Tuesday, September 30, 2008

ထိုင်းနိုင်ငံရောက် မြန်မာ့ ဘဝများ

အပြည့်အစုံသတင်းဖတ်ရန်....

ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် . နာဂိုယာ။ ဂျပန်

အပိုင်း (၁)

အပိုင်း (၂)

အပြည့်အစုံသတင်းဖတ်ရန်....

သားချင်းတွေရဲ့ ယဉ်ကျေးမှူတွေ နအဖကြောင့် တိမ်ကောရတော့မလား..

ပဒေါင် ကယန်း အမျိုးသမီးများ ကြေးကွင်းဖြုတ်သူများလာ

သတင်း - ကန္တာရ၀တီတိုင်း(မ်)
Written by ခူးပါးရယ်
Monday, 29 September 2008 11:27

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်တွင် နေထိုင်ကြသော ကယန်း (ခေါ်) ပဒေါင် လည်ပင်းရှည်ကျေးရွာမှ အမျိုး သမီးများ အချို့သည် တတိယနိုင်ငံကို သွားရောက်အခြေချ နေထိုင်နိုင်ရန် မျှော်လင့်ချက်များစွာဖြင့် ပတ်ထား သော ကြေးကွင်းများကို ပြန်လည်ဖြုတ် ထားခဲ့ကြသည်။

သို့သော် အရွယ်ရောက် အမျိုးသမီးငယ်အချို့မှာ ခေတ်ရေစီးကြောင်းကြောင့် ကြေးကွင်းများကို ပြန်ဖြုတ် ထားကြသည်ဟု ဆိုခဲ့ကြသည်။ ပတ်ထားသော ကြေးကွင်း ပြန်ဖြုတ်သူ ကယန်းအမျိုးသမီး စုစုပေါင်း ဦးရေမှာ ၂၀ ၀န်းကျင်ခန့် ရှိပြီ ဖြစ်သည်။

ကယန်းသာယာ (ခေါ်) သော်ရိုးလဲကျေးရွာမှ အသက် (၂၀) အရွယ်ရှိ အထက ကျောင်းသူတစ်ဦးက “ အစက ကျမ တို့ ကြေးကွင်း ပတ်တယ်၊ ကျမတို့ တတိယနိုင်ငံသို့ သွားချင်တော့ ထိုင်းအာဏာပိုင်တွေက ကျမတို့ကို ဖြုတ်ခိုင်းတယ်၊ ဖြုတ်တော့ မသွားရပြန်ဘူး၊ အရင်နှစ်ကဘဲ၊ နောက်ပြီး သွားချင်ရင် စခန်းထဲကို ရွှေ့ပြောင်းနေထိုင်ပေါ့ ပြောတော့ ကျမတို့လည်း တတိယနိုင်ငံကို သွားချင်တော့ ဒီစခန်းကို ပြန်ရွှေ့ပြောင်း လာရတာပါ ” ဟု ပြောသည်။

အလားတူပင် အသက် (၁၆)နှစ်အရွယ်ရှိ ဟွေပူးကဲကျေးရွာမှ အေးမြင့်ဆိုသူကယန်းအမျိုးသမီး တစ်ဦးကလည်း ဤနေရာဒေသ၌ နေထိုင်ရခြင်းသည် ရှေ့ဆက်ပညာရေး မျှော်လင့်ချက်ကင်းမဲ့ခြင်း၊ ကျန်းမာရေးနှင့် မညီ ညွတ်ခြင်း၊ ခရီးသွားလာခွင့်မရှိခြင်းနှင့် ထိုင်းဘာသာစကားမပြောတတ်ခြင်း စသည့်အခက်ခဲများကြောင့် တတိ ယနိုင်ငံကို သွားရောက်အခြေချ နေထိုင်နိုင်ရန်အတွက် ကြေးကွင်းများ ဖြုတ်ထားရခြင်းဖြစ်သည်ဟု ဆိုသည်။

သို့ရာတွင် ဆယ်တန်းလွန် (Post-ten) ကျောင်းသူ ဖြစ်သည့် မူပါလီ ဆိုသူတစ်ဦးက သူမ၏ ကိုယ်ခန္ဓာပေါ်၌ ကြေးကွင်းများ ပတ်လာခဲ့သည်မှာ အချိန်ကာလအားဖြင့် ၁၀ နှစ်ကျော် ကြာပြီဖြစ်၍ လွတ်လွတ်လပ်လပ် သွား လာချင်သောကြောင့် ကြေးကွင်းများဖြုတ် ထားရခြင်း ဖြစ်သည်ဟု ပြောသည်။ ၎င်းက “မပတ်ချင်တော့လို့။ ပတ်ထားရတာ ကြာပြီ ” ဟု ပြောသည်။

မယ်ဟောင်ဆောင် ခရိုင်အတွင်းရှိ တတိယနိုင်ငံကို လျှောက်ထားခဲ့ကြသော ကယန်းကျေးရွာသုံးရွာတို့မှာ သော် ရိုးလဲ မှ အိမ်ခြေ (၃၀) ကျော်၊ ဟွေ့ပူကဲမှ အိမ်ခြေ (၁၂) အိမ်နှင့် ဟွေ့စူထောက်ကျေးရွာမှ အိမ်ခြေ (၃) အိမ်တို့သည် အမေရိကန်နိုင်ငံကို လျှောက်ထားခဲ့ကြသည်။

ယခင်လ (၁၇) ရက်နေ့က ကယန်းသာယာ (ခေါ်) သော်ရိုးလဲကျေးရွာမှ ကယန်းကြေးကွင်းပတ် မိသားစုတစု သည် နယူးဇီလန်နိုင် ငံသို့ ပထမဦးဆုံး ထွက်သွားခွင့် ရရှိခဲ့ပါသည်။ သို့သော် ယင်းမိသားစုသည် ကြေးကွင်း များ ပြန်လည်ဝတ်ဆင်ထားခြင်း မရှိကြောင်း သိရသည်။
တိုင်းရင်းသားအသံ မှ

အပြည့်အစုံသတင်းဖတ်ရန်....

ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၄)လ ပြည့်ပြီ

ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၄)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား ဂျပန်နိုင်ငံတွင် ကျင်းပ

၃၀စက်တင်ဘာ ၂၀၀၈ မေ ၃၀
ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၄)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ကျင်းပခဲ့ရာ ဂျပန် ရောက်မြန်မာဒီမိုကရေစီလုတ်ရှားသူများ အယောက် ၉၀ ခန့် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။
သတင်းဓါတ်ပုံကြည့်ရန်

အပြည့်အစုံသတင်းဖတ်ရန်....

( ကု သိုလ် သ စ္စာ ) မည်သည်

အ မျိုး မြင့် မြတ် သော အာ ဇာ နည် တို့  ထာ ၀ ရ ဆောင် အပ် သည့်
( ကု သိုလ် သ စ္စာ )

ကု သိုလ် သ စ္စာ မှာ ၊ အ ကု သိုလ် သ စ္စာ နှင့် ဆန့်  ကျင် ဘက် ( ပ ဋိ ပ က္ခ ) ဖြစ် သည် ။ အ ကု သိုလ် သ စ္စာ နှင့် ကု သိုလ် သ စ္စာ နှစ် မျိုး လုံး တွင် ၊ ပီ တိ ၊ သု ခ ၊ သော မ န ဿ တို့  ရှိ ကြ သည် ချည်း ဖြစ် ကြ ၏ ။သို့  ရာ တွင် အ ကု သိုလ် သ စ္စာ ကား အ ပြစ် နှင့် တ ကွ ဖြစ် ခြင်း ၊ မ ကောင်း သော အ ကျိုး ကို ပေး ခြင်း လ က္ခ ဏာ ရှိ ၏ ။ ကု သိုလ် သ စ္စာ ကား အ ပြစ် မ ရှိ ခြင်း ၊ ကောင်း သော အ ကျိုး ကို ပေး ခြင်း လ က္ခ ဏာ ရှိ ၏ ။

အ ကု သိုလ် သ စ္စာ အ ရ လည်း ချမ်း သာ သု ခ ကို ခံ စား ရ ပါ သည် ။ ကု သိုလ် သ စ္စာ အ ရ လည်း ချမ်း သာ သု ခ ကို ခံ စား ရ ပါ သည် ။ အ ကု သိုလ် ချမ်း သာ သည် မိ မိ တစ် ဦး တည်း အ တွက် ရ ယူ သိမ်း ပိုက် ခြင်း ၌ ခံ စား ရ သည့် ချမ်း သာ ဖြစ် ပါ သည် ။ ကု သိုလ် ချမ်း သာ ကား လော က အ တွက် စွန့်  လွှတ် ခြင်း ၌ ခံ စား ရ သည့် ချမ်း သာ ဖြစ် ပါ သည် ။ ရ ယူ သိမ်း ပိုက် ခြင်း သည် လော ဘ ၏ သ ဘော ဖြစ် ၍ ၊ စွန့်  လွှတ် ခြင်း သည် ၊
အ လော ဘ ၏ သ ဘော ဖြစ် ပါ သည် ။လော ဘ သည် ကိုယ် ကျိုး ကိုယ့် စီး ပွါး အ တွက် ၊
တစ် ဦး တည်း အ တွက် ဦး တည် ချက် ရှိ ၍ ၊ အ လော ဘ သည် လော က အ တွက် အ များ အ တွက် ဦး တည် ချက် ရှိ ပါ သည် ။ စီး ပွါး ဥ စ္စာ ရှာ ခြင်း ၊ အိုး အိမ် ထူ ထောင် ခြင်း တို့  သည် လော ကီ သား တို့  အ တွက် အ တူ တူ ပင် ဖြစ် သော် လည်း ၊ သစ္စာ တ ရား အ နေ ဖြင့် ခံ ယူ ချက် ကို ထား ရာ ၌ ခြား နား ပါ သည် ။အ ကု သိုလ် သ စ္စာ ရှင် များ သည် ၊ စီး ပွါး ဥ စ္စာ ရှာ ရာ ၌ ဖြစ် စေ ၊ အိုး အိမ် ထူ ထောင် ရာ ၌ ဖြစ် စေ ၊ မိ မိ ခံ စား ချက် ဦး တည် ချက် ဖြင့် ၊ ရှာ ကြ ပါ သည် ။ ကု သိုလ် သ စ္စာ ရှင် များ ကား အ များ အ တွက် ၊ တိုင်း ပြည် အ တွက် ပေး ကမ်း စွန့်  ကြဲ ရန် ဦး တည် ချက် ဖြင့် ရှာ ကြ ပါ သည် ။
အ ကု သိုလ် ချမ်း သာ သည် ရ ယူ ပိုင် ဆိုင် ခြင်း သ ဘော ဖြင့် အ သာ စံ ရ သည့် အ သွင် ရှိ သော် လည်း ၊ တ ဒ င်္ဂ သာ ချမ်း သာ ဖြစ် ပြီး ၊ အ ဆုံး တစ် နေ့  ၌ နှ လုံး မ သာ ယာ ခြင်း ဒု က္ခ နှင့် ရင် ဆိုင် ရ ပါ သည် ။ ကု သိုလ် ချမ်း သာ ကား စွန့်  လွှတ် ခြင်း သ ဘော ဖြင့် အ နာ ခံ ရ သည့် အ သွင် ရှိ သော် လည်း ၊ သံ သ ရာ တစ် လျှောက် လုံး ၌ ထာ ၀ စဉ် ချမ်း မြေ့ သည့် သ ဘော ရှိ ပါ သည် ။ အ ကု သိုလ် ချမ်း သာ သည် ၊ တစ် ဦး တစ် ယောက် ၏ အ ကျိုး စီး ပွါး အ တွက် ချမ်း သာ သု ခ သ ဘော ဖြင့် ၊ မှန် ကန် သော် လည်း ၊ လော က ၏ အ ကျိုး စီး ပွါး အ တွက် ချမ်း သာ သု ခ သ ဘော ဖြင့် ၊ မှန် ကန် မှု မ ရှိ ပါ ။ ကု သိုလ် ချမ်း သာ ကား တစ် ဦး တစ် ယောက် ၏ အ ကျိုး စီး ပွါး အ တွက် နစ် နာ မှု အ သွင် ဆောင် စေ ကာ မူ လော က ၏ အ ကျိုး စီး ပွါး အ တွက် ၊ ချမ်း သာ သု ခ သ ဘော ဖြင့် မှန် ကန် ပါ သည် ။ အ ကု သိုလ် ချမ်း သာ သည် ၊ မ သူ တော် လော က ၌ သာ ခံ့  ညား ထည် ၀ါ ပြီး ၊ သူ တော် ကောင်း လော က ၌ ယုတ် ညံ့ သေး သိမ် ပါ သည် ။ ကု သိုလ် ချမ်း သာ ကား နေ ရာ မ ရွေး ၊ ဒေ သ မ ရွေး ခံ့ ညား ထည် ၀ါ ပါ သည် ။ အ ကု သိုလ် သ စ္စာ ရှင် သည် မိ မိ ဘက် မှ ကြည့် တတ် ပါ သည် ။ ကု သိုလ် သ စ္စာ ရှင် သည် သူ တစ် ပါး ဘက် မှ ကြည့် တတ် ပါ သည် ။
ထို့  ကြောင့် နတ် နှင့် တ ကွ သော လူ အ ပေါင်း တို့  က ကာ လ အား ဖြင့် သံ သ ရာ ဆုံး သည့် တိုင် အောင် ၊ ဒေ သ အား ဖြင့် ဘ ၀ ဂ် တိုင် အောင် ၊ ပု ဂ္ဂိုလ် အား ဖြင့်လည်း အ ရိ ယာ ပု ဂ္ဂိုလ် များ တိုင် အောင် ၊ ချမ်း သာ သု ခ သ ဘော ဖြင့် မှန် ကန် သည့် ကု သိုလ်
သ စ္စာ ကို မြတ် နိုး ကြ ခြင်း ၊ ချီး မွမ်း ကြ ခြင်း ဖြစ် ပါ သည် ။ ဤ သ ဘော မှာ ကု သိုလ်
သ စ္စာ ပင် ဖြစ် ပါ သည် ။
( ဆ ရာ ကြီး ဦး ရွှေ အောင် ၏ အ တ္တ ၀ါ ဒ မှ အ န တ္တ ၀ါ ဒ သို့  ခ ရီး စဉ် ) စာ အုပ် မှ ထုတ် နှုတ် တင် ပြ ပါ သည် ။

( အ ဘ ယ )

အပြည့်အစုံသတင်းဖတ်ရန်....

ကြောက်ချိန်..

ရန်ကုန်နှင့် စစ်တွေတွင် လုံခြုံရေး တိုးချထား
အေးလဲ့ | စက်တင်ဘာ ၃၀၊ ၂၀၀၈

ယခုလအတွင်း ရန်ကုန်နှင့် စစ်တွေမြို့များတွင် စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများရှိသဖြင့် အာဏာပိုင်တို့က လုံခြုံရေး တင်းကြပ်ထားရာ ဒေသခံလူထုအကြား စိတ်အနှောက်အယှက်ဖြစ်ရကြောင်း ဒေသခံများက ပြောသည်။

ရန်ကုန်မြို့ခံတဦးက “ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ် ဗဟန်းဘက်မှာ အဘိဓမ္မာစာမေးပွဲဖြေနေတာရှိတယ်၊ လူ၊ ရဟန်း၊ သီလရှင်တွေ စာမေးပွဲဖြေနေတာရှိတယ်၊ အဲဒီလမ်းတွေကိုပိတ်ပြီးတော့ ဝတ်စုံအပြည့်နဲ့ ရဲတွေက ဒိုင်းတွေ၊ တုတ်တွေနဲ့ စောင့်ကြည့်နေတယ်။ စစ်တပ်ကား ၃ စီးချထားတယ်၊ ဒါကြောင့် စာမေးပွဲဖြေတဲ့သူတွေ စိတ်အနှောက်အယှက်ဖြစ်နေကြ တယ်” ဟု ပြောသည်။

ရန်ကုန်မြို့လယ်ရှိ မြို့တော်ခန်းမထောင့်လေးထောင့်တွင်လည်း ရဲဝတ်စုံအပြည့်နှင့် လုံခြုံရေးများအပြည့်ရှိပြီး ခန်းမ ပတ်ပတ်လည်တွင် လုံခြုံရေးကင်မရာများ တပ်ဆင်ထားသည်ကို မြင်တွေ့ရကြောင်း ရန်ကုန်မြို့ခံက ပြောသည်။

ရန်ကုန်ရှိ လုပ်ငန်းရှင်တဦးက “မြို့ထဲမှာ ရဲနဲ့ စစ်ဆေးရေးတွေချထားတယ်၊ လမ်းသွားရင်း သူတို့မသင်္ကာရင် မသင်္ကာသလို ခေါ်စစ်တယ်၊ ဒီတော့ မလိုအပ်ဘဲနဲ့ အိမ်အပြင် မထွက်ရဲလောက်အောင်ဖြစ်နေတယ်” ဟု ပြောသည်။

လွန်ခဲ့သည့်အပတ် စနေနေ့က စစ်တွေမြို့တွင် သံဃာတော်အပါး ၁၀၀ ကျော် ဆန္ဒပြခဲ့ပြီးနောက် ရခိုင်ပြည်နယ် စစ်တွေမြို့ အနှံ့အပြားတွင် လုံထိန်းရဲတပ်ဖွဲ့များအပြည့်ချထားပြီး စစ်အရာရှိများကိုယ်တိုင် ဘုန်းကြီးကျောင်း ပတ်ဝန်းကျင်တလျောက် စကားပြောစက်များဖြင့် အခြေအနေများကို တင်ပြနေရကြောင်း စစ်တွေမြို့ရှိ တက္ကသိုလ်ကျောင်းသားတဦးက ပြောသည်။

“သံဃာတော်တွေဆန္ဒပြပြီးတဲ့နောက် တမြို့လုံးအနှံ့မှာ တွေ့နေရတယ်၊ တရပ်ကွက် ၁၀ ယောက်လောက် လက်ပတ်အနီ ဝတ်တွေနဲ့ အစောင့်ချထားတာ တွေ့တယ်။ ဘုန်းကြီးကျောင်းအနားမှာ အရာရှိတွေကိုယ်တိုင် စောင့်ကြည့်နေကြပြီး စကား ပြောစက်တွေနဲ့ သတင်းပို့နေကြတယ်” ဟု ၎င်းကျောင်းသားက ပြောသည်။

လုံထိန်းရဲတပ်ဖွဲ့ဝင်များတင်ဆောင်ထားသည့် စစ်ကားများက စစ်တွေရှိ အတုလမာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီး၊ လောကနန္ဒာဘုရား အနီးးတဝိုက်တွင် အသင့်အနေအထားဖြင့် စောင့်ကြည့်နေကြကြောင်း သိရသည်။

အဆိုပါ ဘုရားကြီးတွင် ယခင်နှစ် စက်တင်ဘာလအတွင်းက ထောင်နှင့်ချီသည့်သံဃာတော်များ ငြိမ်းချမ်းစွာ မေတ္တာပို့ ဆန္ဒပြခဲ့ကြသည်။

ရန်ကုန်မြို့တွင်လည်း စွမ်းအားရှင်များကို တိုးချဲ့ရန်အတွက် မရက က တရပ်ကွက်လျှင် လူ ၁၅ ယောက် ပေးရမည်ဟု ရပ်ကွက်သူကြီးများထံ တောင်းဆိုထားကြောင်း သိရသည်။

၂၀၀၇ခုနှစ်စက်တင်ဘာလ ၅ ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်းပခုက္ကူမြို့ရှိ သံဃာတော်များ၏ မေတ္တာပို့ လမ်းလျှောက်ပွဲ ကို စစ်အစိုးရက အကြမ်းဖက်ဖြိုခွဲသောကြောင့် ၎င်းလုပ်ရပ်အား မတောင်းပန်ပါက ပတ္တနိက္ကုဇ္ဇန ကံဆောင်မည်ဟု ရာဇသံ ပေးခဲ့ပြီး စက်တင်ဘာလ ၁၈ ရက်နေ့တွင် နိုင်ငံတ၀န်လုံးရှိ သံဃာတော်များ ကံဆောင်ခဲ့ကြရာ ကျောင်းသား၊ ပြည်သူများ၏ အားပေးထောက်ခံမှုကိုရရှိခဲ့သော် လည်း စက်တင်ဘာ ၂၇ ရက်မှစ၍ ပြီး စွမ်းအားရှင်များက အကြမ်းဖက် ဖြိုခွဲခြင်း ခံခဲ့ရသည်။

ယခုလ ၂၆၊ ၂၇ ရက်နေ့တွင် လုံခြုံရေးပိုမိုတင်းကြပ်ခဲ့ကြောင်းလည်းသိရသည်။ http://www.irrawaddy.org/bur/news2008/September/Sep_30c_08.html မှ

အပြည့်အစုံသတင်းဖတ်ရန်....

