ပေပေါ်တင်ထု ထုချင်ထု
မီးပေါ်တင်ရှို့ ရှို့ချင်ရှို့
နာနာထုလေ ဓါးကောင်းလေ…
ကဗျာဆရာ ကိုလွမ်းဏီ ရဲ့ကဗျာပိုဒ်လေးပါ ၁၉၉၀ တဝှိုက်က စပ်ဆိုခဲ့တယ်လို့မှတ်မိပါတယ်၊ ကျနော်အထက်ဗမာပြည်ဘက်ကို ပါတီအလုပ်တခုနဲ့ ခရီးထွက်နေရာကနေပြန်လာတာပါ မှတ်မိနေပါသေးတယ် မိုးကဖွဲဖွဲရွာနေတာ ရန်ကုန်ဆိပ်ကမ်းရောက်တော့ ကျနော်တို့မြို့ NLD က သူငယ်ချင်းတယောက်နဲ့ တွေ့ပါရော ဂျပန်ကြီး (ကျော်မျိုးသန့်) ထောင်ထဲမှာ ကျ သွားပြီတဲ့ ကျနော်သတင်းကြောင့် သိတ်စိတ်ထိခိုက်သွားခဲ့ရပါတယ်၊ အော်..ပေးဆပ်လိုက် ရပြန်ပါပြီပေါ့ ဂျပန်ကြီးက ကနော်တို့ငယ်ငယ်ကတည်းကသူ့ကိုခေါ်ခဲ့တဲ့ နံမည်ပြောင်ပါ သူ့နံမည်ရင်းက ကျော်မျိုးသန့် ဒါပေမဲ့ ကျနော်တို့ ဘိုကလေးမြို့မှာ သူ့ကိုဂျပန်ကြီးလို့ပဲ သိကြတာများပါတယ်၊ ဘိုကလေးမြို့နယ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ တွဲဘက် အတွင်းရေးမှူးပါ ထောင်ကြသွားရတာက စစ်အစိုးရက ၈၈၈၈ လေးလုံးကာလက သပိတ် တိုက်ပွဲတွေမှာပါခဲ့တဲ့ သမဝါယမဝန်ထမ်း(၄၀)ကို အလုပ်ဖြုတ်ပစ်တဲ့ကိစ္စနဲ့ ဝေါ မြို့နယ်မှာ လယ်သမားတွေကို သေနတ်ဖေါက်ပြီး အတင်းစပါးရောင်းခိုင်းတဲ့ကိစ္စတွေကို ကျနော်တို့ မြို့နယ်မှာ စာတွေဖြန့်ကြပါတယ် ကန့်ကွက်ကြောင်းလည်း မဝတ ကိုစာတင်ပြီး တရားဝင် တောင်းဆိုတိုက်ပွဲဝင်တာပါ။
အဲ့ဒီ့အချိန်က ပါတီဗဟိုကလဲ နဝတ ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့တာပါ ကျနော်တို့ ပါတီကအဲ့ဒီအချိန်မှာ ကြားဖြတ်အစိုးရပေါ်ပေါက်ရေး တောင်းဆိုနေတဲ့အချိန်ပါ စစ်အုပ်စုက ပြည်သူလူထုကို မတရားလုပ်ဆောင်မှုမှန်သမျှ ဖွင့်ချတိုက်ပွဲဝင်တာပါပဲ ပါတီဟာအဲ့ဒီအချိန်က အင်အားကောင်းကောင်းနဲ့ တစည်းတလုံးတည်းတိုက်ပွဲ ဝင်ကြတာပါ ဗဟို၊မြို့နယ်၊ တိုင်း ပြောစရာမလိုလောက်အောင် ညီညွတ်ပါတယ် အားလုံးတသားတည်းပါ စုပေါင်းခေါင်းဆောင်မှု ကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးတာပါ ဆက်ရရင်တော့ဗျာ မဝတ ဥက္ကဌက ဆွေးနွေးစရာ ရှိလို့ပါဆိုပြီး ကျနော်တို့ မြို့နယ်ရုံးကိုစာပို့လာပါတယ်၊ ကနော်တိုဆီက မြို့နယ်ပါတီဥက္ကဌ ကိုအံဇော်၊ကိုတင်နိုင်ထွန်း (၂၀၀၃-ခုနှစ်တွင်တောထဲတွင်ကျဆုံး)၊ကိုကျော်တင့်မောင်၊ ကို ကျော်မွှေး တို့လေးဦးသွားတွေ့ပါတယ်၊ ဒီစာတွေဖြန့်နေတာရပ်ပစ်ဘို့ ပြောပါတယ် ကျနော် တို့ရဲဘော်တွေက
