ရွေးကောက်ပွဲ အောင်နိုင်ရေး နိုင်ငံခြား အခါပေးများ စစ်အစိုးရခေါ်ယူ
Thursday, 04 February 2010 15:57 မိုးယံ
စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် နိုင်ငံခြားမှ အတိုင်ပင်ခံ အခါပေး နက္ခတ္တဝေဒ ပညာရှင်များကို မြန်မာနိုင်ငံသို့ ခေါ်ယူထားကြောင်း ဝေဒပညာရှင်များ အသိုင်းအ၀ိုင်းတွင် ပြောဆို နေကြသည်။
ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အကြံကောင်းများ ရရှိရန်၊ ရွေးကောက်ပွဲ ကျင်းပနိုင်မည့် နေ့ရက် တို့ကို အခါပေးရန်၊ ရွေးကောက်ပွဲကို ငြိမ်ဝပ် ပိပြားစွာ ထိန်းသိမ်းနိုင်ပြီး ရလဒ်ကောင်းများနှင့် အဆုံးသတ်နိုင်ရန်တို့ အတွက် ထိုင်းနိုင်ငံမှ နာမည်ကြီး ဝေဒပညာရှင် တဦး၏ အကူအညီဖြင့် ထိုင်းနှင့် စင်္ကာပူနိုင်ငံ တို့မှ ဝေဒပညာရှင် တဦးစီကို ခေါ်ယူ ထားကြောင်း စစ်အစိုးရနှင့် နီးစပ်သော ၀ါရင့် ဝေဒပညာ ရှင်ကြီး တဦးက ပြောသည်။
“၂၀၀၉ နှစ်ကုန်ပိုင်း လောက်က တယောက် လာသွားသေးတယ်၊ ဒေါ်လာတွေ အများကြီး ပေးပြီးခေါ်ထားတာလို့ ပြောတယ်၊ နေကြတ် တာနဲ့ ပတ်သက်ပြီး တွက်ချက်ဖို့ ဒီလထဲမှာ တယောက် လာဦးမယ်လို့ ကြားတယ်”ဟု ၎င်းက ဆိုသည်။
စစ်အစိုးရ အနေဖြင့် လူမှုရေး၊ ကျန်းမာရေး အပြင် အုပ်ချုပ်ရေး အပိုင်းများတွင် အောင်မြင် အသာစီး ရရှိစေရန် အတွက် ဝေဒပညာရပ် ကို အသုံးချလေ့ ရှိကြောင်း သိရသည်။
“ဒီဗေဒင် ဆရာတွေက နာမည် အရမ်းကြီးတယ်တဲ့၊ သူတို့ကို စက်တင်ဘာ အရေးခင်းမှာ ထဲက ခေါ်သုံးတာတဲ့၊ ဗေဒင်ဆရာ ခိုင်းတဲ့ အတိုင်း တိုင်းပြည်ကို အုပ်ချုပ်နေတယ် လို့တောင် ဆိုလို့ရတယ်၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့၊ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး တို့လည်း ဗေဒင်ဆရာ အခါပေးတဲ့ အတိုင်း စီစဉ်ဆောင်ရွက် နေတယ်”ဟု အထက်ပါ ၀ါရင့်ဝေဒ ပညာရှင်ကြီးက ပြောသည်။
အဆိုပါ နိုင်ငံခြား သားဝေဒ ပညာရှင်များကို စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ဇနီး ဒေါ်ကြိုင်ကြိုင်က တွေ့ဆုံ၍ စီစဉ် ဆောင်ရွက်ရန် ညွှန်ကြားမှုများ ရှိသည်ဟု ကြားသိရ ကြောင်းလည်း ၎င်းက ဆိုသည်။
မြန်မာလူမျိးများသည် နေကြတ်မှု၊ လကြတ်မှု အတိတ် နိမိတ်များကို ယုံကြည်သူများ ဖြစ်သည့် အတွက် နေကြတ်မှုကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများ အပြောင်းအလဲ ဖြစ်ပေါ်လာမည်ဟု ယုံကြည်ကြသည်။
“နေကြတ်ထားတဲ့ အတွက် ဒီနှစ်ထဲမှာ ၅ လပိုင်းကျော်မှ ကောင်းမှာ၊ ဒါကြောင့် ရွေးကောက်ပွဲ လုပ်မယ်ဆိုလည်း အဲဒီ နောက်ပိုင်းမှာ လုပ်ဖို့ အခါပေးထား ကြတယ်”ဟု မြန်မာနိုင်ငံ နက္ခတ္တဝေဒ ပညာရှင် အသင်းမှ ဆရာကျော့က ဆိုသည်။
