လာရီဂျေဂင် | သောကြာနေ့၊ ဧပြီလ ၀၉ ရက် ၂၀၁၀ ခုနှစ် ၂၃ နာရီ ၃၄ မိနစ် .
ဟနွိုင် (မဇ္ဈိမ)။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအကြား အငြင်းပွားဖွယ် ဖြစ်နေချိန်၌ အရှေ့တောင် အာရှနိုင်ငံ ခေါင်းဆောင်များက အမျိုးသားပြန်လည်သင့်မြတ်ရေး ပေါ်ပေါက်ရေးအတွက် `အားလုံးပါဝင်သည့်´ ရွေးကောက်ပွဲကို ကျင်းပပါရန် မြန်မာစစ်အစိုးရကို တိုက်တွန်းလိုက်သည်။
အတိုက်အခံပါတီကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကမူ ရွေးကောက်ခံ အရပ်သားအစိုးရ ပေါ်ပေါက်ရေးဟု လေသံပစ်ကာ တကယ်တမ်း တွင် စစ်အစိုးရ သက်ဆိုးရှည်ရေးကိုသာ ပြုလုပ်နေသည်ဟု ရှုတ်ချပြောဆိုပြီး ရွေးကောက်ပွဲကို သပိတ်မှောက်သွားမည်ဟု ပြောကြား ထားသည်။
ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့တွင် ကျင်းပသော အရှေ့တောင်အာရှနိုင်ငံများအသင်း - အာဆီယံ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးအပြီး ဥက္ကဋ္ဌ၏ ကြေညာချက်ကို သောကြာနေ့က ထုတ်ပြန်ရာတွင် သူတို့ ထုတ်ပြန်ထားသည့် `ဒီမိုကရေစီလမ်းပြမြေပုံ´ အတိုင်း စွဲမြဲရပ်တည် ကာ အားလုံးပါဝင်ပြီး လွတ်လပ်မျှတသည့် ရွေးကောက်ပွဲတရပ် ကျင်းပပေးရန် စစ်အစိုးရကို တိုက်တွန်းတောင်းဆိုလိုက်ခြင်း ဖြစ်သည်။
`မြန်မာနိုင်ငံတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပါဝင်ပြီးလွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတရပ် ကျင်းပရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးရဲ့ အရေးပါမှုကို ကျနော်တို့ မီးမောင်းထိုးပြလိုပါတယ်´ ဟု အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။
`ရွေးကောက်ပွဲတွေမှာ သက်ဆိုင်သူတွေအားလုံး ပါဝင်ပြီး လွတ်လပ်ပြီး ဒီမိုကရေစီနည်းကျဖို့ လိုပါတယ်´ ဟု ဒေသဆိုင်ရာ ထိပ်သီး အစည်းအဝေးတွင် သဘာပတိဖြစ်သူ ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်တန်ဒန်း (Nguyen Tan Dung) က အစည်းအဝေးအပြီး နောက်ဆုံး ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ `ဒီလိုကျင်းပပေးခြင်းဖြင့် နိုင်ငံကို တည်ငြိမ်စေ လိမ့်မယ်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံတွေကို ဖန်တီးပေးလိမ့်မယ်´ ဟု ဗီယက်နမ်ဝန်ကြီးချုပ်က ဆက်လက်ပြောဆိုသည်။
ဤပြောဆိုချက်သည် အာဆီယံကြေညာချက်တွင် ဆယ်စုနှစ်တခုအတွင်း အပျော့ပျောင်းဆုံး ပြောဆိုလိုက်ခြင်းဖြစ်ပြီး NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ရှောင်ရှားပြောဆိုထားသည်။
