ယခုနှစ်တွင်လည်း ကျော်သူ အကယ်ဒမီပွဲဖိတ်စာ မရ Thursday, 04 February 2010 19:02 သဲသဲ
စနေနေ့တွင် ကျင်းပမည့် အကယ်ဒမီဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခြင်း မခံရကြောင်း သရုပ်ဆောင် ကျော်သူက ပြောသည်။ အကယ်ဒမီဆုဟု ထင်ရှားသည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ ဖိတ်စာ မရရှိခဲ့သည်မှာ ၂ နှစ် ဆက်တိုက် ရှိပြီဖြစ်သည်ဟု ဆိုသည်။
(မီဒီယာတွင် ကန့်သတ်ပိတ်ပင် ခံနေရသော သရုပ်ဆောင် ကျော်သူသည် ထင်ရှားသည့် လူမှုရေး အဖွဲ့ဖြစ်သည့် နာရေးကူညီမှု အသင်း ၏ လုပ်ငန်းများကို ဦးဆောင် လုပ်ကိုင်လျက် ရှိသည်။ လွန်ခဲ့သည့် ၃ လက သူ၏ အသက် ၅၀ ပြည့် မွေးနေ့တွင် မိတ်ဆွေများကို နေအိမ် သို့ ဖိတ်ခေါ်ပြီး သူဖန်တီးထားသော ပန်းချီနှင့် ဓာတ်ပုံများ ပြသခဲ့သည်။)
“ကျနော့်ကို ဖိတ်စာလည်း မပို့ဘူး၊ ဖိတ်စာ ရရမယ့် လူစာရင်း ထဲမှာလည်း မပါဘူး။ အနုပညာနဲ့ ပတ်သက်ပြီး ဘာမှ လုပ်ခွင့်မရတာ။ နာမည်တောင် ပါခွင့် မရဘူးလေ။ ကျနော့်ကို ဒီရုပ်ရှင်လောက ထဲကနေ မောင်းထုတ်ထားတဲ့ သဘောပေါ့” ဟု ရုပ်ရှင်နှင့်ဗီဒီယို သရုပ် ဆောင် အကယ်ဒမီ ကျော်သူက ဧရာဝတီကို ပြောသည်။
၂၀၀၇ ခုနှစ်တွင် ကျော်သူက ဆန္ဒပြသည့် သံဃာများကို ဆွမ်းကပ် သည့်အတွက် အာဏာပိုင်တို့က အငြိုးထားပြီး သူ၏ အနုပညာ လုပ်ငန်းများနှင့် ပတ်သက်သမျှကို ပိတ်ပင်တားဆီးခြင်း ဖြစ်သည်ဟု ကျော်သူက ယူဆသည်။
ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးက ကျင်းပသည့် မြန်မာ့ရုပ်ရှင် ၈၉ နှစ်ပြည့် အခမ်းအနားတွင် ချိတ်ဆွဲခဲ့သော အသံတိတ် ခေတ်မှ ဆေးရောင်စုံခေတ် အထိ ထင်ရှားသည့် သရုပ်ဆောင်တို့၏ ပုံများထဲတွင် ကျော်သူ၏ ဓာတ်ပုံ ပါဝင်ခြင်း မရှိပေ။
အာဏာပိုင်တို့က ထိုသို့သော ကန့်သတ်မှုများရှိနေချိန်တွင် ကျော်သူကလည်း အာဏာပိုင်တို့နှင့် “ခပ်ကင်းကင်း” နေထိုင်ခဲ့သည်။
နှစ်စဉ် ရန်ကုန်တွင် ပြုလုပ်လေ့ရှိသည့် အကယ်ဒမီပေးပွဲကို ၂၀၀၇ မှ စတင်ပြီး ဗိုလ်ချုပ်ကြီးများ ရုံးစိုက်ရာ နေပြည်တော်သို့ ပြောင်းရွှေ့ ကျင်းပစဉ်က ကျော်သူကို ဖိတ်ကြားခဲ့သော်လည်း သူက တက်ရောက်ခြင်း မပြုခဲ့ပေ။
အာဏာပိုင်များက ၎င်းတို့နှင့် သဟဇာတ မဖြစ်သည့် အနုပညာရှင်များ၏ အမည်၊ ဓာတ်ပုံ စသည်တို့ကို နေရာတိုင်းတွင် လိုက်လံ ပိတ်ပင်တတ်ကြောင်း၊ တို့နဲ့မတူ တို့ရန်သူ ဟု ယူဆထားကြောင်း အကယ်ဒမီဆုရှင် ၀ါရင့် ဒါရိုက်တာတဦးက ဧရာဝတီကို ပြောသည်။
