ဘီ.ကေ ဆန် (B.K.Sen) | သောကြာနေ့၊ ဧပြီလ ၀၉ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၂၀ မိနစ်
မြန်မာနိုင်ငံတွင် ၁၉၉ဝ ခုနှစ်နောက်ပိုင်း အနှစ် ၂ဝ ကျော်အတွင်း စစ်အစိုးရမှ ပထမဆုံးအကြိမ် ကျင်းပပေးမည့် ၂ဝ၁ဝ ပါတီစုံ ရွေး ကောက်ပွဲသည် မသေချာ မရောရာမှုများ ပြည့်နှက်နေသဖြင့် မြန်မာနိုင်ငံသည် ရှုပ်ထွေးနက်နဲသော အကျပ်အတည်းတွင် ကျရောက် နေသည်။
အခြေအနေ အရပ်ရပ်အား မျှမျှတတ ဝေဖန်သုံးသပ်ရပါလျှင် စစ်အစိုးရ ခေါင်းဆောင်များကိုသာ အပြစ်တင်ရပေလိမ့်မည်။ စစ်ခေါင်းဆောင်များသည် ညှာတာမှုကင်း၍ ရက်စက်သော နည်းလမ်းများဖြင့် နိုင်ငံရေး အာဏာအား ရယူထားခဲ့သဖြင့် ပြည်သူလူထုထံ နိုင်ငံရေးအာဏာကို ပြန်လည်အပ်နှင်းရန်မှာ ၎င်းတို့၏ တာဝန်ပင် ဖြစ်သည်။ စစ်ခေါင်းဆောင်များသည် ၁၉၉ဝ ခုနှစ်က ရွေးကောက်ပွဲ ပြုလုပ်ပေးခဲ့သော်လည်း ရွေးကောက်ပွဲရလဒ်အား အကောင်အထည်ဖော်ပေးရန် ငြင်းဆန်ခဲ့သည်။
မည်သို့ပင်ဖြစ်စေ လူထုလှုပ်ရှားမှု၏ ဖိအားနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ဖိအားပေးမှုများကြောင့် စစ်အစိုးရသည် မြန်မာနိုင်ငံအား စစ်အုပ်ချုပ်ရေးစနစ်မှ အရပ်သား အုပ်ချုပ်ရေးစနစ်သို့ ငြိမ်းချမ်းစွာ ပြောင်းလဲနိုင်ရေးအတွက် ဟုဆိုကာ စေ့စပ်ဆွေးနွေးမှုများကို မျက်နှာပန်း ပြရုံသက်သက် လုပ်ဆောင်လာခဲ့သည်။ သို့သော် အကွက်ချ ဇာတ်တိုက်ထားသော ဆောင်ရွက်မှုများနှင့် ဗန်းပြရုံသက်သက် လုပ်ဆောင်ချက်များကြောင့် ၎င်းတို့၏ ဇာတိရုပ်အမှန် ပေါ်ထွက်လာခဲ့ရသည်။
စစ်အစိုးရသည် အတိုက်အခံများဘက်မှ နှစ်ပေါင်းများစွာ တောင်းဆိုခဲ့သည့် အချက်အလက်များအား ယခုအချိန်ထိ ငြင်းဆန်နေခဲ့သည်။ စစ်အစိုးရသည် ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း အတိုက်အခံများနှင့် စေ့စပ်ဆွေးနွေး ညှိနှိုင်းမှုများ မပြုလုပ်ခဲ့ပေ။ ထို့ပြင် စစ်အစိုးရ သည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ရာပေါင်းများစွာသော အတိုက်အခံများအား အကျဉ်းချထားဆဲ ဖြစ်သည်။
ဝေဖန်ထောက်ပြမှုများကို မထီမဲ့မြင်ပြု၍ စစ်အစိုးရသည် ဝိုင်းဝန်းပြစ်တင်ရှုတ်ချခြင်း ခံနေရသော ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအား ဆက်လက်စွဲကိုင်ကာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ရှေ့ဆက်ရန် ပြင်ဆင်နေပေသည်။ ထို့ပြင် ၎င်းတို့သည် နိုင်ငံရေး အကျဉ်းသားများအား ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားသည့် ရွေးကောက်ပွဲ ဥပဒေများ ပြဋ္ဌာန်းလိုက်ခြင်းအားဖြင့် ရေနစ်သူအား ဝါးကူထိုးသကဲ့သို့ ပြုမူခဲ့သည်။
