ကြံ့ဖွံ့ ၇၆ ရာနှုန်းကျော်ဖြင့် ရွေးကောက်ပွဲနိုင်ဟုဆို ကိုဝိုင်း | ကြာသပတေးနေ့၊ နိုဝင်ဘာလ ၁၈ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၅၃ မိနစ် ချင်းမိုင် (မဇ္ဈိမ) ။ ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော် ၃ ရပ်လုံးတွင် စုစုပေါင်း ၇၆ ရာခိုင်နှုန်းကျော် နေရာအများဆုံးရသည်ဟု ရွေးကောက်ပွဲကော်မရှင်က မနေ့က ထုတ်ပြန်ကြောင်း တရုတ်အစိုးရ ဆင်ဟွာ သတင်းဌာနက ဖော်ပြသည်။
လွှတ်တော် ၃ ရပ် ၁,၁၅၄ နေရာတွင် ၇၆ ဒသမ ၅ ရာခိုင်နှုန်း နိုင်ခဲ့သည်ဟု စစ်အစိုးရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ကိုးကား၍ ဆင်ဟွာက ယနေ့ရေးသားသည်။
စစ်အစိုးရက ရွေးကောက်ပွဲရလဒ်များကို ရွေးကောက်ပွဲဝင်ပါတီများပင် အလွယ်တကူ သိနိုင်အောင် ဆောင်ရွက်မပေးရုံမက ကော်မရှင်ရုံးခွဲ တာဝန်ရှိသူများပင် အချိန်မီ မသိရကြောင်း တွေ့ရသည်။
“ကျနော်တို့ဆီတော့ မဝင်သေးဘူး ခင်ဗျ” ဟု ရန်ကုန် အရှေ့ပိုင်းခရိုင် ကော်မရှင်ရုံး တာဝန်ရှိသူတဦးက မဇ္ဈိမအား ပြန်ဖြေကြားခဲ့သည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၆၃ နေရာဖြင့် ဒုတိယလိုက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ SNDP က ၅၇ နေရာ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP က ၃၅ နေရာ၊ NDF နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ AMRDP တို့က ၁၆ နေရာစီရကြောင်း သိရှိရသည်။
အနိုင်ရအမတ်စာရင်းအား SNDP ပါတီသို့ သက်ဆိုင်ရာက တရားဝင် အကြောင်းမကြားသေးသော်လည်း ၅၇ နေရာရသည်ဆိုသည်မှာ မှန်ကန်ကြောင်း ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက မဇ္ဈိမကို ပြောသည်။ စုစုပေါင်း အမတ်လောင်း ၁၅၆ ဦး ဝင်ပြိုင်ခဲ့သည်။
“သူတို့အများဆုံးရမှာပဲဆိုတာ သိနေတာပဲ ” ဟု သူက ပြောသည်။
တိုင်းနှင့်ပြည်နယ် ၁၄ ခုတွင် တိုင်းရင်းသား ကိုယ်စားလှယ်များလည်း သတ်မှတ်ထားသည်။
ရှမ်းပြည်နယ်လွှတ်တော်အတွက် ဗမာ၊ ကချင်၊ လီဆူး၊ လားဟူ၊ အင်းသား၊ အာခါနှင့် ကယန်း (ခေါ်) ပဒေါင်။ ကချင်ပြည်နယ်တွင် ဗမာ၊ ရှမ်း၊ လီဆူးနှင့် ရဝမ်။ ကရင်ပြည်နယ်တွင် ဗမာ၊ မွန်နှင့် ပအိုဝ်း။ ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့တွင် ကရင်နှင့် ရခိုင်။ စစ်ကိုင်းတိုင်းတွင် ရှမ်းနှင့် ချင်း။ ကယားပြည်နယ်တွင် ဗမာ။ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းတွင် ချင်း။ ပဲခူးနှင့် တနင်္သာရီတိုင်းတွင် ကရင်။ မန္တလေးတိုင်းတွင် ရှမ်းစသည်ဖြင့် အသီးသီး သတ်မှတ်ထားသည်။