မတရားလုပ်တာကိုရပ်ပေးရင် စာထုတ်တာရပ်ပေးမယ် မတရားဆက်လုပ် နေရင်စာတွေထုတ် ဆက်လက်ကန့်ကွက်လှုပ်ရှားနေပါပဲလို့ ပြောပါတယ် ဒါဆိုမင်းတို့ကို ဖမ်းမယ်ဆိုတော့ ဖမ်းစမ်းဆိုပြီး အားလုံအဖမ်းခံခဲ့ကြတာပါ။
နောက်ဒီမတရားမှုကို မတရားကြောင်း ဆက်လက်တောင်းဆိုကြပါတယ် စာတွေဆက်ထုတ် တယ် စာတွေဖြန့်တယ် ကျနော်တို့မြို့မှာတင် ပါတီဝင် ၂၀၀၀ ကျော် ရှိပါတယ် ပြတ်ပြတ်သားသား၊ဗြောင်ဆန့်ကျင်ခဲ့ကြတာပါ၊ နောက်ထပ် ပါတီမြို့နယ်မှာတာဝန်ရှိတဲ့ ဂျပန်ကြီးနဲ့ ကိုပေါက်(ယ္ခုလက်ရှိ ဗဟိုကော်မတီဝင် ABSSDF) တို့ကိုပါ မှတ်မိပါသေးတယ် ဖမ်းမယ်ဆိုတာသိနေကြပေမဲ့ ဘာကိုမှဂရုမစိုက်သလိုပါပဲ ကျနော်တို့ကို လဘက်ရည်ဆိုင်မှာ ငါ့အလှည့်ကွတဲ့ ဂျပန်ကြီးပြောသွားတာပါ စပ်ဖြဲဖြဲတောင်လုပ်သွားပါသေးတယ်၊ ကိုပေါက် ကလဲ ခတ်ပြုံးပြုံးပါပဲ ပေးဆပ်တယ်ဆိုတာ တော်လှန်ရေးရဲ့အလုပ်တဲ့ ဂျပန်ကြီးက ပင်ကိုယ်စရိုက်က ပျှော်တတ်ပါတယ် သူရှိရင် ပါတီရုံးမှာ တဝါးဝါးတဟားဟားပါပဲ စကား ပြောလဲသိတ်ကောင်းပါတယ် သူတို့မဝတရုံးကိုသွားတော့ ကျန်တဲ့လူတွေကလဲ လိုက်သွားကြ တာပါပဲ ဒါပေမဲ့ရုံးထဲကိုတော့ ဝင်ခွင့်မရကြဘူးလေ ဂျပန်ကြီးကတော့ရင်းတယ်ဗျို့ ဟေ့ဒီမှာ ခင်ဗျားတို့ဖမ်းမလို့မလား ကျုပ်တို့ကလာအဖမ်းခံတာ ဆိုပြီးအချုပ်ထဲတန်းဝင်သွားခဲ့တာပါ။
ပါတီမှာ ဗဟိုမှာရော မြို့နယ်အဆင့်လိုက်မှာပါ အဖမ်းခံပြီးတော့တိုက်ပွဲဝင်ကြတာ ဒုဥက္ကဌ ကိုသက်ထွန်း၊ ကိုဂျင်မီ(ကျော်မင်းယု) (လက်ရှိ နအဖ မှ ထောင် ၆၅ နှစ်ချလိုက်တဲ့ ၈၈ ကျောင်းသားခေါင်းဆောင်) ကိုယဉ်ထွေး တို့ အဖမ်းခံတိုက်ပွဲဝင်ခဲ့သလို ကျနော်တို့မြို့နယ် မှာလဲ ပါတီခေါင်းဆောင်တွေ အဆင့်ဆင့် အဖမ်းခံတိုက်ပွဲဝင်ခဲ့ကြတာပါ ကျနော်တို့မြို့နယ်မှာ NLD ရယ် ပြည်သူ့တိုးတက်ရေးပါတီရယ် လူ့ဘောင်သစ်ရယ် ပူးပေါင်းလှုပ်ရှားကြတာပါ လူ့ဘောင်သစ်မြို့နယ်ခေါင်းဆောင်တွေကို မတရားဖမ်းတာကို ဝိုင်းကန့်ကွက်ကြလို့ ကျနော်တို့ဆီက မြို့နယ်အတွင်းရေးမှူး ကိုကျော်တင့်ဦး၊ပြည်သူ့တိုးတက်ရေးပါတီက ကိုဇော်ဖေ၊ မနီ၊ NLD က ဆရာထွန်းမြင့်အောင်တို့ ဆက်တိုက်ဆိုသလို အဖမ်းခံခဲ့ကြရ ပါတယ်။