မျှော်လင့်ချက်မဲ့နေဆဲ မြန်မာပြည်။

မိတ်ဆွေနိုင်ငံများအဖွဲ့ မိမိတို့တွင်း ကွဲပြားမှုများကို မဖြေရှင်းနိုင်
မဇ္ဈိမသတင်းဌာန .အင်္ဂါနေ့၊ စက်တင်ဘာလ 30 2008 12:35 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ၂ဝဝ၇ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွဲ့စည်းပြီးကတဲက အဆင့်အမြင့်ဆုံး ဆုံစည်း တွေ့ဆုံခဲ့သည့် “မြန်မာနိုင်ငံ မိတ်ဆွေနိုင်ငံများအဖွဲ့” ၏ စနေနေ့ အစည်းအဝေးတွင် ပဋိပက္ခများနှင့် ပြည့်လျှမ်းနေသော အရှေ့ တောင်အာရှ နိုင်ငံအတွက် ရှေ့ဆက် လျှောက်လှမ်းရမည့်လမ်းကို ကူညီရှာဖွေပေးရာတွင် မိမိတို့ အချင်းချင်း အကြား သဘောထား ကွဲပြားနေမှုများကို ထပ်မံ ဖေါ်ပြလိုက်ပြန်သည်။

ဥရောပသမဂ္ဂနှင့် နိုင်ငံပေါင်း ၁၄ နိုင်ငံ ပါဝင်သည့် ဤမိတ်ဆွေ နိုင်ငံများအဖွဲ့သည် ကုလအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မြန်မာနိုင်ငံနှင့် စပ်လျဉ်းသည့် ပြဿနာများကို ဖြေရှင်းရာတွင် ဘုံတူညီသည့် ချဉ်းကပ်မှု တရပ် ရရှိရေးအတွက်နှင့် ကုလ၏ ဆောင်ရွက်ဆဲ ကြိုးပန်းမှု လုပ်ငန်းများကို အထောက်အကူ ပြုနိုင်ရန် သောင်းပြောင်း စုစည်း ဖွဲ့စည်း ပေးထားခဲ့သော အဖွဲ့ဖြစ်သည်။

သို့သော် ဤရက်သတ္တပတ်ကုန်တွင် ကျင်းပခဲ့သော အစည်းအဝေးက မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ တူညီ သည့်သဘော ထားရရှိရေးတွင် မိမိတို့အကြား ကွဲပြားမှုများ ဆက်လက် တည်ရှိနေသေးကြောင်း ထပ်မံ ဖေါ်ပြ လိုက်ပြန်ပါသည်။ မြန်မာ အတိုက်အခံ အတော်များများနှင့် လူ့အခွင့်အရေး အဖွဲ့များက စစ်အစိုးရ၏ တဘက် သတ် ချမှတ်ထားသော မူဝါဒများကို အလျှော့ပေး အညံ့ခံခဲ့သည်ဟု ဝိုင်းဝန်းဝေဘန် ပြစ်တင်နေကြသည့် အ ကြားမှ ဤကုလ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီအား တာဝန် ပေးအပ်ထားမှုကို ထပ်မံ အတည်ပြုပေးလိုက်ကြပါသည်။

အနာဂါတ်တွင် စေလွှတ်မည့် အဆင့်မြင့် ကုလသမဂ္ဂ ခရီးစဉ်အတွက် မည်သည့်အချက်ကို လုံလောက်သော တိုး တက်မှု ဟူ၍ မှတ်ယူရမည် ဟူသောအချက်ပေါ်တွင် တညီတညွတ်တည်း သဘောတူညီချက် မရရှိဘဲ အစည်းအဝေးကို ရပ်နားလိုက်ရသည်။ ယင်းအစား အသားကျနေပြီးဖြစ်သော ထူးထူးခြားခြား ဝိဂြိုလ်ပြုမထားသည့် နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရေးနှင့် အဓိပ္ပါယ်ပြည့်ဝသော တွေ့ဆုံ ဆွေးနွေး မှုများ စတင်ပါရန် ဟူသောအချက်ကိုသာ ချမှတ်ခဲ့ကြသည်။

မိတ်ဆွေနိုင်ငံများအဖွဲ့က စစ်အစိုးရကို "ကုလသမဂ္ဂနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်၍ တုံ့ပြန်မှုပေးပါရန် နှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ စိုးရိမ်ပူပန်မှုများ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရေးနှင့် အစိုးရနှင့် အတိုက်အခံများအကြား အားလုံးပါဝင်နိုင်သည့် တွေ့ဆုံ ဆွေး နွေးမှုများ ပေါ်ပေါက်ရေး ကိစ္စကိုလည်း ဖြေရှင်းပေးပါရန်" တိုက်တွန်းပြောကြားခဲ့သည်ဟု အစည်းအဝေး အပြီး ထုတ်ပြန်ခဲ့သည့် အတွင်းရေးမှူးချုပ်၏ ကြေငြာချက်ဟု မှတ်ယူနိုင်သော ကြေငြာချက်တွင် ဖေါ်ပြထား သည်။

အဆိုပါ မိတ်ဆွေနိုင်ငံများအကြား အကျိုးစီးပွါးနှင့် သဘောတရားရေးရာချင်း ယှဉ်ပြိုင် ကွဲပြားနေမှု၏ သာဓက တရပ်မှာ ယခင်ရက်သတ္တပတ်က နိုင်ငံရေးအကျဉ်းသား ဒါဇင်ဝက်ကို လွှတ်ပေးခဲ့သည့်အတွက် စစ်အစိုးရကို ချီး ကျူးပြောကြားရန် တရုတ်၊ ရုရှ၊ စင်္ကာပူ၊ ထိုင်း နှင့် ဗီယက်နမ်တို့က ဝိုင်းဝန်း အဆိုတင်ခဲ့ကြသည့်ကိစ္စ ဖြစ်သည်။ သို့သော် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ယူနိုက်တက်ကင်းဒမ်း နှင့် သြစကြေလျနိုင်ငံတို့ ပါဝင်သော အုပ်စုက နိုင်ငံရေးအကျဉ်းသား ၂ဝဝဝ နီးပါးခန့်တွင် ၆ ဦးကိုသာ လွှတ်ပေးခဲ့ခြင်းသည် ချီးကျူးထောပနာပြုရန် လုံလောက်သော အချက်မဟုတ်ဟု ဝိုင်းဝန်း ကန့်ကွက်ခဲ့ကြသည်။

ထို့ကြောင့် ပြည့်စုံခိုင်မာသည့် ဘုံတူညီသော အမြင်အစား ကုလသမဂ္ဂက မြန်မာနိုင်ငံကိစ္စအတွက် ဆက်လက် ပါဝင် ဆောင်ရွက်ရေး ဆိုသည့်ကိစ္စကိုသာ အာရုံ စိုက်ဆွေးနွေး၍ ထောက်ခံခဲ့ကြသည်။

"မြန်မာနိုင်ငံ၏ သက်ဆိုင်ရာ ဘက်အသီးသီးအား ကုလသမဂ္ဂက ကြားဝင်ဆောင်ရွက်ပေးနေသည့် အခွင့် အရေးကို အရအမိ ယူကြပါရန် မိတ်ဆွေနိုင်ငံများ အဖွဲ့က တိုက်တွန်းအားပေးပါသည်။ တချိန်တည်းတွင် မြန်မာ အစိုးရ အနေဖြင့်လည်း ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန် ပိုင်းဖြတ်ချက် ရှိထားသည်ကို ပြသသည့် အနေနှင့် လက်ဆုပ်လက်ကိုင် ပြသနိုင်သည့် နောက်ထပ်ရလဒ်များ ထွက်ပေါ်လာရေးအတွက် တာဝန်ရှိ ကြောင်း အလေးပေး ဖေါ်ပြအပ်ပါသည်" ဟု မစ္စတာ ဘန်ကီမွန်း၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားပါသည်။

သို့သော် မစ္စတာဂမ်ဘာရီ ရှေ့ဆောင်ရှေ့ရွက် လုပ်နေသည့် ကုလသမဂ္ဂ၏ ဆောင်ရွက်ချက်များတွင် စစ်အစိုးရ က ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပမည်ဟု ဆိုထားသည့် အထွေထွေ ရွေးကောက်ပွဲများကို စောင့်မျှော်နေဟန် ရှိပါ သည်။ ဤရွေးကောက်ပွဲသစ်ကို သြဇာရှိသော ၈၈ မျိုးဆက် ကျောင်းသားများ အပါအဝင် အတိုက်အခံနှင့် တက်ကြွလှုပ်ရှားသူ အများအပြားက တရားဝင် ဖြစ်စဉ်တရပ်အဖြစ် လက်သင့်မခံနိုင်ကြောင်း ပြောကြား ထားခဲ့ပြီး ဖြစ်သည်။

ဤအတောအတွင်း သူ၏ သြဂုတ်လအတွင်း သွားရောက်ခဲ့သော မြန်မာပြည် ခရီးစဉ်အတွင်း "အဓိက ဝန်ကြီး ဌာနအားလုံးကို စစ်တပ်သို့ ပေးရန် အာမခံထားရသည့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်များကို တိုက်တွန်းခဲ့သည်" ဟု အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံအတွက် ယူအက်စ်ကင်ပိန်းအဖွဲ့ (US Campaign for Burma) က စွပ်စွဲ ပြောကြားထားပါသည်။

၆၃ ကြိမ်မြောက် ကုလ အထွေထွေညီလာခံအတွင်း ကျင်းပခဲ့သည့် အဆိုပါ အစည်းအဝေးတွင် နိုင်ငံတကာ အဖွဲ့ အစည်းကြီးက "မြန်မာ့အရေးအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အလေးထားမှု အရေးပါကြောင်း" ကို မီး မောင်းထိုး ဖေါ်ပြနိုင်ခဲ့သည်ဟု ဆိုလိုက်ပါသည်။

သို့သော် ပိုအရေးပါသည့် အချက်မှာ မြန်မာ ဗိုလ်ချုပ်ကြီးများ ဆောင်ရွက်နေသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများ၏ တိုးတက်မှုကို တိုင်းတာရာတွင် လက်ခံနိုင်သည့်စံအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းအကြား ဆက်လက် စိတ်ဝမ်းကွဲပြားနေမှုပင် ဖြစ်သည်။

ဤအစည်းအဝေးသည် သြစတြေလျ၊ တရုပ်၊ ဥရောပသမဂ္ဂ၊ ပြင်သစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ နော်ဝေ၊ ရုရှ၊ စင်္ကာပူ၊ တောင်ကိုရီးယား၊ ထိုင်း၊ ယူနိုက်တက်ကင်းဒမ်း၊ အမေရိကန် နှင့် ဗီယက်နမ် နိုင်ငံတို့ပါဝင်သည့် မိတ် ဆွေ နိုင်ငံများ၏ ၆ ကြိမ်မြောက် အစည်းအဝေး ဖြစ်သည်။

အပြည့်အစုံသတင်းဖတ်ရန်....

ဝါးကူထိုးနေကြသူများ။

နာဂစ်ဒုက္ခသည် အမျိုးသမီးများ လုံခြုံမှု ကင်းမဲ့နေ
ကြည်ဝေ | စက်တင်ဘာ ၃၀၊ ၂၀၀၈

မျက်နှာကို လူတယောက်က ပုဆိုးစဖြင့် အုပ်ကာ လက်ဖြင့်အတင်းဖိထားပြီးကျန်လူ ၂ ယောက်က အဓမမ္မပြုကျင့်ခဲ့ကြသည့် အဖြစ်အပျက်ကို ယနေ့ထိတိုင် အော့နှလုံးနာစွာဖြင့် မှတ်မိနေဆဲဖြစ်ကြောင်း အသက် ၂၀ နှစ်အရွယ် မညိုညိုဝင်း (အမည် ရင်းမဟုတ်) က ပြောပြခဲ့သည်။

မညိုညိုဝင်းက ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့နယ်ခွဲအုပ်စု အတွင်းမှ ကျေးရွာတရွာတွင် နေထိုင်သည်။

နာဂစ်မုန်တိုင်း တိုက်ခတ်သည့် မေ ၂ ရက်နေ့ညက ပလပ်စတစ် ဆီ ဂါလန်ပုံးအလွတ်ကြီး တပုံး၏ အကူအညီဖြင့် အသက် ရှင်ခဲ့သော်လည်း ၃ ရက်နေ့ ညနေခင်းတွင် မသမာသူ လူ ၃ ဦးကြောင့် အပျိုစင်ဘ၀ ပျက်ခဲ့ရပြီး နွံအိုင်ထဲ ပစ်ချခံခဲ့ရသည် ဟု သူကဆိုသည်။

“ကျမက လာကယ်တဲ့သူတွေ မှတ်လို့ ကယ်ပါ၊ ကယ်ကြပါလို့ လဲနေရာကနေ ခေါင်းထောင်ပြီး အော်မိတယ်၊ အဲဒါနဲ့ ယောက်ျား ၃ ယောက် ကျမနားရောက်လာပြီး ပထမတော့ ကျမနားက နားကပ်ကို ဆွဲဖြုတ်တယ်၊ ပြီးတော့ ကျမတောင်းပန် တဲ့ကြားက ကျမကို မုဒိမ်းကျင့်တော့တာပဲ” ဟု မညိုညိုဝင်းက ရှိုက်ငိုကာ သူ့အဖြစ်အပျက်ဆိုးကို ပြောပြခဲ့သည်။

နွံအိုင်ထဲတွင် တညလုံး အ၀တ်မပါသော ကိုယ်ဗလာဖြင့် နေခဲ့ရပြီး နောက်တနေ့ နံနက်မှ လပွတာမြို့ပေါ်မှ ကယ်ဆယ်ရေး စက်လှေရောက်လာပြီး လပွတ္တာမြို့ပေါ်ရှိ ဘုရားဝင်း အတွင်းမှ ကယ်ဆယ်ရေးစခန်းတခုသို့ ပို့ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နာဂစ်မုန်တိုင်းကြောင့် အသက် မသေဆုံးခဲ့သော်လည်း မိသားစုဝင်များ ဆုံးရှုံးရခြင်း၊ အိုးအိမ် လုပ်ငန်းများ ပျက်ဆီးခဲ့ရခြင်း စသည်ဖြင့် ကြုံတွေ့ခဲ့ရသော အမျိုးသမီးငယ်များသည် နာဂစ်လွန်ကာလများတွင်လည်း အသက်အိုးအိမ် မလုံခြုံမှုများ၊ မတရား ကာမ ရယူခံရခြင်းများ ရှိကြောင်း သိရှိရသည်။

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် နာဂစ် မုန်တိုင်းဒဏ်ကြောင့် တရွာလုံးနီးပါး လူအသေအပျောက် များသော ရွာများ ရှိသကဲ့သို့ အိမ်အမိုးလန်ရုံ သစ်ပင် လဲရုံလောက်သာ ပျက်ဆီးခဲ့သော ရွာများလည်း ရှိသည်။ အပျက်အဆီး အထိအခိုက် နည်းသော ကျေးရွာ များတွင် နေထိုင်သူများမှာ စက်လှေများဖြင့် အသက်မသေဘဲ ကျန်သူများကို သွားရောက် ကယ်ဆယ် ကြသည်။ သို့သော် ထိုရွာများမှ မသမာသူများကတော့ အသေအပျောက်များသော ရွာများသို့ သွားရောက်ပြီး သေဆုံးသူများ ထံမှ ရွှေနှင့် အဖိုးတန်ပစ္စည်းများဖြုတ်ယူကြပြီး မသေဘဲ ကျန်ရစ်သူ အမျိုးသမီးများကို အဓမ္မပြုကျင့်သည့် အဖြစ်အပျက် များရှိကြောင်း သိရှိရသည်။

မညိုညိုဝင်းကဲ့သို့ပင် မုန်တိုင်းလွန်ကာလတွင် အဓမ္မပြုကျင့်ခံရပြီး လက်စဖျောက်ခံရသော တခြားအမျိုးသမီးငယ်တဦးမှာ အသက် ၁၅ နှစ်အရွယ် ကရင်အမျိုးသမီးငယ် ဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ လပွတ္တာခရိုင်၊ ၀ါးဘိုးကုန်း ကျေးရွာသား တဦးက ပြောဆိုသည်။

မုန်တိုင်းပြီးသော အခါ အသက်မသေဘဲ ကျန်ရစ်ခဲ့သော ထိုအမျိုးသမီးငယ်မှာ အပေါ်အင်္ကျီစုတ်ပြဲသွားပြီး အတွင်းခံဘောင်း ဘီတိုကလေးနှင့် ၀တ်စရာ လုံခြည်၊ အင်္ကျီ လိုက်ရှာရာမှ ပစ္စည်းလိုက်ကောက်နေသူ အမျိုးသားကြီး ၂ ဦးက မုဒိမ်းကျင့်ကာ အဆိုပါ မိန်းကလေးကို ရေနှစ်သတ်ခဲ့သည်ကို မြင်တွေ့ခဲ့ရသူ ရွာသားက ပြောပြခြင်းဖြစ်သည်။

“အဲဒီအချိန်တုန်းက ကျနော် ကြောက်လွန်းလို့ သေချင်ယောင် ဆောင်နေတာပါ။ သူတို့မှာ တုတ်နဲ့ ဓားရှည် တွေပါတယ်။ သူတို့က သေနေတဲ့ လူတွေဆီကနေ ပစ္စည်းတွေဖြတ်ယူ နေကြတယ်။ ကောင်မလေးကို တွေ့သွားတော့ သူတို့ မတရားလုပ် တာအားလုံးမြင်တယ်။ ဒါပေမယ့် ကျနော် ကြောက်ပြီး ၀င်မကူနိုင်ခဲ့ဘူး” ဟု သူက စိတ်ထိခိုက်စွာ ပြောဆိုသည်။

ထိုအဖြစ်အပျက်ကဲ့သို့ပင် လပွတ္တာခရိုင်၊ ပြင်စလူ မြို့နယ်၊ ကွင်းလျား ကျေးရွာတွင်လည်း အသက် ၁၆ နှစ်အရွယ် ကရင် မိန်းကလေးတဦးကို တပ်မ ၆၆ မှ ဗိုလ်ကြီးတဦးနှင့် နောက် လိုက် ၂ ဦးက အဓမ္မပြုကျင့်ပြီး လယ်ကွင်း ရိုးပြတ်များကြားတွင် သတ်ဖြတ်ကာ ပစ်ထားခဲ့ကြောင်း မြင်တွေ့ခဲ့ရသော ကွင်းယားကျေးရွာသား တဦးက ပြောပြသည်။