နေကြတ်မှုကြောင့် ကြုံတွေ့နိုင်သော ရလဒ်ဆိုးများ အတွက်နှင့် စစ်အစိုးရ ခေါင်းဆောင် ကျန်းမာရေး အခြေအနေများ အတွက် ဇန်န၀ါရီလ နောက်ဆုံး ပတ်တွင် စင်ကာပူနိုင်ငံမှ ဝေဒပညာရှင် တဦးရောက်ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၁၀ ခုနစ်သည် အတိုက် အခိုက်များခြင်း၊ ယှဉ်ပြိုင်မှု များခြင်းနှင့် အပြောင်း အလဲများ အကောင်း အဆိုးများကို ကြုံတွေ့ရမည့်နှစ် ဖြစ်သောကြောင့် စစ်အစိုးရ ခေါင်းဆောင်များ အနေဖြင့် ဝေဒဆရာများကို ဒေါ်လာငွေများစွာ အကုန် အကျခံကာ ရွေးကောက်ပွဲ အတွက် ခေါ်ယူထားခြင်း ဖြစ်ကြောင်းလည်း ဆရာကျော့က ပြောသည်။
“ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်ဖို့ ကလည်း ဗေဒင်တွေ နက္ခတ် တွေနဲ့ တွက်နေတယ် ကြားတာပဲ၊ သူတို့က ဘယ်လို နည်းနဲ့ပဲ ဖြစ်ဖြစ် ရွေးကောက်ပွဲကို လုပ်မှာပဲ၊ စက်တင်ဘာ သံဃာအရေးခင်း တုန်းကလဲ ယကြာတွေ ချေတယ်လေ၊ ကတော်တွေက ဗေဒင်ယုံတော့ စစ်အစိုးရ ခေါင်းဆောင် တွေကပါ လိုက်လုပ်ရတာပေါ့”ဟု အစိုးရ အသိုင်း အ၀ိုင်းနှင့် နီးစပ်သူတဦးက ဆိုသည်။
စစ်အစိုးရ အနေဖြင့် ၂၀၀၇ ခုနှစ် သံဃာအရေးခင်း၊၂၀၀၈ ခုနှစ် ဓနုတ်စေတီ ပြိုကျသော နိမိတ်များ စသော အခြေ အနေများနှင့် ပတ်သက်ပြီး အဆိုပါ နိုင်ငံခြားသား ဝေဒဆရာများကို ခေါ်ယူ တိုင်ပင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
http://www.irrawaddy.org/bur/index.php/news/1-news/2541-2010-02-04-09-03-39
မှတ်ချက်။ ။ မမြဲသော သင်္ခါရတရားကို ဘုရားတောင် မလွန်ဆန်နိုင်မှ.. ဒီဟူးရားတွေ က ဘာတွေများ ပို တတ်နိုင်မှာတဲ့လားကွယ် ။ H1N1 ဘဲ ကူုးစက်ကြည့်..ဆေးမထိရင်...သူတို့  အသက်တောင် သူတို့  မကယ်နိုင်တဲ့ နောက်...ဒီ ဗေဒင်ဆရာရဲ့ ဗေဒင် ယတြာလည်း ကံကုန်ရင် မကယ်နိုင်ပါဖူး...ဆန်ဘဲကုန်မယ် မယ်အိုဇာကြီး ကြိုင်ကြိုင်
Thursday, February 4, 2010
ပုဏ္ဍားဖြူ ပုဏ္ဍားညို နဲ့  တိုင်ပင်နေသော ကြိုင်ကြိုင်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
February
(335)
- ရခိုင်ကျောင်းသားများကို ဖမ်းဆီးခြင်းမှာ သက်သေ မခို...
- 28th Feb 2010 - MoeMaKa Daily
- တို့  ဗမာပြည်
- မိမိကိုယ်သာ ကိုးကွယ်ရာ
- မြန်မာနိုင်ငံ နဲ့  AIDS အန္တရာယ်..
- အိမ်ဖော် အဖြစ်လိင်ကျွန်နစ်နေရသော မြန်မာ အမျိုးသမီး...
- Voice of Burma စာစဉ်အမှတ် 751 ဖတ်ရှုနိုင်ပါပြီ
- Statement on the 2nd Anniversary of Founding Day o...
- ငါတို့လက်များ၊ ငါတို့သွေးများနှင့် ခွပ်ဒေါင်းအားမာန်
- ဒေါ်အောင်ဆန်းစုကြည် အမှုအပေါ်သူတို့၏ အမြင် (သို့မဟုတ်...