နိုင်ငံရေးပြဿနာများကြောင့် ထိပ်သီးအစည်းအဝေးသို့ မတက်ရောက်နိုင်သည့် ထိုင်းဝန်ကြီးချုပ် Abhisit Vejjajiva ၏ အကြောင်းက ထိပ်သီးအစည်းအဝေး အစီအစဉ်များကို လွှမ်းမိုးအရိပ်ထိုးနေသဖြင့် မြန်မာနိုင်ငံအဖို့ နှိုင်းယှဉ်ချက်အားဖြင့် အထိမနာလှဘဲ ဖြစ်သွားသည်။
မြန်မာနိုင်ငံကို ရည်ညွှန်းပြောဆိုရာတွင် အပျော့ပျောင်းနိုင်သမျှ အပျော့ပျောင်းဆုံး ဖြစ်စေရေးအတွက် ဗီယက်နမ်နိုင်ငံက အထူးအား ထုတ်ကြိုးပမ်းခဲ့သည်ဟု အမည်မဖော်လိုသူ အာရှသံတမန်များ၏ အပြောအရ သိရသည်။ ထိပ်သီးအစည်းအဝေး ကြေညာချက်ကို နောက်ဆုံးအတည်ပြု ချမှတ်ခြင်းမပြုမီ နိုင်ငံအားလုံးက သဘောတူညီရန် လိုအပ်သော်လည်း အလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ ဗီယက်နမ် နိုင်ငံက လွှမ်းမိုးချုပ်ကိုင်ထားသည်။
`ဗီယက်နမ်နိုင်ငံက နိုင်ငံရေးကို စိတ်မဝင်စားဘူး။ မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံဖို့ အခွင့်အလမ်းရှိတဲ့ နေရာလို့ ရိုးရိုးလေးပဲ မြင်ပါတယ်´ ဟု ဗီယက်နမ် ထိပ်ပိုင်းခေါင်းဆောင် အသိုင်းအဝိုင်းကို ကောင်းစွာသိကျွမ်းသူ ဗီယက်နမ် သတင်းစာဆရာတဦးက ပြောသည်။ သို့သော် သူ့အတွက် အန္တရာယ်ကျရောက်မည်ကို စိုးရွံ့သဖြင့် နာမည်မဖော်ဘဲ ပြောကြားခဲ့သည်။ ယခုလို ဆက်ဆံရေးအသစ် ထူထောင်လိုက်ခြင်း ကို ဖော်ပြနေသည့် အချက်တရပ်မှာ ဟနွိုင်နှင့် မော်လမြိုင် တိုက်ရိုက်လေကြောင်းလိုင်း ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။
ထိပ်သီးအစည်းအဝေး မတိုင်မီတွင် ဗီယက်နမ်ဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ခြင်းမှာ သာမန်တိုက်ဆိုင်မှုတရပ် မ ဟုတ်ပါ။ ဗီယက်နမ်နိုင်ငံသည်လည်း မြန်မာနိုင်ငံကို တရုတ်နှင့်ခွာကာ ဝါရှင်တန်နှင့် ပြောင်းလဲဆက်ဆံရေး ကန့်လန့်ကာနောက်ကွယ်မှ ပြောဆိုတိုက်တွန်းနေသည့် နိုင်ငံတနိုင်ငံ ဖြစ်သည်။
သို့သော် တချိန်တည်းတွင် စစ်အစိုးရ၏ ပွင့်လင်းမြင်သာမရှိမှု၊ ပြင်ပနိုင်ငံများသို့ ဖွင့်ပေးလိုစိတ် မရှိမှုတို့အပေါ် ဒေသတွင်း ခေါင်းဆောင် များအကြား စိတ်ပျက်လက်ပျက်ဖြစ်မှုကို ဖော်ပြနေသည့် လက္ခဏာများကိုလည်း တွေ့မြင်နေရသည်။ `မြန်မာဝန်ကြီးချုပ်သိန်းစိန် ကျနော်တို့ကို ပြောနိုင်တာ ရွေးကောက်ပွဲတွေ ဒီနှစ်လုပ်မယ်။ ရွေးကောက်ပွဲဥပဒေတွေ ကြေညာပြီးပြီ။ နိုင်ငံရေးပါတီတွေ မှတ်ပုံတင် နေကြပြီ။ ဒါပဲ ပြောတာ´ ဟု အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ် (Surin Pitsuwan) က မဇ္ဈိမကို ပြောသည်။