ထိုကိစ္စ မှာ နာဂစ်ဖြစ်ပြီး ၁ လ အကြာ၊ ကယ်ဆယ်ရေးစခန်းများမှ နေရပ်ရင်းဒေသသို့ အသီးသီး ပြန်လွှတ်ပြီးချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုကိစ္စကို ပြောဆိုပါက ရွာတရွာလုံးကို မီးရှုံ့မည်ဟု ၎င်း ဗိုလ်ကြီးက ခြိမ်းခြောက်ပြောဆို ထားသော ကြောင့် အဆိုပါ ကျေးရွာသားများမှာ ထိုအဖြစ် အပျက်ကို မပြောရဲကြကြောင်း သိရသည်။

ယခုအခါ မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့သူ စစ်ဗိုလ်နှင့်နောက်လိုက် ၂ ယောက်အား တပ်မ ၆၆ က လပွတ္တာ နယ်မှ တခြား နယ်သို့ ပြောင်းရွှေ့ခဲ့သည်ဟု ကွင်းလျားကျေးရွာသားက ဆိုသည်။

ထို့အပြင် အမျိုးသမီးများ၏ ဘ၀လုံခြုံရေးကို ထိခိုက်လျက်ရှိသော တခြားပြဿနာ တခုမှာ မုန်တိုင်းကြောင့် ပျက်ဆီးခဲ့သော ကျေးရွာများတွင် ပြန်လည်နေထိုင်ရန် ခက်ခဲနေခြင်း ဖြစ်သည်။

“ကျမတို့ရွာမှာ မသေဘဲကျန်ခဲ့တာ ယောက်ျား ချည်းပဲ ၈ ယောက်ရှိတယ်။ မိန်းမဆိုလို့ ကျမ တယောက်တည်း။ အဲဒါ ဘယ်လိုလုပ်ပြီး ပြန်နေရမလဲ” ဟု နာဂစ်မုန်တိုင်းဒဏ်ကို ပြင်းပြင်း ထန်ထန် ခံစားခဲ့ရသော လပွတ္တာ၊ ပြင်စလူကျွန်းမြို့နယ်၊ ဆိပ်ကြီး ကျေးရွာသူ တဦးက ဆို သည်။

မုန်တိုင်းကြောင့် သေဆုံးကြရသူများတွင် ကလေးများနှင့်အမျိုးသမီးများမှာ သေဆုံးကြသူများ၏ ၆၄ ရာခိုင်နှုန်း ဖြစ်ကြောင်း ယူနီဆက်၏ စာရင်းထုတ်ပြန်ချက်အရ သိရှိရသည်။

လက်ရှိကျေးရွာများတွင် အသက်မသေဘဲ ကျန်ရစ်သူ အများစုမှာ အမျိုးသားများသာဖြစ်ပြီး အမျိုးသမီးများမှာ ၅ ပုံ ၁ ပုံခန့် သာ ကျန်ရှိတော့ကြောင်း ပြည်တွင်းအန်ဂျီအိုတစ်ခုမှ စစ်တမ်း ကောက်ယူမှုအရ သိရှိရသည်။

မုန်တိုင်းကြောင့် အသက်မသေဘဲ ကျန်ခဲ့သူအမျိုးသမီးများအတွက် ဘ၀လုံခြုံရေးသည် တစထက် တစ ပိုမိုခက်ခဲ့လာသော အနေအထားမျိုးနှင့် တွေ့ကြုံနေရသည်ဟု အဆိုပါ အန်ဂျီအိုမှ တာဝန်ရှိသူတဦးက ပြောဆိုသည်။

ဒေသဆိုင်ရာ အာဏာပိုင်များက ထိုကိစ္စများအပေါ် အရေးယူဆောင်ရွက်ပေးခြင်း မရှိသော ကြောင့် လက်ရှိအခြေအနေတွင် ခွဲတမ်းပစ္စည်း ဝေပေးသည့်အခါ သွားယူသူ အမျိုးသမီးများ အမျိုးသမီးများအား ရဲဘော်များက လက်ဆွဲခြင်း၊ ပုခုံးဖက်ခြင်း စသဖြင့် ပြုလုပ်ကြကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“ဆန်ခွဲတမ်းဝေတဲ့နေ့က ရဲဘော်တယောက်က ကျုပ်သမီးကို လိုက်ဆွဲလို့ ဗိုလ်ကြီးကို သွားတိုင်တယ်၊ ဗိုလ်ကြီးက ခင်ဗျား သေချင်နေပြီလား အေးအေးနေလို့ ပြောပြီး ကျုပ်ကို တဲထဲကနေ ဆွဲထုတ်ခိုင်းတယ်” ဟု ကျောင်းကုန်း ကျေးရွာ အုပ်စုတွင် နေထိုင်သူ ကရင် အမျိုးသားကြီးတဦးက ပြောပြသည်။

ထိုအမျိုးသားကြီးလိုပင် သမီးတော်စပ်သူ၊ တူမတော်စပ်သူ၊ ညီမ၊ အစ်မ တော်စပ်သူများ အပေါ် စိုးရိမ်မကင်း ရှိနေကြသော ရွာသားများမှာ အခြေစိုက်ရုံးများရှိရာ မြို့ပေါ်အထိ သွားရောက် တိုင်ကြားခဲ့ကြသော်လည်း ယနေ့ထိတိုင် ဆောင်ရွက်ပေး ခြင်း မရှိဟု သိရသည်။

“ကျနော့် အစ်မကို ဆွဲတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လပွတ္တာမြို့ပေါ်ထိ တိုင်စာရေး တိုင်ထားတာ ခုချိန်ထိ အရေး မယူတဲ့အပြင်၊ ကျနော့်ကိုပါ ညှိုးပြီး လုပ်အားပေးဆင်းခိုင်းတာ ရက်ဆက်ပဲ ပြင်စလူမြို့ထိ အသွားအပြန် လမ်းလျှောက်ပြီး လုပ်အားပေး ဆင်းပေးနေရတယ်” ဟု လပွတ္တာ၊ ပြင်စလူမြို့နှင့် ၁၂ မိုင်ခန့်ဝေးသော ကျေးရွာတရွာတွင်နေထိုင်သူ တဦးက ပြောဆိုသည်။

မုန်တိုင်းပြီးနောက် ကျေးရွာများတွင် အသက်မသေဘဲ ကျန်ရစ်သူ အများစုမှာ အမျိုးသားများသာ ဖြစ်နေသည့် အပြင် စစ်တပ်များမှ တပ်သားများကလည်း ရွာများထဲတွင် အချိန်မရွေး ၀င်ထွက်သွားလာမှုများ ရှိနေပြီး ဒေသခံ များအား ခိုင်းစေ ခြင်း အမျိုးသမီးများကို ၎င်းတို့တဲများ သို့ ခေါ်သွားပြီး ခိုင်းစေခြင်းများ ရှိနေသောကြောင့် မုန်တိုင်းကြောင့် အသက်မသေဘဲ ကျန်ရစ် ခဲ့ရသော အမျိုးသမီးများမှာ ၎င်းတို့၏ ဘ၀လုံခြုံရေးအတွက် အစဉ်အမြဲ စိတ်ပူပင် နေရသော အနေအထားမျိုးဖြစ် နေကြောင်း သိရှိရသည်။

အဆိုပါဒုက္ခသည်များ အနေနှင့် တခြားနေရာဒေသသို့ ပြောင်းရွှေ့နေထိုင်ရန်အတွက် စဉ်းစားကြသော်လည်း ၎င်းတို့၏ မှတ်ပုံတင်များမှာ နာဂစ်ကြောင့် ပျက်ဆီးဆုံးရှုံးခဲ့ရပြီး ယခုအခါ မှတ်ပုံတင်မရှိတော့သောကြောင့် ဒေသတခုမှ တခုသို့ ပြောင်းရွှေ့နေထိုင်ရန် မဖြစ်နိုင်ကြောင်း သိရှိရသည်။ [Top] http://www.irrawaddy.org/bur/news2008/September/Sep_30b_08.html မှ

အပြည့်အစုံသတင်းဖတ်ရန်....

Undercover in Burma: investigating the Saffron Revolution

By foreign affairs editor Peter Cave
Source:(ABC-Australia) Special Report.

Undercover: Peter Cave interviews a student leader

It has now been a year since Burma's military junta brutally put down the so-called Saffron Revolution led by thousands of Buddhist monks, demanding democratic and economic reform.
According to the United Nations, 30 monks and other protesters died, 74 people have never been accounted for and thousands were arrested.

The regime bans most foreign reporters, including those from the ABC, but foreign affairs editor Peter Cave went into the country as a tourist to report for ABC Radio and Television on the anniversary.
As I disembarked from my flight into Rangoon's surprisingly modern and efficient airport, it was not without a little trepidation.
Very few tourists are going to Burma these days and there were just a handful of western faces on the plane.
I had a tourist visa, but I was painfully aware that a simple check of my name on Google by the Burmese embassy in Canberra, or by the security officials in Burma, would mean that I would be instantly arrested.
ABC cameraman Erik Havnen was coming in separately the next day, just in case one of us was stopped.
Each of us carried a small amateur video camera in our hand luggage. I had a laptop computer carefully cleared of any contacts, programs and emails that might prove incriminating. Each of us had a brand new passport with no journalist visas.

The end entry was surprisingly easy, straight through immigration and no baggage check at customs.
I had a pre-arranged meeting with our Burmese fixer at the hotel we had booked through a Bangkok travel agency. The fixer's job is to help with translations, lining up interviews and providing the sort of local knowledge essential not to draw suspicion.
He had been lined up by the ABC's Bangkok office through carefully worded phone calls to provide a tourist service for a Mr Peter, who would be in a certain hotel lobby at a certain time.

All I knew was the name he used - Johnny. He came well-recommended and knew we needed a dependable car and driver.
Risky tourism
My task on day one was to act like a tourist taking lots of touristy pictures to have in the camera in case we were stopped.
At the same time I had to shoot a lot of overlay, the pretty pictures which help flesh out a television story, and to check out the lie of the land.

I sat in the hotel lobby. Nobody looked like an undercover fixer, so Johnny was either good at his job or not there.
Luckily it was the former.
I quickly briefed him on the interviews I wanted: A monk involved in last year's demonstrations and a student leader.
I also wanted to interview a member of the so-called '1988 generation', who took part in the demonstrations which were put down with tanks and guns, with the loss of more than 3,000 lives.
In addition, I needed an interview with an official of Aung San Suu Kyi's National League for Democracy. It was a tall order but within an hour it had all been arranged.
The monk however could only do the interview within the next few hours. He would leave his monastery in plain clothes to avoid the security forces on watch there.
He would change cars twice and then don his saffron robes in the relative safety of my hotel room.
Erik was still not due for a few hours so I would have to shoot the interview myself, without a tripod or proper microphone. Thankfully Johnny had another skill - he knew how to operate a video camera.
The monk arrived in jeans and a T-shirt, his shaven head concealed under a hat. He disappeared into my bathroom and emerged minutes later in saffron robes.
The interview was conducted quickly and the memory card containing the sound and vision quickly removed and hidden. That would be the standard procedure for the next few days. No incriminating footage was ever left in the camera.

The interviews with the student leaders were more problematic.
The Burmese Junta has spies and informers everywhere but again, Johnny had a plan. He would arrange an excursion to a wildlife reserve in the jungle an hour's drive from Rangoon and the interviewees would meet us there.
Erik was now in town, having successfully evaded detection at the airport.
We already had plenty of street shots, including shots of the breathtaking Shwedagon Pagoda in the heart of Burmese Buddhism. We had even managed to secretly film the security forces at work from a moving car.
The drive to the wildlife reserve provided some shots of huge stacks of teak logs ripped from the jungle and awaiting export for the further enrichment of the military Junta.

But when we got there, Johnny and the interviewees were tense. In the clearing we had chosen for the interview were a young couple on a motorbike.
I soon discovered the reason for the tension, as Johnny explained that only members of the security forces were allowed to own a motorbike and the young man was clearly an off-duty soldier.
Luckily the couple soon moved on and the interviews were safely recorded and quickly hidden away.
The interview with the politician was again conducted in a hotel room. All that was left now was to record the piece to camera and here a monsoonal downpour came to our aid.

Erik sat in the front passenger seat of our car and filmed me talking in the back seat as we drove through central Rangoon, the windows misted with rain which also kept the police and their undercover spies off the streets.
Our job was finished and thankfully, airport security was as lax going out as it had been coming in.

အပြည့်အစုံသတင်းဖတ်ရန်....

ဂုဏ်ယူပါသည် ရခိုင် အာဇာနည်အများ။

အပြည့်အစုံသတင်းဖတ်ရန်....

ပုံပြင်ဖတ်ကြည့်ပါ။

အကိုအမများ သူငယ်ချင်းများခင်ဗျား

ညီလေးတယောက်ပို့လာတဲ့ပုံပြင်လေးလက်ဆင့်ကမ်းလိုက်ပါရစေ။
ကျွန်တော်တို့ မြန်မာနိုင်ငံသားတိုင်းရင်းသားပြည်သူပြည်သားတိုင်း ဆင်ခြင်သင့်တဲ့အတွေးအခေါ်တရပ်ပါပါတယ်။
ဒီထက်ပိုပြောရရင် လူသားတိုင်းရဲ့အရေးဟာလူသားတိုင်းနဲ့သက်ဆိုင်ကြောင်း ခံယူနိုင်ကြစေချင်ပါတယ်....
လက်ရှိအာဏာရှင်စနစ်ဆိုးကြီးအောက်မှာ မိမိကိုတိုက်ရိုက်မထိသေးလို့ မိမိနဲ့မဆိုင်ဘူးလို့မှတ်ထင်နေပြီး နိုင်ငံ့အရေးကို ခေါင်းရှောင်နေကြတဲ့သူတွေ သန်း၅၀ကျော်ရှိပါတယ်။အာဏာရှင်ဆိုတာ သူ့အာဏာခိုင်မြဲဖို့အတွက်လိုအပ်လာရင်
ဘယ်သူ့မှမချန်ပါဘူး။။။။။။ပုံပြင်လေးနဲ့နှိုင်းယှဉ်ကြည့်ကြပါ......


"ကြွက်ထောင်ချောက်"

ကြွက်ဟာ အက်ကွဲနေတဲ့ အုတ်နံရံ ကြားကနေ လယ်သမား လင်မယား၊ အထုပ်တစ်ထုပ် ဖြေနေတာကို စိတ်ဝင်တစား ကြည့်နေလေရဲ့။ အထဲမှာ ဘာမုန့်များ ပါလေမလဲ လို့ စိတ်ထဲက မျှော်တလင့်လင့်နဲ့ ကြည့်နေတယ်။ ဒါပေမယ့် သူ စိတ်ပျက်စွာ မြင်တွေ့လိုက်ရတာက ကြွက်ထောင်ချောက် တစ်ခု။ လယ်သမားကြီးဟာ အိမ်ထဲက တစ်နေရာမှာ သွားချထားလိုက်တယ်။ အဲဒါကို မြင်လိုက်တဲ့ ကြွက်ဟာ အားရပါးရ အော်ပြီး လယ်ကွင်းထဲ ပြေးထွက်သွားတယ်။ အားလုံးကို သိစေချင်လို့ အသိပေးတဲ့ သဘောပေါ့။ အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့၊ အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့။ မြေကြီးကို ခြေထောက်နဲ့ ယက်ပြီး
အစာရှာနေတဲ့ ကြက်ဖကြီးက ခေါင်းမော်ကြည့်ပြီး စိတ်ပျက်တဲ့ လေသံနဲ့ ပြောလိုက်တယ်။

အော် ... ကိုကြွက်ရယ်၊ မင်းအတွက်တော့ သေတွင်းပဲလို့ ငါပြောလို့ရပါတယ်။
ဒါပေမယ့် ငါ့အတွက်တော့ အလကားပါ။ ဘာမှ မဟုတ်တဲ့ကိစ္စနဲ့ ငါ့ ခေါင်းလာမရှုပ်နဲ့ကွာ။

ကြွက်က ၀က်ဘက်ကို လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျ။ လို့ ပြောလိုက်တယ်။ ၀က်က ကရုဏာသက်တဲ့ မျက်နှာပေးနဲ့ ကြည့်ပြီး ပြောလိုက်တာက အတော်လေးကို စိတ်မကောင်းပါဘူးဗျာ။ တကယ်တော့ ကျနော်အနေနဲ့ ခင်ဗျားကို
ဆုတောင်းပေရုံက လွဲလို့ ဘာမှ မလုပ်ပေးနိုင်ပါဘူး။ သေချာတာတစ်ခုက ခင်ဗျားအတွက် ကျနော် အမြဲ ဆုတောင်းပေးနေပါတယ်။

ကြွက်က နွားဘက် လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် ရှိတဲ့ အကြောင်း ထပ်ပြောလိုက်တယ်။ နွားက ၀ိုး ... ၀မ်းနည်းပါတယ်ဗျာ။ ဒါပေမယ့် ကျနော့် နှာခေါင်းကိုတော့ ညှပ်စရာ အကြောင်း မရှိဘူးလေ။ လို့ ပြန်ပြောလိုက်တယ်။

ဒီလိုနဲ့ ကြွက်ဟာ စိတ်ပျက်အားငယ်စွာနဲ့ ခေါင်းငိုက်စိုက်ပြီး အိမ်ထဲကို ပြန်ဝင်လာခဲ့တယ်။

အော် ... လယ်သမားကြီးရဲ့ ကြွက်ထောင်ချောက်ကို ငါ တစ်ကောင်တည်း ရင်ဆိုင်ရတော့မှာ ပါလား။

တစ်ညတော့ ဗြောင်း ဆိုတဲ့ အသံက အိမ်ထဲမှာ အတော်လေး ညံသွားတယ်။ အကောင် တစ်ကောင်ကောင်ကို ညှပ်မိလို့ ကြွက်ထောင်ချောက်က မြည်တဲ့ အသံလိုပဲ။
လယ်သမားရဲ့ မိန်းမက ဘာအကောင်များ မိသလဲလို့ သိချင်ဇောနဲ့ ကြွက်ထောင်ချောက် ရှိတဲ့ဆီ အတင်းကို ပြေးသွားတယ်။ အမှောင်ထဲမှာ ဆိုတော့ အမြီး ညပ်လို့ ဒေါသ တချောင်းချောင်း ထွက်နေတဲ့ မြွေကို မမြင်လိုက်မိဘူး။
အဲဒီတော့ အမျိုးသမီးရဲ့ ခြေထောက်ကို မြွေပေါက်ခံလိုက်ရတော့တယ်။
ဆေးကုသဖို့အတွက် လယ်သမားကြီးဟာ သူ့မိန်းမကို ဆေးရုံ အမြန်ပို့လိုက်ရတယ်။
အိမ်ပြန်ရောက်တော့ မြွေဆိပ်ကြောင့် အမျိုးသမီးကြီး အဖျားတွေ တက်နေတယ်။

အဖျားတက်နေတဲ့ လူနာကို အားရှိသွားအောင် လတ်ဆတ်တဲ့ ကြက်စွတ်ပြုပ် လုပ်တိုက်ရတယ် ဆိုတာ လူတိုင်း သိနှင့်ပြီးသားပါ။ ဒါနဲ့ လယ်သမားကြီးဟာ ကြက်စွတ်ပြုပ် လုပ်ဖို့ လယ်ကွင်းထဲကို ဓါးတစ်ချောင်းနဲ့ ဆင်းသွားလေရဲ့။

ဒါပေမယ့် အမျိုးသမီးကြီးရဲ့ ကိုယ်ပူရှိန်ဟာ မကျဘဲ တက်မြဲ တက်နေလေရဲ့။
အိမ်နီးနားချင်းတွေ၊ သူငယ်ချင်းတွေက လူနာလာမေးရင်း နေကောင်းစေဖို့ နည်းလမ်းကောင်းတွေ လာပြီး ဆွေးနွေးပေးကြတယ်။ တနေကုန်ပဲ ဆိုပါတော့။
သူတို့တွေကို ကျွေးဖို့ မွေးဖို့ ၀က်သားကို ဖော်ရတော့တယ်။

နောက်ဆုံးတော့ အမျိုးသမီးကြီး ဘယ်လိုမှ မသက်သာနိုင်ဘဲ ကွယ်လွန်သွားရှာတယ်။ နာရေးမှာ လူအတော်များများ အသုဘရှု လာကြတယ်။
လာသမျှလူတွေကို ဧည့်ခံဖို့ လယ်သမားကြီး ခမျာ လောက်ငှအောင် အမဲသားဟင်းကို စီစဉ်ရတော့တယ်။

ကိုကြွက်ကတော့ ဖြစ်သမျှ အားလုံးကို အက်ကွဲနေတဲ့ အုတ်နံရံကြားကနေ စိတ်သောကကြီးစွာနဲ့ပဲ ကြည့်နေမိတော့တယ်။

၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀

နောင်တစ်ချိန် လူတစ်ဦးတစ်ယောက်က ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အခါ ငါနဲ့ မဆိုင်ပါဘူးလို့ တွေးလိုက်မိရင် ... သတိရပါ။ ကျနော်တို့ထဲက တစ်ယောက်ယောက်ဟာ ခြိမ်းခြောက် ခံနေရပြီ ဆိုရင် အဲဒီ အန္တရာယ်ဟာ ကျနော်တို့ အားလုံးအပေါ် ကျရောက်လာတာပဲ။ တခြားသူတွေ အပေါ်မှာ မျက်စိဒေါက်ထောက်ပြီး ဂရုတစိုက် ရှိသင့်သလို တစ်ယောက်ကို တစ်ယောက်လည်း အားပေးပြီး အစွမ်းကုန် ကူညီတတ်ဖို့ လိုပါတယ်။ ကျနော်တို့ အားလုံးဟာ ဘ၀လို့ ခေါ်တဲ့ ခရီးစဉ်ထဲက တစ်ဖောင်တည်းစီး ခရီးသွားဖော်ချင်း အတူတူပါ။



ဒါကတော့ တောင်အာဖရိက ကနိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့ စကားပါ။
ရှေ့ကပုံပြင်နဲ့မတူပေမယ့် မဆိုင်သလိုနေတဲ့သူတွေအတွက် ဥပမာပေးရာမှာတော့ နီးစပ်မှုရှိပါတယ်။

"မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်...
သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ"

"If you are neutral in a situation of injustice,
you have chosen to side with the oppressor."

(ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး)



ကျွန်တော့်ဘ၀မှာလည်း အမြဲမှတ်မိနေတဲ့စကားတခွန်းရှိပါတယ်။ ပြောခဲ့တဲ့သူက ကျွန်တော့်အဒေါ် ကျောင်းဆရာမ အပျိုကြီးပါ။ ကျွန်တော့်ကို အရမ်းချစ်သလောက် အရမ်းထိန်းချုပ်ဖို့ကြိုးစားလို့ ကျွန်တော်ကသူ့ကိုအမြဲ ကလန်ကဆန်လုပ်လေ့ရှိပါတယ်။
အကြောမတည့်ဘူးပေါ့ဗျာ။။။။။။။
ဒါပေမယ့်သူပြောသမျှ ဆုံးမစကားတွေထဲမှာ ကျွန်တော်ခုထိမှတ်ထားတဲ့စကားတခွန်းကတော့

"တာဝန်သိသူမှာပဲ တာဝန်ရှိတယ်" တဲ့

လူသားတိုင်းမှာ မိမိလူ့အဖွဲ့အစည်းနဲ့ လူသားထုတရပ်လုံးရဲ့ ငြိမ်းချမ်းရေး၊လူအခွင့်အရေးနဲ့ တရားမျှတရေးတို့ကို ထိန်းသိမ်း ကာကွယ်ဖို့တာဝန်ရှိကြောင်းသိကြပါစေဗျာ...။။။။။။။။။။။။။။
ဘဘသန်းရွှေကြီးနဲ့အပေါင်းအပါတွေလည်းပါသပေါ့.....

regards

moethway
Generation Wave
http://www.generationwave.co.cc/

အပြည့်အစုံသတင်းဖတ်ရန်....

သတိထားပါ သူခိုး site များ

Dear all,

The Etrademyanmar website is an attack site as reported by the security program. They try to steal your private information. Be careful! check the attached file for the information provided by our security.

အပြည့်အစုံသတင်းဖတ်ရန်....

( အ ကု သိုလ် သ စ္စာ ) ဆိုသည်မှာ

မြန် မာ ပြည် ကို အ မှန် တစ် ကယ် ချစ် သော အာ ဇာ နည် တို့  ရှောင် ကျဉ် ရ မည့် 
( အ ကု သိုလ် သ စ္စာ )


အ ကု သိုလ် သ စ္စာ ၏ အ ကျဉ်း သ ဘော မှာ ၊( ဤ လော က ၌ ဘယ် သူ သေ သေ င တေ မာ ပြီး ရော ) ဟူ သော ခံ ယူ ချက် ဖြစ် ပါ သည် ။
အ ကု သိုလ် သ စ္စာ ရှင် များ သည် လု ယက် ယူ င င် ၍ စီး ပွါး ဥ စ္စာ ကို ရှာကြ ပါ သည် ။ လိမ် ညာ ဟန် ဆောင် ၍ လော က ၏ ပူ ဇော် သ က္ကာ ရ ကို ၊ ရှာ ကြ ပါ သည် ။ လူ ကြီး သူ မ များ ကို ဆန္ဒာ ဂတိ လိုက် အောင် ဖြား ယောင်း ၍ ရာ ထူး ဂုဏ် သိန် ကို ရှာကြ ပါ သည် ။ တာ ၀န် နှင့် ရ ပိုင် ခွင့် တွင် ၊တာ ၀န် ကို လုံး ၀ မ ယူ ပဲ ၊ရ ပိုင် ခွင့် ကို သာ ၊ အ မိ အ ရ ဆုပ် ကိုင် ၍ ၊ လုပ် ဖေါ် ကိုင် ဖက် များ မှ ၊ အ ရှက် အ ကြောက် ကင်း မဲ့ စွာ ၊ ထွက် ခွါ ၍ မိ မိ ၏ သက် သာ ရာ သက် သာ ကြောင်း ကို ရှာ ကြ ပါ သည် ။ သူ တော် ကောင်း ယောင် ဆောင် ၍ ကိုယ် ကျိုး စီး ပွါး ကို ရှာ ကြ ပါ သည် ။ ဂ ရု ဏာ ရှင် ယောင် ဆောင် ၍ ကိုယ် ကျိုး ၊ ကိုယ့် စီး ပွါး ကို ရှာ ကြ ပါ သည် ။
ဤ သည် တို့  မှာ အ ကု သိုလ် သ စ္စာ ရှင် များ ၏ လုပ် နည်း လုပ် ဟန် များ ဖြစ် ပါ သည် ။ ဤ လုပ် နည်း လုပ် ဟန် များ အ တိုင်း လိုက် နာ ဆောင် ရွက် လျှင် လူ့  လော က ၌ ၊
( အ သက် မွေး မြူ မှု လွယ် ကူ ကြောင်း ) ဗု ဒ္ဓ စာ ပေ ၌ ဤ သို့  တွေ့  ရ ပါ သည် ။
( သု ဇိ ၀ံ အ ဟိ ရိ ကေ န ၊ ကာ က သူ ရေ န ဓံ သိ နာ ။ ပ က္ခ န္ဒိ နာ ပ ဂ ဗ္ဘေ န ၊ သံ ကိ လိ ဋ္ဌေ န ဇီ ၀ိ တံ ။ )
အ ဟိ ရိ ကေ န = အ ရှက် အ ကြောက် ကင်း မဲ့သ ဖြင့် လည်း ကောင်း ။
ကာ က သူ ရေ န =ကျီး ကဲ့ သို့  လု ယူ ရဲ သ ဖြင့် လည်း ကောင်း ။
ဓံ သိ နာ =သူ တ ပါး ပျက် စီး အောင် ချောက် တွန်း သ ဖြင့် လည်း ကောင်း ။
ပ က္ခ န္ဒိ နာ = အ ခွင့် အ လမ်း သာ ယာ သို့  ပြေး ၀င် သ ဖြင့် လည်း ကောင်း ။
ပ ဂ ဗ္ဘေ န = ။ ရက် စက် သ ဖြင့် လည်း ကောင်း
သံ ကိ လိ ဋ္ဌေ န = အ ကု သိုလ် နည်း လမ်း ဖြင့် လည်း ကောင်း ။
ဇီ ၀ိ တံ = အ သက် မွေး သည် ရှိ သော် ။
သု ဇီ ၀ိ = အ သက် မွေး မှု လွယ် ၏ ။ ( ဓမ္မ ပ ဒ - ၁၈ ၊ ၆ ၊ ၂၂၄ )

ဆ ရာ ကြီး ဦး ရွှေ အောင် ၏ အ တ္တ ၀ါ ဒ မှ အ န တ္တ ၀ါ ဒ သို့  ခ ရီး စဉ် စာ အုပ် မှ ကောက် နှုတ် တင် ပြ ပါ သည် ။

( အ ဘ ယ )

အပြည့်အစုံသတင်းဖတ်ရန်....

Monday, September 29, 2008

20th Anniversary of NLD ( ဖို့ ဝိန်း)

အပြည့်အစုံသတင်းဖတ်ရန်....



All
Dhamma friends



You, Your family and friends are cordially invited to our 8th Patthana festival for 5 days from Oct 15 to Oct 19, 2008 and Sangha-Pawarana Pwe at Azusa Monastery.

Please open attach.
May you attain Nibbana,
Azusa Monastery
1790 & 1830, Ranch Road.
Azusa , California 91702,
U.S.A

အပြည့်အစုံသတင်းဖတ်ရန်....

First Anniversary of Burma's saffron revolution- New York

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, September 28, 2008

Burma Dissidents Mark one Year Anniversary (၂၇။၉။၂၀၀၈)


ZHANG:
Today marked the first anniversary of the ruling militarys bloody crackdown on democracy in Burma. Buddhist monks and dissidents in Thailand and activists in the Philippines are calling for the junta regime to stop using repressive measures against its people.
STORY:
This is the small village of Mae Sot on the border with Thailand. Dozens of monks, dissidents and protesters are here to pay tribute to the victims killed one year ago.

Many of these dissidents were involved in those anti-government protests. What is still clear for them is they are still prepared to fight and die for democracy in Burma.

[Pan Chor, Dissident]:
"Although more people might have to die, we still demand democracy in Burma. We will demand it until they uphold democracy in the country."

And over in the Philippines dozens of activists were outside the Burmese Embassy in Manila. The Members of the Free Burma Coalition say the military junta should stop using brutal and repressive measures against its people.

[Egoy Bans, Free Burma Spokesperson]:
"To call for an immediate end to the crackdown that has been continuing since day 1 of the attack against the Saffron Revolution last year."

The Coalition says the numbers of political prisoners has doubled since last year. They are seeking help from the United Nations and the Association of Southeast Asian Nations to get the prisoners released.

[Gus Miclat, Free Burma Organizer]:
"To the government, they should heed the voices of their people. They're peaceful monks, they're peaceful citizens, and that is why we're here to help ventilate that voice and that message."

On a side note, the country's state run media says bomb squad officers have found and defused a bomb in the capital city of Rangoon. Another bomb exploded yesterday injuring seven people. There is speculation that the military could have planted the bombs to justify having heavy security in the city.

အပြည့်အစုံသတင်းဖတ်ရန်....

သွေးစွန်းနေသောပတ္တမြားနှင့်..သွေးစွန်းလက်နဲ့ နအဖ

Myanmar's deadly ruby trade

A year after Myanmar's saffron revolution was crushed, CNN's Dan Rivers reports how rubies are propping up the junta.
င်္from CNN video

အပြည့်အစုံသတင်းဖတ်ရန်....

ငတ်မွတိခြင်း ဆင်းရဲခြင်း..ခလေးစစ်သားများကြီးပြင်းနေတဲ့တပ်မတော်

Hunger and child labour on the rise in Myanmar - 27 Sep 08

A year on from the Saffron revolution, the people of a once-prosperous nation are still mired in poverty.
According to the United Nations, the average daily pay in Myanmar is $0.67.
Al Jazeera's correspondent inside Myanmar assesses the situation in the country, a year after the military government stamped out pro-democracy protests


Al Jazeera's သတင်းမှ

အပြည့်အစုံသတင်းဖတ်ရန်....

ရင်လေးစရာဘဲ..စစ်မျိုးကလွဲ..အားလုံးမျိုးတုန်းတော့မဲ့မြန်မာပြည်

အော်..လူတောင်မျိုးပြုန်းသတ်နေမှ..ဇီဝမျိုးစုံ နဲ့ တိရိစ္ဆာန်လောက်တော့ နအဖက သတ်မှာ..မြေကြီး လက်ခတ်မလွဲပေါ့။ ရှိရှိသမျှ သယံဇာတ တွေ နအဖက ကုန်အောင် စားရုံအောင်တောင်မက..ရေက ထွက်မဲ့ လျှပ်စစ်တောင် မသုံးရတာ.ကျုပ်တို့ ပြည်သူတွေပါဗျာ။ မပြောမရှိနဲ့ လက်ဦးဖို့ တော့ လိုပြီဗျို
စစ်အစိုးရ၏ ရေအားလျှပ်စစ် စီမံကိန်းများ သံလွင်မြစ်၏ ဇီဝမျိုးစုံမှုကို ထိခိုက်
မုံပီး
တနင်္ဂနွေနေ့၊ စက်တင်ဘာလ 28 2008 18:25 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ အကယ်၍ စစ်အစိုးရသာ ရေအားလျှပ်စစ် ထုတ်လုပ်ရန် ဆည်များကို ဆက်လက် ဆောက် လုပ်မည် ဆိုပါက မြန်မာပြည်အရှေ့ပိုင်း သံလွင်မြစ်တွင် ရှိသည့် မျိုးတုံးပျောက်ကွယ်တော့မည့် အန္တရာယ် ရှိနေ သော အပင်နှင့် တိရိစ္ဆာန် မျိုးစိတ်ပေါင်း ၄ဝ ကျော်မှာ မျိုးတုံး ပျောက်ကွယ်သွားတော့မည့် အန္တရာယ် ရှိ နေသည် ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီရင်ခံစာသစ် တခုက ဆိုပါသည်။

ထိုင်းနိုင်ငံအခြေစိုက် ကရင်သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေး ဆောင်ရွက်မှု ကွန်ရက် (KESAN) ၏ “ခိုးကေး - ဇီဝမျိုးစုံမှု အန္တရာယ် ကျရောက်ခြင်း” အမည်ရှိ အစီရင်ခံစာတွင် စစ်အစိုးရကသံလွင်မြစ်ပေါ်တွင်တည်ဆောက် ရန် အဆိုပြုထားသည့် ရေအားလျှပ်စစ် ထုတ်လုပ်ရေး ရေကာတာများသည် ဇီဝမျိုးစံမှုကို အန္တရာယ် ကျရောက်စေနိုင်ကြောင်းဖြင့် ရေးသား ဖေါ်ပြထားပါသည်။

"သံလွင်မြစ်ပေါ်မှာ ဆောက်လုပ်မဲ့ ရေကာတာတွေက ဂေဟစနစ်ကို ပျက်စီးစေမှာ ဖြစ်ပြီး၊ ဒေသတွင်းတွေ့ရတဲ့ မျိုးတုံး ပျောက်ကွယ်မဲ့ အန္တရာယ်ရှိနေတဲ့ မျိုးစိတ် ၄ဝ ကျော်ကိုလဲ ပျောက်ကွယ်သွားစေမှာ ဖြစ်ပါတယ်" ဟု KESAN ၏ ကိုယ်စားလှယ် တဦးဖြစ်ပြီး သောကြာနေ့က ဘန်ကောက်မြို့တွင် အဆိုပါ စီရင်ခံစာကို ထုတ်ပြန်ခဲ့ သူ ကိုရွှေက မဇ္ဈိမကို ပြောကြားသွားခဲ့ပါသည်။

ဤအစီရင်ခံစာသည် မြန်မာနိုင်ငံ သံလွင်မြစ်၏ ဇီဝမျိုးစုံမှုကို ပထမဆုံး အသေးစိတ် ကွင်းဆင်း လေ့လာ ထားသည့် အစီရင်ခံစာ တစောင်ဖြစ်ပြီး၊ ဒေသခံနှင့် ဌာနေတိုင်းရင်းသား သုတေသီများက အထူး သဖြင့် ရေ ကာတာ ဆောက်လုပ်ရန် အဆိုပြုထားသော နေရာတခု ဖြစ်သည့် “ဝဲကြီး” ဒေသတွင် သွားရောက် သုတေသနပြု လေ့လာထားချက်များ ဖြစ်သည်။ ထိုရေကာတာ ဆောက်လုပ်ရန် မြန်မာစစ်အစိုးရသည် ထိုင်း နိုင်ငံ နှင့် သဘောတူညီချက် စာချုပ်တရပ်ကို လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်သည်။

ဝဲကြီး ရေကာတာသည် ဆောက်လုပ်ဖြစ်ခဲ့ပါက သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာများအနက် ရှမ်းပြည်နယ် ရှိ “တာဆန်း” ရေကာတာပြီးလျှင် ဒုတိယအကြီးဆုံး ရေကာတာဖြစ်လာမည် ဖြစ်ပြီး အနိမ့် ဆုံးလျှပ်စစ် စွမ်းအား မီဂါဝပ် ၄ဝဝဝ ထုတ်လုပ်ပေးနိုင်မည် ဖြစ်သည်။

"ဒီလောက် လျှပ်စစ်စွမ်းအား ထုတ်လုပ်နိုင်ဘို့ အတွက် မြစ်ညာမှာ ကီလိုမီတာ ၃၈ဝ လောက် ရေမြှုပ်သွားမှာ ဖြစ်ပါတယ်" ဟု ကိုရွှေက ပြောကြားသွားခဲ့ပါသည်။ ထို့ပြင် မြစ်ကြေပိုင်းတွင်လည်း ဇီဝမျိုးစုံမှုကို ဖျက်ဆီးပစ် မည့်အပြင် ရေများ ခန်းခြောက်သွားပြီး စိုက်ပျိုးရေး အတွက် အကြီးအကျယ် ရေသွက် ရှားပါးမည့် အန္တရာယ် ကိုလည်း ကြုံတွေ့ရမည်ဟု ဆိုပါသည်။

မြန်မာစစ်အစိုးရက ဖွံ့ဖြိုးရေးစီမံကိန်းများအဖြစ် ဆောက်လုပ်မည့် သံလွင်မြစ်ပေါ်ရှိ အဆိုပါ ရေကာတာ များသည် ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ၏ အဆိုအရ အရှေ့တောင်အာရှတွင် တခုတည်း ကျန်တော့ သည့် အတားအဆီး မရှိ စီးဆင်းနေသည့် မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာများ ဖြစ်ကြပါသည်။

