Monday, November 17, 2008

နိုင်ငံစီးပွားရေး ကျဆင်းနေဟု ဂျပန်အစိုးရ တရားဝင်ထုတ်ပြန်

17 November 2008

ဂျပန်နိုင်ငံဟာ စီးပွားရေးကျဆင်းနေတယ်လို့ တရားဝင်ကြေညာလိုက်ပါတယ်။ ဒီကနေ့ အစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်အရ အခုနှစ် တတိယလေးလပတ်အတွင်းမှာ ဂျပန် စီးပွားရေးဟာ ၀.၁% လျော့ကျသွားတယ်လို့ ဖော်ပြပါတယ်။ ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်
မှာ စီးပွားအင်အားအကြီးဆုံး ဒုတိယမြောက်နိုင်ငံ ဖြစ်ပါတယ်။

အခုနှစ် ဒုတိယလေးလပတ် ကာလမှာကတည်းက စီးပွားရေးကျဆင်းတာ ကြုံခဲ့ရတာ လို့လည်း သိရပါတယ်။ ကမ္ဘာ့ငွေကြေး အကျပ်အတည်း အခြေအနေနဲ့ အတူပဲ အခုလို ဂျပန်အပါအ၀င် ကမ္ဘာ ပေါ်က စီးပွားရေးအင်အားကြီးနိုင်ငံတွေအပေါ် အကြီးအကျယ် ရိုက်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံဟာ ၂၀၀၁ ခုနှစ်ကတည်းကဆိုရင် ဒါ ပထမဆုံးအကြိမ် စီးပွားရေး


ကျဆင်းတာပါ။ နှစ်တနှစ်ရဲ့ လေးလပတ်ကာလ နှစ်ကြိမ်ဆက်တိုက်မှာ စီးပွားရေးဖွံ့ဖြိုးမှု အနုတ်
လက္ခဏာပြလာပြီဆိုရင် အခုလို စီးပွားရေးကျဆင်းတယ်လို့ သတ်မှတ်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့ရက် သီတင်းပတ်အတွင်းကတော့ ဥရောပ ယူရိုငွေသုံးတဲ့ နိုင်ငံ ၁၅ နိုင်ငံ စီးပွားရေးဆုတ်ယုတ်ကျဆင်းမှု ဖြစ်နေတယ်ဆိုတာကို ဥရောပသမဂ္ဂက တရားဝင်
ကြေညာခဲ့ပါတယ်။ အလားတူပဲ အမေရိကန်စီးပွားရေးဟာ အကျဘက်ကို ဦးတည်နေ တယ်လို့ ကျွမ်းကျင်သူအတော်များများက ခန့်မှန်းထားပါတယ်။ ဂျပန်နိုင်ငံမှာတော့ အစိုးရရဲ့ စီးပွားရေးကျားကန်မှု အစီအစဉ် မအောင်မမြင်ဖြစ်တယ် လို့ ဂျပန်လူထုက ယူဆတာကြောင့် ဂျပန်ဝန်ကြီးချုပ် တာရို အာဆို အစိုးရအဖွဲ့အပေါ် လူထုထောက်ခံမှုဟာ ၃၀% အောက်အထိကို ကျဆင်းသွားပါတယ်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်