ဇာနည်
တနင်္လာနေ့၊ နိုဝင်ဘာလ 17 2008
ချင်းမိုင်။ ။ ပဲဈေးနှုန်းများ အဆမတန် ကျဆင်းလာမှု ဂယက်နှင့်အတူ ပဲဖိုး ပေးချေရမည့် ငွေများကို မပေးဘဲ တိမ်းရှောင်နေသော ၀ယ်လက်ကြီးသမား သုံးဦးကို ရဲက အရေးယူမှုများ ပြုလုပ်နေသည်ဟု ပဲကုန်သည် သတင်းရပ်ကွက်မှ သိရသည်။
ဘုရင့်နောင်ကုန်စည်ဒိုင်မှ အသင်းဝင်များဖြစ်သော ကိုဖြိုးကြိုင်၊ ကိုသက်နိုင်ဦးနှင့် ကိုဌေးအောင်တို့မှာ ငွေလိမ်လည်မှုဖြင့် စွပ်စွဲခံထားရသည်။ ကြိုပွိုင့်ဟုခေါ်သော ကြိုရောင်းကြိုဝယ် လုပ်ကြရာတွင် မတ်ပဲ၊ ပဲတီစိမ်း စသည့် နိုင်ငံခြားသို့ တင်ပို့သော ပဲဈေးနှုန်းများ ထိုးကျလာခြင်းကြောင့် ငွေကွာဟမှု ပမာဏ ကြီးမားသွားရာမှ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန (စသုံးလုံး)က အရေးယူခံနေရခြင်း ဖြစ်သည်။
"ဖြိုးကြိုင်ကတော့ အဖမ်းခံလိုက်တယ်။ သက်နိုင်ဦးနဲ့ ဌေးအောင်ကတော့ ရှောင်နေတုန်းပဲ။ ဌေးအောင်ကျတော့ သူ့မိန်းမကို စသုံးလုံး က ခေါ်ထားတယ်။ သက်နိုင်ဦးကတော့ သူ့ဦးလေး ပွဲစားကြီးက ဖြေရှင်းပေးမယ်ဆိုပြီး ပြောတယ်" ဟု ရန်ကုန်မြို့မှ ပဲကုန်သည်ကြီး တဦးက မဇ္ဈိမကို ပြောပြသည်။
ယမန်နှစ်က ပဲတတန်လျှင် ၇ သိန်းဝန်းကျင် ပေါက်ဈေးရှိခဲ့ရာမှ ယခုနှစ်တွင် ၄ သိန်းကျော်သာ ရှိတော့ရာ ပဲတန်ချိန် ၁၀၀ အတွက် ကျပ်သိန်း ၃၀၀ နီးပါး ဆုံးရှုံး ထိခိုက်နေခြင်း ဖြစ်သည်။
ဝယ်လက်သမားများသည် ကြိုတင်ဝယ်မည်ဟု စာချုပ်ချုပ်ဆိုစဉ်က ဈေးနှုန်းမြင့်မြင့်ဖြင့် ပေးထားကြပြီး အမှန်တကယ် ငွေပေးချေရမည့် အချိန်တွင် ၀ယ်ယူစဉ် ဈေးနှုန်းထက် အဆမတန် ကျဆင်းမှုကြောင့် ဆုံးရှုံးမှု များပြားလာခဲ့သည်။
ထွက်ပြေးတိမ်းရှောင်နေသူများ ပေးလျော်ရန်ရှိသော ငွေမှာ သိန်း ထောင်နှင့်ချီ၍ ရှိနေပြီး သူတို့နှင့် ဆက်နွယ်နေသော နယ်မှ ပဲအ၀ယ်တော်များ ကုန်သည်များအနေဖြင့် တဦးလျှင် အနည်းဆုံး သိန်း ၅၀ မှ သိန်း ၂၀၀ ကျော်အထိ ထိခိုက်မှုများ ရှိသောကြောင့် သက်ဆိုင်ရာ ကုန်စည်ဒိုင်များကို တိုင်ကြားမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