ရွေးကောက်ပွဲရလဒ်များ တရားမျှတမှုမရှိသဖြင့် လက်မခံနိုင်ကြောင်း ပြောဆိုမှုနေကြသကဲ့သို့ အငြင်းပွားသည့် နေရာများတွင် ရွေးကောက်ပွဲအသစ် ပြန်လုပ်ပေးရန် ထုတ်ပြန်တောင်းဆိုနေသည့် ပါတီများလည်း ရှိနေသည်။
ကုလသမဂ္ဂအပါအဝင် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ကနေဒါ၊ သြစတြေးလျ၊ ဥရောပသမဂ္ဂ စသည့် အနောက်နိုင်ငံများကလည်း ရွေးကောက်ပွဲ တရားမျှမှုမရှိကြောင်း၊ နိုင်ငံတကာ၏ အနိမ့်ဆုံး စံချိန်စံညွှန်းကိုပင် မမီကြောင်း ထုတ်ဖော်ပြောဆိုနေကြသည်။
ရွေးကောက်ပွဲရလဒ်များနှင့်ပတ်သက်၍ ကြိုတင်မဲ၊ ပယ်မဲ၊ ပျောက်မဲ စသည့်ခေါင်းစဉ်ခွဲများဖြင့် မဲမသမာမှုများရှိကြောင်း ပါတီများက ပြည်ပသတင်းဌာနများနှင့် ပြည်တွင်း ဂျာနယ်စာစောင်များသို့ ထုတ်ဖော်ပြောဆိုနေသည်မှာ “ဥပဒေမဲ့” ဖြစ်ပြီး ထောင်ဒဏ်နှင့် ငွေဒဏ်များ ကျခံရနိုင်သည်ဟု စစ်အစိုးရက သတိပေးထားသည်။
ိRest of your post
Thursday, November 18, 2010
ဖွတ် တွေ ဗမာတပြည်လုံး ၇၅% ရာခိုင်နုံး လိမ်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
November
(423)
- ပင်လုံစာချုပ် (၁၉၄၇)
- အမျိုးသားအောင်ပွဲနေ့ မင်္ဂလာခွန်းဆက် (ရေး ။ ။ မင်းသု...
- ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် သမတ
- "အမျိုးသားနေ့" - ကာတွန်း ဦးဘဂျမ်း လက်ရာ။ (ဟံသာဝတီ...
- ဟိုဘက်မှာလည်း ကလေးတွေထွက်ပြေးနေကြရ
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဗွီဒီယိုခွေ နိုင်ငံေ...
- ဒေါ်အောင်ဆန်းစုကြည်နှင့် သားကိုထိန်လင်း တို့ အား ဗိ...
- မလေးရှားမှ ပေးပို့ ပါသည်။
- ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစု...
- အားနာပါတယ် ဒို့ ကိုစိန်ဘဲပေး ပြည်သူတွေအတွက် စက္ကူစု...
- ဒေါ်အောင်ဆန်းစုကြည့် နိုင်ငံရေးအကျဉ်းသား မိဘများနှင...
- ဒုက္ခသည်စခန်းက လူတွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ ...
- ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖြေများ - မိုးမခ အင်တာဗျူး
- ရူးနေလို့ တဲ့ 
- သိသောသူများ လေ့ လာသိရှိရသမျှ စီဘောက်မှာ အကြံပေးကြပါ
- စုတ်ပြတ်နေသော မြို့ တော်ကြီး ….
- လေလည်လို့  ဘွတ်ဘွတ် မြည်တောင် တွတ်ထိုးတယ် ထင် ထောင...
- တရုတ်တွေ ဒို့ ပိုင်တာတွေ ခိုးနေပြီ..ရပ်ကြည့်ကြမလား
- ရဲက လာဘ်ငွေယူပြီး မူးယစ်ဆေးရောင်းခွင့်ပြု
- သိန်းသန်းကုဋေ ကိန်းဂဏန်းတွေ (တပ်ကြပ်ကြီး-နေမင်းသူ)
- အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့အထိမ်းအမှတ် လူ့အ...
- အချိန်ကောင်း အခါကောင်း အခွင့်အရေးကောင်း (လူထု ဦးစ...