စစ်အစိုးရကမူ အဆိုပါ ရေကာတာများကို တရုတ် နှင့် ထိုင်းနိုင်ငံတို့၏ အကူအညီဖြင့် ဆက်လက် ဆောက် လုပ်သွားရန် သံန္ဓိဌာန် ချမှတ်ထားပြီး ထုတ်လုပ်ရရှိမည့် လျှပ်စစ်ဓါတ်အား များကိုလည်း တရုတ်နှင့် ထိုင်းနိုင်ငံ တို့ကို ရောင်းချရန် သဘောတူထားပြီး ဖြစ်သည်။

"ကျနော်တို့ သုတေသန တွေ့ရှိချက်တွေအရ ဒီရေကာတာတွေက ထုတ်ယူရရှိမဲ့ လျှပ်စစ်ဓါတ်အား အများစုက တရုတ်နဲ့ ထိုင်းနိုင်ငံတွေကို တင်ပို့သွားမှာ ဖြစ်ပြီး၊ ရာခိုင်နှုံး အနည်းငယ်လောက်ဘဲ မြန်မာပြည်မှာ သုံးမှာ၊ ဒါတောင်မှ အဲဒီထဲက စစ်တပ် အခြေခံစခန်းတွေကို ခွဲပေးရဦးမှာ" ဟု ကိုရွှေက ဆက်လက် ပြောကြားသွား ခဲ့ပါသည်။

ရေကာတာများ မဆောက်လုပ်မီ ပတ်ဝန်းကျင် ထိန်းသိမ်းမှု အကဲဖြတ်ချက်များ ပြုလုပ်ရန် နှင့် အသေးစိတ်၍ ပြည့်စုံ သော ဇီဝမျိုးစုံမှု သုတေသနတရပ်ကို ပြုလုပ်ပါရန် ဤအစီရင်ခံစာက မြန်မာ စစ်အစိုးရကို ထောက်ခံ တင်ပြ တိုက်တွန်း ထားပါသည်။

ထို့ပြင် သံလွင်မြစ်တလျှောက် နေထိုင်ကြသော ဌာနေ တိုင်းရင်းသားများ အနေဖြင့် ရေကာတာနှင့် ယင်းတို့၏ ဖွံ့ဖြိုးရေး စီမံကိန်းများမှ အကျိုးခံစားခွင့်များကို ရှေးဦးစွာ ရယူခံစားခွင့်ရှိရမည် ဖြစ်ကြောင်းဖြင့်လည်း အစီရင်ခံစာ တွင် ဆိုထားပါသည်။

"ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား တယောက်အနေနဲ့ ဒီရေကာတာတွေ ဆောက်လုပ်တာကို ကျနော်တို့ ကန့်ကွက်ပါတယ်။ ဒါပေမဲ့ စစ်အစိုးရက ဆက်လုပ်မယ်ဆိုရင်လဲ ဇီဝမျိုးစုံမှု (biodiversity) နဲ့ပတ်သက်ပြီး၊ နောက်ထပ် ပြည့်ပြည့်စုံစုံ လေ့လာမှုတွေ လုပ်ဘို့ လိုပါတယ်။ ရေကာတာတွေ မဆောက်ခင် ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ ကိစ္စတွေ ကိုလဲ အကဲဖြတ် လေ့လာမှုတွေ လုပ်ဘို့ လိုပါတယ်" ဟု ကိုရွှေက ပြောကြားသွားခဲ့ ပါသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ရဲ သေအောင်လုပ်တာ..စွမ်းအားမြှင့်ပါတဲ့

အပြည့်အစုံသတင်းဖတ်ရန်....

အင်တာနက်သုံးသူများသို့ သိမှတ်ဖွယ်

အပြည့်အစုံသတင်းဖတ်ရန်....

NLD အဖွဲ့ ချုပ် အနှစ် ၂၀ ပြည့် ကြေညာစာတမ်း





အပြည့်အစုံသတင်းဖတ်ရန်....

Saturday, September 27, 2008

စိတ်တော့ ပျက်ပါနဲ့ဗျာ..UN လည်း လိပ်လိုတော့ လှုပ်စိ လှုပ်စိ ပြေးနေပါသေးတယ်

အတွင်းရေးမှူးချုပ်ရဲ့ မြန်မာမိတ်ဆွေနိုင်ငံများ အဆင့်မြင့်ကိုယ်စားလှယ် အစည်းအဝေးကျင်းပမည်

27 September 2008

မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက်လာရေးအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖွဲ့စည်းထားတဲ့ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့ မိတ်ဆွေနိုင်ငံများ အဖွဲ့က အခုလို ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေတဲ့အချိန် မြန်မာနိုင်ငံအရေး ကိစ္စကို ဆွေးနွေးကြမှာပါ။

ဒီအစည်းအဝေးနဲ့ ပတ်သက်လို့ အတွင်းရေးမှူးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ မစ်ရှဲလ် မွန်းတပ်စ် (Michele Montas) က အခုလို ပြောပါတယ်။

အတွင်းရေးမှူးချုပ်ဖွဲ့စည်းထားတဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများ အဆင့်မြင့် အစည်းအဝေးမှာ အတွင်းရေးမှူးချုပ်နဲ့ အတွင်းရေးမှူးချုပ် ရဲ့ အထူးအကြံပေး မစ္စတာ အီဘရာဟင် ဂမ်ဘာရီတို့က မြန်မာနိုင်ငံရဲ့ နောက်ဆုံးအခြေအနေ တိုးတက်ဖြစ်ပေါ်မှုတွေနဲ့ ပတ်သက်လို့ ပြောဆိုဖို့ ရှိပါတယ်။ အထွေထွေ အတွင်းရေးမှူးချုပ်အနေနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေရမယ်လို့ မျှော်လင့်တဲ့အကြောင်း မစ်ရှဲလ် မွန်းတပ်စ် (Michele Montas) က ပြောသွားတာပါ အခု မြန်မာ့မိတ်ဆွေနိုင်ငံများ အဆင့်မြင့် အစည်းအဝေးဆိုတာက ၀န်ကြီး အဆင့် ကိုယ်စားလှယ်တွေ တက်ရောက်မယ့် ပထမဆုံး အကြိမ် အစည်းအဝေးဖြစ်တယ်လို့ ကုလသမဂ္ဂ သတင်းရပ်ကွက်က ပြောပါ တယ်။ ဒီအစည်းအဝေးမှာ အာရှနိုင်ငံတွေ အများစု တက်ရောက်ဖို့ ရှိပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အရင်ကတည်းက အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်၊ သြစတြေးလျ၊ ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ နော်ဝေး၊ တောင်ကိုရီးယား၊ စကာင်္ပူ၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံတွေ ပါဝင်တဲ့ မြန်မာ့ မိတ်ဆွေ နိုင်ငံများ အစည်းဝေးကို ဖွဲ့စည်းထားပါတယ်။ အရင်က ဒီနိုင်ငံတွေက သံတမန်တွေ မကြာခဏ မြန်မာ့အရေးကို ဆွေးနွေးခဲ့ကြ ပါတယ်။ အခုတော့ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေတဲ့ ကာလမှာ ညီလာခံ အစီအစဉ်ပြင်ကနေ မြန်မာ့အရေး ဆွေးနွေးပွဲ ကျင်းပတာပါ။

ဆွေးနွေးပွဲမှာ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းက အဖွဲ့ဝင်နိုင်ငံတွေလည်း လေ့လာသူအဖြစ် တက်ရောက်ပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ စနေနေနေ့ည သန်းခေါင်အချိန်လောက် ဖြစ်မယ့်၊ နယူးယောက်မြို့ စံတော်ချိန် မနက် ၁၁ နာရီခွဲမှာ ကျင်းပမှာပါ။ ကျနော်တို့ အခုည ဒုတိယပိုင်း အသံလွှင့်ပြီးတဲ့အချိန်မှာ စမှာပါ။ တစ်နာရီကျော် ကြာပါလိမ့်မယ်။ အစည်းအဝေးက တံခါးပိတ် ကျင်းပ မယ့် အစည်းအဝေးပါ။ ဆွေးနွေးပွဲပြီးတဲ့အခါ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေနဲ့ သတင်းထောက်တွေ မေးတာတွေကို ပြန်လည်ဖြေကြားနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း အတွင်းရေးမှူးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက ပြောထားပါတယ်။ ဒီ အစည်းအဝေး ကျင်းပတာဟာ မြန်မာနိုင်ငံ့အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက အလေးထားပြီး စိုးရိမ်မှုတွေ ရှိတယ်ဆိုတာ ပြသတဲ့အ နေနဲ့ ၀န်ကြီး အဆင့် အစည်းအဝေး ကျင်းပတာလို့လည်း ကုလသမဂ္ဂ သတင်းရပ်ကွက်က ပြောပါတယ်။

အဲန်အယ်လ်ဒီ အနှစ် (၂၀) ပြည့် အဖွဲ့ဝင်တချို့ အဖမ်းခံရ အဲန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခဲ့တဲ့ အနှစ် (၂၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေ တင်းတင်းကြပ်ကြပ် ချထားတဲ့ကြားက အဲန်အယ်လ်ဒီအဖွဲ့ဝင်တွေ ကျင်းပ ခဲ့ကြပါတယ်။ အဲန်အယ်လ်ဒီအဖွဲ့ဝင်တချို့ လည်း ဖမ်းဆီးခံခဲ့ရပါတယ်။ အပြည့်အစုံကို ထိုင်း အခြေစိုက် သတင်းထောက် ဒေါ်အေးအေး မာက သတင်းပေးပို့ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခဲ့တဲ့ နှစ် (၂၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပတဲ့ နေရာမှာ အာဏာပိုင်တွေက လုံခြုံရေး တပ်ဖွဲ့ဝင် ၅၀၀ လောက် ချထားခဲ့ပြီး အဖွဲ့ဝင် ၉ ယောက်ကိုလည်း အခမ်းအနား အပြန်မှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တဲ့ အကြောင်း အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောပါတယ်။

“ဒီနေ့ အခမ်းအနားကျင်းပတာပေါ့။ အခမ်းအနားပြီးစီးသွားတယ်။ လုံခြုံရေးအခြေအနေ ပြောရင်တော့ အင်အားအတော်ကို များတယ်။ အန်ကယ်တို့ ရုံးဝန်းကျင်မှာ ဒိုင်နာကားနဲ့ အရပ်ဝတ်နဲ့ လာတာ လေး-ငါရာ ရှိတယ်။ ဘာတွေလဲတော့ မသိဘူး၊ တာဝန်ရှိတဲ့သူလား၊ တာ ၀န် မရှိဘဲနဲ့ လာတဲ့သူတွေလား၊ မသိဘူး။ အဲဒါ တချက်၊ ထက်ထက်ဦးဝေရယ် ဒေါ်ရှမ်းမရယ် ရွှေပြည်သာက၊ သူတို့နှစ်ယောက်နဲ့ အားလုံး ခြောက်ယောက်က မနက် အဖွဲ့ချုပ်ရုံးကိုအလာ ရုံးနားမှာအရောက် ကားဂိတ်နားမှာ အဖမ်းခံရတယ်လို့ ကြားတယ်။ နောက်ထပ် အခမ်းအနားအပြီး ပြန်တဲ့အထဲမှာ အမျိုးသမီးသုံးယောက်ကို ကားပေါ် စွဲတင်ပြီး ဖမ်းသွားတယ်လို့ သိရတယ်။ အဲဒါ စုစုပေါင်း မနက် ခြောက်ယောက်၊ ညနေ သုံးယောက်၊ ကိုးယောက်။ နာမည်ကတော့ အဲဒီ နှစ်ယောက်ပဲ သိရတယ်။ ကျန်တဲ့သူတွေနဲ့ ပတ်သက်လို့တော့ မသိရသေးဘူး။”

မကြာခင်က လွတ်မြောက်လာတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင် အပါအ၀င် အဖွဲ့ချုပ်ဝင် သုံးယောက်ကို ဒီနေ့ အခမ်းအနားမှာ မူလ နေရာမှာ ပြန်လည် တာဝန်ယူပေးဖို့အတွက် အဖွဲ့ချုပ် ဥက္ကဋ္ဌက ကမ်းလှမ်းခဲ့ပြီး ဦးဝင်းတင် ကလည်း ပြန်လည် လက်ခံခဲ့တယ်လို့ ပြောပါ တယ်။

“၂၃ ရက်နေ့က လွတ်မြောက်လာတဲ့ ဆရာဦးဝင်းတင်၊ ဦးခင်မောင်ဆွေ။ ဒေါက်တာ သန်းငြိမ်း သူတို့ သုံးယောက် ဒီနေ့ အခမ်းအနား တက်တယ်လေ၊ အဲတော့ သူတို့သုံးယောက်နဲ့ ပတ်သက်ပြီးတော့ သူတို့ ယခင် တာဝန်ယူခဲ့တဲ့ ဆရာဦးဝင်တင် ဆိုရင် စီအီးစီ အဖွဲ့ဝင်ပေါ့၊ ဆရာဦးခင်မောင်ဆွေလည်း စီအီးစီအဖွဲ့ဝင်ပဲ၊ ဒေါက်တာ သန်းငြိမ်းက ရန်ကုန်တိုင်း ဒု ဥက္ကဋ္ဌပေါ့၊ ဒီရာထူးတွေကို ပြန်ပြီး ထမ်းဆောင်ဖို့ ပြန်လည်ပြီးတော့ ပူးပေါင်းဆောင်ရွက်ကြဖို့ ဥက္ကဋ္ဌက ဖိတ်ခေါ်လိုက်တယ်။”

ပြန်လည်လွတ်မြောက်လာပြီးမှ ထပ်ပြီး အဖမ်းခံလိုက်ရတဲ့ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ရဲ့ အခြေအနေကို မေးကြည့်တဲ့အခါ -

“သူ ၁၇ နာရီနေရတယ်။ နောက်နေ့ သင်္ဘော စီးဖို့ စောင့်နေတာ။ သဘောင်္မစင်းခင်ဘဲ ကသာ ထောင်ထဲကို ပြန်ခေါ်သွားတယ်။ သူ့ရဲ့ မိသားစုကလည်း ကသာ လိုက်သွားတဲ့အခါ ကသာ ထောင်ထဲမှာ ရှိတဲ့ ထောင်ဝင်စာ တွေ့ခဲ့ရတယ်။ ကျနော်တို့ မေးတာက ဘာကြောင့် ဒီလိုဖြစ်တာလဲ။ အဲဒါနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေက အကျိုးအကြောင်း ဘာမှ မပြောပါဘူး။”

အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း ပြောသွားတာပါ။

မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက်လာရေးအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖွဲ့စည်းထားတဲ့ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့ မိတ်ဆွေနိုင်ငံများ အဖွဲ့က အခုလို ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေတဲ့အချိန် မြန်မာနိုင်ငံအရေး ကိစ္စကို ဆွေးနွေးကြမှာပါ။

အပြည့်အစုံသတင်းဖတ်ရန်....

အခုထိ ဖမ်းဆဲ..ဖမ်းမြဲ ဖမ်းလတ္တံ ပါဘဲ..

အန်အယ်လ်ဒီ နှစ် ၂၀ ပြည့် အခမ်းအနားတွင် ပါတီဝင်တချို့ အဖမ်းခံရ
ကိုသက် | စက်တင်ဘာ ၂၇၊ ၂၀၀၈

ရန်ကုန်မြို့ အန်အယ်လ်ဒီ ဌာနချုပ်တွင်ပြုလုပ်သော ပါတီထူထောင်သည့် အနှစ် ၂၀ ပြည့် အခမ်းအနား၌ အဖွဲ့ဝင် ၉ ဦးကို အာဏာပိုင်တို့ က ဖမ်းဆီးလိုက်သည်ဟု အန်အယ်လ်ဒီ သတင်းရပ်ကွက်က ပြောသည်။

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှ အန်အယ်လ်ဒီ ပါတီဝင်များဖြစ်ကြသည့် မထက်ထက်ဦးဝေ၊ ဒေါ်ရှမ်းမတို့ အပါအ၀င် တခြားပါတီဝင် ၄ ဦးကို အခမ်းအနားမစမီနှင့် နောက်ထပ်ပါတီဝင် ၃ ဦးကို အခမ်းအနားမှအပြန် ပါတီဌာနချုပ်ရှေ့၌ပင် ဖမ်းဆီးခြင်းဖြစ်သည်ဟု အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဝင်းနိုင်က အတည်ပြု ပြောဆိုသည်။

အဖမ်းခံရသူများအားလုံး၏ အမည်နှင့် ၎င်းတို့နေထိုင်ရာဒေသများကို အသေးစိပ် မသိရသေးပေ။

လုံခြုံရေးများတင်းကျပ်ထားသည့်ကြားက အန်အယ်လ်ဒီ ဌာနချုပ်ရှေ့တွင် ရွှေဝါရောင်တော်လှန်ရေး တနှစ်ပြည့်အထိမ်း အမှတ်အဖြစ် အ၀ါရောင်အင်္ကျီများဝတ်ဆင်ထားသည့် လူငယ်တချို့က သရုပ်ပြ အစီအစဉ်တခုကို ပြုလုပ်ခဲ့ကြသည်။

“အခမ်းအနားမစခင်က ရုံးအရှေ့မှာ ၁၀ ဦးလောက်ရှိတယ်၊ အင်္ကျီအ၀ါတွေဝတ်ပြီး ဆန္ဒပြတဲ့ပုံစံမျိုးပေါ့ … အင်္ကျီအ၀ါဝတ် တယ်ဆိုတာကတော့ ရွှေဝါရောင်တော်လှန်ရေး တနှစ်ပြည့်အထိမ်းအမှတ်ကို ရည်ညွှန်းတဲ့သဘောရှိတယ်” ဟု ဒေါက်တာ ၀င်းနိုင်က ပြောသည်။

အဆိုပါသရုပ်ပြအစီအစဉ်ကြောင့် ပါတီဝင်တချို့ အဖမ်းခံရသည်ဟုလည်း ယူဆရကြောင်း ၎င်းကဆိုသည်။

“အရင်တုန်းက အခမ်းအနားတွေလုပ်တိုင်း ရုံးရှေ့မှာ ချိုးငှက်တွေလွှတ်ပြီး ဆန္ဒပြတဲ့ပုံစံလေးတွေလုပ်တယ် .. ၅ မိနစ် လောက်ပေါ့၊ အဲဒီပွဲတွေမှာ မထက်ထက်ဦးဝေတို့က အမြဲတမ်းပါတယ်။ ဒါကြောင့်မို့ မထက်ထက်ဦးဝေတို့ကို လုပ်နေကျ လူတွေလို့ယူဆပြီး ကားပေါ်ကဆင်းတာနဲ့ ဖမ်းသွားတာ ဖြစ်မယ်” ဟု ဒေါက်တာဝင်းနိုင်က ပြောသည်။

မထက်ထက်ဦးဝေသည် ရွှေပြည်သာမြို့နယ် အန်အယ်လ်ဒီ အမျိုးသမီးအဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ဒေါ်ရှမ်းမသည် ရွှေပြည်သာ မြို့နယ် အတွင်းရေးမှူး ဖြစ်သည်။

အနှစ် ၂၀ ပြည့် အခမ်းအနားပြုလုပ်နေချိန်တွင် လုံထိန်းကား ၅ စီးခန့်၊ စွမ်းအားရှင်များ၏ကား ၅ စီးခန့်၊ ၀ါရာလက်စ်ကား များ၊ အခြေအနေကိုကွပ်ကဲနေသည့် အရာရှိများနှင့် လန်ခရုဇာကားများ အန်အယ်လ်ဒီ ဌာနချုပ်ရှေ့အနီးတွင်ရပ်ကာ လုံခြုံရေးယူထားကြောင်း သိရသည်။

