ၊ အတုံ့ အပြန်အားဖြင့် ဒကာ ဒကာမတွေက ရဟန်သံဃာတွေကို ပစ္စည်းလေးပါးဖြင့် ထောက်ပံ့ စသည်ဖြင့် ကျွန်း ကိုင်းမှီ ကိုင်းကျွန်းမှီ အနေနဲ့ သာသနာတော်ကြီးကို ထိန်းသိမ်းခဲ့ကြလို့ ယနေ့ထိ သာသနာတော်ကြီးဟာ တည် တန့်နေနိုင်တာလည်းဖြစ်ပါတယ်။ ဆရာ ဒကာဆက်ဆံရေးမှာ တဖက်ဖက်က အားနည်းချက်တွေ ချွတ် ယွင်းချက်တွေနဲ့ရင်ဆိုင်နေရပါက ဗုဒ္ဓသာသနာဟာ ရေရှည်တည်တံ့နိုင်မည်မဟုတ်ပါ။ ဒါကြောင့် နှစ်ဘက် လုံးမှာ ရှိသင့်တဲ့စွမ်းအင် အရည်အသွေးတွေ ပြည့်ဝဖို့လိုအပ်ပါတယ်။

နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်အထိ ဗုဒ္ဓသာသနာတော်ကြီးဟာ ရပ်တည်နိုင်ခဲ့တယ် ဆိုရပေမဲ့ ချီတက်ခဲ့ရတဲ့ လမ်းကြောင်းဟာ အခါခပ်သိမ်း သာယာ ဖြောင့်ဖြူးခဲ့တာတော့ မဟုတ်ပါဘူး။ အကြပ်အတည်း အခက် အခဲမျိုးစုံတွေနဲ့ ရင်ဆိုင် ကြုံတွေ့ခံစားခဲ့ ရတာမျိုးတွေလည်းရှိခဲ့ပါတယ်။ တကယ်တော့ ဗုဒ္ဓ၀ါဒဟာ အိန္ဒိယ မြေပေါ်မှာ ပေါ်ထွန်းခဲ့တာဖြစ်ပါတယ်။ ယနေ့တော့ သာသနာ့အလင်းရောင်ဟာ အဲဒီမြေပေါ်မှာ မှေးမှိန် သွားခဲ့ရပါပြီ။ အသောကမင်းကြီးနှင့် သူရဲ့မြေးတော်တွေ အစဉ်အဆက်ထိ အိန္ဒိယမြေပေါ်မှာ သင်္ကန်း အရောင်တွေ တောက်ပနိုင်ခဲ့ပေမဲ့ ဗြဟ္မဏနွယ်ဝင် သုင်္ဂမင်းများလက်ထက်မှာတော့ ဗုဒ္ဓသာသနာ့ အရာင် အလင်းတွေဟာ ၄င်းမြေပေါ်က ပြောက်ကွယ်စပြုလာပါတော့တယ်။ သုင်္ဂခေတ် ဗြဟ္မဏပုဏ္ဏားတို့ရဲ့ လက် ထက်မှာ ဘုန်းကြီးခေါင်းတစ်လုံး ဖြတ်ယူဆက်သနိုင်ပါက ဆုတော်ငွေ-၁၀၀၀ ပေးမည်ဟု ကြေငြာလေရာ ဗုဒ္ဓ ဘာသာ ရဟန်းမှန်သမျှ တိုင်းပြည်ရဲ့အစွန်အဖျားတွေကို ထွက်ပြေး တိမ်းရှောင်ကြရပါတော့တယ်။

နောက်ပိုင်းတက်လာတဲ့ မင်းအစဉ်အဆက်ဟာ သာသနာ့ အဆောက်အဦးတွေ ကျောင်းကန်ဘုရားတွေကို လုယက်ဖျက်ဆီး ရဟန်းသံဃာတော်တွေကို သတ်ဖြတ်စသည်ဖြင့် နှိမ်နင်းရာက သာသနာအလင်းရောင်ဟာ အိန္ဒိယမြေပေါ်ကနေ ပြောက်ကွယ်သွားသည်အထိ ဖြစ်ခဲ့ရပါတော့တယ်။ အဲဒီလိုဆိုရင် သာသနာတခု အရှည်တည်တန့်ရေးအတွက် အုပ်ချုပ်သူများရဲ့ အခန်းကဏ္ဍဟာလည်း အလွန်အရေးပါတယ်ဆိုတာကို သိသာနိုင်ပါတယ်။

တိုင်းပြည်တပြည်မှာ အုပ်ချုပ်သူတွေဟာ လူအခွင့်အရေး ဘာသာရေးအခွင့်ရေးနှင့် လူဂုဏ် သိက္ခာ ကိုလေးစားတဲ့ အုပ်ချုပ်သူ အဖွဲ့အစည်းမျိုးဖြစ်ဖို့ လိုအပ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အဆောင် အယောင်လေးတွေကို လုပ်ပြနေရုံ ရုပ်ပိုင်းဆိုင်ရာအဆောက်အဦးတွေကို မိုးထိအောင်တည်ဆောက်ပြနေရုံမျှနဲ့ သာသနာပြုမင်းပါလို့ ကြွေးကြော်နေလို့မဖြစ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတခုတည်းက ဘာသာ သာသနာတခုကို ရေရှည်တည်တန့်အောင် မထိန်းသိမ်း မစောင့်ရှောက်နိုင်ပါဘူး။ သာသနာကို ထိန်သိမ်း စောင့်ရှောက်သူ ပုဂ္ဂိုလ်တွေ အပေါ်မှာဘဲ အခြေခံတာာဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အဆောက်အဦးတွေဟာ အခြံ အရံအကြောင်းတရား တခုမျှသာဖြစ်ပါတယ်။

အိန္ဒိယမြေပေါ်က သာသနာ ဘာကြောင့် ပြောက်ကွယ်သွားရသလဲ ဆိုတာတွေကို သိရှိပြီးရင် ယနေ့မြန် မာနိုင်ငံက ဗုဒ္ဓသာသနာနှင့် ရဟန်းသံဃာတော်တွေရဲ့ ဘ၀အခြေအနေတွေကို လေလာသုံးသပ် ကြည့်နိုင်ပါတယ်။ အိန္ဒိယမြေပေါ်က အဖြစ်အပျက်နဲ့ ထပ်တူကြနေပါတယ်လို့ မဆိုလိုပေမဲ့ ဗုဒ္ဓသာသနာအ တွက် အန္တရာယ်ရှိတဲ့ ပဏာမခြေလှမ်း ဖြစ်နေတယ် ဆိုတာကတော့ထင်ရှား နေပါတယ်။

ဘုရားဟော ပိဋကတ်တော်တွေထဲမှာပါတဲ့ သာသနာ ကွယ်ကြောင်းတရားတွေကို လေ့လာကြည့်ကြမယ်ဆိုရင် ----------
(၁) မြတ်စွာဘုရားရှင်ရဲ့ တရားတော်တွေကို ရိုသေစွာ နာကြားမှုမရှိခြင်း၊
(၂) စာပေသင်ကြားမှုတွေ ရပ်ဆိုင်းသွားခြင်း၊
(၃) ဘုရားဟော တရားတော်တွေကို အာဂုံဆောင်ထားမှုတွေ ကွယ်ပြောက်သွားခြင်း၊
(၄) တရားတော်တွေရဲ့ ဆိုလိုရင်းအဓိပ္ပါယ်တွေကို နားလည်အောင်မလုပ်ခြင်း၊
(၅) တရားဓမ္မ ကျင့်ကြံအားထုတ်မှုတွေ မရှိတော့ခြင်း တွေဟာ သာသနာ ပျောက်ကွယ်ခြင်းရဲ့ အကြောင်းတွေ ဖြစ် တယ်လို့ ဟောတော်မူခဲ့ပါတယ်။
သာသနာတခု အရှည်တည်တန့်ရေးအတွက် ရဟန်းသံဃာတော်များ နှင့် ဒကာ ဒကာမများရဲ့ ကျွန်းကိုင်းမှီ ကိုင်းကျွန်မှီ သဘောကို အထက်မှာ တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ရဟန်းသံဃာများဟာ ဘုရားဟော တရားတော်တွေကို လေ့လာသင်ယူခြင်း (ပရိယတ္တိ)နှင့် သိရှိထားသည့်အတိုင်း လက်တွေ့ အကောင်ထည် ဖေါ်ဆောင်ခြင်း (ပဋိပတ္တိ) တို့ဖြင့် သာသနာပြုနိုင်ရေးအတွက် ဒကာ ဒကာမတွေရဲ့ အထောက်အပံ့ကို မှီနေရ သူများဖြစ်ပါတယ်။ လူဒကာ ဒကာမတွေ အခက်ခဲ မျိုးစုံကြောင့် ရဟန်းသံဃာတွေကို မထောက်ပံ့နိုင်ခဲ့ပါရင် ရဟန်းသံဃာတော်တွေ ဘယ်လိုလုပ်ပြီး ဆက်လက်ရပ်တည် ရှင်သန်နိုင်ပါမလဲ။ ရဟန်းသံဃာတော်တွေမှ မရှိခဲ့တော့ပါလျှင် ဘုရားရဲ့တရားတော်တွေကို ထိန်းသိမ်းစောင့်ရှောက်သူတွေ မရှိတော့တဲ့အတွက် ဓမ္မဆိုတဲ့ သာသနာလည်း ဆက်လက်ရှင်သန်နိုင်တော့မည်မဟုတ်ပါ။

