17 December 2008
မြန်မာနိုင်ငံတွင်း တရားရေးစနစ်ကို စစ်အစိုးရက နိုင်ငံရေး ဖိနှိပ်မှုတွေအတွက် အသုံးချနေတာကြောင့် မြန်မာနိုင်ငံ တရားစီရင်ရေး လွတ်လပ်မှုအတွက် အာဆီယံ အရှေ့တောင် အာရှနိုင်ငံများ အသင်းအနေနဲ့ ဥပဒေရေးရာ အဖွဲ့ စေလွှတ်ဖို့ အမေရိကန်အခြေစိုက် Human Right Watch လူ့အခွင့်အရေး စောင့်ကြပ်မှုအဖွဲ့ကြီးက အာဆီယံကို တိုက်တွန်းလိုက်ပါတယ်။ အာဆီယံအဖွဲ့အနေနဲ့ကတော့ ဒီတောင်းဆိုချက်အတိုင်း လိုက်ပါဆောင်ရွက်နိုင်ပ့ါမလား.. မြန်မာနိုင်ငံတွင်းနိုင်ငံရေးစနစ်မပြောင်းလဲပဲ တရားရေးစနစ်လွတ်လပ်ဖို့ဆိုတာ ဖြစ်ပါ့မလား.. ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။
မြန်မာနိုင်ငံကနေ တနေ့ကပဲ ထိုင်းနယ်စပ်ကို ထွက်ပြေးရောက်ရှိလာတဲ့ လူ့အခွင့်အရေးရှေ့နေ စောကျော်ကျော်မင်းရဲ့ ထွက်ချက်တွေနဲ့ အခြားသူတို့ရတဲ့ အခြေအနေတွေကို ပေါင်းစပ်ပြီး မြန်မာနိုင်ငံတွင်း ဥပဒေစိုးမိုးမှုမရှိတဲ့အပေါ် အာဆီယံဆိုတဲ့ ဒေသဆိုင်ရာအဖွဲ့အစည်းအနေနဲ့ ၀င်ရောက်ကိုင်တွယ်ဖို့ အကြံပြုတာဖြစ်တယ်လို့ Human Rights Watch လူ့အခွင့်အရေးစောင့်ကြပ်မှုအဖွဲ့က ပြောပါတယ်။ အထူးသဖြင့်တော့ ပြီးခဲ့တဲ့ တောက်လျှောက် ဖမ်းဆီးထောင်ချခံနေရတဲ့ လှုပ်ရှားတတ်ကြွသူတွေအပေါ် တရားကြားနာမှုတွေ စီရင်မှုတွေကို စောင့်ကြည့် စစ်ဆေးဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ အာဆီယံအသင်းကြီးအနေနဲ့ မကြာခင်ကပဲ အာဆီယံပဋိဥာဏ်စာတမ်းကို အတည်ပြုခဲ့နိုင်ပြီမို့ - အာဆီယံမှာ ဒီလို လုပ်နိုင်တဲ့ အတိုင်းအတာရှိတယ်လို့ Human Rights Watch မြန်မာရေးရာကျွမ်းကျင်သူ David Mathieson က ပြောပါတယ်။
အာဆီယံပဋိဥာဏ်စာချုပ်ထဲမှာ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ လုပ်နိုင်ချေနည်းလမ်းအချို့ရှိပါတယ်။ အထူးသဖြင့် အာဆီယံလူ့အခွင့်အရေးအဖွဲ့ ဖွဲ့ဖို့ကိစ္စ ဒီသဘောတူညီချက်ထဲမှာ ပါဝင်ပါတယ်။ ဒီနေရာမှာ အာဆီယံအုပ်စုကြီးအတွက်ရော ဒီပဋိဥာဏ် စာချုပ်အတွက်ပါ မြန်မာနိုင်ငံကိစ္စဟာ ကြီးမားတဲ့ စိန်ခေါ်ချက်ပါ။ ဒီတော့ စစ်အစိုးရက ပြောပြောနေတဲ့ ၂၀၁၀ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင် အခြေအနေ ကာလမှာ အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူတွေကို တရားရေး စနစ်သုံးပြီး ဖိနှိပ်နေတဲ့အပေါ် အာဆီယံအနေနဲ့ မြန်မာနိုင်ငံအရေး ခြေလှမ်းတခုနဲ့ တုန့်ပြန်နိုင်ပါတယ်။