`ရွေးကောက်ပွဲကော်မရှင်က လိုအပ်တဲ့ ပြင်ဆင်မှုလုပ်ငန်းတွေ လုပ်ပြီးသွားရင် ရွေးကောက်ပွဲကျင်းပမယ့် နေ့ရက်ကို ကြေညာမယ်။ ဒါပဲ။ နောက်ထပ် ဘာအသေးစိတ် အချက်အလက်မှ မသိရဘူး´ ဟု ပစ်ဆူဝမ်က ပြောသည်။ သို့သော် အာဆီယံ ခေါင်းဆောင်များက စစ်အ စိုးရ၏ ကိုယ်စားလှယ်နှစ်ဦးကို သူတို့ရပ်တည်ချက၊် အနေအထားတို့နှင့် စပ်လျဉ်း၍ အနေခက်လောက်အောင် မေးခွန်းများ မေးမြန်းခြင်း ရှိမရှိကိုမူ သူက ပြောဆိုသွားခြင်း မရှိပါ။
အာဆီယံခေါင်းဆောင်များသည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အားမလိုအားမရ ဖြစ်လာနေသည်မှာမူ ထင်ရှားသည်။ `မြန်မာနိုင်ငံနဲ့ ပတ် သက်လာရင် ကျနော်တို့ စိတ်ရှည်ရမယ်´ ဟု သူက ကောက်ချက်ချသည်။ သို့သော် ရွေးကောက်ပွဲ မတိုင်ခင် စစ်အစိုးရအပေါ် သြဇာ သက်ရောက်ရေး မျှော်လင့်ချက်ကိုမူ အချို့သော အာရှနိုင်ငံများက လက်မလျှော့ကြသေးပါ။
ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေးအတွက် လုပ်ဆောင်ရန်မှာ မြန်မာနိုင်ငံအတွက် အရေးကြီးသည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါ (Marty Natalegawa) က ပြောသည်။`မြန်မာနိုင်ငံက ရွေးကောက်ပွဲအပေါ် နိုင်ငံတကာက ယုံကြည်လက်ခံတာ၊ အ သိအမှတ်ပြုတာကို ကျနော်တို့ အလွန်တွေ့ချင်ပါတယ်´ ဟု သူက မဇ္ဈိမကို ပြောသည်။ အင်ဒိုနီးရှားနိုင်ငံကလည်း သူတို့ဘက်က အကူ အညီ နှင့် အတွေ့အကြုံများကို ပေးအပ်ရန် ကမ်းလှမ်းထားပါသည်ဟုလည်း သူက ပြောသည်။
သို့သော် စစ်အစိုးရအပေါ်သူတို့၏ သြဇာအာဏာမှာ တကယ်တမ်း အနည်းအကျဉ်းသာ ရှိသည်ဆိုသည်ကို အာဆီယံအဖွဲ့ကြီးက ကောင်း စွာ သိနားလည်ထားသည်။ `ကျနော်တို့မှာ မြန်မာနိုင်ငံကို အပြစ်ပေးအရေးယူနိုင်တဲ့ အနေအထား မရှိပါဘူး´ ဟု စင်္ကာပူ နိုင်ငံခြား ရေး ဝန်ကြီး ဂျော့ခ်ျယိုး (George Yeo) က ထိပ်သီးအစည်းအဝေးတွင် သတင်းထောက်များကို ပြောသည်။ `တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့က မြန်မာနိုင်ငံနဲ့ ဆက်ဆံနေသမျှ ကျနော်တို့ကလည်း ဆက်ဆံနေရမှာပါပဲ´ ဟု သူက ပြောသည်။
သို့သော် အာဆီယံအဖွဲ့ဝင် နိုင်ငံအများအပြား အထူးသဖြင့် အင်ဒိုနီးရှား၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံတို့က စစ်အစိုးရကို သူတို့ ကတိပြု ထား သည့် နိုင်ငံတကာက လက်ခံနိုင်သည့် ရွေးကောက်ပွဲ ကျင်းပပေးပါမည်ဟူသော ကတိကို ဆက်လက်သတိပေး ပြောကြားနေကြသည်။
