လူမှုရေးလုပ်ငန်းများ ကြံ့ဖွံ့ပါတီ ရပ်ပြီ
ဧရာဝတီ Thursday, 18 November 2010 15:48
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော် နေရာအများစု အနိုင် ရရှိသွားပြီးနောက် လမ်းခင်းခြင်း၊ ရေတွင်းတူးခြင်း၊ ငွေကြေး ချေးငှားခြင်း အပါအ၀င် လူမှုရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း မရှိတော့ကြောင်း သိရသည်။
၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်က ရန်ကုန်အပါအ၀င် တနိုင်ငံလုံး အတိုင်းအတာဖြင့် ကွန်ကရစ်လမ်း ခင်းပေးခြင်း၊ ရေတွင်း ရေကန် တူးဖော်ပေးခြင်း၊ ဈေးသည်များနှင့် တောင်သူများကို အတိုးနှုန်း အနည်းငယ်ဖြင့် ငွေချေးခြင်း၊ မျက်စိ ဝေဒနာရှင် များအား ဆေးကုသပေးပြီး မျက်မှန်များ အလကား ပေးဝေခြင်းတို့ကို ကြံ့ဖွံ့ပါတီက လုပ်ဆောင် ခဲ့သော်လည်း ယခုအခါ ထိုကဲ့သို့သော လူမှုရေးလုပ်ငန်းများကို ဆက်လက် မလုပ်ဆောင်တော့ဘဲ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း အနယ်နယ် အရပ်ရပ်မှ ဒေသခံများက ပြောဆိုနေကြသည်။
“ရွေးကောက်ပွဲ မတိုင်ခင်က ကျနော်တို့ လမ်းခင်း ပေးမယ်ဆိုပြီး ပါတီဝင်ခိုင်းတယ်၊ ကြိုတင်မဲ ကောက်သွားတယ်။
ရွေးကောက်ပွဲ ပြီးတဲ့နောက် လမ်းခင်းဖို့ ဘာမှ မပြောတော့ဘူး။ ရပ်ကွက်ကလူတွေက မြို့နယ်နဲ့ ရပ်ကွက် ကြံ့ဖွံ့ရုံးကို မကြာခဏ သွားတွေ့ပြီး လမ်းခင်းပေးဖို့ သွားပြောတယ်။ ဘယ်သူမှ မလှုပ်ဘူး” ဟု မရမ်းကုန်း မြို့နယ်မှ ရပ်မိ ရပ်ဘတဦးက ပြောသည်။
ကြံ့ဖွံ့ပါတီသည် ရန်ကုန်မြို့အတွင်း တခြမ်းတည်းသာ ခင်းထားသော လမ်းများကိုလည်း အပြည့် မခင်းပေးသည့်အတွက် ကားအ၀င်အထွက် အလွန်ခက်ခဲပြီး ဒေသခံများ ဒုက္ခရောက်နေရကြောင်း သိရှိရသည်။
“ပန်းပဲတန်း မြို့နယ်ထဲမှာလည်း တ၀က်ပဲ ခင်းပြီး ထားခဲ့တဲ့ လမ်းတွေ အများကြီးရှိတယ်။ အဲဒါတွေလည်း ကြံ့ဖွံ့ပါတီက ခင်းမယ်တော့ ပြောတာပဲ။ အခု ထက်ထိတော့ မခင်းသေးဘူး။ လမ်းက တခြမ်းပဲ ခင်းထားတော့ ကားက တစီးပြီးမှ တစီး လမ်းထဲကို အ၀င်အထွက် လုပ်လို့ရတယ်။ နှစ်စီးပြိုင်ပြီး အ၀င်အထွက် လုပ်လို့မရဘူး” ဟု ရန်ကုန်မြို့ ၂၉ လမ်းနေ ဒေသခံ တဦးက ပြောသည်။
သန်လျင်မြို့နယ်ရှိ ရေနံချက်စက်ရုံ ဝန်ထမ်းရပ်ကွက်တွင် ကွန်ကရစ်လမ်း ခင်းလက်စရှိနေရာ အဆိုပါ ဝန်ထမ်း မိသားစု အများစုက ကြံ့ဖွံ့ပါတီကို မဲမထည့်ဘဲ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီကို မဲပေးခဲ့ ကြသောကြောင့် ရွေးကောက်ပွဲပြီး နောက်တနေ့တွင် ခင်းလက်စလမ်းကို ဆက်မခင်းတော့ဘဲ လမ်းကြိတ်စက်များနှင့် လမ်းခင်း ပစ္စည်းများကို လာရောက် သိမ်းဆည်း သွားကြောင်း ဒေသခံများက ပြောဆိုသည်။