အဆိုပါအကြောင်း အချက်အလက်မျိုးစုံတွေကို သိရှိထားကြတဲ့ ရဟန်း သံဃာတော်တွေဟာ ပြီးခဲ့သည့်နှစ် စစ်တင်ဘာလက ငြိမ်းချမ်းစွာ လမ်းပေါ်တက်ပြီး ပြည်သူတွေရဲ့အခက်ခဲတွေကို ပြည်သူတွေရဲ့ကိုယ်စား ပြသခဲ့ကြတာဖြစ်ပါတယ်။ ပြဿနာရဲ့အခြေခံ အကြောင်းတရားတွေကို လေ့လာပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းရမဲ့အစား ကြီးလေးတဲ့အပြစ်သဖွယ် သတ်မှတ်ပြီး ရဟန်းသံဃာတော်တွေကို ဖမ်းဆီး ရိုက်နှက် နေထိုင်ရာကျောင်းတွေကိုပိတ် နေထိုင်ရာကျောင်းတွေမှာ မနေနိုင်အောင် အာဏာပိုင် ဆိုသူတွေက ရက် စက်အတင့်ရဲ့စွာနဲ့ ကျူးလွန်လာခဲ့ကြပါတော့တယ်။မြန်မာနိုင်ငံက ဖြစ်ခဲ့ပြီးနှင့် ဖြစ်နေဆဲ ဖြစ်စဉ်တွေကို လေ့လာကြည့်မယ်ဆိုရင် ပြဿနာတစ်ခုရဲ့ဖြစ်စဉ် အကြောင်းစုံလင်တွေကို ရှာပြီးဖြေရှင်းဖို့မကြိုးစားဘဲ ပြဿနာရဲ့ အ၀န်းဝိုင်း တခုလေးကိုသာကြည့်ပြီး တစ်ယောက်နဲ့တယောက် အပြစ်ဖို့တာတွေ အင် အားကြီးသူတွေက အင်အားနည်းသူတွေကို အနိုင်ယူနေတာတွေကို တွေ့မြင်နေကြရမှာ ဖြစ်ပါတယ်။ ပြဿနာပြေပြောက်ရေးကို အမှန်တကယ် လိုလားပါတယ် ဆိုရင် ဘာဖြစ် နေတယ် ဆိုတာလောက်မှာသာ ရပ်တန့်နေလို့မဖြစ်ပါဘူး ။ ဘာကြောင့်ဖြစ်လဲဆိုတာကို သုံးသပ်ပြီး ဖြေရှင်းပါမှ အမှန်တကယ် ပြဿနာ ရဲ့ပြေလည်မှုကိုရရှိမှာဖြစ်ပါတယ်။

ယခုလက်ရှိ အခြေနေထိကတော့ မြန်မာပြည်က အာဏာပိုင်တွေဟာ ရဟန်းသံဃာတွေအပေါ်မှာ အငြိုးကြီးစွာနဲ့ဘဲ ကန့်သတ်မှုတွေ မတရားချုပ်ချယ်မှုတွေ ဖိနှိပ်မှုမျိုးစုံတွေကို လွန်ကြူးနေကြဆဲပါဘဲ။အရင်က မြန်မာပြည်မှာ သံဃာတော်တွေ ရရှိတဲ့ အခွင့်အရေးတွေဟာ န.အ.ဖ စစ်အုပ်စုမပြုတ်သ၍ ပြန်လည်ရရှိတော့မည် မဟုတ်ပါ။ အကျိုးဆက်အဖြစ် စာပေသင်ကြားမှုတွေ တရားဟောကြားမှုတွေ တရားအားထုတ်မှု စတဲ့ ဘာသာရေး လုတ်ငန်းစဉ်တွေကိုပါ ထိခိုက်လာနေတဲ့အတွက် အိန္ဒိယနိုင်ငံမှာ သာသနာပြောက်ကွယ်သွားသလို ယနေ့မြန်မာနိုင်ငံမှာလည်း ဗုဒ္ဓသာသနာကွယ်ပြောက်ဖို့ လမ်းကြောင်းပေါ်ကို ဦးတည်နေတယ်လို့ဆိုရင် လွန်မယ်မထင်ပါ။ ဒါကြောင့် မြန်မာနိုင်ငံက အနာဂါတ် ဗုဒ္ဓသာသနာအရေးဟာ ယခုအတိုင်းသာ ဆက်သွားခဲ့ပါရင် အလွန်တရာမှ ရင်လေးစရာ ကောင်းလှပါတော့ တယ်။ ရွှေဝါရောင်တော်လှန်ရေးရဲ့  အကျိုးဆက်ဟာ သံဃာအားလုံး ခံစားရတာဖြစ်ပါတယ်။

အာဏာရှင် စစ်ဝါဒီတို့သည် "ရဟန်းစစ် ရဟန်းမှန်၊ သံဃာစစ် သံဃာမှန်" တို့ အား "ရဟန်းတု ရဟန်း ယောင် သံဃာတု သံဃာယောင်"ဟုစွပ်စွဲကာ ဖမ်းဆီးရိုက်နှက်သတ်ဖြတ်ခဲ့ကြသည်။ ပတ္တ နိက္ကုဇ္ဇကံ ဆောင် ကြသော သံဃာတော်များသည် အစစ်အမှန် ဟုတ်မဟုတ် ကို မြန်မာကသာမက ကမ္ဘာကပါ ယခုအခါသိရှိပြီး ဖြစ်သည်။ ကံဆောင်သံဃာတော်များ၏ လုပ်ရပ်သည် ၀ိနည်းသိက္ခာပုဒ်တော်များနှင့် ကိုက်ညီ သော ကြောင့်သာ တစ်ကမ္ဘာလုံးရှိရဟန်းရှင်လူအပေါင်းတို့က အသိအမှတ်ပြု လက်ခံခဲ့ကြခြင်းဖြစ်သည်။ အာ ဏာရှင် စစ်ဝါဒီတို့မှာကား "အမှားကို အမှန်၊ အမှန်ကို အမှား" ထင်မှတ်ယူမှား၍ ထင်တိုင်းကြဲ နေကြ သဖြင့် ဘာမှ မပြောလိုပါ။ သို့သော် တိုင်းချစ် ပြည်ချစ် မျိုးချစ်ပုဂ္ဂိုလ်များ ဖြစ်ကြသော ပြည်ထောင်စုဖွား တိုင်းရင်းသား များအနေဖြင့် တပ်မတော်ကို ခုတုံးလုပ်၍ ကိုယ်ကျိုးရှာနေကြသော အာဏာရှင် လူတစ်စုတို့အား စုပေါင်း ညီညာစွာဖြင့် တွန်းလှန်ကာကွယ်ကြပါ။ အမျိုးဘာသာ သာသနာတော်ကို ကိုယ်ပိုင်အသိ ကိုယ်ပိုင် စိတ်ဓါတ် တို့ဖြင့် ၀ိုင်းဝန်းကာကွယ် ထိမ်းသိန်းစောင့်ရှောင့်ကြပါဟု တိုက်တွန်းလိုပါသည်။