မကြာခင် ကာလတုန်းကလည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တာနားကလည်း မြန်မာနိုင်ငံမှာ တရားရေးစနစ်ဆိုင်ရာ အပြောင်းအလဲတွေလုပ်ဖို့ ဥပဒေတွေကို ပြန်သုံးသပ်ဖို့ အကြံပြုတိုက်တွန်းပါတယ်။ အခုလို မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးရှေ့နေတွေကိုယ်တိုင် ထောင်တန်းကျ ထွက်ပြေးရတဲ့အခြေအနေဟာ ဥပဒေစိုးမိုးမှုမရှိဘူးဆိုတဲ့ သရုပ်သကန်ပဲလို့လည်း လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်ခဲ့ကြပါတယ်။ ဒီလို အခြေအနေမျိုးမှာ အာဆီယံတင်မဟုတ်ပဲနဲ့ နိုင်ငံတကာတရားရေးအဖွဲ့အစည်းတွေကရော တစုံတရာ အရေးယူ ဖြေရှင်းပေးနိုင်မယ့် အလားအလာ ရှိပါသလား။ Mr.David Mathieson ကို မေးကြည့်ပါတယ်။
ဒီကိစ္စကလည်း ပြည်တွင်း ဥပဒေဆိုင်ရာ ကိစ္စတွေဖြစ်နေတာ့ နိုင်ငံတကာအနေနဲ့ အများကြီးတော့ လုပ်မပေးနိုင်ပါဘူး။ နိုင်ငံတကာက အကောင်းဆုံးလုပ်နိုင်တာကတော့ အခု တရားရေးမမျှတတာတွေ အပြင်းအထန် တုန့်ပြန်ပြောဆိုဖို့လိုပါတယ်။ ပြည်တွင်းဥပဒေဆိုပေမယ့် ဒီဥပဒေတွေဟာ မြန်မာနိုင်ငံသားတွေရဲ့ အခွင့်အရေးကို ထိခိုက်လို့ မရပါဘူး။ ဥပဒေတွေ တရားရေးစနစ်တွေကို နိုင်ငံရေး ဖိနှိပ်မှုအတွက် အသုံးချတာ မလုပ်သင့်ပါဘူး။
အခုလို လူ့အခွင့်အရေးအဖွဲ့ကြီးကနေ အာဆီယံကနေ ဥပဒေအဖွဲ့လွှတ်ဖို့ တိုက်တွန်းတဲ့အပေါ် မကြာခင်ကပဲ ထိုင်းမြန်မာနယ်စပ်ကို ထွက်ပြေးလာရတဲ့ လူ့အခွင့်အရေးရှေ့နေ ကိုစောကျော်ကျော်မင်းရဲ့ သဘောထားကိုမေးကြည့်ပါတယ်။
အာစီယံကနေ ဥပဒေအဖွဲ့ တဖွဲ့သွားမယ်ဆိုရင် ကောင်းပါတယ်။ အဲဒီ ဥပေဒအဖွဲ့ဟာ လွတ်လွတ်လပ်လပ်နဲ့ တရားရေးရာတွေကို ကြည့်ရှု စစ်ဆေးခွင့်ရမယ်ဆိုရင် ကောင်းပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေက ဦးအောင်တိုးတို့အပါအ၀င် တရားသူကြီးချုပ်တို့၊ ရှေ့နေချုပ်တို့၊ တရားရေးအဖွဲ့တို့ဆီကို သွားပြီး တရားရေး လွတ်လပ်ခွင့်ရှိလာဖို့ ဖိအားပေးမယ်ဆိုရင် ဖြစ်နိုင်ပါ့မလား။
တရားသူကြီးချုပ်တို့ ရှေ့နေချုပ်တို့ဆီသွားရင် တရားစီရင်ရေးစနစ်က လွတ်လွတ်လပ်လပ်ဖြစ်လာမှာ မဟုတ်ဘူး။ တကယ်တမ်း တရားရေး စနစ်ကို အဓိက စွတ်ဖက်နေတာက အုပ်ချုပ်ရေး စနစ်က ၀င်ရောက်စွက်ဖက်နေတာဆိုတော့ အစိုးရကိုပဲ ပိုပြီး ဖိအားပေးရမယ်လို့ မြင်ပါတယ်။
အခုလို ကိုစောကျော်ကျော်မင်းတို့လို့ လူ့အခွင့်အရေး ရှေ့နေတွေတောင် တိန်းရှောင်ထွက်လာရတယ်ဆိုတော့ နောက်ပိုင်းမှာ နိုင်ငံရေးအရ ဖမ်းဆီးခံရတဲ့သူတွေအတွက် ရှေ့နေ၊ ရှေ့ရပ်တွေရော ရှိနိုင်ပါဦးမလား။