`လာမယ့်လတွေဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့လတွေ ဖြစ်ပါလိမ့်မယ်။ အဆုံးမှာတော့ မြန်မာနိုင်ငံမှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာကို မြန်မာပြည်သူတွေကပဲ ဆုံးဖြတ်လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။ ကျနော်တို့က အပြင်လူတွေပါ။ တိုးတက်မှုတွေ အလျင်အမြန် ဖြစ်ပေါ်လာအောင် သူတို့ လုပ်ဆောင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်´ ဟု ယိုးက ဆက်လက်ပြောဆိုခဲ့သည်။
http://www.mizzimaburmese.com/news/regional/5211-2010-04-09-17-17-51.html
Friday, April 9, 2010
အာဆီယံခေါင်းဆောင်များ မြန်မာကို အသက်ရှူပေါက် ပေးလိုက်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
April
(377)
- ကိုဟန်လင်းတော့ဆုရပြီ ၊ ကျွန်တော်တို့ အာဇာနည်မှ ကို...
- ငရဲက လာသူ ပြာပူ မကြောက်
- အစိတ်သားနဲ့ မ၀ နိုင်တဲ့..ကြံဖွတ် ၀န်ကြီး..သောက်စား...
- ဒီလိုချွတ်လိုက်မှ အမြင်ရှင်းမှာ ... ရွေးကောက်ပွဲဝင...
- ကြံ့ကြံ့ ဖွတ်ဖွတ် ပန်းသိန်းစိန် အရပ်ဝတ်ပေမယ့် ဘောင...
- The Voice Weekly ဂျာနယ် Vol.6/No.25 ဖတ်ရှုနိုင်ပါပြီ
- အားနည်းသူကို ဖြဲခြောက်နေသည့် နအဖ တပ်များ..
- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှထုတ်ပြန်သော မေဒေးေ...
- နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့...
- ကြံ့ခိုင်ရေး ပါတီ လာပြီ
- နာဂစ်ကူညီရေး စစ်အစိုးရ ပိတ်ဆို့နေဆဲ
- စစ်အစိုးရ တာဝန်မဲ့မှု NLD နဲ့ ဒေါ်စု တရားစွဲ
- ကွယ်လွန်သွားရှာသူ ကိုမောင်မောင်ငြိမ်း၏ ကိုယ်ရေးအကျ...
- လက်ယားနေသော နစကများ
- ဒေါ်အောင်ဆန်းစုကြည်မှ ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံမတင...
- စစ်ဖြစ်မှာစိုးလို့ ၀ တိုင်းရင်းသားတွေ တိမ်းရှောင်
- နူနေကာမှ စွဲတဲ့ ၀ဲ..လဲနေသူကိုမှ ထောင်းရက်တဲ့ သူခို...
- စစ်သားအယောင်ဆောင် လိုင်စင်ရ ပင်လယ် ဒါးမြများ
- ပြည်သူကို မဲမဲ မြင်ရာ ဒုက္ခပေးပြီး..သူ့ ကျ တပ်မတော...
- အတွင်းလှိုက်စား ဂုရုများရဲ့ ကျွေးသောလက် လျက်သောစကား
- လူထုတိုက်ပွဲ ကော်မတီ ၂၀၁၀ (ပို့စကဒ်)
- ဘုန်းကြီးခေါင်းရိုက်ထားသူတွေ သတိထား..လှိုင်ခေါင်းထ...
- အသေခံဗုံးခွဲသူတွေ ပေါ်လာကြပြီ..
- ပြည်တွင်းက ညီအကို မောင်နှမများ အားဆက်လက် ဖြန့်ဝေပေ...