ထို့အပြင် လူသတ်ဝါဒကို အားပေးသော ပုဂ္ဂိုလ်၊ လူသတ် ၀ါဒီတို့နှင့် စီးပွါးရေး လူမှုရေး သာရေးနာရေးစသော အဆက်အသွယ်များကို လည်း လုံးဝမလုပ်ကြဘဲ ရှောင်ကြဉ်ကြပါဟု ပြောလိုပါသည်။ လူသတ် ၀ါဒီတို့မှာ ကံကြီးထိုက်ပြီးသူများဖြစ်သဖြင့် ခုရော နောင်ပါ အကျိုးယုတ်ဖို့ ရုံသာရှိတော့ သည်။ ထိုပုဂ္ဂိုလ်တို့နှင့် ပေါင်း ဖော်မိပါက အကုသိုလ်ကံတို့သည် မိမိတို့ထံသို့ ပူးဝင်ကပ်ရောက်လာနိုင်သဖြင့် ဝေးစွာရှောင်ကြဉ်ကြရန် တိုက်တွန်းရခြင်းပင်ဖြစ် ပါသည်။ အာဏာရှင်တို့သည် မိမိတို့၏ ဒုစ္စရိုက်မှုများကို ဖုံးကွယ်ရန်ကြိုးစားနေကြသော် လဲ မအောင်မြင်တော့ပေ။ အာဏာရှင်တို့က သူတို့ပိုင် မီဒီယာများမှ တစ်ဆယ့် နှစ်လတာ ကာလပတ်လုံး လိမ် ညာလှည့်စား၍ ၀ါဒဖြန့်နေကြသော်လည်း ပြည်သူတို့က မယုံတော့ပေ။ "ချောက်ထဲကို ကျလုလုဖြစ်နေသော နိုင်ငံတော် ကြီးကို စစ်တပ်က အချိန်မနှောင်းမီ ကာကွယ်လိုက်ရတာပါ" ဟု အသံကောင်း ဟစ်နေကြသော အာဏာရှင်တို့သည် သူ့တို့စကားကို သူတို့ကိုယ်တိုင် ချေဖျက်ခဲ့ကြပြီးဖြစ်သည်။ စက်တင်ဘာ အရေးတော် ပုံတွင် ထိုဖြစ်ရပ်မှန်များကို ကမ္ဘာကပါ သိရှိခဲ့ကြပြီးဖြစ်သည်။ မိမိတို့၏ မတရားမှုများကို ကမ္ဘာသိအောင် ကြေငြာသူမှာ အခြားသူများမဟုတ်ဘဲ မိမိတို့ကိုယ်တိုင်သာဖြစ်သည်ကို သသောပေါက်ကြသင့် ပါသည်။

အကြွင်းအကျန်မထားဟုဆိုကာ ရဟန်းရှင်လူပြည်သူများကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်နေရုံမျှဖြင့် ပြဿနာ များ ပြေငြိမ်းပြီးပြတ်သွားမည် မဟုတ်ပါချေ။ ရန်ကိုရန်ချင်းမတုဘဲ မေတ္တာစစ် မေတ္တာမှန်ဖြင့် အဖြေရှာမှသာ အ ဖြေမှန်ကို ရပေမည်။ ဓမ္မကို မျက်ကွယ်ပြု၍ အဓမ္မ၀ါဒကို လက်ကိုင်ကျင့်သုံးနေပါက ကိုယ့်သေတွင်း ကိုယ် တူးသလို ဖြစ်တက်သည်ကို သဘောပေါက်သင့်ကြပေ သည်။ သို့ဖြစ်ရာ ကမ္ဘာအရပ်ရပ်တွင် စက္ကန့်မလပ် နာရီ မလပ် ဖြစ်ပျက်ပြောင်းလဲ နေကြသော ဖြစ်ရပ်မှန်များကို သင်ခန်းစာအဖြစ် မှတ်ယူပြီး အချိန်မနှောင်းမီ ပြည်သူ့ ဆန္ဒနှင့်အညီ ပြုပြင်ပြောင်းလဲသင့်ပြီးဖြစ်ပါကြောင်း တိုက်တွန်းလိုက်ရပါ သည်။

နအဖစစ်ခွေးများ ၀င်ရောက်ဖျက်ဆီးခဲ့သော
၁။ တောင်ဥက္ကလာပမြို့နယ်၊ ငွေကြာယံကျောင်းတိုက်၊
၂။ ဓမ္မဇေယျကျောင်းတိုက်၊
၃။ ရွှေတောင်မော်ကျောင်းတိုက်၊
၎။ ဇဋိလာရာမကောင်းတိုက်၊
၅။ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ ဓမ္မသုခစာသင်တိုက်၊
၆။ ဗိုလ်တစ်ထောင်မြို့နယ်၊ မင်္ဂလာရာမစာသင်တိုက်၊
၇။ ပညာရာမိကကျောင်းတိုက်၊
၈။ ရန်ကင်းမြို့နယ်၊ မိုးကောင်းကျောင်းတိုင်၊
၉။ သင်္ကန်းကျွန်းမြို့နယ်၊ မဂ္ဂင်ကျောင်းတိုက်၊
၁၀။ ကျောက်စာတော်အရှေ့ကျောင်းတိုက်၊
၁၁။ ပညာတံခွန်ကျောင်းတိုက်၊
၁၂။ ဓမ္မဝေပုလ္လကျောင်းတိုက်၊
၁၃။ ရွှေကျင်တိုက်သစ်ကျောင်းတိုက်၊
၁၄။ ဗဟန်းမြို့နယ်၊ သာသနာ့သိပ္ပံကျောင်းတိုက်၊
၁၅။ သာသနာ့ဂုဏ်ရည်ကျောင်းတိုက်၊
၁၆။ ဒဂုံမြို့သစ်၊ တက္ကသီလာဇေယျသိဒ္ဓိပဋ္ဌာန်ကျောင်းတိုက်၊
၁၇။ မြောက်ဥက္ကလာပမြို့နယ်၊ သီရိဇေယျကျောင်းတိုက်၊
၁၈။ ပဏ္ဍိတာရာမကျောင်းတိုက်

----အစရှိသော စာသင်တိုက် ကြီးများနှင့်ကျောင်းတိုက်များမှ သံဃာတော်များသည် ရဟန်းတုများဖြစ် ပါသလော၊ လောင်းကစား၊ မူးယစ်ဆေးဝါးစသည် ပြုသော ရဟန်း သံဃာတော် များပေလော စသည်ဖြင့် စဉ်း စားဖွယ်ရာဖြစ်၏။ ဖော်ပြပါကျောင်းတိုက်များ မှာ အစိုးရပိုင်မီဒီယာမှ ဖော်ပြထားခြင်းဖြစ်သည်။ ထိုရေး သားချက်နှင့်ပတ်သက်ပြီး အထက်ပါကျောင်းတိုက်များမှ သံဃာတော်များ အဘယ်သို့ရောက်ကုန်ကြပြီလဲ၊ ငွေကြာယံဆရာတော် ဘယ်နေရာသို့ ရောက်နေသလဲ၊ မဂ္ဂင်ကျောင်းဆရာတော် ဘယ်နေရာသို့ ရောက် နေသလဲ၊ တက္ကသီလာဇေယျသိဒ္ဓိပဋ္ဌာန်ကျောင်း ဆရာတော် ဘယ်နေရာသို့ ရောက်နေသလဲ၊ သူတို့ သတ်ဖြတ်ပြီး မြစ်ထဲသို့ ပစ်ချထားသော ရဟန်းအလောင်းများက ဘယ်သူတွေလဲ၊ နအဖစစ်ခွေးများ ပစ် ခတ်မှုကြောင့် ဒဏ်ရာရဆေးရုံသို့ ရောက်နေသော သံဃာတော်များက ဘယ်အရာတွေလဲစသည် စသည်ဖြင့် စဉ်းစားဖွယ်ရာ ဖြစ်မိ၏။

မြန်မာနိုင်ငံမှ လက်ရှိ မ.ဟ.န ဘုန်းတော်ကြီးများသည် နိုင်ငံတကာ ထုတ်လွင့်ခဲ့သော သတင်းများ၊ ဓာတ် ပုံများကို ကြည့်ရှုမိပါ၏လော၊ အင်တာနက်၊ အီးမေလ်ဆိုသည်ကို သိပါ၏လော၊ ဤကဲ့သို့ ရက် စက်ကြမ်းကြုတ်သော နအဖ၏ လုပ်ရပ်ကို ကိုယ်တိုင်းတွေ့မြင်ကြားသိပါလော၊ မျက်စိမှိတ်၊ နားပိတ်ပြီးတော့ နအဖစစ်ခွေးများ၏ အလိမ်အညာ ပြည်တွင်းဖြစ် မီဒီယာများ ကိုသာမှီငြမ်းကိုးကား၍ ထိုသို့ဖြစ်ရပ်မှန်ဟု စာရေး သားပေးပို့ခြင်းသည် ဗုဒ္ဓဘုရားရှင်ဆိုသော စကားနှင့် ညီညွတ်ပါလော၊ မိမိ၏ညဏ်ဖြင့်စဉ်းစားပြီး (ကေသမုတ္တိသုတ်တော်)လာ ဘုရားရှင်၏စကားကို ကိုးကား၍ ပြောဆိုသော စကားဟုတ်ပါ၏လော၊ စသည် စ သည်ဖြင့် အလွန်ပင်တွေးကြည့်စရာ ကောင်းပါ၏။