စစ်အစိုးရ၏ တမင်အကွက်ချ ရည်ရွယ်ထားသော လုပ်ရပ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုရန် ပါတီတွင်း မဲခွဲဆုံးဖြတ်ခဲ့ရသည့် အခြေအနေအထိ ဦးတည်သွားစေခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သကဲ့သို့ ဖြစ်သွားစေရန် တွန်းပို့လိုက်သကဲ့သို့ ရှိသည်။
ယခုလက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ တရားနည်းလမ်း မကျမှုတို့ကို နားလည်ရန်အတွက် မြန်မာနိုင်ငံ၏ အခြေခံဥပဒေများနှင့် ရွေးကောက်ပွဲများ၏ သမိုင်းကြောင်းကို ခြေရာခံ လေ့လာရန် လိုသည်။ ယခင်က မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲများနှင့် ရွေးကောက်ပွဲ ဥပဒေများသည် ယခုတကြိမ်နှင့် အလွန်ခြားနားနေပေသည်။ ယခင်က ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူများသည် နိုင်ငံရေးပါတီ များသာ ဖြစ်ပြီး စစ်တပ်မှ ပါဝင်နိုင်ခဲ့ခြင်း မရှိပေ။ ယခုအကြိမ်တွင်မှူ စစ်တပ်သည် ဥပဒေပြုသူနှင့် ဘုရင်သဖွယ် ဖြစ်နေခဲ့သည်။
သမိုင်းက ပြနေသည်မှာ အာဏာရှင် တော်တော်များများသည် ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်လိုက်တိုင်း အာဏာ ဆုံးရှုံးကာ အကြီးအကျယ် ကျရှုံးလေ့ရှိကြသည်။ ထို့ကြောင့် အချို့ပါးနပ်သော အာဏာရှင်များသည် ဒီမိုကရေစီ မဆန်သော နည်းလမ်း များအား အသုံးပြုလျက်ပင် ၎င်းတို့၏ နိုင်ငံရေး ပါဝင်ပတ်သက်မှုအား စနစ်တကျ တပ်ဆုတ်ခဲ့ကြသည်။ မြန်မာနိုင်ငံ၏ ဖြစ်ရပ်များသည် လည်း ထိုဖြစ်ရပ်များနှင့် ဆင်တူနေပေသည်။ လက်ရှိ အာဏာရ စစ်အစိုးရသည် ရွေးကောက်ပွဲအား အကန့်အသတ်များစွာ သတ်မှတ်၍ ကျင်းပပြုလုပ်ပေးလိုက်ခြင်းအားဖြင့် ပြောင်းလဲမှု လမ်းကြောင်းများအား စိတ်ကြိုက်ထိန်းချုပ်ကာ အပြောင်းအလဲ ကာလအား ရှည်လျား စွာ ဆွဲဆန့်ရန် ကြိုးစားနေပေသည်။ အလားတူ ဖြစ်ရပ်မျိုး ကင်ညာနှင့် မက္ကဆီကိုတွင်လည်း ဖြစ်ပွားခဲ့ဖူးသည်။
မြန်မာနိုင်ငံတွင် အတိုက်အခံများအား ရွေးကောက်ပွဲကို သပိတ်မှောက်စေသည်အထိ ဦးတည်စေခဲ့သည့် အချက်အလက်များ ရှိခဲ့သည်။ နိုင်ငံအတွင်း လုံခြုံစိတ်ချရ၍ လွတ်လပ်သော ပတ်ဝန်းကျင် အနေအထားမျိုး ရှိရေးမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတခု ကျင်းပရန် အတွက် မရှိမဖြစ် လိုအပ်ချက်တခုဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂ဝဝဝ ကျော် ရှိနေဆဲဆိုသည့် အချက်မှာ ထိုမရှိမဖြစ် လိုအပ်ချက်အား ဆန့်ကျင်နေပေသည်။