“ဘာအပြစ်မှမရှိ၊ ဘာမှမလုပ်ရဘဲ ဖမ်းတာကတော့ ဥပဒေမဲ့ ဖမ်းတာပဲ၊ ဒါမျိုး မဖြစ်သင့်ဘူး။ တိုင်းပြည်မှာ တကယ်ကို အကြပ်အတည်းတွေနဲ့ကြုံပြီး အချင်းချင်း ပြန်လည်သွေးစည်းညီညွတ်ရမယ့်အချိန်၊ တွေ့ဆုံဆွေးနွေးရမယ့် အချိန်မျိုးမှာ ဒီလို ဖမ်းတာဆီးတာ၊ ရိုက်နှက်တာတွေဟာ တိုင်းပြည်အတွက် ဘာမှဖြစ်လာမှာ မဟုတ်ဘူး” ဟု ဒေါက်တာဝင်းနိုင်က သုံးသပ်ပြောဆိုသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ဘုန်းဘုန်းတွေ ပြန်ထွက်လာကုန်ကြပြီ။

စစ်တွေတွင် သံဃာတော်များ ငြိမ်းချမ်းစွာ ဆန္ဒပြ
မဇ္ဈိမသတင်းဌာန
စနေနေ့၊ စက်တင်ဘာလ 27 2008 21:08 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ရွှေဝါရောင် တော်လှန်ရေး တနှစ်ပြည့်သော အခါသမယတွင် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သံဃာတော် ၁၅၀ ခန့်က စနေနေ့ နံနက်က လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြမှုကို မျက်မြင်တွေ့ခဲ့သူ ဒေသခံ ကိုသန်းလှိုင်က မဇ္ဈိမသို့ ပြောပြရာတွင် သံဃာတော်များသည် စစ်တွေ လမ်းမကြီးမှ နံနက် ၁၀ နာရီမှစတင် ချီတက်ခဲ့ကြသည်ဟု ပြောသည်။ ဆန္ဒပြမှုမှာ ငြိမ်းငြိမ်းချမ်းချမ်းပင် ဖြစ်သည်။

"သံဃာတော်တွေက တိတ်တိတ်ဆိတ်ဆိတ်ကိုပဲ ချီတက်ခဲ့ကြတာ။ ရဲနဲ့ တခြားအာဏာပိုင်တွေ ကားတွေ၊ ဆိုင်ကယ်တွေ အများကြီးနဲ့ အနောက်က လိုက်ကြပြီး ဘာဖြစ်လို့ လုပ်တာလဲ မေးကြတယ်" ဟု သန်းလှိုင်က ပြောသည်။

"လမ်းဘေးမှာရှိတဲ့ ရဲတွေကလည်း လက်အုပ်ချီ ကန်တော့ခဲ့ကြတာပေါ့" ဟု သူက ထပ်ပြောသည်။

သံဃာတော်များသည် ဦးဥတ္တမ ပန်းခြံအထိ ဆက်လက် ချီတက်ကြခဲ့ကြပြီး ငြိမ်းချမ်းစွာပင် လူစုခွဲလိုက်ကြသည်။

"ပထမအသုတ် လူစုခွဲလိုက်ပြီးတော့ နောက်တသုတ် ၁၀၀ လောက်ရှိမယ် ထပ်လိုက်ပြီးတော့ အဲဒီမှာပဲ လူစုခွဲလိုက်ကြတယ်" ဟုဆိုကာ သံဃာတော်များ၏ ဆန္ဒပြမှု နံနက် ၁၀း၃၀ နာရီတွင် ပြီးဆုံးကြောင်း သူက ဆက်ပြောသည်။

အာဏာပိုင်များက အတင်းလူစုမခွဲသော်လည်း သံဃာတော်များနောက်က လိုက်ခဲ့ကြောင်း ကိုသန်းလှိုင်က ပြောသည်။ ရဟန်းတော်တပါးလည်း ရဲစခန်းသို့ ခေါ်သွားခံရကြောင်း သူကြားသိရသည်ဟု ပြောသည်။

ကိုသန်းလှိုင် အပြောအရ စစ်အစိုးရက ရက်စက်စွာ ဖြိုခွင်းခဲ့သော ရဟန်းတော်များ ဦးဆောင်သည့် ဆန္ဒပြမှု တနှစ်ပြည့် အထိမ်းအမှတ် အနေဖြင့် ဆန္ဒပြကြခြင်း ဖြစ်သည်ဟု သိရသည်။

ကုလသမဂ္ဂ အဆိုအရ ထောင်ပေါင်းများစွာသော သံဃာတော်များနှင့် တက်ကြွ လှုပ်ရှားသူများ အဖမ်းခံရပြီး အနည်းဆုံး လူ ၃၁ ယောက် သေဆုံးခဲ့သည်ဟု ဆိုသည်။

အပြည့်အစုံသတင်းဖတ်ရန်....

ရဲမျိုးတွေ ကန်းကုန်တော့မယ်။

ဗုံး စနက်တံဖြုတ်တဲ့ကိစ္စ ..ရဲကသိမလားဗျ..တကယ်တမ်းကျ..မိုင်းရှင်းစစ်သားတွေ ဘဲတတ်မှာပေါ့ သူ့ စစ်သားက ချမကြွေးရဲဘူး..
ဒိုင်းနဲ့ ရဲကျ သေပေစေတဲ့ တယ်တော်တဲ့ နအဖ ဗျာ

ကျောက်တံတားရဲများ ဗုံး စနက်တံဖြုတ်ရန် ကြိုးစားနေ
မဇ္ဈိမသတင်းဌာန
စနေနေ့၊ စက်တင်ဘာလ 27 2008 20:17 - မြန်မာစံတော်ချိန်

ရန်ကုန်မြို့ ကျောက်တံတားရဲစခန်းတွင် မပေါက်ကွဲသေးသော ဗုံးတလုံးကို စနက်တံဖြုတ်ရန် စနေနေ့ည ည ၇း၄၅ မိနစ်က ကြိုးစားနေခဲ့သည်။

ဆိပ်ကမ်းသာလမ်းရှိ ဓာတုဗေဒသင်ကြားသော ကျူရှင်တခု၏ လှေခါးအောက်တွင် မပေါက်ကွဲသေးသော ချိန်ကိုက်ဗုံးတခုကို စနေနေ့ညက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အပြည့်အစုံသတင်းဖတ်ရန်....

စစ်အစိုးရကို တရားဝင်မှု ရုတ်သိမ်းရေး တောင်းဆိုချက် ကုလသမဂ္ဂ လက်မခံ

27 September 2008

ကုလသမဂ္ဂမှာ မြန်မာစစ်အစိုးရကို တရားဝင်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုထားတာကို ရုတ်သိမ်းပေးဖို့ မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်တွေက တောင်းဆိုထားတာကို ကုလသမဂ္ဂဘက်က ငြင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ နေ့စွဲနဲ့ မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်တွေက စစ်အစိုးရ ကို ကုလသမဂ္ဂက အသိအမှတ်မပြုဖို့ တောင်းဆိုခဲ့တာပါ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကုလသဂ္ဂရဲ့ ဥပဒေရေးရာ ဒုတိယ အတွင်းရေးမှူးချုပ် ပက်ထရီရှာ အိုဘရိုင်ယန်က (Patricia O’Brien) က တုန့်ပြန်ထားချက်ကို မနေ့က သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ မစ်ရှဲလ် မွန်းတပ်စ် (Michele Montas) က အခုလို ပြောပါတယ်။

“အခုလို မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်တွေ တင်ပြလာတဲ့ စာပါအကြောင်းအရာတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအနေနဲ့ အရေးယူဆောင်ရွက်မှု တစုံတရာ ရှိမှာ မဟုတ်တဲ့အကြောင်း ဒုတိယ အတွင်းရေးမှူးချုပ် ပက်ထရီရှာ အိုဘရိုင်ယန်က ပြောပါတယ်။ ဒီလို နိုင်ငံတွေက ကိုယ်စားလှယ်တွေကို တရားဝင် အသိအမှတ်ပြုရေးနဲ့ ပတ်သက်လို့ အထွေထွေညီလာခံမှာ တင်ပြတဲ့ အတွင်းရေးမှူးချုပ်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ နည်းနာတွေအရ သုံးသပ်ပိုင်ခွင့်၊ ကုလသဂ္ဂက ချမှတ်ထားတဲ့ စည်းမျဉ်း အမှတ် (၂၇) နဲ့ ကိုက်ညီမှု မရှိပါဘူး။ စည်းမျဉ်းအမှတ် (၂၇) နဲ့ ကိုက်ညီတဲ့ တရားဝင်တင်ပြချက်တွေ မတွေ့ရပါဘူး၊ ဒီစည်းမျဉ်းအရ ကုလသမဂ္ဂအတွင်း တရားဝင်မှုကို သတ်မှတ်ဖို့ တင်ပြတဲ့အခါ နိုင်ငံ့အကြီးအကဲ ဒါမှမဟုတ် နိုင်ငံခြားရေး ၀န်ကြီးဌာနကသာ တင်ပြနိုင်မှာဖြစ်ပါတယ်။”

ကုလသမဂ္ဂ ဘက်က အခုလို မြန်မာစစ်အစိုးရရဲ့ တရားဝင်မှုကို ရုပ်သိမ်းရေးကို လက်မခံသေးပေမယ့်လည်း ပြည်ပရောက် လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ဒီလို တင်ပြတာကို အလျော့မပေးသေးဘူးလို့ ပြောပါတယ်။ အခုလို ကုလသမဂ္ဂကို စာတင်ပြီး တောင်းဆိုခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့က ဒုဥက္ကဋ္ဌ ဆိပ်ကမ်းမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းက အခုလို ပြောပါတယ်။

“ကျမတို့ အနေနဲ့ကတော့ အရင်တုန်းကတည်းက ဒီဟာကို ဒီနှစ်မှာ တင်မယ်။ ဒီနှစ်ကို မတင်ဖြစ်ရင် နောက်နှစ်ကို တင်မယ်။ အဲဒီတော့ အခု ငြင်းလိုက်တယ် ဆိုတဲ့ဟာက ဘာအကြောင်းတွေ ကျမတို့မှာ ဘာ ချို့ယွင်းချက် ရှိလို့ ဆိုတာတွေကို သိအောင်လုပ်ပြီးတော့ ဒီဟာနဲ့ပတ်သက်လို့ နောက်နှစ်ခါ ဆက်တင်နိုင်အောင်၊ ဒါမှမဟုတ်လို့ရှိရင်တော့ ဒီအကြောင်းကို ပိုပြီးတော့ လုပ်ရဖို့ ဆိုတာကို စဉ်းစားဖို့ ကျမတို့ ဒီမှာ အဖွဲ့ ရှိပါတယ်။ ပြီးတော့ ဒီအလုပ်က အဲန်စီယူဘီ အထွေထွေ တပ်ပေါင်းစုရဲ့ ဦးဆောင်မှု နဲ့ ကျမတို့က လုပ်နေတာပါ။ အဲဒီတော့ ကျမတို့ ပြန်ပြီးတော့ တိုင်ပင်ရပါအုံးမယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ ဘာကြောင့် ဆိုတဲ့အကြောင်းကို သိရလို့ရှိရင် ဒီအကြောင်းကို ကျော်လွှားနိုင်အောင် ကျမတို့ ကြိုးစားမှာပါ။ နောက်နှစ်ခါလည်း ကျမတို့ တင်နိုင်အောင် ကြိုးစားအုံးမယ်လို့ ကျမတို့ ယူဆပါတယ်။”

လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့က ဒုဥက္ကဋ္ဌ ဆိပ်ကမ်းမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းက ပြောပြသွားတာပါ။http://voanews.com/burmese/2008-09-27-voa6.cfm

အပြည့်အစုံသတင်းဖတ်ရန်....

Friday, September 26, 2008

Felicitation letter to 20th Anniversary of NLD by FDB

အပြည့်အစုံသတင်းဖတ်ရန်....

အမေ ဘာများဖြစ်ပါလိမ့် 

အမျိုးသားဒီမိုကရေစီ အဖွဲချုပ်ဝင်များ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ဘက်သို့ ချီတက်သွား
မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ စက်တင်ဘာလ 26 2008 10:11 - မြန်မာစံတော်ချိန်

အမျိုးသား ဒီမိုကရေစီ အဖွဲချုပ်ဝင် ၃၅ ယောက်တို့သည် ယနေ့နံနက် ၉ နာရီ ၃၀ မိနစ် အချိန်တွင် နေအိမ်အကျယ်ချုပ် ကျခံနေရသော ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဘက်သို့ စတင်သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။

စစ်အစိုးရက ကုက္ကိုင်းလမ်း ပိတ်လိုက်သော်လည်း ချီတက်သွားကြသူများ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှိရာ တက္ကသိုလ် ရိပ်သာ လမ်းထဲကို ၀င်ရောက် သွားနိုင်ခဲ့ကြောင်း အစောပိုင်း သတင်းများအရ သိရသည်။ လူငယ် အယောက် ၂၀ နှင့် လူကြီး ၁၅ ယောက် ဖြစ်သည်ဟု သိရသည်။

http://www.mizzimaburmese.com/news/breaking-newsbrief/1746-2008-09-26-03-55-06.html

အပြည့်အစုံသတင်းဖတ်ရန်....

လွမ်းလို့ တဲ့ဗျာ

တော်တော်နောက်တဲ့ ဦး ၀င်းထိန်ဘဲဗျာ. ခင်ဗျားနှယ်...နေနေကျ...ကသာထောင်က အခန်းလေးကို လွမ်းလို့ တဲ့ဗျာ၊ လွှတ်ပြီးခါမှ ထောင်ပိုင်မသိအောင် တံတိုင်းကျော်...ထောင်ထဲပြန်ခိုးဝင်တာပါ တဲ့..
( နအဖ သတင်းစာရှင်းလင်းပွဲကျ ပြောမဲ့ ဆင်ခြေပေါ့ဗျာ..)
အမှန်က..လွှတ်ပြီးပြန်ဖမ်းတာပေါ့။
ကဲ ဦး ၀င်းထိန်ရေ..
နောက်တခါလွှတ်လို့  က နောက်ကျတဲ့ခြေထောက်..သစ္စာဖောက်ဘဲဗျို့ ..ပြေးသာပြေး..လွတ်အောင်။ မပူပါနဲံဗျာ..သိပ်မကြာတော့ပါဘုး ဒင်းတို့ ပြာနေပါတယ်။
သန်းရွှေဆို..လက်ကတီးက ချွေးယိုတာနဲ့တင်..သေလို့ရနေပါပြီ..မုန်တိုင်းအကူ ခိုးထားရတဲ့ ဘီစကစ်ဝါးနေလို့ သာ အသက်မထွက်သေးတာဗျို့ 
သူ့အဖေကြီးတရုတ်လည်း နို့ မှုန့် ကြောင့် ပြာနေတာ..

ဗိုလ်ကြီးဝင်းထိန်ကို ကသာထောင်မှာ မိသားစုက ထောင်ဝင်စာတွေ့

NEJ / ၂၆ စက်တင်ဘာ ၂၀၀၈။ ။

ထောင်မှလွတ်လာပြီးမှ ပြန်အဖမ်းခံရသည့် ဗိုလ်ကြီးဝင်းထိန်သည် စစ်ကိုင်းတိုင်း ကသာထောင်၌ ပြန်လည် အကျဉ်း ကျ ခံနေရသည်ဟု ဗိုလ်ကြီးဝင်းထိန်၏ မိသားစုက ခေတ်ပြိုင်သို့ အတည်ပြုပြောကြားသည်။

ယမန်နေ့က ထောင်ဝင်စာသွားတွေ့ခဲ့သည့် ဗိုလ်ကြီးဝင်းထိန်၏ ဇနီးဖြစ်သူက "အန်တီက မန္တလေးပဲ ရောက်သေးတယ်။ ရန်ကုန်ပြန်ဆင်းရမှာဆိုတော့ လောလောဆယ်တော့ အန်ကယ်လ်က နဂိုနေရာမှာပေါ့နော်။ အန်တီတို့က ထောင်ဝင်စာ သဘောမျိုး သွားတွေ့တာပဲရှိတယ်။ လောလောဆယ်တော့ ထောင်ဝင်စာ သွားတွေ့တယ်လို့ ဒါပဲပြောလို့ရသေးတယ်။ အန်တီအချိန်မရလို့ပါ" ဟု ပြောသည်။

ဗိုလ်ကြီးဝင်းထိန်သည် စက်တင်ဘာ (၂၃) ရက်က အကျဉ်းသား (၉၀၀,၂) ဦးကို စစ်အစိုးရက ပြန်လွှတ် ပေးရာတွင် သတင်းစာဆရာကြီး ဦးဝင်းတင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် အမတ်များဖြစ်သည့် ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာမေ၀င်းမြင့်၊ ဦးခင်မောင်ဆွေ စသူတို့နှင့်အတူ ပြန်လွတ်လာပြီး နေအိမ်သို့ပြန်မရောက်ခင် ကသာမြို့ရှိ ဧရာ ဟိုတယ်၌ ပြန်လည်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ မည်သည့်အတွက် ဗိုလ်ကြီးဝင်းထိန်ကို အာဏာပိုင်များက ပြန်ဖမ်းသည်ကိုမူ ယခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ထောင်မှပြန်လွတ်လာပြီးကာစပြုလုပ်ခဲ့သည့် ဒီဗွီဘီ အသံလွှင့်ဌာနနှင့် ဆက်သွယ်မေးမြန်းခန်းတွင် ဗိုလ်ကြီးဝင်း ထိန်က လူတိုင်းနိုင်ငံရေးလုပ်ခွင့်ရှိရမည်ဖြစ်ကြောင်း၊ တဖက်စောင်းနင်း မလုပ်သည့်နိုင်ငံရေး၊ မျှမျှတတ လုပ်ပိုင်ခွင့်ရှိသည့် နိုင်ငံရေးစနစ်မျိုးဖြစ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဗိုလ်ကြီးဝင်းထိန်သည် ဒေါ်အောင်ဆန်းစုကြည်၏ ရုံးအဖွဲ့မှူးအဖြစ်တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး ၁၉၉၆ မေလ တွင် နိုင်ငံခြား သတင်းထောက်များကို မဟုတ်မမှန် သတင်းပေးပို့သည်ဆိုသော စစ်အစိုးရ၏ စွပ်စွဲချက်ဖြင့် ဖမ်းဆီးပြီး ထောင်ဒဏ် (၁၄) နှစ် အကျဉ်းကျခံခဲ့ရသည်။ စစ်တက္ကသိုလ်ကျောင်းဆင်း ဗိုလ်ကြီးဝင်းထိန်သည် ဗိုလ်ချုပ်ကြီး ဟောင်း သူရဦးတင်ဦး၏ ကိုယ်ရေးအရာရှိအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

http://www.khitpyaing.org/

အပြည့်အစုံသတင်းဖတ်ရန်....