နိဂုံးချုပ်ဆိုရသော် ရန်ကုန်မြို့နှင့် အခြားမြို့နယ်အသီးသီးမှ ပျောက်ဆုံးနေကြကုန်သော သံဃာတော်များ အ ဘယ်သို့ရောက်နေပါသနည်း၊ ဂျီတီအိုင်ကျောင်းဟောင်းအတွင်း ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သံဃာ များသည် အဘယ်တိုင်းပြည်က သံဃာတော်များပါနည်း၊ ကဘော်ချိုင့်ဝှမ်းသို့ အပို့ခံရသော သံဃာ တော်များသည်လည်း မည်သည့်နေရာက သံဃာတော်များပါနည်း၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းတွင် ဒေသခံကလေးသူငယ်များအား ပညာဒါနဝေငှ ပေးနေသော သိရီ လင်္ကာပြန် ဆရာတော်ဦးသီလာဝံသ(M.A.Sri Lanka) ပျံလွန်တော်မူခြင်းသည် မည်သူ၏သတ်ဖြတ်မှုကြောင့် ဖြစ်ပါသနည်း။စဉ်းစား သုံးသပ်စေလို ပါသည်။

သာသနာ့တက္ကသိုလ်၊စာသင်တိုက်များမှ သာသနာ့ မှတ်ပုံတင်များဖြင့် နယ်စပ်ဒေသ၊ တတိယနိုင်ငံများသို့  တိမ်းရှောင်ခဲ့ရသော ရဟန်းတော်များက မြန်မာပြည်မှ သံဃာအစစ် အမှန်များ ဖြစ်ကြောင်း ယခုအခါ အခက် အခဲ အားလုံးကျော်ဖြတ်ကာ သက်သေပြနိုင်ခဲ့ပြီ ဖြစ်သည်။
ဘယ်သူတွေ ဘယ်လိုစွပ်စွဲပြောဆိုကြပါစေ ပတ္တမြားမှန်လျှင်နွံမနစ်ကြောင်း ကမ္ဘာကို သက်သေပြနိုင်ခဲ့ပြီဖြစ် ကြောင်း တင်ပြလိုက်ရပါသည်။
ရွှေဝါရောင် သောတုဇန ဘိက္ခူ သံဃာ့အဖွှဲ.ကြီး (SYMO) ( www.symo.isgreat.org )

အပြည့်အစုံသတင်းဖတ်ရန်....

နှစ် (၂၀) မွေးနေ့ မင်္ဂလာပါ ကျောင်းသားတပ်မတော်..



အပြည့်အစုံသတင်းဖတ်ရန်....

အလျှောက်ကောင်းလေ..အထောင်းခံရလေလေ

အတိုက်အခံဘက်က ရှေ့ နေ အလျှောက်ကောင်းတာ.. လျှာရှည်မှုနဲ့ ခွေးဆွဲသွားပြန်ပကော။ ရှေ့ နေတောင် သူ့ ဘက်ကရှိမှတဲ့ တဖက်စောင်းနင်း နအဖ..
တရားဥပဒေ စိုးမိုးရေးဆိုတာ ဘာလဲဗျို့ 

နိုင်ငံရေးအကျဉ်းသားတွေရဲ့ ရှေ့နေကိုယ်တိုင် ထောင်ဒဏ်ချမှတ်ခံရ

30 October 2008

ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရုံးတင်စစ်ဆေးတာတွေ လုပ်နေတဲ့ တရားခွင်တွေမှာ အနှောင့်အယှက်၊ အဟန့်အတားလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရေး ယူ အပြစ်ပေးတာတွေကို အာဏာပိုင်တွေဘက်က အခုရက်ပိုင်းအတွင်း ဆက်တိုက် ဆိုသလို လုပ်လာတဲ့နေရာမှာ အခုနောက်ဆုံး အမှုမှာ လိုက်ပါကူညီပေးနေတဲ့ ရှေ့နေ ကိုပါ ထောင်ချလိုက်တဲ့အထိ ဖြစ်ပါတယ်။ ဒီလိုစွပ်စွဲချက်တွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကို မနေ့က ထောင်ဒဏ်စီရင်ခဲ့သလို ဒီနေ့လည်း နိုင်ငံရေးအကျဉ်းသားတွေရဲ့ အမှုတွေမှာ ဥပဒေအကျိုးဆောင်ပေးနေတဲ့ ရှေ့နေတဦးနဲ့ တက်ကြွလှုပ်ရှားသူတချို့ကို အလားတူ စီရင်ခဲ့ပါတယ်။


ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို မကြာသေးခင်လတွေကစလို့ ရုံးတင်စစ်ဆေးတာတွေ လုပ်တဲ့နေရာမှာ တရားခွင်ကို မထီမဲ့မြင်လုပ်တာဆိုပြီး အာဏာပိုင်တွေဘက်က အရေးယူ အပြစ်ပေးမှုတွေ လုပ်လာတဲ့နေရာမှာ ဖမ်းဆီးခံ
နေရသူတွေအတွက် ဥပဒေကြောင်းအရ လိုက်ပါကူညီပေးနေသူ ရှေ့နေတွေပါ ပါဝင်လာခဲ့တာပါ။ အခုနောက်ဆုံးဆိုရင်လည်း ဒီလိုစွပ်စွဲခံခဲ့ရတဲ့ လူငယ်ရှေ့နေတွေဖြစ်ကြတဲ့ ကိုစောကျော်ကျော်မင်းနဲ့ ကိုညီညီညီထွေးတို့ ၂ ဦးအနက်၊ ကိုညီညီထွေးနဲ့ သူတို့
လိုက်ပါဆောင်ရွက်ပေးနေရတဲ့ အမှုသည်တွေဟာ တရားခွင်ကို မထီမဲ့မြင်လုပ်တယ်ဆိုပြီး ထောင်ဒဏ် ၆ လ အသီးသီး အပြစ်ပေးခံခဲ့ရတာလို့ နီးစပ်သူ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေက ပြောပြကြပါတယ်။

"ရှေ့နေ ညီညီထွေးတို့ကျတော့ ပုဒ်မ ၂၂၈၊ တရားရုံးက ခေါ်တာတော့ မထီမဲ့မြင်မှုပေါ့။
အဲဒါကို ရှေ့နေ ညီညီထွေးရယ်၊ ရန်နိုင်ထွန်းရယ်၊ မျိုးကျော်ဇင်ရယ်၊ အောင်မင်းနိုင်ခေါ်မီးသွေးဆိုတဲ့ လေးယောက်ကို ၆ လဆိုပြီး မြောက်ပိုင်းခရိုင်တရားရုံးက ဒီနေ့ ချလိုက်တယ်။ ရှေ့နေက အဲဒီမှာတင်ထားတာ ညီညီထွေးရယ်၊ စောကျော်ကျော်မင်းရယ်။
စောကျော်ကျော်မင်းကတော့ ဒီနေ့ တရားရုံးကို ရောက်မလာဘူး။

"ဒီဘက်ကတော့ အာမခံရမယ်ထင်ပြီးတော့ ညီညီထွေးအတွက် အာမခံပြင်ထားတာပေါ့။ ဒါပေမယ့် သူတို့က ဘေးပေါက်ကနေ ထုတ်လာပြီး တခါတည်းတင်လိုက်တယ်။အာမခံလိုက်မယ့်လူတွေတောင် မသိလိုက်ဘူး။ အမိန့်တခါတည်းချလိုက်ပြီးတော့
ကားပေါ်တင်ပြီး ထောင်ထဲပြန်သွင်းလိုက်တယ်။"

အခုပြစ်ဒဏ်စီရင်ခဲ့တဲ့ စွပ်စွဲချက်အရဆိုရင် အာမခံပေးနိုင်တဲ့အမှု ဖြစ်ပေမယ့်လို့အာမခံတင်နိုင်တဲ့ အခွင့်အလမ်းတွေလည်း မရ၊ သက်ဆိုင်ရာ မိသားစုဝင်တွေကိုလည်းအသိပေးတာတွေမရှိဘဲ ဒီလို အစစ်ဆေး အမေးမြန်းမရှိ ထောင်ဒဏ်တွေ ချမှတ်ခဲ့တာ
လို့လည်း နောက်ထပ် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တဦးက ပြောပြပါတယ်။

"ကျနော်တို့က တရားခံတွေထုတ်လာတဲ့ ရှေ့တည့်တည့်က လက်ဖက်ရည်ဆိုင်မှာထိုင်နေတာ။ တရားခံတွေထုတ်နေကျ အဲဒီကပဲ ထုတ်တယ်။ အခုက နောက်ပေါက်ကနေ မသိမသာ ကျနော်တို့မသိအောင် ထုတ်သွားတယ်။ ထုတ်ပြီးတော့ ရုံးတင်ပြီး အမိန့်
တန်းချလိုက်တယ်။ ကိုညီညီထွေးကတော့ တရားသူကြီးကိုပြောတယ်၊ ကျနော်တို့ကို ခုခံချေပခွင့်ပြုဖို့၊ ရှေ့နေငှားခွင့်ပေးဖို့။ အဲလိုတင်ပြတာကို ဘာမှစကားမရှည်နဲ့တဲ့၊ထပ်ပြီး ပုဒ်မကပ်ခံရမယ်ဆိုပြီး ခြိမ်းခြောက်တယ်တဲ့၊ တရားသူကြီးက။ အဲဒါ
ကိုညီညီထွေး ပြောပြတာ။