“သူ့အရည်အသွေးအလျောက်၊ သူ့တန်းနဲ့သူ ထားရမှာပေါ့။ ငါနဲ့ မတည့်တာနဲ့ ဒီကောင့်ကို အကုန်လုံး ဖျောက်၊ ဘာမှ လုပ်ပိုင်ခွင့် မပေးဘူး ဆိုတော့ ဘယ်ကောင်းမလဲ။ ဒါတွေက မလုပ်သင့်တဲ့ အရာတွေပေါ့” ဟု သူက ဝေဖန် ပြောဆိုသည်။
မြန်မာပြည်တွင် ရုပ်ရှင်ထူးချွန်ဆု ရလိုပါက ထူးချွန်မှုအပြင် ၀ါဒဖြန့်ချိရေးဇာတ်ကားများတွင် ပါဝင်ကူညီမှုကဲ့သို့သော အာဏာပိုင်တို့နှင့် ပူးပေါင်းဆောင်ရွက်မှုလည်း လိုအပ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်နေကြသည်။
စနေနေ့တွင် ပေးအပ်မည့် အကယ်ဒမီဆုများကို ၂၀၀၈ ခုနှစ်အတွင်း ရုံတင်ပြသသည့် ဇာတ်ကား ၁၂ ထဲမှာ ရွေးချယ်မည် ဖြစ်သည်။
၂၀၀၇ ခုနှစ်တွင် ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားပေါင်း ၁၀ ကား ရှိသည့်အနက် ရုပ်ရှင်၂ ကားသည် အကယ်ဒမီဆု ၆ ဆု ရခဲ့သည်။ ထို ၆ ဆုတွင် အမျိုးသမီးဇာတ်ဆောင်ဆု၊ အမျိုးသမီးဇာတ်ပို့ဆုတို့ မပါဝင်ခြင်းမှာ အာဏာပိုင်တို့က အမျိုးသမီးများ ဆုရရှိခြင်းကို မလိုလားသောကြောင့် ဖြစ်သည်ဟူသော ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
ရုပ်ရှင်အကယ်ဒမီပေးပွဲနှင့်ပတ်သက်၍ အကယ်ဒမီကျော်သူက အရည်အချင်း အမှန်တကယ် ရှိသူများသာ ရစေလိုသည်ဟု ဆိုသည်။
“အော်စကာရွေးပွဲလိုပဲ ဆန်ခါတင် ငါးကား ရှိတယ် ဆိုရင် ဒီဇာတ်ကားမှာ ဒီသရုပ်ဆောင်ရဲ့ လုပ်ဆောင်ချက်က ဇာတ်ကားကို ဘယ်လောက် အထိ အထောက်အကူ ပြုသလဲ၊ တော်သလဲ ဆိုတာကို သတ္တိရှိရှိနဲ့ လုပ်စေချင်တယ်။ ပြောစေချင်တယ်။ အခုတော့ ရချင်တဲ့ ကားတွေက ရနေတယ်။ သိပ် အဓိပ္ပာယ်မရှိဘူး” ဟု အကယ်ဒမီကျော်သူက သုံးသပ်သည်။
http://www.irrawaddy.org/bur/index.php/news/1-news/2547-2010-02-04-12-06-25
Thursday, February 4, 2010
နအဖ ချစ်ရန်မလိုဘူး...ပြည်သူချစ်ဖို့ ဘဲလိုတယ် ကိုကျော်သူ..we Love you
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
February
(335)
- ရခိုင်ကျောင်းသားများကို ဖမ်းဆီးခြင်းမှာ သက်သေ မခို...
- 28th Feb 2010 - MoeMaKa Daily
- တို့  ဗမာပြည်
- မိမိကိုယ်သာ ကိုးကွယ်ရာ
- မြန်မာနိုင်ငံ နဲ့  AIDS အန္တရာယ်..
- အိမ်ဖော် အဖြစ်လိင်ကျွန်နစ်နေရသော မြန်မာ အမျိုးသမီး...
- Voice of Burma စာစဉ်အမှတ် 751 ဖတ်ရှုနိုင်ပါပြီ
- Statement on the 2nd Anniversary of Founding Day o...
- ငါတို့လက်များ၊ ငါတို့သွေးများနှင့် ခွပ်ဒေါင်းအားမာန်
- ဒေါ်အောင်ဆန်းစုကြည် အမှုအပေါ်သူတို့၏ အမြင် (သို့မဟုတ်...