- ရွေးကောက်ပွဲ အထူးအစီရင်ခံစာ
- ငါးမင်းဆွေ ၏ ဒိုင်ပွဲရပ်..နောက်ကောက်..ရှေုသွားတွေ ...
- .ဦးဝင်းတင် နယူးယောက်တိုင်း ပိုစ့်ကိစ္စ ရှင်းလင်းချက်
- ခေတ်သစ် မြန်မာ့လွတ်တော်
- ရှားးးးရှားးးးးဘာရှားးးလဲ * ရုရှား* တဲ့ ကွယ်
- သမ ချင်သလား..ပြည်သူ့ အချစ်တော်ကြီးက ဒီမှာနေတယ်။
- ဒီလူ ဟိုလူ..အဲ ဟုတ်ဖူး..ဟောဒီလူ (သောက်မြင်ကပ် ပုဒ်မ)
- ဆွံအနေသော လွှတ်တော် ကိုယ်စားလှယ်များသာ အလိုရှိသည်။ ...
- ဘယ်သူနိုင်ငံရေး သမားလဲ- * ရေးသားသူ-လူထုစိန်ဝင်း *
- ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကျဉ်းသား မိသားစုများ...
- သံလွင်မြစ် မှ ရှမ်းမလေး
- ရွေးကောက်ပွဲလွန်ကာလ တွေ့ဆုံဆွေးနွေးရေး ကုလ အကြံပေး...
- တွင်းတူးပြီး လက်နက်စု လူသတ်ဖို့ သာ ဦးတည်နေတဲ့ နိုင...
- ပေါ်တာ= အထမ်းသမား =ရန်ကုန်တွင် ဆွဲနေသည် (မိုးမခ)
- ရွေးကောက်ပွဲအပြီး ကရင်နီ နှင့် နအဖ အကြားတိုက်ပွဲ တ...
- သိနေတယ်တဲ့ဗျာ ..ဟုတ်မယ်မထင်
- မြန်မာ့အရေး မှ ငါးမင်းဆွေ သို့....... (၁)
- အခုမှပဲ ရှင်းသွားတော့တယ်
- မျိုးချစ်တေးဂီတပညာရှင်ကြီး သဟာယဆရာတင်
- ဗုံးတွေ့မှုအတွက် သံဃာတော်တပါးကို ဖမ်းဆီးထား
- ရန်ကုန် အနုပညာရှင်များ ၃၇၆ မိသားစုဂေဟာ လာရောက် အားပေး
- ဗမာ့သူရဲကောင်း (ဗိုလ်ချုပ်အောင်ဆန်းသီချင်း)
- နိုင်ငံရေး အကျဉ်းသားများ လွှတ်မြောက်ရေး အတွက် ကျောက...
- စစ်ထောက်လှမ်းရေး ရှိစဉ်က စိတ်ကူးမျိုးဖြင့် NLD ကို...
- ဘိန်းသမားတွေတောင် ကွင်းပိုင်ကြီးကို မကျော်နိုင်..
- ရန်ကုန်မှာ ဆွဲပြီ
- အင်းစိန် သို့ ရောက်သွားသော ဗိုလ်ချုပ်ခင်ညွန့် 
- လူမှုထူးချွန်ဆုရ ဌာနေပြည်သူ့စစ်ခေါင်းဆောင်နယ်မြေ၌ ဘ...
- မနေ့ က သတင်းအဆက်ပါ.. အရိုက်ခံရတဲ့သူကို အာဇာနည်အပေါ...
- ဗိုလ်ချုပ်မှုးကြီး နှစ်ယောက် ရဲ့  အိမ် ထိ penetrate...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- တပ်ဂေါ်လီ
- အမေစု လုံခြုံရေးအတွက်
- ဒီကိစ္စတွေက တိုင်းပြည်အုပ်ချုပ်သူတွေ လုပ်ရမယ့် အလုပ...
- လူသားဒိုင်းသဖွယ် အရပ်သားတွေကို အသုံးချဟု မြောက်ကေ...
- အမေ့ မခံလိုသူများရဲ့ လက်ဆောင်နဲ့ အမေ့ရဲ့ရုံးခန်း
- ဗိုလ်ချုပ်ကြီးခင်ညွန့် ဗီဒီယိုနဲ့ ပတ်သက်ပြီး ဗိုလ်...