"ကျနော်တို့ ရှေ့နေ ရှေ့ရပ်တွေနဲ့ အာမခံလုပ်ဖို့ဆိုပြီး အာမခံတွေလည်းခေါ်၊ အကုန်လုံးရောက်နေတယ်။ အာမခံတယောက်ကို နှစ်ယောက်၊ အားလုံး အာမခံ လေးယောက်တောင်ကျော်တယ်၊ ထိုင်ပြီး အသင့်စောင့်နေကြတာ။ အဲလိုစောင့်နေကြတာကို အသိ
လည်းမပေးဘူး၊ မိသားစုဝင်တွေကိုလည်း အသိမပေးဘူး။ ဒီလိုရုံးထုတ်လာမယ်၊ ဒီနေ့ တရားစီရင်မယ်၊ တရားစီရင်တဲ့အခါလည်း ရှေ့နေတွေဘာတွေနဲ့ ခုခံချေပခွင့်တွေလည်း ကြိုတင်အကြောင်းကြားခြင်း လုံးဝ မရှိခဲ့ဘူး။ တရားရုံးက အဲဒါတွေကို လုံးဝ
ပျက်ကွက်ခဲ့ပါတယ်။ မိသားစုတွေကလည်း ကျေနပ်မှု လုံးဝမရှိဘူး။ ဒီလိုမျိုးတဖက်သတ်လုပ်သွားတဲ့ကိစ္စကို။"

ပြီးခဲ့တဲ့နှစ်ထဲတုန်းက ကုန်ဈေးနှုန်းကျဆင်းရေး တောင်းဆိုခဲ့သူတွေ၊ သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေနဲ့ ဆက်စပ်ပတ်သက်ပြီး ဖမ်းဆီးခံထားရသူတွေကို ရုံးတင်စစ်ဆေးတာ တွေ လုပ်တဲ့နေရာမှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေဘက်က သူတို့ရသင့်တယ်လို့
ယုံကြည်တဲ့ အခွင့်အရေးတွေကို တောင်းဆိုတာတွေ၊ အပြန်အလှန် ချေပတာတွေရှိလာတဲ့နောက် အခုလို အာဏာပိုင်တွေဘက်က စွပ်စွဲချက်တွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ အခုနောက်ဆုံး ဥပဒေအကျိုးဆောင်တွေ အပါအ၀င် တက်ကြွ
လှုပ်ရှားသူတွေ အရေးယူခံရတဲ့ အခြေအနေအထိ ဖြစ်လာခဲ့ရတဲ့ အကြောင်းရင်းတချို့ကိုလည်း ဒီ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်က ပြောပြပါသေးတယ်။

"ပြီးခဲ့တဲ့ ၂၃ ရက်နေ့မှာ ရုံးချိန်း ချိန်းတယ်။ ချိန်းတဲ့အခါ ဦးတင်ဦးတို့ သန့်ဇင်မျိုးတို့အားလုံး ၁၁ ယောက်ကို ရုံးထုတ်လာတယ်။ အဲဒီမှာ ရန်နိုင်ထွန်းက ထပြီး ကျနော်တို့ ဒီအမှုက ဖမ်းပြီးတော့ ပြန်လွှတ်တာ တနှစ်ကြာပြီ။ တရားဝင် နိုင်ငံတော်အစိုးရက သတင်းစာက ကြေညာပြီး လွှတ်တာ။ မိဘသဖွယ် သဘောထားကြီးစွာနဲ့ ဆိုဆုံးမ၍ ပြန်လွှတ်တယ်ဆိုပြီးတော့ ရန်နိုင်ထွန်းက ထပြီးလျှောက်တာ။

"ကျနော်တို့ကို ပြန်လွှတ်တယ်ဆိုတာ ရဲချုပ်ခင်ရီလည်း သိတယ်၊ ဗိုလ်မှူးချုပ်ကျော်ဆန်းလည်း သိတယ်။ အဲဒါကို ရုံးပေါ်သက်သေအဖြစ် ခေါ်ပေးပါလို့ ပြောတဲ့အခါ တရားသူကြီးက တားတယ်။ တရားသူကြီးက ခင်ဗျားတို့အမှုသည်ကို ထိန်းပေးပါဦးဆိုပြီး ပြောတယ်။

"အဲဒီမှာ ကိုညီညီထွေးက ထပြောတယ်။ ကျနော်တို့ ရှေ့နေဆိုတာ အမှုသည်တွေရဲ့ ညွှန်ကြားချက်အရပဲ လုပ်လို့ရတယ်၊ လုပ်ခွင့်ရှိတယ်တဲ့။ အမှုသည်တွေက လွတ်လပ်စွာ ပြောတာ၊ တရားဝင်ပြောတာကို ကျနော်တို့ တားမြစ်ခွင့် မရှိဘူးတဲ့။ အဲဒါလေး
ပြောလိုက်တာ။ ဒါဆိုရင် တာဝန်မယူဘူးပေါ့လို့ တရားသူကြီးက ပြောတယ်။ အဲလို ပြောပြီးနောက်ပိုင်း အဲလိုတွေ ဖြစ်လာတာပဲဗျာ။"

မနေ့တုန်းကလည်းပဲ ၈၈ မျိုးဆက်ကျောင်းသား ၉ ဦးကို အလားတူ စွပ်စွဲချက်တွေနဲ့ပဲ ထောင်ဒဏ် ၆ လစီ အသီးသီးချမှတ်ခဲ့တာပါ။ အစောပိုင်းမှာတုန်းက ၈၈ မျိုးဆက်ကျောင်းသားတွေ အပါအ၀င် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေဘက်က သူတို့ကို တရား
ရုံးတင် စစ်ဆေးရာမှာ လက်ထိပ်ခတ်တာ၊ ခွင့်ပြုချက်မတောင်းဘဲ မှတ်တမ်းဓာတ်ပုံရိုက် တာ စတာတွေကို ကန့်ကွက်တောင်းဆိုမှုတွေ ရှိခဲ့ပေမယ့် ဒါတွေမရတဲ့အပြင် မိသားစုဝင်တွေ တရားခွင်လာရောက်ခွင့်ကိုပါ ပိတ်ပင်လိုက်တဲ့အတွက်လည်း ထိန်းသိမ်းခံနေရ
သူတွေဘက်က တရားခွင်မှာ ကန့်ကွက်တာတွေ၊ အချေအတင်ဖြစ်တာတွေ ကြီးထွားလာခဲ့တာပါ။

မနေ့တုန်းက ဒီလို ၈၈ မျိုးဆက်ကျောင်းသားတွေကို စီရင်ချက်တွေ ချမှတ်လိုက်တဲ့အတွက်လည်း တရားစီရင်ရေးစနစ်ဟာ မျှတမှုမရှိဘူးလို့ ယုံကြည်တဲ့အတွက် တရားခွင်ရဲ့ ဆောင်ရွက်ချက်တွေကို ရှေ့လျှောက် လက်ခံတော့မှာ မဟုတ်ဘူးဆိုပြီးတော့လည်း
ဒီကနေ့ အင်းစိန်ထောင်တွင်း သီးသန့်တရားစီရင်ရာမှာ ပြောဆိုခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသား အသိုင်းအ၀ိုင်းက ပြောပါတယ်။ http://www.voanews.com/burmese/2008-10-30-voa4.cfm

အပြည့်အစုံသတင်းဖတ်ရန်....

Lion Jiou Mountain ၏ နာဂစ်သို့ ကူညီလက်များ

အပိုင်း (၁)
အပိုင်း (၂)


အပိုင်း (၃)
အပိုင်း (၄)

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, October 29, 2008

ဒို့ အမျိုးတွေရဲ့ အပြုံးတွေ မပျောက်ကွယ်စေအောင် ထိမ်းသိမ်းရန် သင့်မှာတာဝန်ရှိပါတယ်.

အပြည့်အစုံသတင်းဖတ်ရန်....

Myanmar 6 Months On: Delivering Education in Emergencies


အပြည့်အစုံသတင်းဖတ်ရန်....

Assisting communities affected by cyclone Nargis

အပြည့်အစုံသတင်းဖတ်ရန်....

တိုက်ပွဲဝင်ဖို့ လိုနေပြီ။

နိုင်ငံခြားကခလေးတွေ တောင် တော်လှန်ရေးတရပ်လိုအပ်နေကြောင်း သိနေကြပါပြီ. ကျနော်တို့ ခလေးတွေ ကရောဗျာ..