"လက်ကြီးသမားတွေက ပဲတွေ တန် ၅၀၀ မျိုး၊ တန် ၁၀၀၀ မျိုး လုပ်တာလေ။ ကျနော်တို့လည်း ရောင်းထားတာ ပါသွားတော့ ကုန်စည်ဒိုင်ကို တိုင်ထားတာပေါ့နော်။ ကျနော်တို့ကတော့ တန်ချိန် နည်းပါတယ်။ တချို့က တန် ရာနဲ့ချီ ထိတာ" ဟု ကုန်သည်က ပြောပြသည်။
မုံရွာမှ ပဲမျိုးစုံ အ၀ယ်တော်တဦးကလည်း "ကျနော်တို့လည်း ထိတာပဲ။ ပိုက်ဆံရော လုပ်ငန်းရောပေါ့။ ခုတဖက်ကလည်း ဈေးတွေက တော်တော်ကျသွားတော့ အရောင်းအ၀ယ်တွေ အေးတယ်။ ၀ယ်လက်ကြီးတွေ အလုပ်မဖြစ်တော့ အောက်ကလည်း ထိတာပေါ့။ အရင်ထက်စာရင် သုံးပုံတပုံလောက် အရှုံးပေါ်တယ်" ဟု မဇ္ဈိမကို ပြောပြသည်။
စုံစမ်းစစ်ဆေးခံနေရသူများသည် ပဲမျိုးစုံ ကုန်သည်လောကတွင် နာမည်ကြီး ကြေးရတတ် ပဲကုန်သည်များ ဖြစ်ကြသည်ဟု သိရသည်။
"သူတို့က ၄၀ ကျော် ၀န်းကျင်လောက် ရှိတဲ့သူတွေပဲ။ အရာရှိ လူကြီးပိုင်းတွေနဲ့လည်း ရင်းနှီး ၀င်ထွက်တာတွေ ရှိတယ်" ဟု ဘုရင့်နောင်မှ အ၀ယ်တော်တဦးက ပြောပြသည်။
လောလောဆယ်တွင် ကိုဖြိုးကြိုင်နှင့် ပတ်သက်သော ရရန်ရှိ အမှုကိစ္စရပ်များကို စသုံးလုံးမှ ကိုင်တွယ်နေပြီး တိမ်းရှောင်နေသူ နှစ်ဦးကိုမူ သတ်မှတ်ချိန် ၁၀ ရက်အတွင်း လာရောက် ဖြေရှင်းမှုပြုရန်နှင့် လာရောက်ဖြေရှင်းခြင်း မပြုပါက တရားစွဲဆိုမည်ဟု စသုံးလုံးမှ အမိန့် ထုတ်ပြန်ထားသည်။
ရန်ကုန်မှ ၀ယ်လက်ကြီး သမားများသည် ပဲခူး၊ ပခုက္ကူ၊ မုံရွာ စသောဒေသများမှ ပဲမျိုးစုံတို့ကို ငွေတရာတွင် တစ်ရာခိုင်နှုန်း ပွဲခပေး၍ နယ်မှ ပွဲစားများကို အ၀ယ်တော် ခန့်အပ်ထားလေ့ ရှိသည်။
ဝယ်လက်ကြီးသမားများမှ ငွေပေးချေမှု မပြုလျှင် နယ်မှ အ၀ယ်တော်များမှာလည်း ကြပ်တည်းကြရသည်။ ငွေရင်းစိုက်ထားနိုင်သူ နယ်မှ အ၀ယ်တော်များအနေဖြင့် စိုက်ထားနိုင်သော်လည်း ငွေရင်း မစိုက်နိုင်သူများအဖို့ ခက်ခဲမှုများရှိသဖြင့် နယ်များတွင်လည်း ပဲအရောင်းအ၀ယ်များ အေးလျက်ရှိကြောင်း နယ်အ၀ယ်တော်များက ပြောပြသည်။