တကယ်ပဲ နိုင်ငံရေးသမားတွေရဲ့ လုပ်ရပ်တွေကို လေးစားတယ်။ ကိုယ်ချင်းစားတဲ့ ရှေ့နေတွေ အနည်းအပါးတော့ ရှိပါသေးတယ်။ ဒါပေမယ့် ရှေ့နေအသစ်တွေက လိုက်ပါဆောင်ရွက်လိုတဲ့စိတ်တွေ မရှိတော့ဘူး အများကြီးပဲ နောက်ဆုတ်ကုန်တယ်ဆိုတာကတော့ ကျွန်တော် သိထားပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လတွေအတွင်းကပဲ လူ့အခွင့်အရေးရှေနေ့အချို့ တရားရုံးမထီမဲ့မြင်ပြုမှုနဲ့ ဖမ်းဆီးထောင်ချခံရပါတယ်။ ကိုစောကျော်ကျော်မင်းဟာလည်း ထောင်ဒဏ် ၆လ မျက်ကွယ် အမိန့်ချခံထားရပါတယ်။ ဒါကြောင့်လည်း သူဟာ မြန်မာနိုင်ငံမှာ နေလို့မဖြစ်တော့ပဲ ထိုင်းမြန်မာနယ်စပ်ကို တိမ်းရှောင်လာတာလို့ ဆိုပါတယ်။
http://www.voanews.com/burmese/2008-12-17-voa5.cfm
Wednesday, December 17, 2008
အာဆီယံ ဥပဒေရေးရာအဖွဲ့ မြန်မာနိုင်ငံကို စေလွှတ်ဖို့ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
December
(421)
- မြန်မာ့နိုင်ငံရေး ညီညွတ်ကြရန် ရွှေကျင်ဂိုဏ်းချုပ် ဆ...
- အချိန်မရှိတော့ဘူး လုပ်လိုက်ပါတော့တဲ့ ကျော်ဟိန်းကေ...
- နာဂိုယာမြို့ (ဂျပန်နိုင်ငံ) ဒီမိုကရေစီအရေး တောင်းဆ...
- လွတ်ရက်စေ့ မြန်မာ အကျဉ်းသား ၁၀၅ ဦး ကော့ဘဇားထောင်တွ...
- ဒုတိယမြောက်လွတ်လပ်ရေးတိုက်ပွဲ နှင့် အနီးကပ်ဆုံးရန်သူ
- ပြည်သူတွေကို အမျိုးမျိုး ဒုက္ခပေးတဲ့ ခွေးသူတောင်းစာ...
- ဒီဇင်ဘာလ ၃၀ ရက် ၂၀၀၈ သတင်းများ
- ဒါ ရာဇ၀တ်မှုတဲ့လားဗျာ
- FREE DAW AUNG SAN SU KYI RANGOON NEWS
- New Virus.. Becareful
- ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များရဲ့ အ...
- နေပြည်တော်ပျဉ်းမနားမြို့မဈေးဖျက်ပြီး ရှော့ပင်းမော...
- အန်အယ်လ်ဒီလူငယ်အချို့ မြေနီကုန်းမှာ ဆန္ဒပြလမ်းလျှော...
- thee lay thee @ new york city.
- ခွေးတွေ ထပ်ဆွဲနေပြန်ပြီ.
- တကယ်တုံးတာက သူတို့ 
- stilwell road (သို့ )Burma Road (သို့ )လီဒိုလမ်းမ ...
- မြန်မာစစ်အစိုးရအား ဖွံ့ဖြိုးရေးအကူအညီပေးရေး ဂမ်ဘာရ...
- ပါလက်စတိုင်း အပစ်အခတ်ရပ်စဲရေး ပြန်ထိန်းကြဖို့ ဘန်က...
- သူထက်ချော.သူ့ ထက်တော် သူထက် လူတွေချစ် လို့  ခွေးအြ...
- ဒီဇင်ဘာလ ၂၉ ရက် ၂၀၀၈ သတင်းများ
- ဒုတိယလွတ်လပ်ရေးတိုက်ပွဲကင်ပိန်း
- နားဂစ်မုန်တိုင်းရံပုံငွေနာမည်ဖြင့် ကညနတို့ ဆိုင်က...