အပြည့်အစုံသတင်းဖတ်ရန်....

ဒီလို Virus သတ်ပါခင်ဗျား

How to kill PrivateCam.exe virus?
Posted by: ppshein on: October 24, 2008

In: Informations Comment!
1. Open Notepad.
2. Copy and paste followings. (Red colored sentences)


taskkill /F /IM chrome.exe
taskkill /F /IM privateCam_v0.1.exe
attrib -S -H -R C:\windows\system32\chrome.exe
del C:\windows\system32\chrome.exe
REG Delete HKCU\Software\Microsoft\Windows\CurrentVersion\Policies\System /v DisableRegistryTools /f
REG Delete HKCU\Software\Microsoft\Windows\CurrentVersion\Policies\System /v DisableTaskMgr /f
REG Delete HKCU\Software\Microsoft\Windows\CurrentVersion\Policies\Explorer /v NofolderOptions /f
REG Delete HKCU\Software\Microsoft\Windows\CurrentVersion\Run /v “Yahoo Messengger” /f
REG Delete HKCU\Software\Microsoft\Windows\CurrentVersion\Run /v “Yahoo! pager” /f
gpupdate


3. Save it.
4. Change file extension from .txt to .bat (don’t save with richtextformat *.rtf)
5. Run it.
6. Search and Delete the file name: privateCam_v0.1.exe in your computer.
7. Restart your computer.

Note: Disable any kinds of anti-virus from your computer before you run .bat file.

Tags: gtalk, privatecam.exe, virus
http://ppshein.wordpress.com/2008/10/24/how-to-kill-privatecamexe-virus/

အပြည့်အစုံသတင်းဖတ်ရန်....

( န အ ဖ ) တို့  ပြော သော တိုး တက် နေ သော မြန် မာ ပြည် ။ ( အ ပိုင်း ၁၂ )

ပျောက် ကွယ် ဆုတ် ယုတ် လာ နေ သော ဘာ သာ ရေး ဆိုင် ရာ ပွဲ တော် များ ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အောက် တို ဘာ လ ( ၂၈ ) ရက် ဆို ရင် ၊ သီ တင်း ကျွတ် လ ကွယ် သွား ပါ ပြီ ။ ယ ခု တန် ဆောင် မုန်း လ ကို ရောက် ခဲ့ ပါ ပြီ ။ ငယ် စဉ် က ကြား ခဲ့ ဖူး သော သီ ချင်း စာ ချိုး လေး တစ် ပိုင်း တစ် စ ကို သ တိ ရ မိ ပါ တယ် ။ ( တန် ဆောင် မုန်း တန် ဆောင် တိုင် ၊ ဆီ မီး ရယ် က မြိုင် မြိုင် ဆိုင် ဆိုင် ) ။ တန် ဆောင် မုန်း လ မ တိုင် မီး သီ တင်း ကျွတ် လ မှာ ဆို ရင် တော့ ရန် ကုန် အ ရှေ့ ပိုင်း က ( ရေ ကျော် ၊ ပု ဇွန် တောင် ) ကျောက် မြောင်း ၊ စ တဲ့ နေ ရာ တွေ မှာ ပွဲ လမ်း သ ဘင် တွေ နဲ့  စည် ကား ခဲ့ ပါ တယ် ။ ကြည့် မြင် တိုင် ၊ က မာ ရွတ် လှည်း တမ်း ၊ တွေ မှာ လည်း တိုး မ ပေါက် အောင် ရှိ ခဲ့ ပါ တယ် ။ ပွဲ လမ်း သ ဘင် ဆို တဲ့ စ ကား နဲ့  အ ညီ ၊ အ ငြိမ့် ပွဲ ၊ ဇတ် ပွဲ ၊ တေး သ ရုပ် ဖေါ် ၊ stage show ၊ တွေ အ မျိုး မျိုး နဲ့  ၊ က စား စ ရာ ( ချား ၊ ရ ဟတ် ) အ ရုပ် မျိုး စုံ ၊ စား စ ရာ မျိုး စုံ တို့  ဖြင့် ဝေ ဝေ ဆာ ဆာ ပျော် စ ရာ ကောင်း ခဲ့ ရ သော ( စာ ရေး သူ ) တို့  ၏ ငယ် ဘ ၀ ကို အ မှတ် တ ရ ရှိ မိ ပါ တယ် ။ ( ယ ခု ခေတ် လို ဈေး သည် များ စား စ ရာ များ သာ ရောင်း ချ နေ သော ) ဈေး ပွဲ တော် ( ပွဲ တော် အ တု ) မ ဟုတ် ပါ ချေ ။
သီ တင်း ကျွတ် ပွဲ တော် အ ပြီး ၊ တန် ဆောင် မုန်း လ အ ခါ မှာ ရောက် ရှိ လာ တဲ့ ပွဲ တော် က တော့ ( န က္ခတ် တာ ယာ ) စုံ လင် တဲ့ ( နက္ခတ် သ ဘင် ) တန် ဆောင် တိုင် ပွဲ တော် ပါ ပဲ ။ တန် ဆောင် တိုင် ပွဲ တော် ကို တော့ ၊ ရန် ကုန် မြို့  အ နောက် ပိုင် လ သာ နဲ့  လမ်း မ တော် မြို့  နယ် တွေ မှာ ကျင်း ပ ကြ ပြီး ၊ ( လမ်း မ တော် မြို့  နယ် ) က တော့ အ ဓိ က တိုး မ ပေါက် အောင် စည် ကား ခဲ့ သော မြို့  နယ် တစ် ခု ပါ ပဲ ။
ပွဲ လာ ကြည့် သူ ဟာ ၊ လမ်း ထိပ် တိုင်း မှာ ရှိ နေ တဲ့ ( တေး သ ရုပ် ဖေါ် ) စင် တွေ ကို ကြည့် ရင်း ၊ လမ်း လျောက် စ ရာ မ လို ပဲ ၊ တစ် နေ ရာ မှ တစ် နေ ရာ ကို ( လူ စီး ကြောင်း ) နှင့် အ တူ ပါ သွား အောင် ပင် ၊ တိုး မ ပေါက် စည် ကား ခဲ့ ပါ တယ် ။
လမ်း မ တော် ( ၁၃ ) လမ်း၊ အောက် လမ်း ( ဦး ဘ ဂျမ်း ) လမ်း မှာ ဆို ရင် တော့ ၊ ကာ တွန်း ပြ ပွဲ က နာ မည် ကြီး ပါ တယ် ။ ခေတ် အ ဆက် ဆက် က မ မှန် မ ကန် လုပ် ရပ် များ ကို ကာ တွန်း များ ရေး ဆွဲ ပြီး ၊ ပြည် သူ ကို အ သိ ပေး သော မီ ဒီ ယာ လုပ် ငန်း ကို လုပ် ခဲ့ ကြ သော ကာ တွန်း ဆ ရာ များ ၏ လက် သံ ပြောင် မှု ကို ( ကာ တွန်း ဦး ဘ ဂျမ်း ) လမ်း မှာ မြင် တွေ့  ရ မှာ ပါ ။
ည ဖက် ပွဲ ဈေး များ ၊ ဇတ် ပွဲ များ မ တိုင် မီ ၊ နေ့  ဖက် ပိုင်း မှာ တော့ ၊ လမ်း များ အ လိုက် ပြု လုပ် ကြ သော ၊ ဆွမ်း ဆန် စိမ်း ( စာ ရေး တံ မဲ ) လောင်း လှူ ပွဲ ။ ပိုက် ဆံ ကျဲ သော ရွှေ မိုး ငွေ မိုး ရွာ ပွဲ ၊ ည ပိုင်း စ တု ဒီ သာ ကျွေး ခြင်း များ ဖြင့် ( ဗုဒ္ဓ ဘာ သာ ၀င် ) တို့  ၏ ကု သိုလ် ပြု ပွဲ များ ကား ၊ အံ့ မ ခန်း နိုင် အောင် ၀ ပြော စည် ပင် ခဲ့  ဖူး ပါ သည် ။
ထို ခေတ် ကား ( န အ ဖ ) တို့  ပြော သော တိုး တက် နေ သည့် ယ နေ့  ကာ လ တွင် အ လုံး စုံ ပျက် သုန်း ခဲ့ ရ ပါ ပြီ ။
တန် ဆောင် တိုင် ပွဲ တော် က ( မုန့်  ရောင်း ၊ သီ ချင်း ဖွင့် ) ပြီး တော့ ဟို ဘက် လျောက် ၊ ဒီ ဘက် လျောက် ၊ ဘီ ယာ သောက် ၊ ဆေး ပြား မျို ၊ ရင် ပေါ် ဖင် ပေါ် ၀တ် ၊ ည ၁၂ နာ ရီ ဆို ရင် သိမ်း ၊ စည် ပင် က အ ကွက် ချ ၊ ( ရ ယ က ) က အ ကွက် ချ ပြီး ဈေး ရောင်း ဖို့  နေ ရာ ရောင်း စား ၊ အိပ် ထဲ ထည့် ၊ ( မ ယ က ) ကို ( ရ ယ က ) က လာဘ် ထိုး ၊ လုံ ခြုံ ရေး တွေ က ဈေး သည် တွေ ဆီ က ပိုက် ဆံ မ ပေး ပဲ အ လ ကား စား ၊အို xxxxxxxxxxxxxဖြစ် ချင် တိုင်း ဖြစ် ၊ ပျက် ချင် တိုင်း ပျက် နေ တာ ပါ ပဲ ။