- အသက်ကြီး..ဂုဏ်သိက္ခာကြီး လေးစားဂါရ၀ထိုက်သူများအတွက်...
- ဆရာတော်များ သို့ 
- လက်ရှိပြည်တွင်း အခွင့်အရေး အခြေအနေ
- တရုတ်မယားငယ်..အဖြစ်..ဘ၀ပျက်ခံရတော့မှာလား..
- အမူအကျင့် မပြောင်းလဲကြသူများ
- NLD ရဲ့ CECအစည်းအဝေး မှ နောက်ဆုံးရွေးချယ်သော CC ဥ...
- သူခိုးရဲ့ ခိုးရာပါ ပစ္စည်း..
- MIDEA ဖြင့် အဆိပ်လူးမြှားအဖြစ် ပစ်သောနည်းလမ်း..
- စင်္ကာပူမှ ရွှေမြန်မာများ အတွက် အသိပေး ကြေညာချက်
- Mia Farrow on the Women of Burma
- Burma's Political Prisoners (မြန်မာ့ နိုင်ငံရေးအကျ...
- ၂၀၁၀ ရွေးကောက်ပွဲအတွက်..ဆွေးနွေးချက်
- မြန်မာ့ ဓါးပြသတ်မတော်...
- မီး မီး..ဘာကြောင့်လောင်
- ထင်တဲ့အတိုင်းပါလား..အောင်တိုးရယ်..နင့်ကြောက်ချက်က ...
- ခြင်ကိုက်ရင် သတိထား..
- ဝက်တွေ တုတ်ကွေးနာကျနေပြီ
- Myanmar Supreme Court rejects Suu Kyi appeal
- မြန်မာစစ်တပ်ရဲ့ နှိပ်စက်မှု ကရင်တိုင်းရင်းသူများ ခံရ
- အော်..တပ်ဆုတ်တာတဲ့လား..တိုင်းပြည်ကတော့ ပြုတ်သွားပြီ
- 25rd Feb 2010 - MoeMaKa Daily
- လူလိမ်တွေ ရဲ့ အချင်းချင်း ဖြုတ်ထုတ်သတ်..
- လာပြန်ပြီ..မကျူးလွန်တဲ့အပြစ်ကို မတရားသူကြီးက..မတတ်...
- သာဓု ခေါ်စေနိုင်ဖို့ 
- ရည်မှန်းချက် မပြောင်းလည်းကြပါနဲ့ 
- ရဟန်းသံဃာများလည်း လွတ်လပ်ခွင့် မရှိတော့
- အာဇာနည်အကြံပြုတဲ့ ဗမာပြည်မြေပုံ အစစ် ရန်ကုန်တိုင်...
- နအဖ တပ် စကခ (၇) မှ စာသင်ကျောင်းကိုတိုက်ခိုက်
- ဘုန်းကြီးအလောင်းတွေ ရေထဲမျောပြီး ကလေးစစ်သားဘဲပေါတဲ...
- ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ကင်တားနား၏ မြန်မာနိုင်ငံ...
- စိုင်းစိုင်းခမ်းလှိုင်ရေ မင်းသတိထား
- ဗမာပြည်မြေပုံအစစ် True Burma Map
- ပထွေးမှာသမျှ ဗြောင်လိမ်ပြနေရသော ပြောင်ကြီး..ဟုတ်မှ...
- အခုကျမှ လာလွမ်းပြနေ..( မဲလေးများ တဖတ်လာ ထည့်ကြမလား...
- စားပါရစေခမျ..ငတ်ကြီးကျ လွန်းလို့ ပါ
- ရွှေလက်နဲ့  ချီးမြှင့်ထိုက်သူနဲ့  ဖနောင့်ပေါက်၍ ချီ...
- ရေမြုပ် သင်္ဘောစီးရဲကြသလား..
- Myanmar's forgotten people.mov
- Migrant workers worried over Thai nationality chec...
- အမျိုးချစ်စိတ်ကို သတ်မရ..
- အသက်သေသည့်တိုင်..သွေးသက်သေက ကမ္ဘာတိုင်ပြီ..သာဓုခေါ်ပ...
- ရခိုင်သားမို့  ရဲသလေဗျ
- သူခိုးချတဲ့ ရေစက်..ဘယ်သူသာဓု ခေါ်ရဲသလည်း
- ၂၀၁၀ ကို ဒို့ မလို..
- သံဃာတော်များမှ အိတ်ဖွင့် ပေးစာ
- သဘာဝကျကျ တွန်းလှန်ခြင်း
- အသစ်ထွက်မည့် Microsoft systems တွေမှာ မြန်မာဘာသာ ထ...