ရွေးကောက်ပွဲ မတိုင်မီက ရပ်ကွက်များတွင် လမ်းများ ပြိုင်တူခင်းခြင်း၊ လမ်းခင်းရန် လိုက်လံ စည်းရုံးခြင်းများကို ကြံ့ဖွံ့ပါတီက
လုပ်ဆောင်ခဲ့သည်။
ကြံ့ဖွံ့ပါတီ၏ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိထားပြီး ဖြစ်သည့် မြို့တော်ဝန် ဦးအောင်သိန်းလင်းက ရန်ကုန်မြို့တော်၏ လမ်းပေါင်း ၄၀၀၀ ကျော်ကို ကွန်ကရစ်လမ်းများအဖြစ် ခင်းကျင်းပေးမည်ဟု
ရွေးကောက်ပွဲ မတိုင်မီက ပြည်တွင်း သတင်း မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆို ခဲ့သော်လည်း လက်တွေ့တွင်မူ အပြောနှင့် အလုပ် မညီ ဖြစ်နေသည်ဟု သတင်းသမားများက ပြောဆိုနေကြသည်။
မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံရှိ အထပ်မြင့် ကြံ့ဖွံ့ရုံး အဆောက်အအုံတွင် ယခင်က ဖြိုးစေတနာ အမည်ဖြင့် ဆေးခန်း ဖွင့်လှစ်ပြီး အခမဲ့ ဆေးကုသခြင်း လုပ်ဆောင်ပေးခဲ့သော်လည်း ယခုအခါ ဆေးခန်း ဆိုင်းဘုတ်ပင် မရှိတော့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
“အခမဲ့ ဆေးခန်း ဆိုတာတွေလည်း ပျောက်ကုန်ပြီ။ ဆက်ဖွင့်နေတဲ့ ဆေးခန်းတွေကလည်း ဖိဖိစီးစီး မဟုတ်တော့ဘူး။ သူတို့ရဲ့
တကယ့် စိတ်ဓာတ်အမှန် ပေါ်လာတာပေါ့” ဟု အင်းစိန်မြို့နယ် ဒေသခံ တဦးက ပြောသည်။
ထို့အပြင် ကြံ့ဖွံ့ပါတီက အတိုးနှုန်း အနည်းငယ်ဖြင့် ငွေချေးခြင်း လုပ်ငန်းများလည်း မလုပ်တော့ကြောင်း သိရှိရသည်။
“အောက်တိုဘာလ လောက်တုန်းက ကြံ့ဖွံ့က ငွေလာ ချေးဖူးတယ်။ ငွေ ၁၀၀ ကို တလ အတိုးနှုန်း ၁ ကျပ်နဲ့ ချေးတာ။ အခု နောက်ပိုင်းတော့ လာမချေး တော့ဘူး” ဟု လမ်းမတော်မြို့နယ် သံဈေးတွင် ကုန်စိမ်း ရောင်းချသူ လမ်းဘေးဈေးသည် တဦးက ပြောသည်။
ပြည်သူ့အတွက် ပထမ ဆိုသော ဆောင်ပုဒ်များ ကြွေးကြော်ခဲ့သော ကြံ့ဖွံ့ပါတီသည် ရွေးကောက်ပွဲ အနိုင်ရပြီးချိန်တွင်ပင် ပြည်သူလူထုကို အရေး မစိုက်တော့သည်မှာ ထင်ရှားပြီး ရွေးကောက်ပွဲတွင်လည်း မဲလိမ်မဲခိုးမှုများ၊ မသမာမှုများဖြင့်
အနိုင် ရခဲ့ကြောင်း ဒီမိုကရက်တစ် ပါတီ (မြန်မာ) မှ မြို့နယ် ပါတီ ဥက္ကဋ္ဌတဦးက ဆိုသည်။
“အာဏာ မရသေးချိန်မှာတောင် လူတွေကို ဂရုမစိုက်တော့ဘူး။ အာဏာ ရပြီးရင်တော့ ဘယ်သူမှ လူထင်တော့မှာ မဟုတ်ဘူး။ ရွေးကောက်ပွဲမှာ မသမာတဲ့နည်းနဲ့ နိုင်ခဲ့တာ သက်သေ အထောက်အထားတွေ အများကြီး ပြနိုင်တယ်” ဟု