"အခုအချိန်က ပဲရာသီရောက်လို့ ဈေးကျတာ ဆိုပေမယ့် အခုက အိန္ဒိယကဈေးမပေးတော့ဘူး။ ဈေးနှိမ်ဝယ်တယ်။ ဒီနှစ်တော်တော်ဆိုးတယ်။ ပြည်တွင်းပဲဈေးတွေလဲ လိုက်ကျကုန်တယ်။ အဲဒီတော့ ဒီလိုတွေ ဖြစ်လာတာပဲ" ဟု ရန်ကုန်မြို့မှ ပဲမျိုးစုံတင်ပို့သူ ကုန်သည်ကြီးတဦးက မဇ္ဈိမကို ပြောပြသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တခုတွင် အိန္ဒိယ ပဲဈေးကွက်တွင် မြန်မာ့မတ်ပဲ အပါအ၀င် ပဲစဉ်းငုံ၊ ကုလားပဲ၊ ပဲနီလေး၊ မြေထောက်ပဲနှင့် ပဲစိမ်းငုံတို့၏ ၀ယ်လိုအားများနည်း၍ ပဲဈေးနှုန်းကျနေသည်။ ထို့အပြင် ကမ္ဘာ့ဈေးကွက်များတွင် အခြား အဓိက ကောက်ပဲသီးနှံများနှင့် ကုန်ပစ္စည်းအချို့ ဈေးနှုန်းများ ကျဆင်းလာခြင်းကလည်း ပြည်တွင်း ဈေးကွက်အတွင်း ပဲဈေးနှုန်းအားနည်းမှုကို ဖြစ်ပေါ်စေသည်ဟု ဖော်ပြပါရှိသည်။
Monday, November 17, 2008
ပဲ ကုန်သည်ကြီး ၃ ဦးကို စသုံးလုံးက ဖမ်းဆီး
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
November
(417)
- ( န အဖ ) တို့  ပြော သော တိုး တက် နေ သည့် မြန် မာြ...
- အသက်မပြည့်သူ ကလေး တဦးအား စစ်သား အဖြစ် စုဆောင်း
- မောင်တောမြို့တွင် အမျိုးသမီးကြီး တဦး သတ်ဖြတ်ခံရ
- Burma: Unpreventable Death Under Military Boots
- တော်လှန်ရေးရဲ့အောင်မြင်လမ်း (သို့ ) The Road
- Bloodstained Rubies Fund Burmese Regime
- BGAN & Burma plea a video by : Jeffrey Hellman
- November 30th In NYC History
- ငွေကြေးနှင့် မသက်ဆိုင်သော တန်ဖိုးများ
- ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း နှစ် (၃၀)မြောက် အထိ...
- အမေလူထုဒေါ်အမာရဲ့ (၉၃)နှစ်မြောက် ဂုဏ်ပြု စာ ကဗျာများ
- သွားရောက်စစ်ဆေးပေးပါ။
- Welcome to 1st conference of Sasana Moli by ABMA
- မြန် မာ ပြည်၏ တရားမျှတသည်ဆို သော တ ရား စီ ရင် ရေး
- ( န . အ . ဖ ) တို့  ပြော သော တိုး တက် နေ တဲ့ မြန် ...
- Become a Hero to Children in Burma
- နအဖ လက်အောက်မှ ကျွန်ခံရရှာသော ကလေးစစ်သား၏ ဘဝ
- လူကုန်ကုးခံရသော မြန်မာ အမျိုးသမီးများ ကို ကူညီကြပါ။
- မွမ်ဘိုင်းတိုက်ခိုက်မှု စုံစမ်းစစ်ဆေးနေပြီ
- ၉၃ နှစ်ပြည့် အမေလူထုဒေါ်အမာမွေးနေ့အမှတ်တရ ဂုဏ်ပြုအယ...