- ကာတွန်းဟန်လေးကို ဆုချပြီ
- ပြည်သူတွေကြောက်အောင် တမင်ခွဲတာ စစ်တပ်ဗုံး..
- မီဒီယာသမားများ ပြည်သူ့ အကျိုးကို ရှေ့ရှုကြပါလို့ြေ...
- တံဆိပ်တပ်တဲ့ ၀ါသနာ…
- လွိုင်ကော် ရဲစခန်း၌ ဗုံးပေါက်ကွဲ၍ လူတဦး သေဆုံး
- လူမသာတွေကို လမ်းထဲ အဝင်မခံတာမျိုး မလုပ်ကြပါနဲ့
- force Labor နေပြည်တော်ဝန်ထမ်းများနဲ့  မဖူလုံတဲ့လစာ
- အင်္ဂပူမြို့နယ်အတွင်း ဗုံးဖောက်ခွဲမှုနှင့် ကျေးရွာအာဏ...
- ပေါချောင်ကောင်း..ဘတ်ထားတဲ့ စာရင်းတွေပြ..ဒါနိုင်ငံသ...
- စစ်ဘိုလူထွက်..ပြောင်ပြောင်၏ မျက်နှာပြောင်ပြောင်ဖြင...
- လူကြားကောင်းရုံ အရေခြုံသီလ..
- အခုမှ ဖုံးမရပေါ်ပြီ
- လစာတိုးဦးမည် မက်လုံးပေး..ဆင်ဖြူတော်ပုံနဲ့ ..စက္ကူစ...
- မြေသြဇာ အဖွဲ့ မှ အထူး ထုတ်ပြန် ကြေငြာချက်
- ငပွကြီး ကယ်ပေလို့ 
- တခါက မြန်မာကျောင်းသားများ၏ လှုပ်ရှားမှု
- ချွန်တွန်း မီဒီယာသမားများ၏ အင်္ကြ
- Nuclear Free Burma ဖေါ်ဆောင်ရေး Signature Campaign ...
- ခွပ်နေကြတဲ့ အိုးမည်းသုတ်ခံ အိမ်ကြက်များ..
- နာဂစ် အမှတ်တရ ဆုတောင်း အမျှဝေ အခမ်းအနား ဖိတ်ကြားလွှာ
- တရားဥပဒေအရ..နအဖကို အရေးယူဖို့ အချိန်တန်ပြီ
- အရှက်မဲ့သူများရဲ့ ဘောင်းဘီချွတ်ပွဲ..
- သန်းရွှေရဲ့ မျက်နှာဖုံး နောက်ကွယ်က..မူရင်း စိတ်အသွင...
- တစီးမှမပိုင် သန်းရွှေ
- ရွေးကောက်ပွဲ ရာသီတွင် မီဒီယာများ နိုင်ငံရေးသမားမျာ...
- သေခြင်ရင် စိန်မစားနဲ့ ကရင်ပြည်ကိုသွား
- ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူနှင့် ဆက်သွယ်ကြစို့
- ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲတွင် ...
- သန်လျင်ကျောက်တန်းဒေသမှဝါးပင်များအပွင့် ပွင့် နေ
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- စက်တင်ဘာလ လှုပ်ရှားမှုတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင် ...
- နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
- ပြည်သူ့ ဂုဏ်ရည် ပထမ အကြိမ် ဂုဏ်ပြု အခမ်းအနားက ကိုေ...
- စစ်တွေမှာ ဆန္ဒပြပွဲ အပြီး လျှပ်စစ်မီးပြန်ရ
- Bogyoke Aung Sun graced at Myanma Movie Silver Jub...
- Video Dispatch: Myanmar, China and U.S. Tensions
- ၂၀၁၀ ခုနှစ် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် အဖြစ် မဲဆန္ဒအမ...
- သက်ဆိုင်သူသို့ 
- နအဖ ဘက်မှ ၀တပ်ဖွဲ့ အား တိုက်ပွဲနှစ်ကြိမ် စတင်တိုက်...