အဆိုပါ မြို့နယ်ဥက္ကဋ္ဌက ရှင်းပြသည်။
နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီက လွှတ်တော်နေရာ အများစု အနိုင် ရရှိခဲ့ သော်လည်း နိုင်ငံရေး ပါတီများမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် လောင်းများက ရွေးကောက်ပွဲတွင် မဲမသမာ မှုများဖြင့် ကြံ့ဖွံ့ပါတီ အနိုင်ရရှိခဲ့ကြောင်း တညီတညွတ်တည်း ပြောဆိုနေ ကြသည်။ http://www.irrawaddy.org/bur/index.php/news/4920-2010-11-18-08-51-33
Thursday, November 18, 2010
ခွေးမြီးကောက်က ကောက်မြဲ ကောက်ဆဲ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
November
(423)
- ပင်လုံစာချုပ် (၁၉၄၇)
- အမျိုးသားအောင်ပွဲနေ့ မင်္ဂလာခွန်းဆက် (ရေး ။ ။ မင်းသု...
- ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် သမတ
- "အမျိုးသားနေ့" - ကာတွန်း ဦးဘဂျမ်း လက်ရာ။ (ဟံသာဝတီ...
- ဟိုဘက်မှာလည်း ကလေးတွေထွက်ပြေးနေကြရ
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဗွီဒီယိုခွေ နိုင်ငံေ...
- ဒေါ်အောင်ဆန်းစုကြည်နှင့် သားကိုထိန်လင်း တို့ အား ဗိ...
- မလေးရှားမှ ပေးပို့ ပါသည်။
- ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစု...
- အားနာပါတယ် ဒို့ ကိုစိန်ဘဲပေး ပြည်သူတွေအတွက် စက္ကူစု...
- ဒေါ်အောင်ဆန်းစုကြည့် နိုင်ငံရေးအကျဉ်းသား မိဘများနှင...
- ဒုက္ခသည်စခန်းက လူတွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ ...
- ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖြေများ - မိုးမခ အင်တာဗျူး
- ရူးနေလို့ တဲ့ 
- သိသောသူများ လေ့ လာသိရှိရသမျှ စီဘောက်မှာ အကြံပေးကြပါ
- စုတ်ပြတ်နေသော မြို့ တော်ကြီး ….
- လေလည်လို့  ဘွတ်ဘွတ် မြည်တောင် တွတ်ထိုးတယ် ထင် ထောင...
- တရုတ်တွေ ဒို့ ပိုင်တာတွေ ခိုးနေပြီ..ရပ်ကြည့်ကြမလား
- ရဲက လာဘ်ငွေယူပြီး မူးယစ်ဆေးရောင်းခွင့်ပြု
- သိန်းသန်းကုဋေ ကိန်းဂဏန်းတွေ (တပ်ကြပ်ကြီး-နေမင်းသူ)
- အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့အထိမ်းအမှတ် လူ့အ...
- အချိန်ကောင်း အခါကောင်း အခွင့်အရေးကောင်း (လူထု ဦးစ...
- ရွေးကောက်ပွဲ အထူးအစီရင်ခံစာ
- ငါးမင်းဆွေ ၏ ဒိုင်ပွဲရပ်..နောက်ကောက်..ရှေုသွားတွေ ...