အ ဆိုး ဆုံး က တော့ xxxxx ဒီ နှစ် ဆွမ်း ဆန် စိမ်း လောင်း ပွဲ တွေ မှာ ၊ လမ်း အ လိုက် က မိ မိ တို့  လောင်း လှူ တဲ့ လှူ ဘွယ် ၀ တ္ထု တွေ ကို လောင်း ဖို့  သံ ဃာ များ ပင့် ဆောင် ရာ မှာ ( ပင့် ဆောင် သူ က မိ မိ ပင့် လာ သော သံ ဃာ နှင့် ပတ် သက် သည့်  ၊ ဘွဲ့  အ မည် ၊သီ တင်း သုံး ရာ ကျောင်း အ မည် စ သည် ဖြင့် အ ချက် အ လက် များ ကို တင် ပြ ရ ခြင်း)
ဖြစ် ပါ တယ် ။ ဒီ့ အ ပြင် ၊ ဖြစ် လာ မည့် ကိစ္စ အ ၀၀ ကို တာ ၀န် ယူ ရ မှာ ဖြစ် ပါ တယ် ။ အဲ ဒီ လို တောင်း ယူ ထား တဲ့ စာ တွေ ကို လမ်း မ တော် ( မ ယ က ) ရုံး ကို ( ၂၈ ) အောက် တို ဘာ လ နောက် ဆုံး ထား ပေး ပို့  ရ မယ် လို့  အ မိန့်  ထုတ် ပါ တယ် ။

ဆွမ်း လောင်း လို တဲ့ ဒ ကာ တွေ ကို ချည် နှောင် တာ ပါ ပဲ ။ တ ချို့  ဒ ကာ ၊ ဒ ကာ မ ၊ တွေ ဟာ ဒီ လုပ် ရပ် ကြောင့် ၊ ကြောက် စိတ် နဲ့  ၊ တွန့်  ဆုတ် ကုန် ကြ ရ ပါ တယ် ။ မိ မိ တို့  သာ သ နာ ၊ ဘာ သာ ကို ချိုး နှိမ် နေ တာ ပါ ။ သံ ဃာ တို့  ရဲ့  လာဘ် လာ ဘ ကို မ ရ အောင် အ နှောက် အ ယှက် ပြု နေ တာ ပါ ပဲ ။
ဒီ အ ဖြစ် က ( န အ ဖ ) လက် ထက် တိုး တက် လာ နေ တဲ့ ဘာ သာ မဲ့ ( စစ် သား ) တွေ ရဲ့  မိုက် ရိုင်း မှူ တစ် ခု ပါ ပဲ ။

( အ ဘ ယ )

အပြည့်အစုံသတင်းဖတ်ရန်....

တက်ချင်သူတွေ လာကြဗျို့ ။ မျိုးချစ်စိတ်ဘဲရှိဖို့ လိုတယ်။

၂ / ၂၀၀၈ ကျောင်းသားတပ်မတော် အခြေခံစစ်ပညာသင်တန်း
http://www.absdf8888.org/

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာပြည်သူပြည်သားဆိုသည်မှာ ဘာလည်း

ရင်ကိုထိစေတဲ့ ရေးသားချက်လေးပါ ။ ဝေမျှပါတယ်ခင်ဗျား

အပြည့်အစုံသတင်းဖတ်ရန်....

ပြင်ဆင်ဖွဲ့ စည်းခြင်း

အပြည့်အစုံသတင်းဖတ်ရန်....

ချကြွေးနေတဲ့ အရိုးအရင်းများ

စစ်မှုထမ်းဟောင်းများသာ ဦးပိုင်တက္ကစီကားများ မောင်းနှင်ခွင့်ရှိ
NEJ/ ၂၉ အောက်တိုဘာ

ရန်ကုန်တွင် ပါရမီအမည်ရှိ တက္ကစီကားများကို စစ်မှုထမ်းဟောင်းများသာ မောင်းနှင်ခွင့်ရရှိသည်။

မြန်မာ့စီးပွားရေး ဦးပိုင် လက်အောက်ခံ ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်က ဂျပန်မှ တင်သွင်း သည့် ရန်ကုန်အတွက် ပါရမီအမည်ရှိ တက္ကစီများ မောင်းနှင်ခွင့်ကို စစ်မှုထမ်းဟောင်းများသာ ရရှိကြောင်း အဆိုပါ ကုမ္ပဏီမှ ၀န်ထမ်းတဦးကပြောသည်။

ဂျပန်မှ မှာယူထားသည့် Toyota Mark II ယာဉ်စီးရေ (၁၀၀)ကို ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်ပြေး ဆွဲနေ ခြင်းဖြစ်သည်။

အဆိုပါ ကားများ ပြေးဆွဲရန်အတွက် ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီက ယာဉ်မောင်းများ ခေါ်ယူရန် လျှောက်လွှာပေါင်း (၃) သောင်းကျော် ရရှိခဲ့ကြောင်း၊ ၎င်းတို့အနက် စစ်မှုထမ်းဟောင်းများကို ဦးစားပေးရွေးကြောင်း၊ စပေါ်ငွေ (၃) သိန်းတင်ရကာ တနေ့ အုံနာကြေး (၁) သောင်းပေးဆောင်ရကြောင်း၊ နံနက် (၆) နာရီမှ ည (၆) နာရီထိဖြစ်ပြီး နေ့လည် (၁၂) နာရီ အ၀င်ပြရကြောင်း၊ ကားကို ကားမောင်းသူ ကိုယ် တိုင် ကွန်ပျူတာ စနစ်သုံး လုံခြုံရေး လက်ဗွေနှိပ်ပြီးမှ ထုတ်ယူခွင့်ရရှိကြောင်း လျှောက်ထားသူ ယာဉ်မောင်းများ က ပြောသည်။

“ဦးပိုင်ဆိုတာက စစ်အစိုးရရဲ့လူတွေနဲ့ ဖွဲ့ ထားတာပဲ၊ စစ်မှုထမ်းဟောင်းတွေပဲ ရမှာပေါ့၊ စစ်တပ်နဲ့နီးစပ်တဲ့ အသိုင်းအ၀န်းတွေ ကောင်းစားနေချိန်ပဲ၊ သူတို့ အသိုင်းအ၀ိုင်း ကောင်းစားဖို့ ဒီကားတွေကို စစ်မှုထမ်း ဟောင်းတွေကို ပေးတာပေါ့။ စည်းရုံးထားတာလည်း ပါတယ်” ဟု မ ထ သ ယာဉ်မောင်းတဦးက ပြောသည်။

ရန်ကုန်တွင် ယခုအခါ ပါရမီတက္ကစီ စီးရေ (၂၃၄) စီး ရှိပြီဖြစ်ကြောင်း ဗန္ဓုလသယ်ယူပို့ဆောင်ရေး မှတရားဝင် စာ ရင်းများအရ သိရသည်။

ပါရမီတက္ကစီများကို မောင်းချင်သူများကြကြောင်း၊ အကြောင်းမှာ စပေါ်နည်းပြီး ပြင်ဆင်စားရိတ် မရှိ သည့်အတွက် ရသည့်ငွေမှာ အသားတင်ဖြစ်သည့်အပြင် လမ်းတွင် မီးနီဖြတ်မိခြင်း၊ လမ်းကြောမှားခြင်းတို့မှအစ ယာဉ်ထိန်းရဲနှင့် ရှင်းပါက ပါရမီမို့ အဆင်ပြေကြောင်း၊ အပြင်ကားများမှာမူ စပေါ်တင်ပါက (၁၀) သိန်း ၀န်းကျင် ပေးရပြီး ပြင်ဆင်စားရိတ်များလည်း ကိုယ်တိုင်ကြခံကြကြောင်း၊ ထို့ကြောင့် ကားမောင်းသူများက ယာဉ်အ သစ်ဖြစ်သည့် ပါရမီယာဉ်များကို ကြိုက်နှစ်ကြကြောင်း တက္ကစီသမားများက ပြောသည်။

ပါရမီယာဉ်မောင်းတဦးက “ကျနော် တနေ့ကို (၂) သောင်းခွဲကတော့ ရတယ်၊ တခါတခါ (၃) သောင်းထိရ ဖူး တယ်၊ အုံနာကြေး (၁) သောင်းဆိုတော့ ပါရမီယာဉ်မောင်းတာ ကိုက်တယ်” ဟု ပြောသည်။
http://www.newskhitpyaing.co.cc/?p=797

အပြည့်အစုံသတင်းဖတ်ရန်....