- 23rd Feb 2010 - MoeMaKa Daily
- ပြိုင်ပွဲ (ကျော်သူ)
- အခုတော့မစိမ်းလန်းနိုင်တော့ပြီ....
- ပြည်သူကို အလုပ်အကျွေးပြုတဲ့ တပ်မတော်ဖြစ်ဖို့ သူရ ဥ...
- အလင်းအိမ်မဂ္ဂဇင်း
- voice of Burma
- ရှုံးရှုံးနိုင်နိုင် သတ္တိနဲ့ သာပြိုင်..ဘယ်သူ တသက်လ...
- သေပြည်တော် က သဘောက်မသားတို့ ၏ ငတ်ကြီးကျမှုများ
- အဟာရစာစောင် ၁၀၈
- ဖေဖော်ဝါရီ ၂၂ ၂၀၁၀ သတင်းများ
- အလံတော်သစ် ဂျာနယ် (ဖေဖေါ်ဝါရီလ ၂၀၁၀)
- အရေမပါရင်..အထဲမ၀င်ရဘူးတဲ့..
- တဖြေးဖြေးပွါးလာတာ ၀က်တုတ်ကွေး..
- ဝေါ်ကီတော်ကီ ကိုင်ဖူးချင်တာနဲ့ ဘုန်းကြီးခေါင်းရိုက်...
- စီးတဲ့လူတွေ အသက်ကို ဖက်နဲ့သာထုတ်ထား
- ရွှေ ဆိုတာ ဘယ်တော့ မှ အရောင်မမှိန်ဘူး..ဂိန်တော့မှာက...
- ပေါလွန်းလှတာ..ဗိုလ်ရှုပ်..တွေ
- TIME TO TIME JOURNAL, VOLUME-3, NO-4
- ဟင်းအိုးကို အားမနာသော..အမဲရိုးပုပ်..သို့ မဟုတ် ..ေ...
- စစ်တွေ ၏ ကျောင်းသားသပိတ်ကြီး
- 'Burma VJ 'Academy Award Nominations
- BURMA VJ အား မဲပေးကြပါရန်
- သတင်း မီဒီယာ သမားများအား ဖိနှိပ်တိုက်ခိုက်ခံရမှု (...
- Fullbright ပညာဝင်ဆု လျှောက်ချင်သူများအတွက်
- Mr Tomas Ojea Quintana's ၏ ၂၀၁၀ မြန်မာနိုင်ငံခရီးစဉ်
- သံဃာ့တပ်ပေါင်းစု အဖွဲကြီး၏ ABMA ဂျာနယ် (အတွဲ ၁။ အ...
- ချုပ်ကိုင်တာ မဟုတ်ပါဘူး၊ သိပ်ခံရတဲ့အတွက် ချိန်ချိန...
- NLD နဲ့ ကင်တားနား ဆွေးနွေးချက် အပြည့်အစုံ
- ကြာကူလီ၏ ရှက်ရမ်း
- ABMA Journal ဒုတိယအတွဲ
- အမိုက်အမှားကြီးမို့ တသက်မြတ်နိုးကိုယ်းကွယ်ပါ၏ ဖြား...
- ချင်းအမျိုးသားနေ့ အခမ်းအနား 2010
- ဖွတ်ချက်များ နယ်နှင်ဒဏ်ပေးတော့မည်။
- မီဒီယာကိုလန့် သော ကြီးဒေါ် သိန်းစိန်
- ကျေးရွာမီးရှို့ပစ်မည်ဟု ခြိမ်းခြောက်သောကြောင့် ရွာသ...
- ရွေးကောက်ပွဲကို လက်ခံနိုင်ဖွယ်အခြေအနေမရှိကြောင်း က...
- မလေးရှားကြောင်နဲ့ မြန်မာကြွက်
- စစ်အာဏာရှင်လက်အောက်မှ ကလေးငယ်များဘ၀ ဤသို့ ( ၁၄-၁၅ ...
- ကင်တားနား ၅ရက် ခရီးနှင့် ကုလသမဂ္ဂ၏ အခန်းကဏ္ဍ(သတင်း သံ...
- သန်းရွှေနဲ့  သေဘေး နီးလာပြီ..
- မက်သဒစ်ကျောင်းကို ခွေးစားသွားခြင်း
- သက်သေခံပစ္စည်းရောင်းစား..အချိန်ရှိခိုက်လုံ့ လစိုက်ေ...
- သပိတ်..သပိတ် မှောက်မှောက်..မီးဒုတ် မီးဒုတ်..ရှို့ ...
-
▼
February
(335)
No comments:
Post a Comment