- .ဦးဝင်းတင် နယူးယောက်တိုင်း ပိုစ့်ကိစ္စ ရှင်းလင်းချက်
- ခေတ်သစ် မြန်မာ့လွတ်တော်
- ရှားးးးရှားးးးးဘာရှားးးလဲ * ရုရှား* တဲ့ ကွယ်
- သမ ချင်သလား..ပြည်သူ့ အချစ်တော်ကြီးက ဒီမှာနေတယ်။
- ဒီလူ ဟိုလူ..အဲ ဟုတ်ဖူး..ဟောဒီလူ (သောက်မြင်ကပ် ပုဒ်မ)
- ဆွံအနေသော လွှတ်တော် ကိုယ်စားလှယ်များသာ အလိုရှိသည်။ ...
- ဘယ်သူနိုင်ငံရေး သမားလဲ- * ရေးသားသူ-လူထုစိန်ဝင်း *
- ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကျဉ်းသား မိသားစုများ...
- သံလွင်မြစ် မှ ရှမ်းမလေး
- ရွေးကောက်ပွဲလွန်ကာလ တွေ့ဆုံဆွေးနွေးရေး ကုလ အကြံပေး...
- တွင်းတူးပြီး လက်နက်စု လူသတ်ဖို့ သာ ဦးတည်နေတဲ့ နိုင...
- ပေါ်တာ= အထမ်းသမား =ရန်ကုန်တွင် ဆွဲနေသည် (မိုးမခ)
- ရွေးကောက်ပွဲအပြီး ကရင်နီ နှင့် နအဖ အကြားတိုက်ပွဲ တ...
- သိနေတယ်တဲ့ဗျာ ..ဟုတ်မယ်မထင်
- မြန်မာ့အရေး မှ ငါးမင်းဆွေ သို့....... (၁)
- အခုမှပဲ ရှင်းသွားတော့တယ်
- မျိုးချစ်တေးဂီတပညာရှင်ကြီး သဟာယဆရာတင်
- ဗုံးတွေ့မှုအတွက် သံဃာတော်တပါးကို ဖမ်းဆီးထား
- ရန်ကုန် အနုပညာရှင်များ ၃၇၆ မိသားစုဂေဟာ လာရောက် အားပေး
- ဗမာ့သူရဲကောင်း (ဗိုလ်ချုပ်အောင်ဆန်းသီချင်း)
- နိုင်ငံရေး အကျဉ်းသားများ လွှတ်မြောက်ရေး အတွက် ကျောက...
- စစ်ထောက်လှမ်းရေး ရှိစဉ်က စိတ်ကူးမျိုးဖြင့် NLD ကို...
- ဘိန်းသမားတွေတောင် ကွင်းပိုင်ကြီးကို မကျော်နိုင်..
- ရန်ကုန်မှာ ဆွဲပြီ
- အင်းစိန် သို့ ရောက်သွားသော ဗိုလ်ချုပ်ခင်ညွန့် 
- လူမှုထူးချွန်ဆုရ ဌာနေပြည်သူ့စစ်ခေါင်းဆောင်နယ်မြေ၌ ဘ...
- မနေ့ က သတင်းအဆက်ပါ.. အရိုက်ခံရတဲ့သူကို အာဇာနည်အပေါ...
- ဗိုလ်ချုပ်မှုးကြီး နှစ်ယောက် ရဲ့  အိမ် ထိ penetrate...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- ရည်ရွယ်ချက် ကြိးကြိးမားမားမရှိဘဲ ..မထုတ်ပါဘူး ။ ဒါ...
- တပ်ဂေါ်လီ
- အမေစု လုံခြုံရေးအတွက်
- ဒီကိစ္စတွေက တိုင်းပြည်အုပ်ချုပ်သူတွေ လုပ်ရမယ့် အလုပ...
- လူသားဒိုင်းသဖွယ် အရပ်သားတွေကို အသုံးချဟု မြောက်ကေ...
- အမေ့ မခံလိုသူများရဲ့ လက်ဆောင်နဲ့ အမေ့ရဲ့ရုံးခန်း
- ဗိုလ်ချုပ်ကြီးခင်ညွန့် ဗီဒီယိုနဲ့ ပတ်သက်ပြီး ဗိုလ်...
