မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 17 2008
ချင်းမိုင် (မဇ္ဈိမ)။ ။ အမျိုးသားနေ့ စာပေဟောပြောပွဲတရပ်ကို ယမန်နေ့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးချုပ်၌ "လူငယ်နဲ့ အနာဂတ်" ခေါင်းစဉ်ဖြင့် သတင်းစာဆရာကြီး ဦးဝင်းတင်က ပါတီလူငယ်များအား ဆွေးနွေးဟောပြောခဲ့သည်။
ရန်ကုန်တိုင်း ဗဟန်းမြို့နယ် အန်အယ်လ်ဒီ ရုံးချုပ်တွင် ကျင်းပသည့် အဆိုပါ ဟောပြောပွဲသို့ ပါတီဝင်လူငယ် ၂၀၀ ခန့် တက်ရောက်ခဲ့သည်။
"ရည်ရွယ်ချက်ကတော့ လူငယ်ထုတရပ်လုံး စိတ်ဓာတ်ခွန်အား ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်တာပါ။ ရန်ကုန်တိုင်းအတွင်းရှိ
မြို့နယ်ပေါင်းစုံမှာ လူငယ်တွေ လူငယ်လုပ်ငန်းအဖွဲ့တွေ စုံစုံညီညီ တက်ရောက်ကြတယ်။ တက်တက်ကြွကြွ တက်ရောက်ကြပါတယ်" ဟု ပါတီလူငယ် ကိုဝင်းဝင်းက ပြောသည်။
လူငယ်နှင့် အနာဂတ် ခွဲခြား၍ မရကြောင်း ဆရာကြီး ဦးဝင်းတင်က မဇ္ဈိမကို ယခုလို ပြောသည်။
သူက "တိုင်းပြည်ရဲ့ အနာဂတ်၊ ကမ္ဘာရဲ့အနာဂတ်၊ အဖွဲ့ချုပ်ရဲ့ အနာဂတ်ဆိုတာက ဒါတွေအားလုံးဟာ လူငယ်တွေရဲ့ အနာဂတ်ပဲ။ လူငယ်တွေနဲ့ ခွဲခြားလို့ မရဘူး။ အဲဒီအနာဂတ်တွေအတွက် လူငယ်တွေအနေနဲ့ ပြင်ဆင်ထားရမယ်" ဟု ပြောသည်။
ဆွေးနွေးပွဲကို မွန်းလွဲ ၁ နာရီမှ စတင်ကာ ညနေ ၃ နာရီအထိ ကျင်းပခဲ့သည်။
No comments:
Post a Comment