ထို့ကြောင့် ထိုနိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးခြင်းနှင့် လွတ်ငြိမ်းချမ်းသာခွင့် ကြေညာခြင်းသည် စစ်အစိုးရအနေဖြင့် မဖြစ်မနေ လုပ်ဆောင်ရမည့် ကိစ္စများ ဖြစ်သည်။ ဒုတိယ လိုအပ်သော အချက်မှာ မျှတသော နိုင်ငံရေးကစားကွင်းတခု ဖန်တီးရေးအတွက် စစ်တပ် သည် နိုင်ငံရေးပါတီ တခုကဲ့သို အခွင့်အရေးမျိုး မယူသင့်ပေ။ ထို့ပြင် လွတ်လပ်စွာ စည်းဝေးခွင့်နှင့် စုစည်းခွင့်များ၊ လွတ်လပ်သော သတင်းဌာနများ၊ လွတ်လပ်၍ မျှတသော ရွေးကောက်ပွဲ ကော်မရှင်၊ ရွေးကောက်ပွဲအား လွတ်လပ်စွာ လေ့လာခွင့်များ၊ နိုင်ငံရေးပါတီ များအပေါ် တန်းတူအခွင့်အရေး ပေးမှုများနှင့် သမာသမတ်ကျသော တရားစီရင်ရေး စနစ်တို့သည်လည်း ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ ဖြစ်ပေါ်လာရေးအတွက် မရှိမဖြစ် လိုအပ်ပေသည်။
မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေတွင် ထိုအခြေခံ လိုအပ်ချက်များအား တခုမှ ဖြည့်ဆည်းပေးထားခြင်း မရှိပေ။ ထို့ကြောင့် ရွေးကောက် ပွဲအား သပိတ်မှောက်ခြင်းသည် နောက်ဆုံးပိတ် ရွေးချယ်စရာတခု ဖြစ်လာခဲ့သည်။ ရွေးကောက်ပွဲအပေါ် သပိတ်မှောက်မှု ဖြစ်စဉ်သည် မဲပေးမည့်သူများက ရွေးကောက်ပွဲ တရားမျှတမှု မရှိသည့် အခါတိုင်း အသုံးပြုနိုင်သော ငြိမ်းချမ်းသည့် နိုင်ငံရေးလက်နက်တခု ဖြစ်သည်။
နိုင်ငံရေးပါတီများနှင့် အတိုက်အခံ အင်အားစုများ၏ ကြေညာချက်များအရ ရွေးကောက်ပွဲ ဥပဒေများအပေါ် ဆန့်ကျင်ကန့်ကွက်မှုများ တိုးပွားလာနေကြောင်း တွေ့ရသည်။ ၁၉၉ဝ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရထားခဲ့သည့် အင်အားအကြီးဆုံးသော အတိုက် အခံ နိုင်ငံရေးပါတီတခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများ တရားမျှတမှု မရှိသည့် အ တွက် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိမ့်မည် မဟုတ်ဟု ကြေညာခဲ့သည်။ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင် များ ကလည်း NLD ၏ ရပ်တည်ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ကြသည်။ တိုင်းရင်းသားပါတီ ၁၂ ခု ပူးပေါင်းထားသော ၁၉၉ဝ ရွေးကောက်ပွဲ တွင် ၆၇ နေရာ အနိုင်ရခဲ့သည့် မြန်မာလူမျိုးစုများ ဒီမိုကရေစီမဟာမိတ် တပ်ပေါင်းစု (Myanmar National Democracy Alliance Army) ကလည်း ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိမ့်မည် မဟုတ်ကြောင်း ကြေညာခဲ့သည်။