- နောက်ဆက်တွဲ ဗိုလ်ချုပ် ခင်ညွန့် သတင်း
- ဆားမင်းဆွေ၊ ငါးမင်းဆွေ၊ နောက်တော့ ဖားမင်းဆွေ
- ဒေါ်အောင်ဆန်းစုကြည်နဲ့ မိုးမခ အင်တာဗျူး အဖြေများ
- Leaked General Khin Nyunt Video Clip
- ပုတ်သင်ဥတော့ ပေါ်လာပြီ။
- UN- ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေဆုံ
- ဟာသတွေအရမ်းပြောတဲ့ဒေါက်တာဝင်းနိုင်(ဂျပန်ပျံ)
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို နေရာပြောင်း
- ရွေးကောက်ပွဲ မဲမသမာမှုများကို သမိုင်းမှတ်တမ်းတင်
- နအဖတပ်နှင့် ဘီဂျီအက်ဖ်တပ်များ ကရင်ကျေးရွာများတွင် ...
- ထောက်လှမ်းရေးမှူးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ...
- ပြည်သူတဦးပေးစာ
- မိဘနှင့်တူသော အစိုးရ ( အပိုင်း-၁)
- ဒီလို ဖေါ်လံဖား လူတွေ များနေတော့
- ခွေးတွေ ကြိတ်ကြံနေတယ်
- ဒုတိယပင်လုံညီလာခံမှာ စစ်အစိုးရ ပါဝင်လာရေး ကြိုးပမ်...
- ကုလသမဂ္ဂ အကြီးတန်းအရာရှိ နှစ်ရက်ကြာ မြန်မာပြည် လာရေ...
- သတင်းလိမ်ကြီးဗျ..
- သေကြပြန်ပြီး သန်းရွှေ အာဏာတည်မြဲရေးအတွက်
- ဖားမင်းဆွေကျိုက္ခမီကိုအလည်လာတော့ ကျိုက္ခမီသားတစ်ယောက...
- ရွေးကောက်ပွဲကြီးအပြီး လွတ်လပ်စွာ ဆက်သွယ်ခွင့်ရှိသည်
- သီတာရေ နောက် ရခိုင်မှာပျောက်
- ရွေးကောက်ပွဲပြီးတာနဲ့  အမျိုးသမီးများအပေါ် ပိုကြမ်း
- ဒီမိုကရေစီနိုင်ငံသစ်ဖြစ်တဲ့ မြန်မာပြည် မုဒိန်းပြွဲ...
- သိက္ခာထက် စိန်က အရေးကြီးတယ်၊ အော်...လောဘသား စစ်ဓါြး...
- မီးပွိုင့်ကသူတို့ဘ၀ -
- ငါးမင်းဆွေ မှ ဒေါ်စုကြည်သို့ (၂)
- မြန်မာ့ သတင်းစာ မမှန်ဖူးချည်းတော့ မပြောနဲ့ ဒါလေးတေ...
- ရေဆန်ကို ဆန့် မယ် အား
- ဧည့် စာရင်း မ တိုင်တဲ့ ကဗျာ
- ငါးမင်းဆွေ ဖားမင်းဆွေ ကြံ့ဖွတ်မင်းဆွေ..ကြောင်သူတော...
- အတက်ခက်နေသေးတဲ့ အင်တာနက်
- ရာထူးမမက် သိက္ခာမက်သူတွေကတော့ ဒီလိုပေါ့
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင် AI အင်တာဗျူး
- ခုမှ ပေါက်တဲ့ကြာ.. အရိုး လာရှည်နေလေရဲ့
- IAS Calls For The Non Politicization Of An HIV Cli...
- မီးစိမ်းပြရင်..ကျနော်တို့ လည်း အသင့်ဘဲ
- ဒီနေရာကျ သူ က ပထမ ဗျ
- သားနစ်ဦးနှင့် သူ့အမေ
- ၀ိသာခါလို မိန်းမမြတ်
-
▼
November
(423)
No comments:
Post a Comment