- ခလေး စစ်သားပြဿနာ..
- ပေါင်းစားကြမလား...လက်နက်ချမလား..
- ပါလီမန် ဒီမိုကရေစီ သတင်းစဉ် Nov 2008
- ဗိုလ်ချုပ်မှူးကြီးကို ပုန်ကန်ခြားနားပါမှ.....
- Voice of Burma, Dec 2008
- သူတောင်းစားတွေပေါတဲ့တိုင်းပြည် က သူတောင်းစားတစ်ယောက်
- လူသတ်ကောင်တွေရဲ့ အစည်းအဝေး
- လူမဟုတ်တဲ့ လူ
- မြန်မာ့ခွေး တပ်မတော်
- ကမ္ဘာမြေစိမ်းလန်းရေး သို့မဟုတ် Quantum of Solace
- မြန်မာနိုင်ငံမှတင်သွင်းလာသည့် ဆေးပြား ၄၀၀၀၀ ဖမ်းကိ...
- လာဒ်ပေး လာဒ်ယူ လုပ်မှုကြောင့် ရဲအရာရှိ သုံးဦး အလု...
- မွမ်ဘိုင်းမြို့ စီးနင်းမှု တိုက်ပွဲ ဆက်ဖြစ်
- အင်တာနက် အသုံးပြုသူများ လုံခြုံမှုအတွက် စိုးရိမ်
- HRDB ဦးမြင့်အေးနဲ့ အဖွဲ့ဝင် တချို့ ထောင်ဒဏ် တသက်ခ...
- ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ အကြီးအကဲကို ထိုင်း ၀န်ကြီး...
- လူတွေမလာနဲ့  gas သာလာပစေတဲ့။
- မဲဆောက်မြို့ရှိ မြန်မာအလုပ်သမား ၃၀၀၀ နီးပါး အလုပ်လ...
- မြန်မာနေးရှင်း အယ်ဒီတာနှင့် ၈၈ မျိုးဆက် ကျောင်းသား...
- သူတောင်းစားတွေ ပေါမှပေါ..
- အိပ်ပေါက်နဲ့ ဖားကောက်နေတဲ့ နအဖ
- သစ်ခုတ်သမားအခုတ်ခံရမှုကြောင့် ရွာသားများ ရွာပြင်ထွက...
- အင်တာနက် အသုံးပြုသူများ လုံခြုံမှုအတွက် စိုးရိမ်
- သူတို့စစ်တပ်က ပြည်သူဘက်ကရပ်တည်တော့အားကိုးတာပေါ့
- သတင်း အမှောင်ချထားခြင်း
- Brief History of Burma from CNN
- ဒီ video ကြည့်ပြီး သန်းရွှေဖျားနေတယ်.ကြောက်လို့ 
- Relief and Resistance in Burma's War Zones
- HIV/AIDS ဝေဒနာရှင်များအား စွန့်ခွါသွားခြင်း
- ထိုင်းနေ မြန်မာများ လုံခြုံရေး သတိပြုကြစေလို
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၆)လ ပြည့် ၀မ်းနည...
- in front of UN ( in japan )
- ကြိုင်ကြိုင်နဲ့ သန်းရွှေ တို့ ရဲ့သောင်းကျန်းပုံတွေ
- ဥပဒေမဲ့ တရားစီရင်ရေး ချက်ချင်းရပ်
- လူရွှင်တော် ဇာဂနာနှင့် ကိုဇော်သက်ထွေးတို့ကို ထောင်ဒ...
- အကြမ်းဖက်သမား သန်းရွှေ အုပ်စိုးရာ ပြည်တွင်းမှ ပြည်သ...
