Saturday, November 13, 2010

ချင်းပါတီတွေက ဒေါ်စုနဲ့ လက်တွဲချင်

ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့အပေါ် ၂ဝ၁ဝ ရွေးကောက်ပွဲဝင် ချင်းတိုးတက်ရေးပါတီ CPP နဲ့ ချင်းအမျိုးသားပါတီ CNP က နွေးထွေးစွာ ကြိုဆိုကြပြီး သူမနဲ့ လက်တွဲသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

“သူ့ကို ဒီမိုကရေစီ အင်အားစု ခေါင်းဆောင်လို့ပဲ သဘောထားပါတယ်။ သူ့ကို လက်တွဲပြီး လှုပ်ရှားသွားဖို့ ရှိတယ်။ နိုင်ငံတော် လွတ်လပ်ရေး ဖခင်ကြီးရဲ့ သမီး ဖြစ်နေတာတကြောင်း၊ ပုဂ္ဂိုလ်ရေးအရ စိတ်သဘောထားလည်း အရမ်းလေးစားတယ်” လို့ CPP အထွေထွေအတွင်းရေးမှူး (၂) ဦးရှိန်ထွန်းက ပြောပါတယ်။

CNP အထွေထွေအတွင်းရေးမှူး ဦးကျဲအိုဘိစ်ခ်ထောင်းကလည်း “အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် သုံးပွင့်ဆိုင် ဆွေးနွေးရေး လမ်းစဉ်ကို လျှောက်လှမ်းဖို့က CNP ရဲ့ ခံယူချက်ပါ။ တိုင်းရင်းသားအရေးမှာ အဓိက ပြဿနာပါ။ သူ့အဖေ ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံမှာ တောင်ပေါ်သားတွေနဲ့ ဖက်ဒရယ်ကိစ္စ ကျေပွန်စွာ ဆွေးနွေးနိုင်ခဲ့သလို ဒီအချိန်မှာ ဒေါ်စုနဲ့ ပြန်လည်ဆွေးနွေးနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ပြောတယ်။Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်