18 December 2008
မြန်မာစစ်အစိုးရဟာ ဒီမိုကရေစီရေးအပြောင်းအလဲတွေ လုပ်ချင်တဲ့ဆန္ဒရှိပုံမရဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောလိုက်ပါတယ်။ ၂၀၀၈ ခုနှစ်ထဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ နောက်ဆုံးသတင်းစာရှင်းလင်းပွဲကို မနေ့က လုပ်ခဲ့တဲ့အတောအတွင်း မစ္စတာဘန်ကီမွန်းက ပြောသွားတာပါ။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂ ဌာနချုပ်မှာ တနာရီကြာ လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲရဲ့ အဖွင့်နားမှာကိုပဲ မြန်မာနိုင်ငံ ကိစ္စကို မစ္စတာ ဘန်ကီမွန်းက ထည့်ပြောသွားတာပါ။ မြန်မာနိုင်ငံနဲ့ ဟေတီနိုင်ငံတို့ အပါအ၀င်
ကမ္ဘာတ၀န်းက သဘာဝ ဘေးအန္တရာယ် ကျရောက်ရာ ဒေသတွေမှာ ကုလသမဂ္ဂက တုန့်ပြန် လုပ်ဆောင်ခဲ့တဲ့ အပေါ် သူ့အနေနဲ့ ကျေနပ်မိတဲ့အကြောင်း မစ္စတာဘန်ကီမွန်းက ဆိုပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက တခြား အခြေအနေတွေ အပေါ်မှာတော့ သူ စိတ်ပျက်လက်ပျက်ဖြစ်ရပါတယ်တဲ့။
“ဒီမိုကရေစီရေး တွေ့ဆုံ ဆွေးနွေးပွဲတွေ လုပ်ဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့ ပေးထားတဲ့ ကတိတွေကို မြန်မာအစိုးရက အကောင်အထည် ဖော်ချင်ပုံ မရတဲ့အပေါ် ကျနော် စိတ်ပျက်မိပါတယ်။”
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုယ်တိုင် မြန်မာနိုင်ငံကို သွားပြီး ဒီနှစ်ကုန်မှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက် လာအောင် မြန်မာ စစ်အစိုးရနဲ့ ဆွေးနွေးပြောဆိုဖို့ ကမ္ဘာ့ ခေါင်းဆောင်ဟောင်းတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ စသည်ဖြင့် ၀ိုင်းပြီး တိုက်တွန်းကြတာတွေ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဆက်တိုက်လို ထွက်ပေါ်ခဲ့ပါတယ်။ ဒီ့အပေါ် ကုလသမဂ္ဂဘက်က တုန့်ပြန်ချက် တွေကိုလည်း တောက်လျှောက်လို တွေ့ခဲ့ကြရပါတယ်။ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာပဲ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မီရှဲလ် မွန်းတာ့စ်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အနေနဲ့ မြန်မာနိုင်ငံကို ချက်ခြင်း လက်ငင်းသွားဖို့ အစီအစဉ် မရှိသေးဘူးလို့ ပြောခဲ့တဲ့အတွက် ဒီနှစ်ကုန်မှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာဖို့ ကုလသမဂ္ဂဘက်က တိုက်တွန်း တောင်းဆို သော်ငြား ထူးခြားမှုရှိမလာနိုင်တော့မယ့်ပုံပါပဲ။
မစ္စတာ ဘန်ကီမွန်းက တနာရီကြာ သတင်းစာ ရှင်းလင်းပွဲအတွင်း မြန်မာနိုင်ငံ ကိစ္စကို အစပိုင်းမှာ အထူးအလေးထား ပြောကြားခဲ့တဲ့ အတွက် လာမယ့် ၂၀၀၉ ခုနှစ်မှာလည်း မြန်မာနိုင်ငံအရေးဟာ ကုလသမဂ္ဂရဲ့ ဦးစားပေး အရေးကိစ္စ တွေထဲမှာ ပါဝင်နေမယ်လို့ တော့ ခန့်မှန်းနိုင်ပါတယ်။ ဒါပေမယ့်လည်း များပြားလှတဲ့ ကမ္ဘာ့ရေးရာတွေအကြား၊ မြန်မာနိုင်ငံထက် ပိုပြီးဆိုးရွားတဲ့ တခြားနိုင်ငံတွေရဲ့ အရေးကိစ္စတွေ အကြား မြန်မာ့အရေးကို ကုလသမဂ္ဂက ဘယ်လောက် တွန်းတွန်းတိုက်တိုက် လုပ်မှာလဲဆိုတဲ့အပေါ်မှာ တော့ မေးခွန်းတွေရှိနေဆဲပါ။