ဂျပန်ကြီးအကြောင်းကို ဆက်ရရင် ထောင် ၂ နှစ်ကျတယ် မအူပင်ထောင်ကိုပို့လိုက်တယ် ကျနော်ပြောပြချင်ပါသေးတယ် ဂျပန်ကြီးကို မအူပင်ထောင်ပို့ဘို့ သင်္ဘောဆိပ်ကိုခေါ်လာ တော့ စားစရာတွေလာပို့ကြ လာနှုတ်ဆက်ကြ လူတွေက ၅၀၀ လောက်ရှိတယ်ဗျာ အဲ့ဒီ့ လောက်ကို မြို့လူထုကချစ်ကြတာ ထောင်ထဲရောက်တော့လဲ ထောင်ထဲမှာမတရားတာတွေ တွေ့ရင် ဘယ်ရလိမ့်မလဲဗျာ ဆက်တိုက်နေတော့တာပဲ ဒီတော့ စစ်ထောက်လှမ်းရေးက သူ့ကိုတော်တော်ညှိုးပါတယ်၊ သူဆုံးပါးရတာကိုရေးရရင် ရင်နာစရာပဲဗျို့ ဖြစ်တာက အသဲရောင်အသားဝါရောဂါပါ အပြင်မှာဆို ကုလို့ရတယ် ဒါပေမဲ့ ဆေးကုသခွင့် သေသေချာချာမရဘူး ထောက်လှမ်းရေးကညစ်ထားတာလေ နောက်ရောဂါသိပ်ကျွမ်းလာမှ မအူပင်ဆေးရုံထုတ်ပေးတယ် နောက်ဆုံအဲ့ဒီ့ရောဂါကြောင့် ဂပန်ကြီးဆုံးသွားရတာပါ၊ စစ်အုပ်စုဟာ ကျောင်းသားတွေအပေါ်မှာ ဘယ်လောက်ရက်စက်သလဲဆို ဂျပန်ကြီးက သေဆုံးချိန်အမှာတောင် လက်ထိပ်တန်းလန်းနဲ့ဗျာ( ကျနော်ဒီစာကြောင်းကိုရေးရတာ တော်တော်ရင်နာနာနဲ့ပါ) ဂျပန်ကြီးအသုဘ မအူပင်သမိုင်းမှာ အစည်ဆုံးပဲလို့ မအူပင်လူ့ဘောင်သစ်က ရဲဘော်တွေပြောကြပါတယ် ရန်ကုန်ကရော ဧရာဝတီတိုင်း တခြားမြို့ကရဲဘော်တွေရော ဂျပန်ကြီးကိုဂရုဏါသက်တဲ့ မြို့ခံလူထုတွေရော တော်တော် စည်ကားပါတယ် ကျနော်တို့တတွေပေါက်ကွဲလုနီးနီးပါ စစ်တပ်ကလဲ ဆန္ဒပြပွဲဖြစ်မှာစိုးလို့ လမ်းတလျှောက်လုံချထားပါတယ်၊ြဲမို့လူထုဆိုမျက်ရေမဆယ်နိုင်အောင်ပါပဲ။
ကနော်တို့ကိုဂျပန်ကြီးမဆုံးခင်က စာတစောင်ပို့လာပါတယ် စာထဲမှာရေးထားတာက ပါတီညီလာခံက ဆုံဖြတ်တဲ့အတိုင်းညီညီညွတ်ညွတ်နဲ့ ကြယ်လေးလုံးအလံကို စုပေါင်းလွှင့်ထူ သွားကြပါတဲ့… ဂျပန်ကြီးဟာ ထောင်ထဲမှာ ပထမဆုံးကျဆုံးတဲ့ (၈၈ နောက်ပိုင်း) လူ့ဘောင် သစ်ပါတီဝင် ကျောင်းသားရဲဘော်ပါ ကျနော်တို့မြို့မှာလဲ ကျနော်တို့ ဂျပန်ကြီးအတွက် ကောင်းမှုကုသိုလ်လုပ်ကြပါတယ် လက်ပါတ်အနက်တွေပါတ်ပြီး မြို့ကိုပါတ်လိုက်ကြပါတယ် ကျောင်းသားလူငယ်တွေရာနဲ့ချီပြီးပါကြတယ်၊ သွေးပူနေတဲ့အချိန်မို့ စစ်အုပ်စုကမဖမ်းခဲ့ဘူး လို့ ထင်တာပါပဲ။
နောက်နေ့အခန်းအနားလုပ်ပါတယ် လူ၅၀ ထက်ပိုမစုရတဲ့ ကျနော်တို့ လူ ၁၀၀၀ လောက်နဲ့အခန်းအနားလုပ်တယ် အဲ့ဒီ့မှာ ကဗျာတပုတ်ရွတ်ခဲ့ကြတယ်…..