- နောက်ဆက်တွဲ ဗိုလ်ချုပ် ခင်ညွန့် သတင်း
- ဆားမင်းဆွေ၊ ငါးမင်းဆွေ၊ နောက်တော့ ဖားမင်းဆွေ
- ဒေါ်အောင်ဆန်းစုကြည်နဲ့ မိုးမခ အင်တာဗျူး အဖြေများ
- Leaked General Khin Nyunt Video Clip
- ပုတ်သင်ဥတော့ ပေါ်လာပြီ။
- UN- ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေဆုံ
- ဟာသတွေအရမ်းပြောတဲ့ဒေါက်တာဝင်းနိုင်(ဂျပန်ပျံ)
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို နေရာပြောင်း
- ရွေးကောက်ပွဲ မဲမသမာမှုများကို သမိုင်းမှတ်တမ်းတင်
- နအဖတပ်နှင့် ဘီဂျီအက်ဖ်တပ်များ ကရင်ကျေးရွာများတွင် ...
- ထောက်လှမ်းရေးမှူးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ...
- ပြည်သူတဦးပေးစာ
- မိဘနှင့်တူသော အစိုးရ ( အပိုင်း-၁)
- ဒီလို ဖေါ်လံဖား လူတွေ များနေတော့
- ခွေးတွေ ကြိတ်ကြံနေတယ်
- ဒုတိယပင်လုံညီလာခံမှာ စစ်အစိုးရ ပါဝင်လာရေး ကြိုးပမ်...
- ကုလသမဂ္ဂ အကြီးတန်းအရာရှိ နှစ်ရက်ကြာ မြန်မာပြည် လာရေ...
- သတင်းလိမ်ကြီးဗျ..
- သေကြပြန်ပြီး သန်းရွှေ အာဏာတည်မြဲရေးအတွက်
- ဖားမင်းဆွေကျိုက္ခမီကိုအလည်လာတော့ ကျိုက္ခမီသားတစ်ယောက...
- ရွေးကောက်ပွဲကြီးအပြီး လွတ်လပ်စွာ ဆက်သွယ်ခွင့်ရှိသည်
- သီတာရေ နောက် ရခိုင်မှာပျောက်
- ရွေးကောက်ပွဲပြီးတာနဲ့  အမျိုးသမီးများအပေါ် ပိုကြမ်း
- ဒီမိုကရေစီနိုင်ငံသစ်ဖြစ်တဲ့ မြန်မာပြည် မုဒိန်းပြွဲ...
- သိက္ခာထက် စိန်က အရေးကြီးတယ်၊ အော်...လောဘသား စစ်ဓါြး...
- မီးပွိုင့်ကသူတို့ဘ၀ -
- ငါးမင်းဆွေ မှ ဒေါ်စုကြည်သို့ (၂)
- မြန်မာ့ သတင်းစာ မမှန်ဖူးချည်းတော့ မပြောနဲ့ ဒါလေးတေ...
- ရေဆန်ကို ဆန့် မယ် အား
- ဧည့် စာရင်း မ တိုင်တဲ့ ကဗျာ
- ငါးမင်းဆွေ ဖားမင်းဆွေ ကြံ့ဖွတ်မင်းဆွေ..ကြောင်သူတော...
- အတက်ခက်နေသေးတဲ့ အင်တာနက်
- ရာထူးမမက် သိက္ခာမက်သူတွေကတော့ ဒီလိုပေါ့
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင် AI အင်တာဗျူး
- ခုမှ ပေါက်တဲ့ကြာ.. အရိုး လာရှည်နေလေရဲ့
- IAS Calls For The Non Politicization Of An HIV Cli...
- မီးစိမ်းပြရင်..ကျနော်တို့ လည်း အသင့်ဘဲ
- ဒီနေရာကျ သူ က ပထမ ဗျ
- သားနစ်ဦးနှင့် သူ့အမေ
- ၀ိသာခါလို မိန်းမမြတ်
-
▼
November
(423)
No comments:
Post a Comment