၂၀၀၈ ခုနှစ်အတွင်း ကမ္ဘာတ၀ှမ်း ပဋိပက္ခ အခြေအနေတွေ၊ အထူးအလေးထား ကိုယ်တွယ်ခဲ့ရ၊ ကိုင်တွယ်နေရဆဲ အခြေအနေ တွေကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ရွေးထုတ်ပြီး ပြောသွားခဲ့ပါတယ်။ ဒီကိစ္စတွေဟာ ၂၀၀၉ ခုနှစ် မှာလည်း ကုလသမဂ္ဂက အထူးအလေးထားပြီး ဆက်ဆောင်ရွက် သွားမယ့် ကိစ္စတွေလို့ ယူဆနိုင်မှာပါ။ အဲဒါတွေထဲမှာ မြန်မာနိုင်ငံ ကိစ္စအပြင် ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံက အကြမ်းဖက်မှုတွေ ကိစ္စ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေး ကြေညာ စာတမ်း နှစ် ၆၀ ပြည့်ခဲ့ပြီး ဖြစ်ပေမယ့် ကမ္ဘာတ၀န်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေသေးတဲ့ ကိစ္စ၊ ဆူဒန် နိုင်ငံ ဒါးဖောဒေသ ပဋိပက္ခ၊ စားနပ်ရိက္ခာ ဖူလုံဖို့ ကိစ္စ၊ ကိုဆိုဗိုအရေး၊ အရှေ့ အလယ်ပိုင်း အရေး၊ အီရတ်၊ ဇင်ဘာဘွေ၊ ဆိုမာလီယာ နဲ့ အာဖဂန်နစ္စတန်ပဋိပက္ခတွေကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ရွေးထုတ်ပြီး အထူး အလေးထား ပြောသွားခဲ့ပါတယ်။
လာမယ့် ၂၀၀၉ ခုနှစ်မှာ ရင်ဆိုင်ရမယ့်အခက်အခဲတွေဟာ ၂၀၀၈ ခုနှစ်ထက် လျော့နည်းသွားစရာမရှိတဲ့အကြောင်းနဲ့ ၂၀၀၈ ခုနှစ်ဟာဖြင့် အကျပ်အတည်းမျိုးစုံတဲ့နှစ်ဖြစ်ပါတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောသွားခဲ့ပါတယ်။
Wednesday, December 17, 2008
စစ်အစိုးရ ကတိမတည်လို့ ဘန်ကီမွန်း စိတ်ပျက်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
December
(421)
- မြန်မာ့နိုင်ငံရေး ညီညွတ်ကြရန် ရွှေကျင်ဂိုဏ်းချုပ် ဆ...
- အချိန်မရှိတော့ဘူး လုပ်လိုက်ပါတော့တဲ့ ကျော်ဟိန်းကေ...
- နာဂိုယာမြို့ (ဂျပန်နိုင်ငံ) ဒီမိုကရေစီအရေး တောင်းဆ...
- လွတ်ရက်စေ့ မြန်မာ အကျဉ်းသား ၁၀၅ ဦး ကော့ဘဇားထောင်တွ...
- ဒုတိယမြောက်လွတ်လပ်ရေးတိုက်ပွဲ နှင့် အနီးကပ်ဆုံးရန်သူ
- ပြည်သူတွေကို အမျိုးမျိုး ဒုက္ခပေးတဲ့ ခွေးသူတောင်းစာ...
- ဒီဇင်ဘာလ ၃၀ ရက် ၂၀၀၈ သတင်းများ
- ဒါ ရာဇ၀တ်မှုတဲ့လားဗျာ
- FREE DAW AUNG SAN SU KYI RANGOON NEWS
- New Virus.. Becareful
- ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များရဲ့ အ...
- နေပြည်တော်ပျဉ်းမနားမြို့မဈေးဖျက်ပြီး ရှော့ပင်းမော...
- အန်အယ်လ်ဒီလူငယ်အချို့ မြေနီကုန်းမှာ ဆန္ဒပြလမ်းလျှော...
- thee lay thee @ new york city.
- ခွေးတွေ ထပ်ဆွဲနေပြန်ပြီ.
- တကယ်တုံးတာက သူတို့ 
- stilwell road (သို့ )Burma Road (သို့ )လီဒိုလမ်းမ ...
- မြန်မာစစ်အစိုးရအား ဖွံ့ဖြိုးရေးအကူအညီပေးရေး ဂမ်ဘာရ...
- ပါလက်စတိုင်း အပစ်အခတ်ရပ်စဲရေး ပြန်ထိန်းကြဖို့ ဘန်က...
- သူထက်ချော.သူ့ ထက်တော် သူထက် လူတွေချစ် လို့  ခွေးအြ...