ချွေ..ချွေ..ချွေ စမ်း
မကြွေ..မကြွေ..ဘယ်မကြွေ..တဲ့
မကြွေပန်းတို့ရဲ့ အရေးတော်ပုံ
အောင်ရမည်..။
နားထောင်သူတိုင်း မျက်ရေဝဲခဲ့ရပါတယ် ကိုလွမ်းဏီ ရေးသားပေးပို့လိုက်တာလို့ နောက် မှသိရပါတယ်၊ စစ်အုပ်စုရဲ့ အုပ်စိုးချိန်ကာလတလျှောက်မှာ ကျနော်တို့ရဲဘော်တွေ လေးစားအပ်တဲ့ပုဂ္ဂိုလ်တွေ၊ ပေးဆပ်ခဲ့ရသူတွေ၊ ထောင်ထဲမှာ..တောထဲမှာ..ညှင်းပန်းရေး စခန်းတွေမှာ မနည်းတော့ပါဘူး ယ္ခုလက်ရှိလဲ ကျနော်တို့ရဲ့ ခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေကို ထောင်နှစ်ရှည်တွေချလိုက်ပြန်ပါပြီ ကျနော်တို့ခေါင်းဆောင် တွေ မတုန်လှုပ်ပါ…၆၅ နှစ်တဲ့လား…ပြည်သူ့အရေးတော်ပုံ တနေ့အောင်ရမယ် တို့ဆိုပြီး ရင်ဆိုင်ခဲ့ကြတာပါ ဒါဟာ… နာနာထုလေ ဓါးကောင်းလေဆိုတာပါပဲ…စစ်အုပ်စု ဘယ်လိုပဲ ဖိနှိပ်စမ်းပါစေ.. ဘယ်လောက်ပဲနှစ်ရှည်ထောင်တွေချပါစေ…မကြွေပန်းတို့အရေးတော်ပုံ တနေ့အောင်မြင်မှာ မုချမလွဲမသေပါပဲ….။
ဂင်ကြီး
(ကိုလွမ်းဏီရဲ့ ကဗျာစာသားတွေကို ယူသုံးထားပါတယ်..လက်ရှိထိုင်မြန်မာနယ်စပ်မှာ ဒီမိုကရေစီတော်လှန်ရေးကို တဒေါင့်တနေရာမှ ဆက်လက်လုပ်ဆောင်လျှက်ရှိပါတယ်..)
Wednesday, November 12, 2008
နာနာထုလေဓါးကောင်းလေဘဲ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
November
(417)
- ( န အဖ ) တို့  ပြော သော တိုး တက် နေ သည့် မြန် မာြ...
- အသက်မပြည့်သူ ကလေး တဦးအား စစ်သား အဖြစ် စုဆောင်း
- မောင်တောမြို့တွင် အမျိုးသမီးကြီး တဦး သတ်ဖြတ်ခံရ
- Burma: Unpreventable Death Under Military Boots
- တော်လှန်ရေးရဲ့အောင်မြင်လမ်း (သို့ ) The Road
- Bloodstained Rubies Fund Burmese Regime
- BGAN & Burma plea a video by : Jeffrey Hellman
- November 30th In NYC History
- ငွေကြေးနှင့် မသက်ဆိုင်သော တန်ဖိုးများ
- ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း နှစ် (၃၀)မြောက် အထိ...