- မြန်မာနိုင်ငံသား AIDS ရောဂါရှင်များရဲ့ ကယ်သူမဲ့ဘဝ
- ထိုင်းဝန်ကြီးချူပ်လဲ သန်းရွှေလို အာဏာရူးဘဲလား
- အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် သွေးချောင်းစီး အ...
- ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီး လုံခြုံရေး တိုးမြှင့်
- Burmese Health--Healthy Eating, Healthy Living in ...
- ဒုက္ခသည် များရဲ့ အရိပ်ကောင်းသော သစ်တပင်
- အလင်းရောင်ပျောက်သော်လည်း..ပွင့်နေဆဲ ပန်းကလေးများ
- Burmese School in Bangkok
- ဆေးဝါးပြတ်လပ်လို့ အိပ်ခ်ျအိုင်ဗွီရောဂါသည် သောင်းနဲ...
- မြန်မာ့ အလုပ်သမားရေး လှုပ်ရှားနေသူများ အခြေအနေ စိုး...
- ငတက်ပြား သက်ကျားအိုဝန်ကြီး
- မြန်မာပြည်က မျောက်နှစ်ကောင်ကတဲ့ပွဲ
- ရခိုင်အာဇာနည် ဦးသာထွန်း.
- Generation Wave တဲ့ဟေ့
- မချိသွားဖြဲ..နေကြသူတွေ..
- The Arakan National Newspaper.vol;2.No.11.November...
- ရခိုင်ပြည်နယ်မှသတင်း
- E နဲ့  G နဲ့ မှားတာပါဗျာ..
- Invitation
- အမျိုးသမီးများရဲ့ အသံ
- “ အ ရှက် ဖြေ လင်္ကာ ”
- မြန်မာ က ဘင်္ဂလားဒေ့ရှ်ကို စပြီး ရန်စခြင်း
- ထိုင်းအစိုးရ ဆန့်ကျင်သူတွေ သုဝဏ္ဏဘူမိလေဆိပ် ပိတ်ဆို...
- နောက်ထပ် နိုင်ငံရေးအကျဉ်းသား ၂၇ ဦး နယ်ဝေးထောင်မျာ...
- တပ်တွင်း အပြောင်းအလဲ ပြုလုပ်
- Where Buddhism and Physics Converge
- Where Science and Buddhism Meet
- The Politics of Buddhism in Burma
-ုဖြတ်လေးဖြတ်နဲ့  သတ်တဲ့ လူမျိုးပြုန်းသတ်မှု
- Myanmar 6 months on
- သတင်းများ.(DVB)
- မြန်မာမိန်းကလေးငယ်အား ရောင်းစားသူ တရုတ်အမျိုးသမီးက...
- နှစ်ရှည်ထောင်ဒဏ်အပြစ်ပေးမှု သာသနာ့ဥသျှောင်အဖွဲ့ ရှုတ်ချ
- ကျောင်းသားသပိတ် အထိမ်းအမှတ်ကျောက်တိုင် (ရွေတိဂုံဘ...
- Voice of Burma, NOV 2008
- သာသနာဥသျှောင်အဖွဲ့ ၏ နှစ်ပတ်လည် အစည်းအဝေး မှတ်တမ်း...
- အောက်ခြေလွတ်နေသူ
- နယူးဒေလီ ဆန္ဒပြပွဲ
- သန်းရွှေမြေး စီးပွားရေး သောင်းကျန်းနေပြီ
- တစ်နိုင်ငံ လုံး စီးပွားရေး သူ့စီးပွားရေးဘဲ
- လှောင်ချိုင့်စံ
- နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်အရောက်အပေါက် ခက်ခဲလှတဲ...
- သစ္စာတော်လှန်ရေးအင်အားစု ရန်ပုံငွေနှစ်သစ်ကူးခရီးစဉ်
- မင်းမှာသစ္စာ လူမှာကတိတဲ့ .မင်းအစစ်မရှိတဲ့ ပြည်မြန်မာ
-
▼
November
(417)
No comments:
Post a Comment