မှန်တာပြော..မှန်တာတောင်းဆိုလို့ကတော့ နအဖ က ဟင့်အင်း..ဟင့်အင်း.ဘဲ

လွှတ်တော်ခေါ်ယူပေးရေးတောင်းဆိုမှု ပြန်ရုပ်သိမ်းရန် ရဲချုပ်ဖိအားပေးမှုကို အန်အယ်လ်ဒီငြင်းဆန်
ပီတာအောင်/ ၂၆ စက်တင်ဘာ ၂၀၀၈။ ။

ပြည်သူ့လွှတ်တော်ခေါ်ယူ၍ ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြန်လည်သုံးသပ်ကြရန် ကမ်းလှမ်း ထားသည့် ကြေညာ ချက်ကို ပြန်ရုပ်သိမ်းရန် ရဲချုပ်၏ တောင်းဆိုမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက လက်မခံဘဲ ငြင်းဆန်လိုက်ကြောင်း ခေတ်ပြိုင်သို့ ပြောကြားသည်။

ယမန်နေ့ မွန်းလွဲ (၂) နာရီက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန် အယ်လ်ဒီ) ဥက္ကဋ္ဌ ဦးအောင်ရွှေအပါအ၀င် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (၆) ဦးကို ပြည်ထဲရေးဝန်ကြီး ဌာန ၌ ခေါ်ယူတွေ့ဆုံ ကာ ခေါ်ယူ သတိပေး သည့်အပေါ် အန်အယ်လ်ဒီက ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလဆန္ဒခံယူပွဲ၌ အာဏာပိုင်များကိုယ်တိုင် မမှန်မကန် လုပ်ဆောင်ခဲ့သဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူလူထု အများစုနှင့် အန်အယ်လ်ဒီက လက်မခံနိုင်ကြောင်း အန်အယ်လ်ဒီ၏ ကြေညာ ချက်၌ ဖော်ပြခြင်းသည် ပြည်သူလူထုကို လှုံ့ဆော်ရာ ရောက်သဖြင့် ရုပ်သိမ်းပေးရန် ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီက အန်အယ်လ်ဒီ ခေါင်းဆောင် များနှင့်တွေ့ဆုံရာ၌ သတိပေးပြောကြားခဲ့သည်ဟု အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကပြောသည်။

၎င်းက "မနေ့ကဆွေးနွေးတဲ့အထဲမှာ သုံးသပ်ရေးကော်မတီဖွဲ့ဖို့တို့ဘာတို့နဲ့ ပတ်သက်ပြီး တလုံးတပါဒမှမပြောပါဘူး။ No လည်း မပြောဘူး။ Yes လည်းမပြောဘူး။ ပြည်သူလူထုကို လှုံ့ဆော် တဲ့သဘောရှိတဲ့အတွက် ရုပ်သိမ်းပေးပါလို့ပဲ ပြော တယ်။ ကျနော်တို့ အဖွဲ့ချုပ်လူကြီးတွေကတော့ ဒီဥစ္စာတွေ ဟာ အကုန်လုံးအမှန်အကန်တွေ သက်သေ အထောက်အထား တွေလည်း အကုန်ရှိတယ်။ အဲတော့ ဒီဟာတွေနဲ့ ပတ်သက်ပြီး ပြန်ပြီးရုပ်သိမ်းမပေးနိုင်ဘူးလို့ပဲ ဖြေကြားခဲ့ပါတယ်" ဟု ပြောကြားသည်။

ယခုကဲ့သို့ ကြေညာချက် ပြန်ရုပ်သိမ်းပေးရန် ခေါ်ယူသတိပေးမှုမျိုး ယခင်က မရှိခဲ့ဘူးကြောင်း၊ သတိပေးမှုကို ငြင်းဆန် လိုက်သဖြင့် နောင်အကျိုးဆက် မည်သို့ဖြစ်လာမည်ကို မပြောနိုင်သေးကြောင်းနှင့် အာဏာပိုင်တို့၏ ဆုံးဖြတ်ချက်အပေါ်၌ သာ မူတည်ကြောင်း အန်အယ်လ်ဒီက ပြောကြားသည်။

စက်တင်ဘာ (၂၂) ရက်က ထုတ်ပြန်သည့် အန်အယ်လ်ဒီ အထူးကြေညာချက်၌ ပြည်သူ့လွှတ်တော် အမြန်ဆုံး ခေါ်ယူ ဖွဲ့စည်းပေးရန်နှင့် ထိုလွှတ်တော်က တပ်မတော်၊ တိုင်းရင်းသားများနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များပါဝင်သည့် ဖွဲ့စည်းပုံ ပြန်လည်သုံးသပ်ရေး ကော်မတီဖွဲ့စည်းကာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအား ပြန်လည်သုံးသပ်ကြရန် တောင်းဆိုထားသည်။

ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ရေးဆွဲခဲ့ခြင်းမဟုတ်ဘဲ အာဏာပိုင်တို့ စိတ်ကြိုက် ရွေးချယ် ထားသည့် ပုဂ္ဂိုလ်များဖြင့် တဖက်သတ် ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၀၈ မေလ ဆန္ဒခံယူပွဲ သည်လည်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကို ချိုးဖောက်၍ အကျပ်ကိုင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ လိမ်လည် လှည့်ဖြားခြင်း၊ မလျော်သြဇာသုံးခြင်းတို့ပြုလုပ်၍ အတင်းအဓမ္မ အတည်ပြု ထားသဖြင့် ပြည်သူလူထုအများစုက လက်မခံနိုင်ကြောင်းလည်း အချက်အလက်များဖြင့် ထောက်ပြဝေဖန်ထား သည်။

ထိုကြေညာချက်သည် နိုင်ငံတော်လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်နိုင်ခြင်း၊ နိုင်ငံတော် အစိုးရအပေါ် ပြည်သူ များက အထင်မှားအကြည်ညိုပျက်စေခြင်း၊ နိုင်ငံတော်အစိုးရနှင့် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာနှင့် ချစ်ကြည်ရင်း နှီးမှု၊ ပူးပေါင်း ဆောင်ရွက်နေမှုများကို သိက္ခာကျဆင်းစေခြင်း၊ လွတ်လပ်စွာ ဆန္ဒမဲပေးခဲ့ကြသော အများပြည်သူများအား စော်ကားရာ ရောက်စေခြင်း တို့ ရေးသားဖော်ပြထားသဖြင့် ရဲချုပ်က ခေါ်ယူသတိပေး ပြောကြားခဲ့ကြောင်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြသည်။

ယမန်နေ့က ရဲချုပ်က ခေါ်ယူတွေ့ဆုံရာသို့ ကျန်းမာရေးမကောင်းသည့် ဦးလွန်းတင်မှအပ အန်အယ်လ်ဒီပါတီမှ ဗဟို အလုပ်အမှု ဆောင်ကော်မတီဝင်များဖြစ်သည့် အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ဦးသန်းထွန်း၊ ဦးညွန့်ဝေ၊ ဦးလှဖေနှင့် သခင်စိုးမြင့်တို့ သွား ရောက်ခဲ့ကြ ကြောင်း သိရ သည်။

၂၀၀၇ ခု ဖေဖော်ဝါရီ (၁၅) ရက်ကလည်း ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီက ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (စီအာ ပီပီ) ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် အတွင်းရေးမှူး ဦးအေးသာအောင်တို့ကို ခေါ်ယူတွေ့ဆုံကာ သဘောထား တောင်းဆိုချက်များ ထုတ်ပြန်ခြင်း မပြုလုပ်ရန်နှင့် စီအာပီပီသည် တရားဝင်အဖွဲ့အစည်းမဟုတ်ကြောင်း၊ ဥပဒေနှင့် ငြိစွန်းနေသဖြင့် ပြစ်ဒဏ် (၅) နှစ်အထိ ချမှတ်နိုင် ကြောင်း သတိပေးခဲ့ဖူးသည်။

http://www.khitpyaing.org/

အပြည့်အစုံသတင်းဖတ်ရန်....

အံမာ..ဒီလို လက်ပိုက်ကြည့်နေရရိုးလား

သံဃာတော်တွေအပေါ် နှိပ်ကွပ်မှုကို အရေးယူရန် အမေရိကန် ဆောင်ရွက်မည်

စက်တင်ဘာ ၂၄၊ ၂၀၀၇။

မြန်မာနိုင်ငံမှာ မနှစ်က သံဃာထုလှုပ်ရှားမှု ရွှေဝါရောင်တော်လှန်ရေးအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် အကြမ်းဖက် နှိပ်ကွပ်ခဲ့ရာမှာ တာဝန်ရှိတဲ့ မြန်မာ စစ်အစိုးရ ခေါင်းဆောင်တွေကို တရားဥပဒေ အရ အရေးယူရေး အမေရိကန် ပြည်ထောင်စု အနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့အတူ ဆက်လက်ကြိုးပမ်း သွားမယ်လို့ သမ္မတ ကတော် လော်ရာဘုရှ် (Laura Bush) က ပြောဆိုလိုက်ပါတယ်။

စားဝတ်နေရေး ကျပ်တည်းကြတဲ့ လူထုအတွက် မေတ္တာရှေ့ထားပြီး ငြိမ်းချမ်းစွာ ကြွချီဆန္ဒပြခဲ့ကြတဲ့ သံဃာထုကို အကြမ်းဖက် နှိမ်နင်းခဲ့တဲ့ နှစ်ပတ်လည်နေ့ အကြိုအထိမ်း အမှတ်အဖြစ် သမ္မတကတော် လော်ရာဘုရှ်က ကြာသပတေးနေ့က ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ငြိမ်းချမ်းစွာ မေတ္တာပို့၊ ဆန္ဒပြခဲ့တဲ့ သံဃာထုနဲ့ လူထုကို မြန်မာစစ်အစိုးရက သေနတ်နဲ့ ပစ် ဖြိုခွင်းခဲ့ရာမှာ ၃၀ ထက်မနည်း သေဆုံးခဲ့ရ တယ်လို့ ကုလသမဂ္ဂက မှတ်တမ်း တင်ထားခဲ့ပါတယ်။
http://www.voanews.com/burmese/index.cfm

အပြည့်အစုံသတင်းဖတ်ရန်....

ဗုဒ္ဓသားတော်ဆိုတာ..ဘယ်ခါ ဒူးမထောက်၊ ရှန်းရှန်းတောက်တဲ့ သံဃာ့ ဂုဏ်ရည်



ဖန်တီးသူ Kyaw Swa Linn
Head of Foreign Affairs Bureau.NLD (LA) Korea Branch

အပြည့်အစုံသတင်းဖတ်ရန်....

ကနေဒါ ဗမာများရဲံအလှူ..သာဓု ခေါ်ကြပါခင်ဗျာ..

Burma Cyclone Donors Appreciation Event - Toronto

Ottawa (Sept. 25, 08) - ‘Burma Cyclone Donors Appreciation’ event is to hold on this Sunday September 28, 2008 at Toronto Burmese Buddhist Temple . Burma Cyclone Relief Committee, comprised of a number of Burma support groups, collected approximately $200,000 of donations from Burmese-Canadians and Burma supporters in Canada and channeled it to hundreds of thousands of cyclone victims in Burma through the International Buddhist Monks Organizations (IBMO) and other relief organizations in Burma .

The Government of Canada has so far provided a total of $25.6 million for cyclone relief in Burma and Canadian civil society organizations raised $11.6 million from public. Provincial and territory governments also donated in separate, and labor unions and faith groups also extended their generosities, amounting in millions of dollars. As the whole country, Canada made the approximate contribution of $40 million for cyclone relief efforts in Burma .

Please see detailed info about the Cyclone Donors Appreciation event in Toronto , and if you need more information, please contact Kyaw Zaw Wai, the head of Cyclone Relief Committee at 416-358-2318.

-Canadian Friends of Burma-
Event info:

Date: Sunday, September 28, 2008
Place: Mahadhammikka Temple
12 High Meadow Place , Toronto M9L 2Z5
Time: Ceremony starts at 10:00 am.

10:00 a.m. Opening Comment from President, International Burmese Monks Organization ( Canada )

10:05 a.m. Cyclone Relief Briefing from the Chairperson of Burma Cyclone Relief Committee

10:15 a.m. Honouring Donors / Contributors

10:55 a.m. Speech from a special guest

11:00 a.m. Prayer service for the cyclone victims and fallen heroes (monks and peaceful demonstrators) of last year Saffron Revolution

11:30 a.m. Offering of lunch to the monks and participants

အပြည့်အစုံသတင်းဖတ်ရန်....

တရားဓမ္မ ပြမယ်။

အပြည့်အစုံသတင်းဖတ်ရန်....

တားမြစ်ပိတ်ပင်နေသော နိုင်ငံများကို UN ၌ ဘုရှ်က ပြစ်တင်ပြောဆို

http://wwwimage.cbsnews.com/images/2003/01/29/image538366x.jpg
မဇ္ဈိမသတင်းဌာန ကြာသပတေးနေ့၊ စက်တင်ဘာလ 25 2008 14:01 - မြန်မာစံတော်ချိန်
http://www.mizzimaburmese.com/news/regional/1738---un---.html

နယူးဒေလီ။ ။ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အမေရိကန်သမတ ဂျော့ဘုရှ်က အင်္ဂါနေ့က အပြည်ပြည်ဆိုင်ရာသို့ ပြောကြားသော မိန့်ခွန်းထဲတွင် ကုလသမဂ္ဂ၏ လုပ်ဆောင်နိုင်စွမ်းသည် အချုပ်အချာ အာဏာကို အကြောင်းပြ တားဆီးနေသော နိုင်ငံအုပ်စုအချို့ကြောင့် ကျဆင်းနေရပြီး ကမ္ဘာ့အခင်းအကျင်း ပုံစံကို ပြောင်းလဲပစ်ရန် လိုအပ်နေသည်ဟု ပါရှိသည်။

မြန်မာပြည်သူလူထုကို ကူညီရန် ယခုထက် ပိုပြီး လုပ်ဆောင်ခဲ့သင့်သည်ဟု ပြောကြားရင်း ပြီးခဲ့သည့်နှစ်က စစ်အစိုးရနှင့် ထိပ်တိုက် ရင်ဆိုင်မှုများတွင် ဒီမိုကရေစီရေး လှုပ်ရှားသူများအား အထောက်အကူ ကောင်းကောင်း မပေးနိုင်ခဲ့သည့် ကမ္ဘာ့ကုလသမဂ္ဂအား အပြစ်တင်လိုက်သည်။

"ကမ္ဘာကြီးက ကမ္ဘာ့ကုလသမဂ္ဂရဲ့ ဦးဆောင်မှုကို လိုအပ်ပါတယ်။" ဟု မကြာသေးခင်က မြန်မာနိုင်ငံနှင့် ဆူဒန်တို့တွင် ဖြစ်ပွားသော ထင်ရှားလှသော ပဋိပက္ခများနှင့် ပတ်သက်၍ ဘုရှ်က ပြောသည်။" ဒါပေမယ့် ဒီအဖွဲ့က လိုအပ်သလို မလုပ်ဆောင်ပေးနိုင်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တချို့နိုင်ငံတွေက လုပ်ထုံးလုပ်နည်းတွေ၊ အမျိုးသားရေး အချုပ်အချာပိုင်ခွင့် ဆိုတဲ့ အကာအကွယ်တွေ နောက်မှာပဲ ပုန်းခိုနေနိုင်တဲ့ အတွက်ကြောင့်ပဲ ဖြစ်တယ်။ အဲဒါက ယူအန်ကို မလှုပ်နိုင်အောင် လုပ်တာပဲ"

၂၀၀၇ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံများဖြစ်သော တရုတ်နှင့်ရှရုတို့က အတိုက်အခံများကို ဖိနှိပ်မှုများ လျော့ချရန်နှင့် နိုင်ငံရေး အကျဉ်းသားများအပေါ် ပြန်လွတ်ပေးရန်အတွက် မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချရန် ကိစ္စကို ဗီတိုအာဏာသုံး၍ ပယ်ချခဲ့သည်။

အထွေထွေ ညီလာခံ၏ ရှေ့မှောက်တွင် ဆက်လက်အပြစ်တင် ပြောကြားရင်း ဘုရှ်က "အကြမ်းဖက်သမားကို ကျနော်တို့ ပြင်းပြင်းထန်ထန် ဆန့်ကျင်သလိုပဲ ဒီအဖွဲ့ထဲက နိုင်ငံတွေဟာ အာဏာရှင် အစိုးရတွေကိုလည်း စိန်ခေါ်နိုင်ရမယ်" ဟု တက်ရောက်လာသော အဆင့်မြင့် ခေါင်းဆောင်များကို ပြောကြားသည်။

သမတက ပြင်းထန်သော စကားလုံးများဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသည် ပြုပြင်ပြောင်းလဲရန် လိုအပ်နေသည်ဟု ပြောသည်။

"လူ့အခွင့်အရေး ချိုးဖောက်သူတွေကို ကာကွယ်ပေးသလို ဖြစ်နေတဲ့ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ချက်ချင်းပြန်ပြီး သုံးသပ်သင့်တယ်။"ဟု အထွေထွေ ညီလာခံကို ဘုရှ်က ပြောသည်။

ကျုးဘား၊ ရှရု၊ တရုတ် နှင့် ဆော်ဒီအာရေဗီးယား နိုင်ငံများသည် လူ့အခွင့်အရေးကောင်စီ၏ လက်ရှိအဖွဲ့ဝင် နိုင်ငံများဖြစ်၍ ၎င်းတို့၏ ထင်ရှားသော လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများကို အမေရိကန်နိုင်ငံက ပြစ်တင် ဝေဖန်ထားသည်။

သိုသော် ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ၊ ဆူဒန်နိုင်ငံ တို့နှင့် ပတ်သက်၍ ထင်ရှားသိသာသော မအောင်မြင်သည့် ခြေလှမ်းများ ရှိနေလင့်ကစား သမတသည် မကြာသေးခင်က ကုလသမဂ္ဂ၏ ဦးဆောင်မှုဖြင့် ဖွံ့ဖြိုး တိုးတက်လာခဲ့သော အာဖဂန်နစ္စတန်၊ ဂျော်ဂျီယာ နှင့် အီရတ် အပါအဝင် နိုင်ငံများ အကြောင်းကိုမူ ချီးမွမ်း ပြောကြားသွားသည်။

အပြည့်အစုံသတင်းဖတ်ရန်....

U.S. Senate professional staff met with MRC representatives

http://www.mrc-usa.org/mrc%20and%20keit%20Luse%20meeting08.htm


MRC (FW) CC members are meeting with Mr. Keith Luse

Keith Luse, U.S. Senate Foreign Relations Committee senior professional staff member, Cathy Gallmeyer, the director of Sen. Richard Lugar’s Northeast Indiana Office, and Mr. Fred Gilbert, a social worker met with Monland Restoration Council (MRC) on September 6, 2008 at Mon Buddhist Temple , Fort Wayne where the largest Mon people live in the United States .


At the meeting, MRC updated situations of Mon people in Monland and overseas as well as introduced them Mon history, culture and beliefs. While Nai Thet Lwin, Chairman of MRC ( Fort Wayne ) briefed the history of Mon people, Nai Michael Mon briefed history of MRC and its activities. Nai Kun Yekha presented about human trafficking in Burma , Thailand , Malaysia and Singapore and human rights abuses, land confiscation, rapes and ethnic cleansing policy of SPDC in Monland, especially in Southern Ye Township. Nai Kun Yekha also briefed the NMSP-SPDC cease-fire situations in Burma , the situations of Mon refugees in Thailand and Malaysia . Mr. Luse was surprised to hear about human rights violations in Southern Ye.

Mr. Luse was also aware about human trafficking in Malaysia . During his recent trip to Malaysia , he learned how gangsters, brokers, Thai police and Malay immigration connected each other. He said he had discussed the issues with Malay authorities.

Mr. Luse also briefed on legislation that bans import of jade, rubies and other gems from Burma . The legislature also required the President to send a special envoy to Burma and its neighboring countries in order to put pressure on the Burmese military Junta to step democratic process in Burma .

Sen. Lugar believes that pressure on Burmese military regime should not only come from the U.S. and UN, but also from ASEAN, China , and India . Sen. Lugar hopes that President Bush will appoint a special envoy to Burma before he leaves the office, “thereby setting a foundation to continue and expand efforts in Burma ,” said Luse.