- အသက်ကြီး..ဂုဏ်သိက္ခာကြီး လေးစားဂါရ၀ထိုက်သူများအတွက်...
- ဆရာတော်များ သို့ 
- လက်ရှိပြည်တွင်း အခွင့်အရေး အခြေအနေ
- တရုတ်မယားငယ်..အဖြစ်..ဘ၀ပျက်ခံရတော့မှာလား..
- အမူအကျင့် မပြောင်းလဲကြသူများ
- NLD ရဲ့ CECအစည်းအဝေး မှ နောက်ဆုံးရွေးချယ်သော CC ဥ...
- သူခိုးရဲ့ ခိုးရာပါ ပစ္စည်း..
- MIDEA ဖြင့် အဆိပ်လူးမြှားအဖြစ် ပစ်သောနည်းလမ်း..
- စင်္ကာပူမှ ရွှေမြန်မာများ အတွက် အသိပေး ကြေညာချက်
- Mia Farrow on the Women of Burma
- Burma's Political Prisoners (မြန်မာ့ နိုင်ငံရေးအကျ...
- ၂၀၁၀ ရွေးကောက်ပွဲအတွက်..ဆွေးနွေးချက်
- မြန်မာ့ ဓါးပြသတ်မတော်...
- မီး မီး..ဘာကြောင့်လောင်
- ထင်တဲ့အတိုင်းပါလား..အောင်တိုးရယ်..နင့်ကြောက်ချက်က ...
- ခြင်ကိုက်ရင် သတိထား..
- ဝက်တွေ တုတ်ကွေးနာကျနေပြီ
- Myanmar Supreme Court rejects Suu Kyi appeal
- မြန်မာစစ်တပ်ရဲ့ နှိပ်စက်မှု ကရင်တိုင်းရင်းသူများ ခံရ
- အော်..တပ်ဆုတ်တာတဲ့လား..တိုင်းပြည်ကတော့ ပြုတ်သွားပြီ
- 25rd Feb 2010 - MoeMaKa Daily
- လူလိမ်တွေ ရဲ့ အချင်းချင်း ဖြုတ်ထုတ်သတ်..
- လာပြန်ပြီ..မကျူးလွန်တဲ့အပြစ်ကို မတရားသူကြီးက..မတတ်...
- သာဓု ခေါ်စေနိုင်ဖို့ 
- ရည်မှန်းချက် မပြောင်းလည်းကြပါနဲ့ 
- ရဟန်းသံဃာများလည်း လွတ်လပ်ခွင့် မရှိတော့
- အာဇာနည်အကြံပြုတဲ့ ဗမာပြည်မြေပုံ အစစ် ရန်ကုန်တိုင်...
- နအဖ တပ် စကခ (၇) မှ စာသင်ကျောင်းကိုတိုက်ခိုက်
- ဘုန်းကြီးအလောင်းတွေ ရေထဲမျောပြီး ကလေးစစ်သားဘဲပေါတဲ...
- ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ကင်တားနား၏ မြန်မာနိုင်ငံ...
- စိုင်းစိုင်းခမ်းလှိုင်ရေ မင်းသတိထား
- ဗမာပြည်မြေပုံအစစ် True Burma Map
- ပထွေးမှာသမျှ ဗြောင်လိမ်ပြနေရသော ပြောင်ကြီး..ဟုတ်မှ...
- အခုကျမှ လာလွမ်းပြနေ..( မဲလေးများ တဖတ်လာ ထည့်ကြမလား...
- စားပါရစေခမျ..ငတ်ကြီးကျ လွန်းလို့ ပါ
- ရွှေလက်နဲ့  ချီးမြှင့်ထိုက်သူနဲ့  ဖနောင့်ပေါက်၍ ချီ...
- ရေမြုပ် သင်္ဘောစီးရဲကြသလား..
- Myanmar's forgotten people.mov
- Migrant workers worried over Thai nationality chec...
- အမျိုးချစ်စိတ်ကို သတ်မရ..
- အသက်သေသည့်တိုင်..သွေးသက်သေက ကမ္ဘာတိုင်ပြီ..သာဓုခေါ်ပ...
- ရခိုင်သားမို့  ရဲသလေဗျ
- သူခိုးချတဲ့ ရေစက်..ဘယ်သူသာဓု ခေါ်ရဲသလည်း
- ၂၀၁၀ ကို ဒို့ မလို..
- သံဃာတော်များမှ အိတ်ဖွင့် ပေးစာ
- သဘာဝကျကျ တွန်းလှန်ခြင်း
- အသစ်ထွက်မည့် Microsoft systems တွေမှာ မြန်မာဘာသာ ထ...