ထို့ပြင် အပစ်အခတ်ရပ်စဲရေး အဖွဲ့များစွာကလည်း စစ်အစိုးရ၏ လက်အောက်ခံ နယ်ခြားစောင့်တပ် အသွင်သို့ ကူးပြောင်းရေး ရာဇသံကို ဆက်လက် ငြင်းဆန်နေကြဆဲဖြစ်သည်။ ထို့ပြင် ကုလသမဂ္ဂ၊ အမေရိကန်၊ ဥရောပ သမဂ္ဂနှင့် အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များ ကလည်း ရွေးကောက်ပွဲ ဥပဒေများအပေါ် ဝေဖန်ခဲ့ကြပြီး ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတလိမ့်မည်ဟု မထင်ကြောင်း ဝေဖန်ပြောကြားခဲ့ကြသည်။ ခြုံငုံ၍ သုံးသပ်ရလျှင် ရွေးကောက်ပွဲသည် ယုံကြည်စိတ်ချနိုင်မှုနှင့် အများလက်ခံနိုင်မှု ဆုံးရှုံးနေပြီး အကယ်၍သာ အတိုက်အခံ အင်အားစုများအနေဖြင့် စည်းလုံးမှု ရှိခဲ့ပြီး ရွေးကောက်ပွဲအပေါ် ကျယ်ပြန့်စွာ သပိတ်မှောက်နိုင်ခဲ့လျှင် ရွေးကောက်ပွဲ၏ တရားဝင်မှုအပေါ် ထိုးနှက်နိုင်ပေလိမ့်မည်။
ထွက်ပေါ်လာသည့် မေးခွန်းတခုမှာ သပိတ်မှောက်ပြီးလျှင် ဘာလုပ်ကြမလဲဆိုသည့် မေးခွန်းဖြစ်သည်။ စစ်အစိုးရသည် ဆန္ဒပြပွဲများအား ထိပ်တိုက်ရင်ဆိုင်ရာ၌ သွေးဆာတတ်သည့် သဘာဝရှိကြောင်း ပြသခဲ့ပြီး ဖြစ်သည်။ စစ်အစိုးရ၏ အုပ်ချုပ်မှု အာဏာကို အဆုံးသတ်နိုင် စေရန်အတွက် လူထုလှုပ်ရှားမှုများ ပြုလုပ်ခြင်းနှင့် ရွေးကောက်ပွဲတွင် မဲမပေးကြရန် လှုံ့ဆော်ခြင်းသည်သာ ရွေးချယ်စရာ နည်းလမ်း များ ဖြစ်ပေလိမ့်မည်။ အဓိကကျသည့်အချက်မှာ နောက်ဆုံးပိတ် အဆုံးအဖြတ်ပေးနိုင်မည့် မဲဆန္ဒရှင်များအပေါ်တွင် အတိုက်အခံများက စည်းရုံးဝါဒဖြန့်နိုင်သည့် အရည်အသွေး ရှိခြင်း၊ မရှိခြင်း အပေါ်တွင် မူတည်နေပေသည်။
ပြည်တွင်းနှင့် နိုင်ငံတကာမှ ရွေးကောက်ပွဲအပေါ် သပိတ်မှောက်မှုများသည် စစ်အစိုးရအား စိတ်ပျက်ကာ ကြံရာမရ ဖြစ်သွားစေနိုင်ပြီး အောက်တန်းကျသော နည်းလမ်းများ၊ တရားမျှတမှု မရှိသော နည်းလမ်းများဖြင့် ဆန့်ကျင်မှုများကို တုံ့ပြန်လာပေလိမ့်မည်။ အင်အား သုံး၍ ဖိနှိပ်ချုပ်ချယ်ခြင်းသည် စစ်အစိုးရ၏ လက်ထဲတွင် ကျန်ရစ်ခဲ့သည့် တခုတည်းသော နည်းလမ်း ဖြစ်လာပေလိမ့်မည်။ အကယ်၍ ထိုနည်းလမ်း အောင်မြင်ခဲ့လျှင်မူ စစ်အစိုးရအနေဖြင့် အာဏာကို ဆက်လက်ထိန်းသိမ်းထားနိုင်မည် ဖြစ်သော်လည်း မထိန်းချုပ်နိုင်ခဲ့လျှင် စစ်အစိုးရအနေဖြင့် အလျှော့ပေးလိုက်ရကာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ထွန်းကားလာလိမ့်မည် ဖြစ်သည်။