- ဒီဇင်ဘာလ ၂၉ ရက် ၂၀၀၈ သတင်းများ
- ဒုတိယလွတ်လပ်ရေးတိုက်ပွဲကင်ပိန်း
- နားဂစ်မုန်တိုင်းရံပုံငွေနာမည်ဖြင့် ကညနတို့ ဆိုင်က...
- ရွှေ့ပြောင်းကျောင်းသားများ မိတ်သဟာရပွဲတော် ကျင်းပ
- ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၃၀၀ကျော် ဘင်္ဂလား ပင်လယ်အော်မ...
- မန္တလေးထောင်မှ နိုင်ငံရေးအကျဉ်းသားတဦး သေဆုံး
- သုံးရက် ဆက်တိုက် အစ္စရေးလေကြောင်းတိုက်ခိုက်မှု၊ ပါလက...
- ရွှေဘတွေချည်းဘဲ ခံနေရတော့မလားဗျ
- Global Action for Burma : Second Struggle for Nati...
- လှို့ ဝှက်အစီရင်ခံစာ
- ဒုံးယိမ်းက တူတူ ပျော်ကြရအောင်..
- ဘီဘီစီ ဘန်ကောက် နိုင်ငံခြားသတင်းထောက် ထိုင်းဘုရင်အ...
- ပြည်ပဆန်တင်ပို့မှု အရှုံးပေါ် နိုင်ငံခြားဆန်ရောင်းသူမ...
- နေပြည်တော်ပျဉ်းမနားမှာ ဘူတာသစ် ထပ်တည်မည် အိမ်ခြေ (...
- ထိုင်းလွှတ်တော်ကို ဆန္ဒပြသူများဝိုင်း ထိုင်းအစိုးရသစ...
- မြှောက်ပေးသော် ခွေးပျော်ဧ။်
- အစ္စရေးလ်က ဒုတိယမြောက်နေ့ လေကြောင်းက ဆက်တိုက်ခိုက်၊...
- ပါကစ္စတန် အသေခံဗုံးခွဲမှု ၃၀ ကျော် သေဆုံး
- ဒီဇင်ဘာလ ၂၈ ရက် ၂၀၀၈ သတင်းများ
- Horror in the East: Burma - The Forgotten War
- ဒုတိယ ကမ္ဘာစစ်အတွင်းမှ မြန်မာစစ်တလင်း.
- ဂါဇာကမ်းမြှောင်မှာ အပစ်အခတ်ရပ်စဲကြဖို့ ကုလ လုံခြုံ...
- အခြေအနေအဆိုးရွားဆုံး ပြည်သူများတွင် မြန်မာပြည်သူမျ...
- မြန်မာ့ဓာတ်ငွေ့ကို ဒေ၀ူးက တရုတ်နိုင်ငံသို့ ရောင်းခ...
- ပြည့်သူသတ်မတော်
- စစ်တပ်မှဖယ်ရှားအနားယူသွားပြီဟု သတင်းထွက်ခဲ့သော ထိပ...
- ရန်ကုန် DPA သတင်းထောက် မမှန်သတင်းရေးဟု အန်အယ်ဒီ ဦ...
- ပလီပေါက် ကင်းနေဗီ (ရေတပ်) လူထုထံမှ ဓါးပြတိုက်
- မောင်တောတွင် ရခိုင် အမျိုးသား တဦး အသတ်ခံရပြန်ပြီ
- ခွေး ရွေးကောက်ပွဲ
- ငွေမျက်နာကြောင့် တရားလိုက တရားခံဖြစ်
- ရန်ကုန် DPA သတင်းထောက် မမှန်သတင်းရေးဟု အန်အယ်ဒီ ဦ...
- Ashin Ottama's Birthday Anniversary 129 years on 2...
- European Commission sends aid to Myanmar
- သူတောင်းစားကြီး သွားတဖြီးဖြီး.
- အမှန်တရားဟာဘယ်တော့မှကျည်မတိုးဘူး
- ကြည့်လှည့်သင့်တဲ့ ခြင်္သေ့ လည်ပြန်
- နာဂိုယာမြို့ (ဂျပန်နိုင်ငံ) ဒီမိုကရေစီအရေး တောင်းဆ...
- ဂျပန်လူမျိုးဦးရွှေဘ Interview of U SHWE BA(Mr.TaNaBe)
- အိန္ဒိယနယ်စပ် ပါကစ္စတန် စစ်အင်အားဖြည့်
- HIV/ AIDS ဝေဒနာသည်များကို စောင့်ရှောက်သူတို့ ကြပ်တ...