- 23rd Feb 2010 - MoeMaKa Daily
- ပြိုင်ပွဲ (ကျော်သူ)
- အခုတော့မစိမ်းလန်းနိုင်တော့ပြီ....
- ပြည်သူကို အလုပ်အကျွေးပြုတဲ့ တပ်မတော်ဖြစ်ဖို့ သူရ ဥ...
- အလင်းအိမ်မဂ္ဂဇင်း
- voice of Burma
- ရှုံးရှုံးနိုင်နိုင် သတ္တိနဲ့ သာပြိုင်..ဘယ်သူ တသက်လ...
- သေပြည်တော် က သဘောက်မသားတို့ ၏ ငတ်ကြီးကျမှုများ
- အဟာရစာစောင် ၁၀၈
- ဖေဖော်ဝါရီ ၂၂ ၂၀၁၀ သတင်းများ
- အလံတော်သစ် ဂျာနယ် (ဖေဖေါ်ဝါရီလ ၂၀၁၀)
- အရေမပါရင်..အထဲမ၀င်ရဘူးတဲ့..
- တဖြေးဖြေးပွါးလာတာ ၀က်တုတ်ကွေး..
- ဝေါ်ကီတော်ကီ ကိုင်ဖူးချင်တာနဲ့ ဘုန်းကြီးခေါင်းရိုက်...
- စီးတဲ့လူတွေ အသက်ကို ဖက်နဲ့သာထုတ်ထား
- ရွှေ ဆိုတာ ဘယ်တော့ မှ အရောင်မမှိန်ဘူး..ဂိန်တော့မှာက...
- ပေါလွန်းလှတာ..ဗိုလ်ရှုပ်..တွေ
- TIME TO TIME JOURNAL, VOLUME-3, NO-4
- ဟင်းအိုးကို အားမနာသော..အမဲရိုးပုပ်..သို့ မဟုတ် ..ေ...
- စစ်တွေ ၏ ကျောင်းသားသပိတ်ကြီး
- 'Burma VJ 'Academy Award Nominations
- BURMA VJ အား မဲပေးကြပါရန်
- သတင်း မီဒီယာ သမားများအား ဖိနှိပ်တိုက်ခိုက်ခံရမှု (...
- Fullbright ပညာဝင်ဆု လျှောက်ချင်သူများအတွက်
- Mr Tomas Ojea Quintana's ၏ ၂၀၁၀ မြန်မာနိုင်ငံခရီးစဉ်
- သံဃာ့တပ်ပေါင်းစု အဖွဲကြီး၏ ABMA ဂျာနယ် (အတွဲ ၁။ အ...
- ချုပ်ကိုင်တာ မဟုတ်ပါဘူး၊ သိပ်ခံရတဲ့အတွက် ချိန်ချိန...
- NLD နဲ့ ကင်တားနား ဆွေးနွေးချက် အပြည့်အစုံ
- ကြာကူလီ၏ ရှက်ရမ်း
- ABMA Journal ဒုတိယအတွဲ
- အမိုက်အမှားကြီးမို့ တသက်မြတ်နိုးကိုယ်းကွယ်ပါ၏ ဖြား...
- ချင်းအမျိုးသားနေ့ အခမ်းအနား 2010
- ဖွတ်ချက်များ နယ်နှင်ဒဏ်ပေးတော့မည်။
- မီဒီယာကိုလန့် သော ကြီးဒေါ် သိန်းစိန်
- ကျေးရွာမီးရှို့ပစ်မည်ဟု ခြိမ်းခြောက်သောကြောင့် ရွာသ...
- ရွေးကောက်ပွဲကို လက်ခံနိုင်ဖွယ်အခြေအနေမရှိကြောင်း က...
- မလေးရှားကြောင်နဲ့ မြန်မာကြွက်
- စစ်အာဏာရှင်လက်အောက်မှ ကလေးငယ်များဘ၀ ဤသို့ ( ၁၄-၁၅ ...
- ကင်တားနား ၅ရက် ခရီးနှင့် ကုလသမဂ္ဂ၏ အခန်းကဏ္ဍ(သတင်း သံ...
- သန်းရွှေနဲ့  သေဘေး နီးလာပြီ..
- မက်သဒစ်ကျောင်းကို ခွေးစားသွားခြင်း
- သက်သေခံပစ္စည်းရောင်းစား..အချိန်ရှိခိုက်လုံ့ လစိုက်ေ...
- သပိတ်..သပိတ် မှောက်မှောက်..မီးဒုတ် မီးဒုတ်..ရှို့ ...
-
▼
February
(335)
No comments:
Post a Comment