ရွေးကောက်ပွဲအား သပိတ်မှောက်ခြင်းသည် မြန်မာ့နိုင်ငံရေးအပေါ် ကြီးမားစွာ အရှိန်သက်ရောက်နိုင်ပြီး နောက်ဆုံးရလဒ်ကတော့ အချက်အလက်များစွာပေါ်တွင် မူတည်နေသည်။ ထို့ကြောင့် စစ်အစိုးရအတွက်ရော၊ အတိုက်အခံများအတွက်ပါ စိန်ခေါ်မှုများ စောင့်ကြိုနေလျက် ရှိတော့သည်။
http://www.mizzimaburmese.com/edop/songpa/5204-2010-04-09-10-03-08.html
Friday, April 9, 2010
ရွေးကောက်ပွဲ သပိတ်မှောက်ခြင်းဖြင့် အင်အားတရပ် ဖြစ်လာနိုင်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
April
(377)
- ကိုဟန်လင်းတော့ဆုရပြီ ၊ ကျွန်တော်တို့ အာဇာနည်မှ ကို...
- ငရဲက လာသူ ပြာပူ မကြောက်
- အစိတ်သားနဲ့ မ၀ နိုင်တဲ့..ကြံဖွတ် ၀န်ကြီး..သောက်စား...
- ဒီလိုချွတ်လိုက်မှ အမြင်ရှင်းမှာ ... ရွေးကောက်ပွဲဝင...
- ကြံ့ကြံ့ ဖွတ်ဖွတ် ပန်းသိန်းစိန် အရပ်ဝတ်ပေမယ့် ဘောင...
- The Voice Weekly ဂျာနယ် Vol.6/No.25 ဖတ်ရှုနိုင်ပါပြီ
- အားနည်းသူကို ဖြဲခြောက်နေသည့် နအဖ တပ်များ..
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှထုတ်ပြန်သော မေဒေးေ...
- နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့...
- ကြံ့ခိုင်ရေး ပါတီ လာပြီ
- နာဂစ်ကူညီရေး စစ်အစိုးရ ပိတ်ဆို့နေဆဲ
- စစ်အစိုးရ တာဝန်မဲ့မှု NLD နဲ့ ဒေါ်စု တရားစွဲ
- ကွယ်လွန်သွားရှာသူ ကိုမောင်မောင်ငြိမ်း၏ ကိုယ်ရေးအကျ...
- လက်ယားနေသော နစကများ
- ဒေါ်အောင်ဆန်းစုကြည်မှ ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံမတင...
- စစ်ဖြစ်မှာစိုးလို့ ၀ တိုင်းရင်းသားတွေ တိမ်းရှောင်
- နူနေကာမှ စွဲတဲ့ ၀ဲ..လဲနေသူကိုမှ ထောင်းရက်တဲ့ သူခို...
- စစ်သားအယောင်ဆောင် လိုင်စင်ရ ပင်လယ် ဒါးမြများ
- ပြည်သူကို မဲမဲ မြင်ရာ ဒုက္ခပေးပြီး..သူ့ ကျ တပ်မတော...
- အတွင်းလှိုက်စား ဂုရုများရဲ့ ကျွေးသောလက် လျက်သောစကား
- လူထုတိုက်ပွဲ ကော်မတီ ၂၀၁၀ (ပို့စကဒ်)
- ဘုန်းကြီးခေါင်းရိုက်ထားသူတွေ သတိထား..လှိုင်ခေါင်းထ...
- အသေခံဗုံးခွဲသူတွေ ပေါ်လာကြပြီ..
- ပြည်တွင်းက ညီအကို မောင်နှမများ အားဆက်လက် ဖြန့်ဝေပေ...