- အလုပ်သမ လေးဦး နစ်နာကြေး ရရှိ
- ယာယီသက်တမ်းလွန်ကားများ သိမ်းရန် ရန်ကုန်တိုင်းမှူး ည...
- တရုတ်-မြန်မာနယ်စပ်ကို ဗဟိုပြု၍ ငလျင်လှုပ်၊ (၉) ဦးထ...
- ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယ နှစ်နိုင်ငံ ရေပိုက်နက် အငြင်...
- ဆူနာမီ လေးနှစ် မြန်မာ အလုပ်သမားတွေရဲ့ စိတ်ဒဏ်ရာတွေ...
- မြန်မာစစ်အစိုးရအပေါ် ထိုင်းအစိုးရသစ် ဘယ်လိုဆက်ဆံမလဲ
- ဘိုကလေးမြို့နယ် ကျေးရွာစုစည်း စီမံကိန်းကြောင့် ရွ...
- နအဖကို ကုလညီလာခံပြစ်တင်
- ဂီနီဝန်ကြီးချုပ် အာဏာသိမ်းစစ်ဗိုလ်ထံ အညံ့ခံလိုက်ပြီ
- ကျွဲ ပါးစောင်းတီး
- အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ခရစ္စမတ် မိန့်ခွန်းမ...
- ၂၇. ၁၂ .၂၀၀၈ ကရင်နှစ်သစ်ကူး အတွက် ကရင်အမျိုးသားအစည...
- RCSS/SSA ဌာနချုပ်၌ သျှမ်းပြည်ကွန်ဂရက် ဖွဲ့စည်းတည်ေ...
- နယ်စပ်၌ နအဖစစ်အင်အားတိုးချဲ့ ၀တပ်ဖွဲ့နှင့် အပြိုင်...
- အနော်တော့ ကြောက်တယ်ဗျ။ လိမ်ရတာလည်း မျက်နှာပူလှပေါ့
- ပဲခူးထောင်တွင် နိုင်ငံရေးအကျဉ်းသားတဦး သတ်သေမှုဖြစ်
- နှုတ်ဆက်ခဲ့ပြီ ၂၀၀၈
- 2009 ပြက္ခဒိန်ပါ။
- ဒီဇင်ဘာ ၂၅ ၂၀၀၈ သတင်းများ။
- မေ့မရသော ဆရာ့ အမှာစကား
- မြန်မာစစ်အာဏာရှင်တို့ နျူကလီးယား လက်နက် သုံးနိုင် ...
- မူဆယ်တွင် လုယက်မှုများ ဆက်တိုက်ဖြစ်နေ
- ဗမာပြည်ကိုမတရားအနိုင်ကျင့်နေသော မကောင်းဆိုးဝါးများ
- မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်အမှတ်တရ နှစ် ၂၀
- လောက်ကောင်တွေ ဆားထိနေကြပြီ
- နအဖ ပြည်ထဲရေးဝန်ကြီးရဲ့ ထိုးဖောက်မှုအစီအစဉ်
- မြန်မာဆင်တွေ..နောင်ဆို ပြတိုက်မှာဘဲပြရတော့မယ်။
- စေတနာရှင်များ ၀ိုင်းကူမှ ပညာတတ်မဲ့ မြန်မာကလေးငယ်များ။
- ဒီဇင်ဘာ ၂၃ ၂၀၀၈ သတင်းများ။
- ဗိုလ်မှူးချုပ်-ဖုန်းဇော်ဟန်၏ လာဘ်ငွေစာရင်း
- ၆၁ နှစ်မြောက်လွတ်လပ်ရေးနေ့ ဖိတ်ကြားခြင်း
- နအဖ၂၀၁၀ မှ ဘယ်လိုကလိမ်ကကျစ်လုပ်ရမလဲစဉ်းစားနေတယ် ကျ...
- မြေး ရှုဖို့အတွက် အဖိုးကဘိန်း စိုက်ခိုင်းတာ ဖြစ်မယ်
- ဒါမျိုးမှ ဆိုးပေ သန်းရွှေ က အားရကျေနပ်တာ
- မဲဆောက်နေ တော်လှန်ရေးသမားများ သတိ
- ၃၇၆ ဆို တာ ကြား ကတည်း ကျက်သရေ တော်တော် ယုတ်နေပြီ
- လှေစီး၍ မလေးရှားသို့ အလုပ်ရှာဖွေရန် သွားသူ ၁၀၇ ဦး...
- ဘာဒုက္ခသွား ထပ်ပေးအုံးမလဲမသိဘူး
- တရုတ်ဘက်သို့ လူကုန်ကူးသူတဦး ဖမ်းဆီးခံရ
-
▼
December
(421)
No comments:
Post a Comment