- ရွှေ့ပြောင်းကျောင်းသားများ မိတ်သဟာရပွဲတော် ကျင်းပ
- ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၃၀၀ကျော် ဘင်္ဂလား ပင်လယ်အော်မ...
- မန္တလေးထောင်မှ နိုင်ငံရေးအကျဉ်းသားတဦး သေဆုံး
- သုံးရက် ဆက်တိုက် အစ္စရေးလေကြောင်းတိုက်ခိုက်မှု၊ ပါလက...
- ရွှေဘတွေချည်းဘဲ ခံနေရတော့မလားဗျ
- Global Action for Burma : Second Struggle for Nati...
- လှို့ ဝှက်အစီရင်ခံစာ
- ဒုံးယိမ်းက တူတူ ပျော်ကြရအောင်..
- ဘီဘီစီ ဘန်ကောက် နိုင်ငံခြားသတင်းထောက် ထိုင်းဘုရင်အ...
- ပြည်ပဆန်တင်ပို့မှု အရှုံးပေါ် နိုင်ငံခြားဆန်ရောင်းသူမ...
- နေပြည်တော်ပျဉ်းမနားမှာ ဘူတာသစ် ထပ်တည်မည် အိမ်ခြေ (...
- ထိုင်းလွှတ်တော်ကို ဆန္ဒပြသူများဝိုင်း ထိုင်းအစိုးရသစ...
- မြှောက်ပေးသော် ခွေးပျော်ဧ။်
- အစ္စရေးလ်က ဒုတိယမြောက်နေ့ လေကြောင်းက ဆက်တိုက်ခိုက်၊...
- ပါကစ္စတန် အသေခံဗုံးခွဲမှု ၃၀ ကျော် သေဆုံး
- ဒီဇင်ဘာလ ၂၈ ရက် ၂၀၀၈ သတင်းများ
- Horror in the East: Burma - The Forgotten War
- ဒုတိယ ကမ္ဘာစစ်အတွင်းမှ မြန်မာစစ်တလင်း.
- ဂါဇာကမ်းမြှောင်မှာ အပစ်အခတ်ရပ်စဲကြဖို့ ကုလ လုံခြုံ...
- အခြေအနေအဆိုးရွားဆုံး ပြည်သူများတွင် မြန်မာပြည်သူမျ...
- မြန်မာ့ဓာတ်ငွေ့ကို ဒေ၀ူးက တရုတ်နိုင်ငံသို့ ရောင်းခ...
- ပြည့်သူသတ်မတော်
- စစ်တပ်မှဖယ်ရှားအနားယူသွားပြီဟု သတင်းထွက်ခဲ့သော ထိပ...
- ရန်ကုန် DPA သတင်းထောက် မမှန်သတင်းရေးဟု အန်အယ်ဒီ ဦ...
- ပလီပေါက် ကင်းနေဗီ (ရေတပ်) လူထုထံမှ ဓါးပြတိုက်
- မောင်တောတွင် ရခိုင် အမျိုးသား တဦး အသတ်ခံရပြန်ပြီ
- ခွေး ရွေးကောက်ပွဲ
- ငွေမျက်နာကြောင့် တရားလိုက တရားခံဖြစ်
- ရန်ကုန် DPA သတင်းထောက် မမှန်သတင်းရေးဟု အန်အယ်ဒီ ဦ...
- Ashin Ottama's Birthday Anniversary 129 years on 2...
- European Commission sends aid to Myanmar
- သူတောင်းစားကြီး သွားတဖြီးဖြီး.
- အမှန်တရားဟာဘယ်တော့မှကျည်မတိုးဘူး
- ကြည့်လှည့်သင့်တဲ့ ခြင်္သေ့ လည်ပြန်
- နာဂိုယာမြို့ (ဂျပန်နိုင်ငံ) ဒီမိုကရေစီအရေး တောင်းဆ...
- ဂျပန်လူမျိုးဦးရွှေဘ Interview of U SHWE BA(Mr.TaNaBe)
- အိန္ဒိယနယ်စပ် ပါကစ္စတန် စစ်အင်အားဖြည့်
- HIV/ AIDS ဝေဒနာသည်များကို စောင့်ရှောက်သူတို့ ကြပ်တ...
- အလုပ်သမ လေးဦး နစ်နာကြေး ရရှိ
- ယာယီသက်တမ်းလွန်ကားများ သိမ်းရန် ရန်ကုန်တိုင်းမှူး ည...