- 2100 in 2010: free burma's political prisoners
- မတိတ်ဆိတ်မဲ့ လွတ်လပ်ရေးတေးသံများ
- ဘဘဦးဝင်းတင်ရဲ့ ယုံကြည်ချက်နဲ့ ရည်မှန်းပန်းတိုင်
- လိုင်စင်ရ..ဒါးပြများ..
- စစ်တပ်ရှိတဲ့နေရာ..ဖာရှိတယ်..
- ရာဇဓိရာဇ်ရဲ့ သွေးက..စွေးစွေးနီ..
- “လူထုကို ဘယ်တော့မှ ကျောခိုင်းမသွားပါဘူး”
- မြန်မာဘက်က အဆိုးတွေမလာအောင် အိန္ဒိယ နယ်စပ်တံတိုင်းခ...
- အလံလွင့်နေသလို တံခွန်ထူနေမဲ့ ငါတို့ စိတ်ဓါတ်
- ဒို့ လာပြီ..
- မြန်မာ ကသိတဲ့ မြန်မာ..နဲ့  ကမ္ဘာက မြင်တဲ့ မြန်မာ ဘာ...
- မြန်မာစစ်သားများကြည့်ဖို့ ..
- Voice of Burma April 18 2010
- သူများတွေ ကတော့ စကားစနေပြီ..ရုန်းကြရဖို့ အချိန်တန်တဲ့
- အံမာ မင်း ကျုံကျုံ့ လေးဗျ
- ဘေးလူတွေတောင်ပြောနေရပြီ..သင်ဘယ်သူပါလည်း မြန်မာစစ်သည်။
- မိမိ နိုင်ငံကို မိမိ ကယ်တင်ပေးသင့်သည်။ အသင်.မျိုးခ...
- ပညာသင်ချင် ကောင်းကောင်းသင်..ဂွင်မဆင်နဲ့ 
- နအဖ ၏နောက်ဆုံးလက်နက်များ..ထုတ်သုံးနေခြင်း
- နားလှည့်ပါးရိုက် ..မသိတာလိုက်လို့ 
- တားတားက လှချင်တာတခုထဲပါဗျာ..ဘဘကိုတော့ကြောက်ပါတယ်
- ကိုယ်ကကျုး..ကိုယ့်ဟိုဒင်းတောင်မယုံဘူး..မလာခဲ့ကြနဲ ...
- နိုင်ငံတော်ကို ကာကွယ်မဲ့တပ်မတော် အိပ်ပျော်နေတယ်..
- စိတ်ကြွဆေးဖျော်ရည်နဲ့  ရက်လွန် အဖျော်ရည်ဗူးများ..မ...
- တစ်ပတ် အတွင်း ဗုံးပေါက်ကွဲမှု လေးနေရာ ဖြစ်ပွား
- ရေနံထွက်တဲ့ ဒို့ ပြည်နယ် မီးမလာတာ သပိတ်မှောက်ဟဲ့
- ပြုံးပြုံးလေးနေ..တစ် နှစ် သုံး..ဘုန်း..
- အုံးကနဲ မြည်တိုင်းဗုံးမဟုတ်
- အာဏာရှင်ကြီး-ဗိုလ်နေဝင်း-၏-အတွင်းရေးများ
- တခါးများဖွင့်လှစ် ထားမည်။..NLD
- စတေးခံရသူများ..
- လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ကျင်းပ...
- သူများရည်းစား ကြောင်တောင်နှိုက်တဲ့ ..မျောက်မသား
- Summaryမြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရမှာ တာဝန်...
- မြန်မာ့ ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှုများ စတင်
- ကောက်ရိုးပုံစောင့် ခွေး..ငါတို့ မဟုတ် .ငါ့တို့ြေ...
- ဗုံးကွဲမှု ဓာတ်ပုံရိုက်သူများ လွှတ်ပေးရန် မီဒီယာအဖွဲ...
-
▼
April
(377)
No comments:
Post a Comment