- ကာတွန်းဟန်လေးကို ဆုချပြီ
- ပြည်သူတွေကြောက်အောင် တမင်ခွဲတာ စစ်တပ်ဗုံး..
- မီဒီယာသမားများ ပြည်သူ့ အကျိုးကို ရှေ့ရှုကြပါလို့ြေ...
- တံဆိပ်တပ်တဲ့ ၀ါသနာ…
- လွိုင်ကော် ရဲစခန်း၌ ဗုံးပေါက်ကွဲ၍ လူတဦး သေဆုံး
- လူမသာတွေကို လမ်းထဲ အဝင်မခံတာမျိုး မလုပ်ကြပါနဲ့
- force Labor နေပြည်တော်ဝန်ထမ်းများနဲ့  မဖူလုံတဲ့လစာ
- အင်္ဂပူမြို့နယ်အတွင်း ဗုံးဖောက်ခွဲမှုနှင့် ကျေးရွာအာဏ...
- ပေါချောင်ကောင်း..ဘတ်ထားတဲ့ စာရင်းတွေပြ..ဒါနိုင်ငံသ...
- စစ်ဘိုလူထွက်..ပြောင်ပြောင်၏ မျက်နှာပြောင်ပြောင်ဖြင...
- လူကြားကောင်းရုံ အရေခြုံသီလ..
- အခုမှ ဖုံးမရပေါ်ပြီ
- လစာတိုးဦးမည် မက်လုံးပေး..ဆင်ဖြူတော်ပုံနဲ့ ..စက္ကူစ...
- မြေသြဇာ အဖွဲ့ မှ အထူး ထုတ်ပြန် ကြေငြာချက်
- ငပွကြီး ကယ်ပေလို့ 
- တခါက မြန်မာကျောင်းသားများ၏ လှုပ်ရှားမှု
- ချွန်တွန်း မီဒီယာသမားများ၏ အင်္ကြ
- Nuclear Free Burma ဖေါ်ဆောင်ရေး Signature Campaign ...
- ခွပ်နေကြတဲ့ အိုးမည်းသုတ်ခံ အိမ်ကြက်များ..
- နာဂစ် အမှတ်တရ ဆုတောင်း အမျှဝေ အခမ်းအနား ဖိတ်ကြားလွှာ
- တရားဥပဒေအရ..နအဖကို အရေးယူဖို့ အချိန်တန်ပြီ
- အရှက်မဲ့သူများရဲ့ ဘောင်းဘီချွတ်ပွဲ..
- သန်းရွှေရဲ့ မျက်နှာဖုံး နောက်ကွယ်က..မူရင်း စိတ်အသွင...
- တစီးမှမပိုင် သန်းရွှေ
- ရွေးကောက်ပွဲ ရာသီတွင် မီဒီယာများ နိုင်ငံရေးသမားမျာ...
- သေခြင်ရင် စိန်မစားနဲ့ ကရင်ပြည်ကိုသွား
- ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူနှင့် ဆက်သွယ်ကြစို့
- ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲတွင် ...
- သန်လျင်ကျောက်တန်းဒေသမှဝါးပင်များအပွင့် ပွင့် နေ
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- စက်တင်ဘာလ လှုပ်ရှားမှုတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင် ...
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- ပြည်သူ့ ဂုဏ်ရည် ပထမ အကြိမ် ဂုဏ်ပြု အခမ်းအနားက ကိုေ...
- စစ်တွေမှာ ဆန္ဒပြပွဲ အပြီး လျှပ်စစ်မီးပြန်ရ
- Bogyoke Aung Sun graced at Myanma Movie Silver Jub...
- Video Dispatch: Myanmar, China and U.S. Tensions
- ၂၀၁၀ ခုနှစ် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် အဖြစ် မဲဆန္ဒအမ...
- သက်ဆိုင်သူသို့ 
- နအဖ ဘက်မှ ၀တပ်ဖွဲ့ အား တိုက်ပွဲနှစ်ကြိမ် စတင်တိုက်...