- တရုတ်-မြန်မာနယ်စပ်ကို ဗဟိုပြု၍ ငလျင်လှုပ်၊ (၉) ဦးထ...
- ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယ နှစ်နိုင်ငံ ရေပိုက်နက် အငြင်...
- ဆူနာမီ လေးနှစ် မြန်မာ အလုပ်သမားတွေရဲ့ စိတ်ဒဏ်ရာတွေ...
- မြန်မာစစ်အစိုးရအပေါ် ထိုင်းအစိုးရသစ် ဘယ်လိုဆက်ဆံမလဲ
- ဘိုကလေးမြို့နယ် ကျေးရွာစုစည်း စီမံကိန်းကြောင့် ရွ...
- နအဖကို ကုလညီလာခံပြစ်တင်
- ဂီနီဝန်ကြီးချုပ် အာဏာသိမ်းစစ်ဗိုလ်ထံ အညံ့ခံလိုက်ပြီ
- ကျွဲ ပါးစောင်းတီး
- အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ခရစ္စမတ် မိန့်ခွန်းမ...
- ၂၇. ၁၂ .၂၀၀၈ ကရင်နှစ်သစ်ကူး အတွက် ကရင်အမျိုးသားအစည...
- RCSS/SSA ဌာနချုပ်၌ သျှမ်းပြည်ကွန်ဂရက် ဖွဲ့စည်းတည်ေ...
- နယ်စပ်၌ နအဖစစ်အင်အားတိုးချဲ့ ၀တပ်ဖွဲ့နှင့် အပြိုင်...
- အနော်တော့ ကြောက်တယ်ဗျ။ လိမ်ရတာလည်း မျက်နှာပူလှပေါ့
- ပဲခူးထောင်တွင် နိုင်ငံရေးအကျဉ်းသားတဦး သတ်သေမှုဖြစ်
- နှုတ်ဆက်ခဲ့ပြီ ၂၀၀၈
- 2009 ပြက္ခဒိန်ပါ။
- ဒီဇင်ဘာ ၂၅ ၂၀၀၈ သတင်းများ။
- မေ့မရသော ဆရာ့ အမှာစကား
- မြန်မာစစ်အာဏာရှင်တို့ နျူကလီးယား လက်နက် သုံးနိုင် ...
- မူဆယ်တွင် လုယက်မှုများ ဆက်တိုက်ဖြစ်နေ
- ဗမာပြည်ကိုမတရားအနိုင်ကျင့်နေသော မကောင်းဆိုးဝါးများ
- မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်အမှတ်တရ နှစ် ၂၀
- လောက်ကောင်တွေ ဆားထိနေကြပြီ
- နအဖ ပြည်ထဲရေးဝန်ကြီးရဲ့ ထိုးဖောက်မှုအစီအစဉ်
- မြန်မာဆင်တွေ..နောင်ဆို ပြတိုက်မှာဘဲပြရတော့မယ်။
- စေတနာရှင်များ ၀ိုင်းကူမှ ပညာတတ်မဲ့ မြန်မာကလေးငယ်များ။
- ဒီဇင်ဘာ ၂၃ ၂၀၀၈ သတင်းများ။
- ဗိုလ်မှူးချုပ်-ဖုန်းဇော်ဟန်၏ လာဘ်ငွေစာရင်း
- ၆၁ နှစ်မြောက်လွတ်လပ်ရေးနေ့ ဖိတ်ကြားခြင်း
- နအဖ၂၀၁၀ မှ ဘယ်လိုကလိမ်ကကျစ်လုပ်ရမလဲစဉ်းစားနေတယ် ကျ...
- မြေး ရှုဖို့အတွက် အဖိုးကဘိန်း စိုက်ခိုင်းတာ ဖြစ်မယ်
- ဒါမျိုးမှ ဆိုးပေ သန်းရွှေ က အားရကျေနပ်တာ
- မဲဆောက်နေ တော်လှန်ရေးသမားများ သတိ
- ၃၇၆ ဆို တာ ကြား ကတည်း ကျက်သရေ တော်တော် ယုတ်နေပြီ
- လှေစီး၍ မလေးရှားသို့ အလုပ်ရှာဖွေရန် သွားသူ ၁၀၇ ဦး...
- ဘာဒုက္ခသွား ထပ်ပေးအုံးမလဲမသိဘူး
- တရုတ်ဘက်သို့ လူကုန်ကူးသူတဦး ဖမ်းဆီးခံရ
-
▼
December
(421)
No comments:
Post a Comment