- အမေလူထုဒေါ်အမာရဲ့ (၉၃)နှစ်မြောက် ဂုဏ်ပြု စာ ကဗျာများ
- သွားရောက်စစ်ဆေးပေးပါ။
- Welcome to 1st conference of Sasana Moli by ABMA
- မြန် မာ ပြည်၏ တရားမျှတသည်ဆို သော တ ရား စီ ရင် ရေး
- ( န . အ . ဖ ) တို့  ပြော သော တိုး တက် နေ တဲ့ မြန် ...
- Become a Hero to Children in Burma
- နအဖ လက်အောက်မှ ကျွန်ခံရရှာသော ကလေးစစ်သား၏ ဘဝ
- လူကုန်ကုးခံရသော မြန်မာ အမျိုးသမီးများ ကို ကူညီကြပါ။
- မွမ်ဘိုင်းတိုက်ခိုက်မှု စုံစမ်းစစ်ဆေးနေပြီ
- ၉၃ နှစ်ပြည့် အမေလူထုဒေါ်အမာမွေးနေ့အမှတ်တရ ဂုဏ်ပြုအယ...
- ခလေး စစ်သားပြဿနာ..
- ပေါင်းစားကြမလား...လက်နက်ချမလား..
- ပါလီမန် ဒီမိုကရေစီ သတင်းစဉ် Nov 2008
- ဗိုလ်ချုပ်မှူးကြီးကို ပုန်ကန်ခြားနားပါမှ.....
- Voice of Burma, Dec 2008
- သူတောင်းစားတွေပေါတဲ့တိုင်းပြည် က သူတောင်းစားတစ်ယောက်
- လူသတ်ကောင်တွေရဲ့ အစည်းအဝေး
- လူမဟုတ်တဲ့ လူ
- မြန်မာ့ခွေး တပ်မတော်
- ကမ္ဘာမြေစိမ်းလန်းရေး သို့မဟုတ် Quantum of Solace
- မြန်မာနိုင်ငံမှတင်သွင်းလာသည့် ဆေးပြား ၄၀၀၀၀ ဖမ်းကိ...
- လာဒ်ပေး လာဒ်ယူ လုပ်မှုကြောင့် ရဲအရာရှိ သုံးဦး အလု...
- မွမ်ဘိုင်းမြို့ စီးနင်းမှု တိုက်ပွဲ ဆက်ဖြစ်
- အင်တာနက် အသုံးပြုသူများ လုံခြုံမှုအတွက် စိုးရိမ်
- HRDB ဦးမြင့်အေးနဲ့ အဖွဲ့ဝင် တချို့ ထောင်ဒဏ် တသက်ခ...
- ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ အကြီးအကဲကို ထိုင်း ၀န်ကြီး...
- လူတွေမလာနဲ့  gas သာလာပစေတဲ့။
- မဲဆောက်မြို့ရှိ မြန်မာအလုပ်သမား ၃၀၀၀ နီးပါး အလုပ်လ...
- မြန်မာနေးရှင်း အယ်ဒီတာနှင့် ၈၈ မျိုးဆက် ကျောင်းသား...
- သူတောင်းစားတွေ ပေါမှပေါ..
- အိပ်ပေါက်နဲ့ ဖားကောက်နေတဲ့ နအဖ
- သစ်ခုတ်သမားအခုတ်ခံရမှုကြောင့် ရွာသားများ ရွာပြင်ထွက...
- အင်တာနက် အသုံးပြုသူများ လုံခြုံမှုအတွက် စိုးရိမ်
- သူတို့စစ်တပ်က ပြည်သူဘက်ကရပ်တည်တော့အားကိုးတာပေါ့
- သတင်း အမှောင်ချထားခြင်း
- Brief History of Burma from CNN
- ဒီ video ကြည့်ပြီး သန်းရွှေဖျားနေတယ်.ကြောက်လို့ 
- Relief and Resistance in Burma's War Zones
- HIV/AIDS ဝေဒနာရှင်များအား စွန့်ခွါသွားခြင်း
- ထိုင်းနေ မြန်မာများ လုံခြုံရေး သတိပြုကြစေလို
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၆)လ ပြည့် ၀မ်းနည...