သူခိုးလက်က သူဝှက်လု

ရန်ကုန်ရှိ ထောက်လှမ်းရေးပိုင် တိုက်ခန်းများ လေလံတင်ရောင်းချNEJ/ ၂၉ အောက်တိုဘာ ၂၀၀၈

နိုင်ငံပိုင်အဖြစ်သိမ်းဆည်းထားသည့် ဗိုလ်ချုပ်ကြီး ဟောင်းခင်ညွှန့်နှင့် ၄င်း၏အဆက်အနွှယ်များ ပိုင်ဆိုင်သည့် တိုက်ခန်းများ အပါအ၀င် တိုက်ခန်း (၅၀)ကျော်ကို စစ်အစိုးရက ဈေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချလျက်ရှိ ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန (အိုးအိမ်) သတင်းရပ်ကွက်မှ သိရသည်။

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန လက်အောက်ရှိ နိုင်ငံပိုင်သိမ်းဆည်းထားသောပစ္စည်းများ စီမံခန့်ခွဲမှု ကော်မတီက တိုက်ခန်းများကို ပြန်ရောင်းချနေခြင်းဖြစ်ပြီး ရောင်းချသည့် တိုက်ခန်း(၅၂)ခန်း အနက် ဗိုလ်ချုပ်ကြီး ဟောင်း ခင်ညွှန့်ပိုင် တိုက်ခန်း (၁)ခန်း၊ ၎င်း၏သား ရဲနိုင်ဝင်း၏တိုက်ခန်း (၁)ခန်း၊ ၎င်း၏ ကိုယ်ရေး အရာရှိ နိုင်ဌေး၏ တိုက်ခန်း (၁၃) ခန်းနှင့် ၎င်း၏သားမက်ပိုင် တိုက်ခန်း(၆)ခန်းတို့ပါဝင်သည်ဟု အိုးအိမ်ဌာနနှင့် နီးစပ် သူတဦးကပြောသည်။

တိုက်ခန်းဝယ်ယူလိုသူတို့အနေဖြင့် ရန်ကုန်ရှိ အိုးအိမ်ဦးစီးဌာနသို့ အောက်တိုဘာလ (၃၁) ရက်နေ့နောက်ဆုံး ထား၍ တင်ဒါတင်သွင်းရမည်ဖြစ်ကြောင်း၊ တိုက်ခန်းဝယ်ယူခွင့်ရရှိထားသူတို့အနေဖြင့် တိုက်ခန်းတန်ဖိုးအပြင် အခွန်ငွေ (၁၅) ရာခိုင်နှုန်းကိုပါ တပါတည်း ပေးသွင်းရမည်ဖြစ်ပြီး တိုက်ခန်းလွှဲပြောင်းလက်ခံခြင်းနှင့် လူနေ ထိုင် ခွင့်ကိစ္စကို သက်ဆိုင်ရာက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အိုးအိမ်ဌာနက ကြေညာထားသည်။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို ၂၀၀၄ အောက်တိုဘာ (၁၉)ရက်တွင် နအဖ စစ်အစိုးရက ကျန်းမာရေး အ ကြောင်း ပြချက်ဖြင့် ၀န်ကြီးချုပ် တာဝန်မှအနားပေးလိုက်ပြီး ၂၀၀၅ ဇူလိုင်တွင် အဂတိလိုက်စားမှု အပါအ၀င် စွဲချ က် (၈)ခုဖြင့် တရားစွဲဆိုကာ ဆိုင်းငံ့ ထောင်ဒဏ် (၄၄)နှစ် ချမှတ်ခဲ့သည်။ သို့သော် ၎င်း၏အဂတိလိုက် စားမှုများနှင့် ပတ်သက်၍ အများပြည်သူများသိရှိရန် ယခုအချိန်အထိ စစ်အစိုးရက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးချေ။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့် နှင့်ဆက်နွှယ်သည့် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်(၃၀၀)ကျော်ကိုလည်း စီးပွားရေး မသမာမှု၊ လာဘ်စားမှုများဖြင့် ထိုစဉ်က ဖမ်းဆီးအရေးယူခဲ့ပြီး အချို့ကို ထောင်ဒဏ်နှစ် (၁၀၀) ကျော် အထိချ မှတ်ခဲ့သော်လည်း အဆိုပါ လာဘ်စားမှုများကို အများပြည်သူသိအောင် စစ်အစိုးရမှ ထုတ်ပြန်နိုင်ခြင်း မရှိခဲ့ပေ။

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက သိမ်းဆည်းထားသောတိုက်ခန်းများအား ပြန်ရောင်းချနေသည့်နည်းတူ ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနကလည်း နိုင်ငံပိုင်အဖြစ် သိမ်းဆည်းထားသော ကားအစီး (၁၀၀) ကျော်ကို တောင်ငူမြို့၌ လေလံတင်ရောင်းချခဲ့ပြီး ရန်ကုန်၌လည်း ထပ်မံရောင်းချရန်စီစဉ်နေကြောင်း စုံစမ်းသိရသည်။

အပြည့်အစုံသတင်းဖတ်ရန်....

အဟမ်း အဟမ်း အမိန့် တော်မှတ်မယ်။

မင်းကိုနိုင် အပါအ၀င် ၈၈ ကျောင်းသားခေါင်းဆောင် ၉ဦးကို တရားရုံးမထေမဲ့မြင်မှုဖြင့် ထောင်ဒဏ် ၆လစီ အပြစ်ပေး

29 October 2008

၈၈ခေါင်းဆောင် ကိုမင်းကိုနိုင် အပါအ၀င် ၉ဦးကို တရားရုံးကို မထီမဲ့မြင်ပြုတဲ့ ပုဒ်မနဲ့ တရားလို အရာရှိဖြစ်တဲ့ ဦးမြကြိုင်ကနေ တရားစွဲဆိုခဲ့ပြီး တရားရုံးကို တင်ပြရာမှာ တရားရုံးက ဒီနေ့မှာ ထောင်ဒဏ် ၆ လ အပြစ်ပေး လိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကျောင်းသားတွေရဲ့ အမှုလိုက်ရှေ့နေ ဦးအောင်သိန်းက ကြားသိရသမျှကို အခုလို ပြောပြပါတယ်။

“မင်းကိုနိုင်ရယ်၊ ကိုကိုကြီးရယ်၊ လှမျိုးနှောင်ရယ်၊ မြအေးရယ်၊ ဥာဏ်လင်း၊ ပြုံးချို၊ အောင်သူ၊ ဌေးကြွယ်၊ မျိုးရန်နိုင်တို့ ကိုးဦးကို အမှုကနေ ဖယ်ထုတ်ပြီးတော့ လျှောက်ထားတယ်။ သူတို့ကို တရားရုံးကို မထိလေးစား ပြုလုပ်တဲ့ ပုဒ်မ အရေးယူပေးဖို့ ဆိုပြီး ဦးမြကြိုင်က တရားရုံးကို လျှောက်ထားတယ်။ ပြီးတော့ အဲဒီ အမှုကို တရားရုံးက အမိန့်မချသေးဘူး။ ခဏ ဆိုင်းထားဦးမယ်လို့ ပြောတယ်။ ပုဒ်မ ၂၂၈အရ တရားရုံးကို အနှောက်အယှက်ပေးတယ်။ တရားရုံးကို အမှုစစ်ဆေးရာမှာ ဟန့်တား နှောက်ယှက်မှုတွေ ပြုတဲ့ အရေးယူပေးဖို့ လျှောက်တယ်။ ဒီနေ့ကျတော့ သူတို့ ၉ယောက်ကို ရုံးထုတ်တယ်။ သူတို့ကို ထောင်ဒဏ် ၆ လစီ ပြစ်ဒဏ်ပေးတယ်။”

ကျောင်းသားခေါင်းဆောင်တွေကို စွဲဆိုထားတဲ့ ထားတဲ့ ပုဒ်မတွေက အများကြီးရှိသေးပေမယ့် ဒီနေ့ စစ်တဲ့ အမှုထဲမှာတော့ အဲဒီ အမှုတွေ မပါလာပါဘူး။ http://www.voanews.com/burmese/2008-10-29-voa2.cfm

အပြည့်အစုံသတင်းဖတ်ရန်....

ယခင် သတင်းများ ဖတ်ရန်