- 2100 in 2010: free burma's political prisoners
- မတိတ်ဆိတ်မဲ့ လွတ်လပ်ရေးတေးသံများ
- ဘဘဦးဝင်းတင်ရဲ့ ယုံကြည်ချက်နဲ့ ရည်မှန်းပန်းတိုင်
- လိုင်စင်ရ..ဒါးပြများ..
- စစ်တပ်ရှိတဲ့နေရာ..ဖာရှိတယ်..
- ရာဇဓိရာဇ်ရဲ့ သွေးက..စွေးစွေးနီ..
- “လူထုကို ဘယ်တော့မှ ကျောခိုင်းမသွားပါဘူး”
- မြန်မာဘက်က အဆိုးတွေမလာအောင် အိန္ဒိယ နယ်စပ်တံတိုင်းခ...
- အလံလွင့်နေသလို တံခွန်ထူနေမဲ့ ငါတို့ စိတ်ဓါတ်
- ဒို့ လာပြီ..
- မြန်မာ ကသိတဲ့ မြန်မာ..နဲ့  ကမ္ဘာက မြင်တဲ့ မြန်မာ ဘာ...
- မြန်မာစစ်သားများကြည့်ဖို့ ..
- Voice of Burma April 18 2010
- သူများတွေ ကတော့ စကားစနေပြီ..ရုန်းကြရဖို့ အချိန်တန်တဲ့
- အံမာ မင်း ကျုံကျုံ့ လေးဗျ
- ဘေးလူတွေတောင်ပြောနေရပြီ..သင်ဘယ်သူပါလည်း မြန်မာစစ်သည်။
- မိမိ နိုင်ငံကို မိမိ ကယ်တင်ပေးသင့်သည်။ အသင်.မျိုးခ...
- ပညာသင်ချင် ကောင်းကောင်းသင်..ဂွင်မဆင်နဲ့ 
- နအဖ ၏နောက်ဆုံးလက်နက်များ..ထုတ်သုံးနေခြင်း
- နားလှည့်ပါးရိုက် ..မသိတာလိုက်လို့ 
- တားတားက လှချင်တာတခုထဲပါဗျာ..ဘဘကိုတော့ကြောက်ပါတယ်
- ကိုယ်ကကျုး..ကိုယ့်ဟိုဒင်းတောင်မယုံဘူး..မလာခဲ့ကြနဲ ...
- နိုင်ငံတော်ကို ကာကွယ်မဲ့တပ်မတော် အိပ်ပျော်နေတယ်..
- စိတ်ကြွဆေးဖျော်ရည်နဲ့  ရက်လွန် အဖျော်ရည်ဗူးများ..မ...
- တစ်ပတ် အတွင်း ဗုံးပေါက်ကွဲမှု လေးနေရာ ဖြစ်ပွား
- ရေနံထွက်တဲ့ ဒို့ ပြည်နယ် မီးမလာတာ သပိတ်မှောက်ဟဲ့
- ပြုံးပြုံးလေးနေ..တစ် နှစ် သုံး..ဘုန်း..
- အုံးကနဲ မြည်တိုင်းဗုံးမဟုတ်
- အာဏာရှင်ကြီး-ဗိုလ်နေဝင်း-၏-အတွင်းရေးများ
- တခါးများဖွင့်လှစ် ထားမည်။..NLD
- စတေးခံရသူများ..
- လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ကျင်းပ...
- သူများရည်းစား ကြောင်တောင်နှိုက်တဲ့ ..မျောက်မသား
- Summaryမြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရမှာ တာဝန်...
- မြန်မာ့ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှုများ စတင်
- ကောက်ရိုးပုံစောင့် ခွေး..ငါတို့ မဟုတ် .ငါ့တို့ြေ...
- ဗုံးကွဲမှု ဓာတ်ပုံရိုက်သူများ လွှတ်ပေးရန် မီဒီယာအဖွဲ...
-
▼
April
(377)
No comments:
Post a Comment