Rev. Ravika, Secretary General of Mon Sangha Organization of USA met a separate meeting with Mr. Luse on September 7, 2008 in Sen. Richard Lugar’s northeast Indiana office. Rev. Ravika extensively discussed with Mr. Luse about material support issues which U.S. law ban refugees who have supported armed groups. He requested to wave on Mon refugees who fall into that category.

Finally, MRC urges Luse to put more pressure on Burmese military regime in order the regime to initiate tripartite dialogue with opposition parties and ethnic groups in Burma and to help more Mon refugees from Malaysia and Thailand to come and resettle in the US .

အပြည့်အစုံသတင်းဖတ်ရန်....

ABFSU-FAC statement for NLD (20) years Anniversary

အပြည့်အစုံသတင်းဖတ်ရန်....

Saffron Revolution ဆိုတာ ဘာလည်း..???

A year ago the monks of Burma led half a million people in peaceful protests around the country, proclaiming to the military regime that peace and freedom must be finally restored to the people. The generals' response to the non-violent calls was extremely brutal; hundreds were killed, thousands imprisoned, many monasteries raided, and many people are still missing.

U Gawsita was one of the leaders of the Saffron Revolution. He speaks about what happened and what he wants the world to do.
Part 1:U Gawsita, Saffron Revolution


Part 2: U Gawsita, Saffron Revolution

uscampaignforburma မှ ဖေါ်ပြပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

တနှစ်ပြည့်တဲ့ ရွှေဝါရောင်တော်လှန်ရေး..

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, September 25, 2008

1st Anniversary to commemorate the Saffron Revolution

Dear friends,

The 1st Anniversary to commemorate the Saffron Revolution in Burma is being organized worldwide under the banner of the Sasana Moli International Burmese Monks Association on 27th September 2008.

As you are aware, last year, when a peaceful nationwide protest was courageously staged by Burmese Buddhist monks, they were brutally crackdown by the military regime. Many monks, students and civilians were killed, arrested and tortured.

On this day, the Sasana Moli International Burmese Monks Association would like to honour all those who sacrificed their lives during the Saffron Revolution and remind the people of Burma and world that the official ex-communication campaign is still valid.

In Delhi, on this day, the India branch of the Sasana Moli International Burmese Monks Association will organize a peaceful march from Mandi House to Jantar Mantar.

We invite you to join us at the march. We urge you to show your solidarity and support to the people of Burma struggling against the repressive regime; struggling to have a life of dignity and basic human rights.

Date : 27th September 2008 (Saturday)
Time : 11 am
Venue : Mandi House to Jantar Mantar (New Delhi)

Organized by:
The Sasana Moli International Burmese Monks Association (India)

Contact Person:
U Aemon (Monk) : 9810-807592
Mr. Htun Htun : 9891-280954

အပြည့်အစုံသတင်းဖတ်ရန်....

Wednesday, September 24, 2008

ဆူးလေရဲ့ မနေ့ ညရှူခင်း..

ဆူးလေဘုရားရဲ့ မနေ့ ညက ရှူခင်းပါ။ ဒီနေ့ တော့ နအဖ ဗုံးကွဲလို့ ယမ်းငွေ့  ဟပ်သွားလေရဲ့။ မနှစ်က ဒီလို အချိန်ပေါ့..
လုံထိန်းတွေ ဘုရားပေါ် စစ်ဖိနပ်တွေ စီးနင်းတက်ကြတယ်။...
ကျူပ် အဖိုးတုန်းက..အင်္ဂလိပ်တွေ ဘုရားပေါ် ဖိနပ်စီးတော့ ဆတ်ဆတ်ခါ အထိမခံဖြစ်တာ..
ကျူပ်တို့  ခေတ်ကျဘယ်နှယ်နေပါလိမ့် ..စစ်ကျွန်သက်ဘဲ ရှည်ချင်သလားမသိဗျာ..
ကျုပ်သွေး က ကျုပ်အဖိုးသွေးလောက် မရဲတာသေချာတယ်ဗျို့ . ရှက်တယ် အဖိုးရာ

အော် စကားမစပ်..
ဗုံး ကွဲ တာ ကြောင့် ဒီနေ့ ရန်ကုန်မှာ...passport ရုံး ပိတ် ထားပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

တိုင်းပြည်ကြီးဂျောက်ထဲ ကျနေသယောင်ယောင်.ဟန်ဆောင်ဖောက်နအဖ ဗုံး



ရန်ကုန်မြို့လယ် ဗန္ဓုလပန်းခြံအနီး ပေါက်ကွဲမှုတခု မြန်မာစံတော်ချိန် နံနက် ၁၀း၄၀ နာရီခန့်က ဖြစ်ပွားခဲ့သည်။ ဗုံးပေါက်ကွဲမှု ဖြစ်သည်ဟု ယုံကြည်ရပြီး လူ ၄ ဦး ဒဏ်ရာ ရသွားခဲ့သည်ဟု မျက်မြင်သက်သေ တဦးက ပြောသည်။

ဒီရေ သတင်းမှ..

အပြည့်အစုံသတင်းဖတ်ရန်....

ဟန်ဆောင် ပန်ဆောင်..ထောင်ခါပြနေတဲ့နအဖ..နိုင်ငံရေး အကျဉ်းသားမပါသလောက် ရှားမှရှား

ဒုတိယနေ့ လွှတ်ပေးသူများအတွင်း နိုင်ငံရေး အကျဉ်းသား မပါ

24 September 2008

မြန်မာစစ်အစိုးရ အာဏာပိုင်တွေက အကျဉ်းသားတွေ ထောင်ချီလွှတ်ပေးမယ်လို့ ကြေငြာလိုက်ပြီးတဲ့နောက် နောက်ထပ် ဆက်ပြီး လွှတ်ပေးနေတာတွေ ရှိပေမယ့် ဒီကနေ့ ပြန်လွှတ်ပေးတဲ့ အထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ပါလာတယ် လို့တော့ မကြားရပါဘူး။ ဒါ့အပြင် မူလက ပြန်လွှတ်ပေးဖို့ သတ်မှတ်ထားတဲ့ နိုင်ငံရေးအကျဉ်းသား ကိုတောင် ထောင်ထဲ ပြန်ပို့လိုက်တယ်ဆိုတယ် သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

အကျဉ်းသား စုစုပေါင်း ကိုးထောင်နဲ့ နှစ်ယောက်ကို ပြန်လွှတ်ပေးမယ်လို့ အာဏာပိုင်တွေက ကြေငြာ ပြီးတဲ့နောက် နိုင်ငံတ၀န်း အကျဉ်းထောင်တွေက အကျဉ်းသားတွေကို ဆက်လွှတ်ပေးနေတာပါ။ ဒါပေမယ့် မနေ့တုန်းက လွှတ်တဲ့အထဲမှာ ထင်ရှားတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင် နဲ့ အဓိက အတိုက်အခံ နိုင်ငံရေး ပါ တီကြီးတခု ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အဖွဲ့ဝင် တချို့ အပါအ၀င်၊ နိုင်ငံရေး အကျဉ်း သားတချို့ ပါလာခဲ့ပေမယ့် ဒီနေ့မှာတော့ ဒီလိုပါလာတယ်ဆိုတဲ့ သတင်းတွေကိုတော့ မကြားရပါဘူး။ အခု နောက်ဆုံး အကျဉ်းသားတွေ ဆက်လွှတ်ပေးနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း ကို မေးကြည့်ရာမှာတော့ -

“ထပ်မကြားဘူး ဒီနေ့လေ။ ထောင်တွေမှာတော့ ၉၀၀၀ကျော်ကိုတော့ ဆက်လွှတ်နေတယ်။ နိုင်ငံရေးသမား တော့ နောက်ထပ် မကြားဘူး။”

ဒီလိုပဲ ရန်ကုန် အင်းစိန်ထောင်ရှေ့ကို ရောက်သွားတဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တယောက်ကလည်းပဲ ဒီကနေ့ အကျဉ်းသားတချို့ ပြန်လွှတ်ပေးတာ တွေ့ရပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ ပါမလာတဲ့အကြောင်း အခုလိုဆိုပါတယ်။
“ဒီနေ့ ပထမဦးဆုံး လွှတ်တာကတော့ မိန်းကလေး အယောက် ၂၀၊ ၂၅လောက် ရှိလိမ့်မယ်။ သူတို့ကို ထပ်ပြီး စုံစမ်း ကြည့်တော့ သူတို့က ဘာပြောလဲဆိုတော့ ယောင်္ကျားလေးတွေက နောက်အသုတ်မှာ လွှတ်မှာတဲ့၊ ၄၀။ ၄၀ ပြီးရင် ဒီနေ့အတွက် ပြီးသွားပြီ။ မနက်ဖြန်မှာ များမယ်လို့တော့ ထပ်ပြောတယ်။ အဲဒီထဲမှာတော့ နိုင်ငံရေး အကျဉ်းသား တယောက်မှတော့ မပါလာဘူး။ ဒီနေ့အတွက်ကတော့။ မနေ့က ဦးရေက ကျွန်တော်တို့ ပျမ်းမျှ တွက်ကြည့်ရသလောက် ၁၅၀၊ ၂၀၀ အလွန်ဆုံး အဲဒီ ပတ်ဝန်းကျင်လောက်ပေါ့။”

မြန်မာစစ်အစိုးရကတော့ အကျဉ်းကျခံနေရသူတွေ အများအပြားကို နိုင်ငံအကျိုးပြုလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ ရည်ရွယ်ပြီး ပြစ်ဒဏ်တွေက သက်ညှာခွင့်ပေး ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ဒီအထဲမှာ နိုင်ငံရေးမှာ ပါဝင်ခဲ့လို့ ဖမ်းဆီးထောင်ချ ခံနေရသူ မဆိုသလောက်သာ ပါလာတဲ့အတွက် နိုင်ငံရေးလှုပ် ရှားသူ တွေဖက်ကတော့ အားရကျေနပ်မှုတော့ မရှိကြသေးပါဘူး။

“သူတို့ လွှတ်တဲ့ သတင်းမှာ ပါတာကိုက ရာဇ၀တ်သားတွေ၊ ပြစ်ဒဏ်ကျတဲ့ သူတွေလို့ ပြောတာကိုး။ နိုင်ငံရေး သမားကို သီးခြား မပြောပါဘူး။ နိုင်ငံရေး အရ နှစ်ရှည်လများ ထောင်ကျတဲ့ အမြင့်ဆုံး ပြစ်ဒဏ်ကိုလည်း ခံစား ပြီးပြီ။ အဲဒီလို ခံစားပြီးတော့ ကျော်နေတဲ့ သူတွေက အများစု။ တော်တော်ကို မကောင်းတာပေါ့။ တရားဥပဒေ စိုးမိုးရေး နဲ့ဆိုရင် မျက်စိနဲ့ ကြည့်ရင်တောင် တော်တော် မကောင်းတဲ့ ကိစ္စပါ။ ဘာပဲဖြစ်ဖြစ် လွတ်လာတဲ့ သူ တွေအတွက်တော့ ကျွန်တော်တို့ ၀မ်းသားပါတယ်။”

မနေ့တုန်းက နိုင်ငံတ၀န်းမှာရှိတဲ့ အကျဉ်းထောင်တွေက ပြန်လွှတ်ပေးတဲ့အထဲမှာတော့ သတင်းစာ ဆရာကြီး ဦးဝင်းတင် အပါအ၀င်၊ နိုင်ငံရေးအကျဉ်းသား (၇) ယောက်လွှတ်ပေးခဲ့တယ်လို့လည်း အန်အယ်လ်ဒီ က ပြောပါတယ်။ ဒါပေမယ့်လို့ မနေ့တုန်းက ဒီလွှတ်ပေးတယ်လို့ ပြောဆိုထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကိုယ်ရေးအရာရှိအဖြစ်နဲ့ တာဝန်ယူခဲ့ဘူးတဲ့ ဗိုလ် ကြီးဟောင်း ဦးဝင်းထိန် ကိုတော့ အာဏာပိုင်တွေက ပြန်လွှတ်မပေးခဲ့ဘူး ဆိုပြီးတော့လည်း သတင်းတွေ ထွက် ပေါ်နေပါတယ်။ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေ အပြောအရကတော့ ကသာထောင်မှာ ထောင်ကျနေတဲ့ ဦးဝင်း ထိန်ကို ပြန်လွှတ်ပေးမယ်ဆိုပြီး မိသားစုကို အကြောင်းကြားခဲ့ပြီး နောက်ဆုံးအချိန်ကျမှ အစီအစဉ် အပြောင်း အလဲရှိတဲ့အတွက် လွှတ်မပေးဖြစ်တဲ့ အကြောင်း အသိပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါနဲ့ ပတ်သက်လို့ အန် အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း ကတော့ မိသားစုနဲ့ တိုက်ရိုက် အဆက်အသွယ် မရတဲ့အတွက် တိတိ ကျကျ မသိရသေးပေမယ့် ဒီသတင်းထွက်နေတာ ကြားရတဲ့အကြောင်း ပြောပါတယ်။

“ကျွန်တော်တို့လည်း မနက်က သတင်းကြားရတယ်။ သူ့ရဲ့ ဇနီးက မန္တလေးကနေ သင်္ဘောအချိန်နဲ့ စောင့်နေ တာ။ နောက် ကသာ က လှမ်းဆက်တယ်။ ကသာ က တက်လာတော့ ပြန်ပြီးတော့ ထိန်းသိမ်းထားတဲ့ သဘော လို ပြောနေတယ်။ ကျွန်တော်တို့ကတော့ တိုက်ရိုက်မရတော့ confirm တော့ မလုပ်နိုင်ဘူး။ အဲဒီ သတင်းတော့ ကြားပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရ အာဏာပိုင်တွေဖက်ကတော့ အကျဉ်းသား ကိုးထောင်ကျော် လွှတ်မယ့်အကြောင်း မနေ့တုန်းက နိုင်ငံပိုင် သတင်း မီဒီယာတွေမှာ ဖော်ပြခဲ့ပေမယ့်၊ ဒါနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေ ထုတ်ပြန်ပြောဆို တာမျိုးတော့လည်း မရှိပါဘူး။

အပြည့်အစုံသတင်းဖတ်ရန်....

ရန်ကုန်မြို့ တာမွေရဲစခန်းတွင် ပေါက်ကွဲမှုဖြစ်

ဧရာဝတီ | စက်တင်ဘာ ၂၄၊ ၂၀၀၈

ရန်ကုန်မြို့ရှိ တာမွေရဲစခန်း၌ လွန်ခဲ့သည့် ၂၁ ရက်နေ့ည ၇ နာရီခွဲခန့်က ပေါက်ကွဲမှုတခုဖြစ်ပွားကြောင်း ဒေသခံများက တဆင့် သိရသည်။

ပေါက်ကွဲမှုကြောင့် ရဲစခန်းနံရံ အနည်းငယ်ပြိုသွားသော်လည်း ထိခိုက်မှုတစုံတရာမရှိကြောင်း တာမွေရဲစခန်းအနီးတွင် နေထိုင်သူတဦးက ဧရာဝတီကို ပြောသည်။ အဆိုပါပေါက်ကွဲမှုနှင့်ပတ်သက်၍ တာမွေရဲစခန်းက အနီးပတ်ဝန်းကျင်ရှိလူ များအား မိုးကြိုးပစ်သည်ဟု လိမ်လည်ထားကြောင်း ရဲစခန်းအနီး နေထိုင်သူက ဆိုသည်။

“ည ၇း၃၀ လောက် မိုးတွေအရမ်းရွာနေတဲ့အချိန်မှာ မိုးကြိုးပစ်သလို အသံကြီးတခုကြားတယ် .. အစကကားဘီးပေါက် တယ် .. ဒါမှမဟုတ် အနီးနားမှာ မိုးကြိုးပစ်တယ်လို့ပဲ အားလုံးကထင်တာ” ဟု တာမွေရဲစခန်းအနီးတွင် နေထိုင်သူက ပြောသည်။

ဧရာဝတီက တာမွေရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တယ်လီဖုန်းဖြေသူက မိုးကြိုးပစ်သည်ဟုသာပြောပြီး အသေးစိပ်ကို ဖြေဆိုခွင့်မရှိကြောင်း ပြောသည်။

တာမွေရဲစခန်းဘေး လမ်း ၁၅၀ ရှိ ဆိုင်များကို အာဏာပိုင်တို့က ယနေ့ဝင်ရောက်ရှာဖွေကြောင်းလည်း စုံစမ်းသိရှိရသည်။

ယခုလ ၁၂ ရက်နေ့က ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ရှိ ဗီဒီယိုရုံတရုံတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ လူ ၂ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါပေါက်ကွဲမှုနှင့်ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး၏ လက်ချက်ဖြစ်သည်ဟု စစ်အစိုးရသတင်းစာက ရေးသားထားသည်။ [Top]

အပြည့်အစုံသတင်းဖတ်ရန်....

လက်စသတ်တော့ ဒါကြောင့်ကိုး..

ဦးဝင်းထိန် ကို ထောင်လွတ်ပေးခဲ့ပြီး. မိသားစုတွေကို လာခေါ်ဖို့ အကြောင်းကြားပြီးမှ..ဘွာတေး.. လူမွှား တွားဒါ။

မင်းအကောင်ကြီးတယ် ၂ ခါလျှောက်လို့  ရေနွေးအိုးဖြတ်လျှောက်တာ မသေတဲ့ ကနန်း ကြီးကို ကပ္ပိယကြီးကပြောသလိုဘဲ..မနေ့  ကလွတ်.ဒီနေ့  အတွင်းထဲ ပြန်ထည့်ထားတယ်. ကသာ ထောင်မှာတဲ့ ဗျာ...ဘယ်ကလာ..ချစ်လွန်းလို့  ဟုတ်ရမလည်း ။
ရဲရဲတောက် ဦးဝင်းထိန် ရဲ့ DVB interview ကြောင့်ပါ။ ဒီလူတော့ ပြန်ချူပ်မှဖြစ်မယ်.. စိတ်ပြောင်းသွားကြတယ်..အော် လူယုတ်မာတွေ များတယ်ကြောက်တာလားဗျ။
ကြည့်လေဗျာ..။

အပြည့်အစုံသတင်းဖတ်ရန်....

ပင်လယ်ပြင်၌ သင်္ဘောမှောက်ခြင်း

စစ်ကျွန် မခံချင်..ဘုန်းကြီးခေါင်း မထုချင်တဲ့ မထုရက်တဲ့ ဗမာလေးတွေ အရင်းမစိုက် လှေထိုး လိုက်တာ..သင်္ဘောနစ်သေကုန်ပါတယ်။ အမျိုးတွေ ပါမပါ စုံစမ်းကြပါဗျို့ ။ ကိုရီးယား သင်္ဘောဖြစ်ပြီး ဗမာ ဂယောက် ပါသွားတယ်တဲ့ဗျာ..

All 17 missing after South Korean cargo ship capsizes
SEOUL (AP): The Coast Guard says a South Korean freighter has capsized off Macau's coast, leaving all 17 sailors missing.
It said the 4,000-ton ship was found capsized by a Chinese rescue vessel earlier Wednesday in waters some 35 miles (57 kilometers) southwest of Macau.
A Chinese search-and-rescue operation is under way but has not found any of the missing crew members _ eight from South Korea, eight from Myanmar and one from Indonesia.
The South Korean cargo ship was sailing toward a South Korean port after departing Vietnam
http://www.hindu.com/thehindu/holnus/001200809241735.htm

အပြည့်အစုံသတင်းဖတ်ရန်....

ယခင် သတင်းများ ဖတ်ရန်