- in front of UN ( in japan )
- ကြိုင်ကြိုင်နဲ့ သန်းရွှေ တို့ ရဲ့သောင်းကျန်းပုံတွေ
- ဥပဒေမဲ့ တရားစီရင်ရေး ချက်ချင်းရပ်
- လူရွှင်တော် ဇာဂနာနှင့် ကိုဇော်သက်ထွေးတို့ကို ထောင်ဒ...
- အကြမ်းဖက်သမား သန်းရွှေ အုပ်စိုးရာ ပြည်တွင်းမှ ပြည်သ...
- မြန်မာနိုင်ငံသား AIDS ရောဂါရှင်များရဲ့ ကယ်သူမဲ့ဘဝ
- ထိုင်းဝန်ကြီးချူပ်လဲ သန်းရွှေလို အာဏာရူးဘဲလား
- အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် သွေးချောင်းစီး အ...
- ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီး လုံခြုံရေး တိုးမြှင့်
- Burmese Health--Healthy Eating, Healthy Living in ...
- ဒုက္ခသည် များရဲ့ အရိပ်ကောင်းသော သစ်တပင်
- အလင်းရောင်ပျောက်သော်လည်း..ပွင့်နေဆဲ ပန်းကလေးများ
- Burmese School in Bangkok
- ဆေးဝါးပြတ်လပ်လို့ အိပ်ခ်ျအိုင်ဗွီရောဂါသည် သောင်းနဲ...
- မြန်မာ့ အလုပ်သမားရေး လှုပ်ရှားနေသူများ အခြေအနေ စိုး...
- ငတက်ပြား သက်ကျားအိုဝန်ကြီး
- မြန်မာပြည်က မျောက်နှစ်ကောင်ကတဲ့ပွဲ
- ရခိုင်အာဇာနည် ဦးသာထွန်း.
- Generation Wave တဲ့ဟေ့
- မချိသွားဖြဲ..နေကြသူတွေ..
- The Arakan National Newspaper.vol;2.No.11.November...
- ရခိုင်ပြည်နယ်မှသတင်း
- E နဲ့  G နဲ့ မှားတာပါဗျာ..
- Invitation
- အမျိုးသမီးများရဲ့ အသံ
- “ အ ရှက် ဖြေ လင်္ကာ ”
- မြန်မာ က ဘင်္ဂလားဒေ့ရှ်ကို စပြီး ရန်စခြင်း
- ထိုင်းအစိုးရ ဆန့်ကျင်သူတွေ သုဝဏ္ဏဘူမိလေဆိပ် ပိတ်ဆို...
- နောက်ထပ် နိုင်ငံရေးအကျဉ်းသား ၂၇ ဦး နယ်ဝေးထောင်မျာ...
- တပ်တွင်း အပြောင်းအလဲ ပြုလုပ်
- Where Buddhism and Physics Converge
- Where Science and Buddhism Meet
- The Politics of Buddhism in Burma
-ုဖြတ်လေးဖြတ်နဲ့  သတ်တဲ့ လူမျိုးပြုန်းသတ်မှု
- Myanmar 6 months on
- သတင်းများ.(DVB)
- မြန်မာမိန်းကလေးငယ်အား ရောင်းစားသူ တရုတ်အမျိုးသမီးက...
- နှစ်ရှည်ထောင်ဒဏ်အပြစ်ပေးမှု သာသနာ့ဥသျှောင်အဖွဲ့ ရှုတ်ချ
- ကျောင်းသားသပိတ် အထိမ်းအမှတ်ကျောက်တိုင် (ရွေတိဂုံဘ...
- Voice of Burma, NOV 2008
- သာသနာဥသျှောင်အဖွဲ့ ၏ နှစ်ပတ်လည် အစည်းအဝေး မှတ်တမ်း...
- အောက်ခြေလွတ်နေသူ
- နယူးဒေလီ ဆန္ဒပြပွဲ
- သန်းရွှေမြေး စီးပွားရေး သောင်းကျန်းနေပြီ
- တစ်နိုင်ငံ လုံး စီးပွားရေး သူ့စီးပွားရေးဘဲ
- လှောင်ချိုင့်စံ
- နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်အရောက်အပေါက် ခက်ခဲလှတဲ...
- သစ္စာတော်လှန်ရေးအင်အားစု ရန်ပုံငွေနှစ်သစ်ကူးခရီးစဉ်
- မင်းမှာသစ္စာ လူမှာကတိတဲ့ .မင်းအစစ်မရှိတဲ့ ပြည်မြန်မာ
-
▼
November
(417)
No comments:
Post a Comment